Chapter II

Chapter II

Share

AI 🤖 Entertainment🕺🎥📽️💃 Music🎼🎵 & Video📺📺

10/08/2026

မကြောက်ဘူးများထင်နေလား🤣🤣




#မြန်မာဟာသ

20/07/2026

ဟယ်😱😱 လန့်သွားတာပဲ🫩🫩

#စစ်ကိုင်းဘီလူးမ
#စစ်ကိုင်း

New Dawn
Chapter II

19/07/2026

New Dawn
Chapter II

fyp

#မေတ္တာတရား
#ချစ်ခြင်း

14/07/2026

ယိုင်တိုင် ယိုင်တိုင် မဟာပုရိသ









New Dawn
Chapter II

13/07/2026

I got over 200 reactions on my posts last week! Thanks everyone for your support! 🎉

11/07/2026

"လွတ်သွားတဲ့ လက်တစ်စုံကို အတင်းမဆွဲထားပါနဲ့"

လမ်းဘေးဓာတ်တိုင်တစ်တိုင်မှာ ကပ်ထားတဲ့ "ငှက်ပျောက် ကြော်ငြာစာ" တစ်ရွက်

ပုံထဲက ငှက်လေးက မသိရှာဘူး။

ဒါပေမဲ့
အဲ့ဒီကြော်ငြာစာကတော့ လူတစ်ယောက်ရဲ့ စိုးရိမ်မှု၊ သံယောဇဉ်နဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ ပြောနေသလိုပဲ။

အဲဒီအချိန်မှာ အတွေးတစ်ခု ဝင်လာတယ်။

လူတွေက ကိုယ့်အနားက ထွက်သွားချင်တဲ့သူတွေကို ဘာကြောင့်များ ဒီလောက်အထိ ထွက်မသွားဖို့ ကြိုးစားနေရတာလဲ။

ကိုယ့်ကို မလိုအပ်တော့လို့ဖြစ်စေ... ကိုယ့်အနားမှာ မပျော်တော့လို့ဖြစ်စေ... ကိုယ့်ထက် ပိုကောင်းမယ်ထင်တဲ့သူကို ရွေးချယ်သွားလို့ဖြစ်စေ...

သူက ကိုယ့်ကို စွန့်ခွာဖို့ ဆုံးဖြတ်ပြီးသားဆိုရင်၊ ဘာကြောင့်များ "လူပျောက်" "တိရစ္ဆာန်ပျောက်" ကြော်ငြာစာကပ်သလို၊ နည်းလမ်းပေါင်းစုံနဲ့ ပြန်လာအောင် လုပ်နေကြတာလဲ။

တကယ်တော့...
အရင်ဆုံး ကိုယ့်ကိုယ်ကိုပဲ မေးကြည့်သင့်တယ်။

"ငါက သူ့ကို ဂရုစိုက်မှု၊ နားလည်ပေးမှု၊ မေတ္တာနဲ့ စိတ်လုံခြုံမှု ပေးနိုင်ခဲ့ရဲ့လား။"

အဖြေက "ပေးနိုင်ခဲ့တယ်" ဆိုရင်...
ကိုယ့်လိပ်ပြာကိုယ်လုံစွာဖြင့် စွန့်လွှတ်လိုက်ပါ။

ဘာလို့လဲဆိုတော့...
လူတစ်ယောက်ကို ကိုယ့်ဘေးမှာ ရှိနေစေတဲ့အရာက ချုပ်နှောင်ထားတဲ့ နှောင်ကြိုး မဟုတ်ဘူး။

အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ဖောက်ပြန်ခံရတဲ့အခါ...
ဗေဒင်တွေ မေးကြတယ်။ ယတြာတွေ ချေကြတယ်။ အစီအရင်တွေ လုပ်ကြတယ်။ "သူပြန်လာပါစေ" ဆိုတဲ့ ဆုတောင်းတွေနဲ့ နေ့ရက်တွေကို ကုန်ဆုံးကြတယ်။

ဒါပေမဲ့...
ကိုယ့်ကို မရွေးတော့တဲ့ လူတစ်ယောက်ကို ပြန်ရအောင် ကြိုးစားနေခြင်းဟာ...
ပျံသန်းသွားတဲ့ ငှက်တစ်ကောင်ကို လိုက်ဖမ်းနေသလိုပါပဲ။

