U kyaw Vlog

U kyaw Vlog

Share

လူလွပ်

Photos from U kyaw Vlog's post 09/10/2026

🚨 #မလေးရှားက ပြန်ပို့ခံရသူ ၁၄၇၆ ဦးအထဲက ရခိုင် ၂၀၀ ကျော်ကို သန်လျင် သာသနာ့ဗိမာန်တွင် ယာယီနေရာချပေးထားဟုဆို

နိရဉ္စရာ၊ အောက်တိုဘာ ၆/၂၀၂၆

မလေးရှားက ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးအထဲက ရခိုင် ၂၂၀ ကို သန်လျင် သာသနာ့ ဗိမာန်တွင် ယာယီနေရာချပေးထားကြောင်း သိရသည်။

သန်လျင်မြို့နယ် (ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအာကာထွန်းက “ရခိုင်ပြည်နယ်က အဖွဲ့တွေပါ စုစုပေါင်း ၂၂၀ ရှိပါတယ်။ သန်လျင်မြို့နယ်မှာ ထားမှာပါ။ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး အကုန်လုံးစီစဉ်ထားပါတယ်။ အခု လ၀ကမှ UID စိစစ်ရေးကဒ်တွေထုတ်ပေးမှာဖြစ်ပါတယ်။ ထုတ်ပေးပြီးတော့ မှတ်ပုံတင် မရှိတဲ့သူတွေကို ယာယီမှတ်ပုံတင် ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာပြည်နယ်အစိုးနဲ့ ဆက်သွယ်ပြီးတော့ပို့ဆာင်မှာပါ။ အဲဒီခါ ထည့်ပေးမှာပါ”ဟု ပြောသည်။

၎င်းတို့အထဲမှ တချိုမှာ မိသားစုနှင့် ဆက်သွယ်ရကြသော်လည်း တချို့မှာ လုံး၀ အဆက်အသွယ်မရကြသေးဟု သိရသည်။

ဘီဘီစီ (မြန်မာပိုင်း)က သတင်းဖော်ပြရာတွင် ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် သူတို့အနေဖြင့် လောလောဆယ် ရခိုင်သို့ ပြန်နိုင်ကြအုံးမည် မဟုတ်သေးကြောင်း၊ ယခုပြန်ပို့သည့် အထဲတွင် ရခိုင်ပြည်က မွတ်ဆလင်တစ်ဦးတစ်ယောက်မျှ မပါဝင်သေးကြောင်း ပြောဆိုသွားခဲ့သည်။

မလေးရှားမှ စစ်သင်္ဘော ၃ စီးဖြင့် ခေါ်ယူလာသော မြန်မာနိုင်ငံသား ၁,၄၇၆ ဦးသည် အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းတို့ကို နေရာ (၁၄) ခုတွင် ဖြန့်ခွဲပြီးနေရာချထားပေးသည်ဟု သိရသည်။

ဒီသတင်း ကောင်မန့်ရဲ့ လင့်ထဲကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>>

09/10/2026

#အာရက္ခတပ်တော် AA က စစ်တွေမြို့အား အပြည့်အဝ ပိတ်ဆို့ဝိုင်းရံလိုက်ချိန်တွင် နေပြည်တော်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ သံတမန်စေလွှတ်နေကျဖြစ်သော အိမ်နီးချင်း အင်အားကြီးနိုင်ငံများသည် လိပ်စာကတ်ပြားများကို အလျင်အမြန် လဲလှယ်ကာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံသို့ တန်းစီ ချဉ်းကပ်လာကြသည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်းများ လုံခြုံရေးအတွက် လည်းကောင်း အိန္ဒိယသည် စစ်တွေဆိပ်ကမ်း အခြေစိုက် ကုလားတန်စီမံကိန်း အသက်ဆက်နိုင်ရေးအတွက် လည်းကောင်း ဘင်္ဂလားဒေ့ရှ်က နယ်စပ်လုံခြုံရေးနှင့် ဒုက္ခသည်အရေးအတွက် လည်းကောင်း AA ထံသို့ အပြိုင်အဆိုင် မျက်နှာချိုသွေးနေကြခြင်း ဖြစ်သည်။ ဤနိုင်ငံကြီးများအတွက် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုသည်မှာ စာအုပ်ထဲတွင်သာ ရှိသော်လည်း ရခိုင်ကမ်းရိုးတန်းရှိ မိမိတို့၏ ဘီလီယံနှင့်ချီသော ပိုက်လိုင်းများနှင့် ဆိပ်ကမ်းများ ရှေ့တွင်မူ မည်သူ့ထံ၌ သေနတ်နှင့် နယ်မြေအစစ်အမှန် ရှိသနည်းဟူသော အချက်ကသာ တစ်ခုတည်းသော သံတမန်ရေး စံနှုန်း ဖြစ်လာခဲ့သည်။

တစ်ဖက်တွင်လည်း NUG နှင့် ပြည်မတော်လှန်ရေး အင်အားစုများသည် ဤမြင်ကွင်းကို အဝေးမှ ငေးကြည့်ရင်း အနာဂတ် ဖက်ဒရယ်စာချုပ်တွင် AA အား မည်သည့်ဖောင့်ဖြင့် ဖိတ်စာပို့ရမည်ကို အလေးအနက် စဉ်းစားခန်း ဖွင့်နေကြဆဲ ဖြစ်သည်။

Ground Report Myanmar

08/10/2026

🔥 #မင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်ကို APHR ကန့်ကွက်၊ မြန်မာနိုင်ငံသားများ ပြန်ပို့မှု ရပ်ဆိုင်းရန် တောင်းဆို

DMG ၊ အောက်တိုဘာ ၆

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ် အဖြစ် လက်ခံတွေ့ဆုံမည့်အပေါ် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ကန့်ကွက် လိုက်ပြီး ယင်းသို့လက်ခံခြင်းသည် စစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်ကြောင်း သတိပေးထားသည်။

မင်းအောင်လှိုင်သည် အောက်တိုဘာ ၆ ရက်တွင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်မည်ဖြစ်ပြီး ၎င်း ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုလက်ခံခြင်းသည် လေကြောင်းတိုက်ခိုက်မှုများနှင့် အတင်းအဓမ္မစစ်မှု ထမ်းခိုင်း စေမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများထံ မှားယွင်းသည့်သတင်းစကား ပေးပို့ရာရောက်မည်ဟု APHR က အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

“မလေးရှားအနေနဲ့ မင်းအောင်လှိုင်ကို လုံးဝလက်မခံသင့်ပါဘူး။ သူ့အတွက် ခင်းပေးလိုက်တဲ့ ကော်ဇောနီ တိုင်းဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေမှုတွေကြားမှာ နေထိုင်နေရတဲ့ မြန်မာပြည်သူတွေကို ဒေသတွင်းနိုင်ငံတွေက သူတို့အပေါ် လုပ်ဆောင်နေတာတွေကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းစကား ပေးပို့ရာရောက်ပါတယ်” ဟု APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Chriesty Barends က ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များ တက်ရောက်ခွင့် ကန့်သတ်ထားသည့်အတွက် မလေးရှား၏ ယခုလက်ခံတွေ့ဆုံမှုသည် မင်းအောင်လှိုင်အတွက် အရေးပါသည့် သံတမန်ရေးအကျိုးအမြတ်တစ်ခု ဖြစ်လာနိုင်ကြောင်း APHR က ဆိုသည်။

တစ်ချိန်တည်းတွင် မလေးရှားက မြန်မာနိုင်ငံသားများကို ပြန်ပို့နေမှုအပေါ်လည်း APHR က စိုးရိမ်ကြောင်း ပြောသည်။

မလေးရှားသည် စက်တင်ဘာ ၂၉ ရက်တွင် အမျိုးသမီး ၇၉ ဦးနှင့် ကလေး ၂၇ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်ပို့ခဲ့ပြီး နောက်ထပ် ၃,၅၂၄ ဦးကိုလည်း ပြန်ပို့ရန် စီစဉ်ထားကြောင်း APHR က ဆိုသည်။