ငှက်ကို လှောင်အိမ်ထဲ ပြန်သွင်းနိုင်ကောင်း သွင်းနိုင်မယ်။

ဒါပေမဲ့...
သူ့ရဲ့ စိတ်ကတော့ ကောင်းကင်ထဲမှာပဲ ရှိနေဦးမယ်။

ကျွန်တော့်အမြင်ကတော့...
အချစ်ဆိုတာ "မရ ရအောင် အတင်းဆွဲထားနိုင်ခြင်း" မဟုတ်ဘူး။

"ထွက်သွားချင်ရင် ထွက်သွားခွင့်ပေးနိုင်တဲ့ သတ္တိ" ကလည်း အချစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

လူတစ်ယောက်ကို ကိုယ့်အနားမှာ နေစေချင်လို့...
ကိုယ့်မာနကို ချိုး... ကိုယ့်ဂုဏ်သိက္ခာကို ချ... ကိုယ့်တန်ဖိုးကို လျှော့... အောက်ကျခံပြီး တောင်းပန်နေရတာကို...
အချစ်လို့ မခေါ်ဘူး။

အဲ့ဒါက ကိုယ့်ကိုယ်ကို ဆုံးရှုံးအောင်လုပ်နေတဲ့အရာတွေပါ။

တချို့က ပြောကြတယ်...
"ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ လက်လျှော့လိုက်တာလား။"တဲ့

မဟုတ်ဘူး။
ကြိုးစားသင့်တဲ့အချိန်ရှိသလို... လက်လွှတ်သင့်တဲ့အချိန်ဆိုတာလည်း ရှိတယ်။

လူနှစ်ယောက် အတူတူ လှေလှော်ရင် ကမ်းကို ရောက်နိုင်တယ်။

ဒါပေမဲ့...
နှစ်ယောက်စလုံးက ဆန့်ကျင်ဘက်တွေလှော်နေတယ်ဆိုရင်...

ဘယ်လောက်ပဲ အားစိုက်စိုက်...
အဲဒီလှေက ရှေ့ကို မရောက်နိုင်တော့ဘူး။

လောကမှာ တကယ်တန်ဖိုးရှိတဲ့ ဆက်ဆံရေးဆိုတာ...
"မသွားဖို့ အတင်းဖက်တွယ်ထားလို့ မဖြစ်မနေ နေနေရတဲ့သူ" မဟုတ်ဘူး။

"သွားလို့ရပေမယ့် ကိုယ့်အနားမှာပဲ အမြဲနေဖို့ ရွေးချယ်တဲ့သူ" ပဲ ဖြစ်တယ်။

အဲ့ဒီလို ရွေးချယ်မှုကသာ မေတ္တာအစစ် ဖြစ်တယ်။

ဒါကြောင့်...
ကိုယ့်ကို မရွေးချယ်တော့တဲ့ လက်တစ်စုံကို...
အတင်းဖက်တွယ်မထားပါနဲ့။

သူလည်း သူ့လမ်းသူလျှောက်ပါစေ။

ကိုယ်လည်း ကိုယ့်ဘဝကို ဆက်လက်တည်ဆောက်ပါ။

တစ်ခါတလေ...
လက်လွှတ်လိုက်ခြင်းဟာ ရှုံးနိမ့်ခြင်း မဟုတ်ဘူး။

ကိုယ့်ကိုယ်ကို ပြန်လည်ရွေးချယ်လိုက်ခြင်း ဖြစ်တယ်။

နောက်ဆုံးတော့...
"သူလည်း လွတ်လပ်ရာ သွားပါစေ... ငါလည်း လွတ်မြောက်ပါစေ..."ပေါ့

ဒီစကားလေးက နာကျင်မှုကို ငြင်းပယ်တာမဟုတ်ဘူး။

နာကျင်မှုကို လက်ခံပြီး၊ ကိုယ့်တန်ဖိုးကို မမေ့ဘဲ ရှေ့ဆက်လျှောက်ဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်တဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။



#အတွေး
#စာပေ


New Dawn
Chapter II

11/07/2026

Opera
#အရိုး


#ခေတ်ဟောင်းတေးများ

#သီချင်း


New Dawn
Chapter II

10/07/2026

ပညာနဲ့နေ

#ပုံပြင်
#မြန်မာပုံပြင်များ





New Dawn
Chapter II

10/07/2026

အရိပ်ကလေး

#မြန်မာသီချင်း
#ဆောင်းဦးလှိုင်






New Dawn
Chapter II

09/07/2026

ငွေစ မြင်မှ ကြင်တတ်သည်

#မြန်မာပုံပြင်များ
#ပုံပြင်





#ပညာပေးပုံပြင်



New Dawn
Chapter II

Want your business to be the top-listed Beauty Salon in Petaling Jaya?
Click here to claim your Sponsored Listing.

Telephone

Website

Address

Petaling Jaya