ယင်းသို့ ပြန်ပို့မှုသည် ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ ဈေးတစ်ခုအနီးကို မြန်မာစစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သား အနည်းဆုံး ၄၉ ဦး သေဆုံးပြီး ရက်ပိုင်းအကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း APHR က ထောက်ပြထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် အဆိုပါ ပြန်ပို့ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ ခြင်းမရှိသလို လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ဘေးကင်းစွာ နေရပ်ပြန်နိုင်သည့် အခြေအနေမဟုတ် သေးကြောင်း ပြောထားသည်ဟု APHR က ဆိုသည်။

ပြန်ပို့ခံရသူများသည် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခြင်းနှင့် မတရားပြုမူဆက်ဆံ ခံရခြင်းတို့ ကြုံတွေ့နိုင်သည့် အန္တရာယ်ရှိပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများအတွင်း ပေးသည့် သဘောတူညီချက်ကိုလည်း လွတ်လပ်ပြီး သိရှိနားလည်စွာ ပေးသည့်သဘောတူညီချက်အဖြစ် မယူဆနိုင် ကြောင်း APHR က ပြောသည်။

ယင်းသို့ ပြန်ပို့နေမှုသည် ညှဉ်းပန်းနှိပ်စက်ခံရနိုင်သူ သို့မဟုတ် အသက်အန္တရာယ်ရှိသူ မည်သူ့ကိုမျှ ပြန်ပို့မည် မဟုတ်ဟု မလေးရှားအစိုးရက ဩဂုတ်လတွင် ပြုလုပ်ခဲ့သည့် ကတိကဝတ်နှင့် ကိုက်ညီမှုမရှိသလို အန္တရာယ်ရှိ သည့် နေရာသို့ အတင်းအကျပ် ပြန်မပို့ရဟူသော non-refoulement မူနှင့်လည်း ကိုက်ညီမှုမရှိကြောင်း APHR က ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်သည့် အခြေအနေမရောက်မချင်း နောက်ထပ်ပြန်ပို့မှုများကို ရပ်ဆိုင်းထားရန်နှင့် ပြန်ပို့ရန်စီစဉ်ထားသူများအား UNHCR က တွေ့ဆုံစိစစ်ခွင့်ရရှိ စေရန် APHR က မလေးရှားအစိုးရကို တောင်းဆိုထားသည်။

ထို့အပြင် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်စေနိုင်သည့် သဘောတူညီချက်များ လက်မှတ်မထိုးရန်၊ ပူးတွဲကြေညာချက်များ မထုတ်ပြန်ရန်နှင့် မင်းအောင်လှိုင်ကို နောက်ထပ်ဖိတ်ကြားမှုများ မပြုလုပ်ရန်လည်း APHR က တောင်းဆိုထားသည်။

#မြန်မာ #မလေးရှား #မင်းအောင်လှိုင် #အာဆီယံ #မြန်မာဒုက္ခသည် #လူ့အခွင့်အရေး #နေရပ်ပြန်ပို့မှု #အာရက္ခ #ကျောက်တော်

08/10/2026

#မြန်မာစစ်တပ်အတွက် လေယာဉ်ပစ္စည်းများ မလေးရှားကုမ္ပဏီများ ထောက်ပံ့နေဟု JFM ဖော်ထုတ်

DMG ၊ အောက်တိုဘာ ၈

မလေးရှားအစိုးရနှင့် ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီအချို့အပါအဝင် မလေးရှား လေကြောင်းနှင့် အာကာသ ဆိုင်ရာ ကုမ္ပဏီများသည် မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ ပေးခဲ့ခြင်း သို့မဟုတ် ထောက်ပံ့ရန် ကြိုးပမ်းခဲ့ခြင်းများရှိကြောင်း Justice For Myanmar (JFM) က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

ပေါက်ကြားလာသည့် စာရွက်စာတမ်းများနှင့် ကုန်သွယ်ရေးအချက်အလက်များကို အခြေခံ၍ FJ Global Aeroparts (M) Sdn Bhd (FJ Global)၊ Asia AeroTechnic Sdn Bhd (AAT) နှင့် Skyways Technics Asia Sdn Bhd တို့သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် ၎င်း၏ ကြားခံပွဲစားများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း သို့မဟုတ် လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းများရှိကြောင်း JFM က ဆိုသည်။

FJ Global သည် မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ဒရုန်းများနှင့် ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းနှင့် အရေးကြီးသည့် စက်ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူထောက်ပံ့ရန် ကြိုးပမ်းခဲ့ကြောင်း JFM က ဖော်ပြသည်။

ယင်းတို့တွင် K-8W အပေါ့စားတိုက်ခိုက်ရေးဂျက်လေယာဉ်၊ Orlan-10E မောင်းသူမဲ့လေယာဉ်နှင့် Mi-17၊ Mi-2 ရဟတ်ယာဉ်များအတွက် အစိတ်အပိုင်းများ ပါဝင်သည်။

FJ Global သည် ယခုနှစ် ဖေဖော်ဝါရီလတွင် မလေးရှားဝန်ကြီးချုပ်ရုံးလက်အောက်ရှိ အစိုးရကျောထောက် နောက်ခံပြု Perbadanan Usahawan Nasional Berhad (PUNB) ထံမှ ငွေကြေးထောက်ပံ့မှု ရရှိခဲ့ကြောင်း JFM က ဆိုသည်။

မြန်မာစစ်တပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်အင်ဂျင်နီယာများသည် ယခုနှစ် ဖေဖော်ဝါရီလတွင် AAT ကုမ္ပဏီထံ သွားရောက်ခဲ့ကြောင်းလည်း JFM က ဖော်ပြသည်။

AAT သည် မလေးရှား ကျေးလက်နှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ အေဂျင်စီတခုဖြစ်သော Majlis Amanah Rakyat (MARA) နှင့် ဆက်နွှယ်သည့် ကုမ္ပဏီဖြစ်သည်။

ထို့အပြင် ဒိန်းမတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတခုက ပိုင်ဆိုင်သည့် Skyways Technics Asia သည် မြန်မာ လက်နက်ပွဲစားများထံ လေယာဉ်အစိတ်အပိုင်းများ အကြိမ်ကြိမ် တင်ပို့ခဲ့ကြောင်း JFM က ဆိုသည်။

ပစ္စည်းလက်ခံရရှိသည့် ကုမ္ပဏီများထဲတွင် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူး ရုံး၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ ပါဝင်ပြီး အဆိုပါ လေယာဉ်အစိတ်အပိုင်းများသည် မြန်မာလေတပ် အတွက် ဖြစ်နိုင်ခြေရှိကြောင်း JFM က သုံးသပ်ထားသည်။
ယခုဖော်ထုတ်ချက်သည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မြန်မာစစ်တပ်အတွက် လေကြောင်းဆိုင်ရာ ပစ္စည်းနှင့် ဝန်ဆောင်မှုများကို မလေးရှားကုမ္ပဏီများက ထောက်ပံ့ပေးနေခြင်း သို့မဟုတ် ထောက်ပံ့ရန် ကြိုးပမ်းနေခြင်းများရှိနေချိန်တွင် မလေးရှားအစိုးရက မြန်မာစစ်ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံနေခြင်းကို JFM က ဝေဖန်ထားသည်။

ထို့အပြင် သတင်းရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး ရဲမှူးချုပ် လှိုင်မင်း ဦးဆောင်သည့် မြန်မာစစ်အုပ်စု ကိုယ်စားလှယ် အဖွဲ့ကို နိုဝင်ဘာ ၂ ရက်မှ ၆ ရက်အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံ ထောက်လှမ်းရေး အသိုက်အဝန်းညီလာခံသို့ တက်ရောက်ရန် မလေးရှားက ဖိတ်ကြားထားကြောင်း JFM က ဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ လေယာဉ်လက်မှတ်၊ တည်းခိုစရိတ်၊ အစားအသောက်နှင့် ပြည်တွင်းသွားလာ စရိတ်များကို မလေးရှားဘက်က ကျခံပေးမည်ဖြစ်ကြောင်းလည်း JFM က ဖော်ပြသည်။

“ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူပြုတဲ့ စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို စစ်တပ်ထံ ထောက်ပံ့ပေးနေတဲ့ မလေးရှားကုမ္ပဏီတွေကို တားဆီးဖို့ ပျက်ကွက်နေချိန်မျိုးမှာ အာဆီယံ ဘုံ သဘောထားငါးရပ်အပေါ် မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တောင်းဆိုချက် တွေဟာ အနှစ်သာရကင်းမဲ့နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

မြန်မာစစ်တပ်ထံ စစ်ဘက်သုံးပစ္စည်းများ၊ လေယာဉ်အစိတ်အပိုင်းနှင့် အပိုပစ္စည်းများ ရောင်းချထောက်ပံ့ခြင်း၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ပေးခြင်းတို့ကို ရပ်တန့်ရန်နှင့် FJ Global၊ AAT နှင့် Skyways Technics Asia ကုမ္ပဏီတို့ကို စုံစမ်းစစ်ဆေးရန် JFM က မလေးရှားအစိုးရကို တောင်းဆိုထားသည်။

မြန်မာစစ်တပ်ထံ ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီများနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန်လည်း ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်တို့ကို JFM က တောင်းဆိုထားသည်။

ပုံစာ - စစ်တပ်၏ လေကြောင်းလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds

ဝက်ဘ်ဆိုက်မှာ ဖတ်ရန် > https://www.dmgburmese.com/satainnsaunggparr/ammeol.html

#မြန်မာ #မလေးရှား #မြန်မာစစ်တပ် #အာဆီယံ #မင်းအောင်လှိုင် #မြန်မာလေတပ် #လေကြောင်း

08/10/2026

#ကျောက်တော်ကို လေယာဉ်အုပ်စုလိုက်ဖြင့် စစ်တပ် ဗုံးထပ်ကြဲ

DMG ၊ အောက်တိုဘာ ၈

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မှိုင်းချောင်းကြောင်းရှိ တောင်တန်းများကို အာဏာသိမ်းစစ်တပ်က ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက ဂျက်တိုက်လေယာဉ်၊ Y12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့အထက်ပိုင်း ရုပ်သားကျေးရွာနှင့် နဂရာမြောက်ဘက်က မှိုင်းချောင်းတောင်တန်းကို ယနေ့ နံနက် ၃ နာရီကျော်မှ ၄ နာရီအထိ ဂျက်ဖိုက်တာ ၃ စီး၊ Y12 တို့ဖြင့် ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ မှိုင်းချောင်းထဲက တောင်တန်းတွေကို လေယာဉ် အုပ်စုလိုက်သုံးပြီး ဗုံးကြဲသွားတယ်။ တစ်စီးပြီး တစ်စီး ပတ်ဝဲပြီးတော့ ကြဲချခဲ့တာ။ ထိခိုက်မှုအခြေအနေကတော့ အတိအကျ မသိရသေးဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ လေယာဉ် အုပ်စုလိုက်ဖြင့် ဗုံးကြဲနေမှုကြောင့် မှိုင်းချောင်းဒေသရှိ ဇင်ချောင်း၊ ဒိုးတန်း၊ မတင်မှိုင်းချောင်း စသည့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ပြောကြသည်။

ထို့အတူ မိုင်းချောင်းတောင်တန်းတွင် အနီးနားကျေးရွာမှ ဒေသခံများမှာ ဥယာဉ်ခြုံမြေလုပ်စားသည့် နေရာလည်း ဖြစ်သည်။

“ ဒေသခံတွေ ဥယျာဉ်ခြံတွေ အများကြီးရှိတယ်။ စိုက်ခင်းတွေ လုပ်စားကြတယ်။ ဒီဖက်မှာ မြိုလူမျိုးတွေ နေထိုင်ကြတယ်။ ညကတော့ အကြီးအကျယ် ဗုံးကြဲသွားတာ လုံးဝ မနားတမ်းကြဲတယ်။ ဒါကြောင့် ဒေသခံတွေကတော့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ယခုရက်ပိုင်း ရခိုင်ပြည်မြို့နယ်အနှံ့နှင့် ကျောက်တော်မြို့နယ်ကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။

ယမန်နေ့ (အောက်တိုဘာ ၇) ရက်ကလည်း ကျောက်တော်မြို့အနီးက အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၉ တပ်မ ဌာနချုပ်အနီးဝန်းကျင်၊ ဒေါင်းတော်ယိုးကျေးရွာအနီးက ခမရ ၃၇၆ တပ်ရင်းနှင့် ဒေါင်းတော်ယိုး သင်္ချိုင်းဟောင်းနေရာများ၊ ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာအနီးက နန်းတက်သိမ်ဘုရား အနီးတို့ကို ဗုံးအလုံးရေ ရာနှင့်ချီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က ကျောက်တော်မြို့၊ ပြည်တော်သာ၊ ပီစိပိုက်သည်၊ ဝင်စု ကျေးရွာများ၊ စက်တင်ဘာ ၂၈ ရက်က အိန္ဒိယဈေးနှင့် ကစ္ဆပနီတံတား၊ စက်တင်ဘာ ၃၀ ရက်က ကျောက်တော်မြို့တစ်ဖက်ကမ်းရှိ သကြားကျေးရွာ၊ အောက်တိုဘာ ၅ ရက်က ချောင်းတူကျေးရွာအနီးတို့ကို ဗုံးကြဲခဲ့သည်။

“ ကျနော်တို့ ကျောက်တော်ဒေသခံတွေကတော့ ညဘက်ဆိုရင် လုံးဝ မအိပ်ရဲတော့ဘူး။ ဂျက်သံကိုပဲ နားစွင့်နေရတယ်။ အခုဟာက ပြည်သူတွေကို စစ်ကောင်စီက လေကြောင်းကနေ တမင်တကာ ဒုက္ခ ပေးနေတာဖြစ်တယ်။ ဘာမှလည်း အလုပ်အကိုင်တွေ လုပ်စားလို့ မရဖြစ်နေတယ်” နောက်ထပ် ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ကလည်း ဝီရဌာနီ (ပေါက်တော) မြို့နယ်က ငပြီကျွန်းနှင့် ကြိမ်ခွေမော် တောင်တန်းတို့ကို စစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်တပ်နှင့် AA တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးအထိနာနေသည့် စစ်တပ်သည် ရခိုင်ပြည်က အခြားမြို့နယ်များကိုလည်း လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်နေသည်။

ယခုရက်ပိုင်းတွင် စစ်တပ်သည် ရခိုင်ပြည်နေရာအနှံ့ကို နေ့စဉ်ရက်ဆက်ဗုံးကြဲနေ၍ ဒေသခံများအနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိရှိကြရန် ULA/AA က တိုက်တွန်းထားသည်။

#ကျောက်တော် #ရခိုင်ပြည် #လေကြောင်းတိုက်ခိုက်မှု #လေယာဉ်ဗုံးကြဲ #စစ်တပ် #စစ်ကောင်စီ #စစ်ဘေးရှောင် #ဒေသခံများ #အရပ်သားများ #မှိုင်းချောင်း #ရခိုင်သတင်း

08/10/2026

🙏🙏🙏 #မိုးထဖက်စောစောမာ
ကံပွင့်လာဘ်ပွင့်၊အန္တရယ်ကင်းကလွှတ်မြောက်
စိတ်ချမ်းသာလို့ ကိုကျန်းမာလိုရာခရီးရောက်ပါဇီ
🪷🪷🪷 🪷🪷🙏🙏🙏

Want your business to be the top-listed Beauty Salon in Klang?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Klang

Alerts

Be the first to know and let us send you an email when U kyaw Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Klang.