khun soe myint

khun soe myint

Share

believe in yourself ,no one was born successful🥰

01/02/2026

လူတစ်ယောက်က မကောင်းဖူးလို့
ဝေဖန်နေယုံနဲ့ ကိုယ်က မကောင်းတဲ့လူ
ဖြစ်သွားမှာ မဟုတ်ဘူး။

လူတစ်ယောက်က မဖြစ်နိုင်ဘူးပြောယုံနဲ့
ကိုယ်က စိတ်ဓါတ်ကျသွားရမှာ မဟုတ်ဘူး။

လူတစ်ယောက်က အသုံးမကျဘူးလို့
ပြောယုံနဲ့ ကိုယ်က သုံးစားမရတဲ့သူ
ဖြစ်သွားမှာ မဟုတ်ဘူး။

တကယ် အလုပ်လုပ်နေတဲ့သူတိုင်း ဝေဖန်ခံရမယ်။ တကယ် ကြိုးစားနေတဲ့သူတိုင်း တိုက်ခိုက် ခံရမယ်။

အမြင့်ကို တက်ဖို့ ကြိုးစားနေတဲ့သူတိုင်း
လေပြင်းဒဏ်ခံရတာ သဘာဝပဲ။

ဒါကြောင့် ဝေဖန်ရမှာ သူတို့အလုပ်ဆိုရင်
ကြိုးစားရမှာက ကိုယ့်အလုပ်ပဲ။

ခွေးဟောင်တိုင်း ထကြည့်နေရင်အိပ်ရေးပျက်တတ် သလို သူများ ပါးစပ်မှာ လမ်းဆုံးနေရင်လည်း ရှေ့ကို ရောက်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် ကြိုးစားနေတဲ့ လူငယ်တိုင်းဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ကိုယ့်လမ်းကို ဖောက်ဖို့နဲ့ ကိုယ်လမ်းကို လျောက်ဖို့ပဲ....။

#မေတ္တာဖြင့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

ဟိုးအရင်ကတည်းက ရှိခဲ့တဲ့
ဆိုရိုးလေးတစ်ခုပေါ့။
မှန်လည်း မှန်ပါတယ်။

မြစ်ကျဉ်းတော့ ရေစီးသန်တယ်။
အမြင်ကျဉ်းတော့ အငြင်းသန်တယ်။

အမြင်ချင်းမတူဘူးဆိုရင်
ပြိုင်မငြင်းပါနဲ့။

ပြိုင်လေ ရန်များလေပဲ။
ရှင်းလေ ရှုပ်လေ၊
ငြင်းလေ ဆိုးလေပါပဲ။
အကျိုးမရှိတာကိုသိရင်
တိတ်ဆိတ်လိုက်တာက
အကောင်းဆုံး အလုပ်ပါပဲ။

အရူးတစ်ယောက်နဲ့
ငြင်းခုံနေတာဟာ
အရူးနှစ်ယောက်ရှိတယ်လို့ သက်သေပြလိုက်တာပါပဲ။
အဲ့ဒီလို အဖြစ်မျိုး အရောက်မခံနဲ့။
လင်းနို့ကို ကြည့်ရင် ဇောက်ထိုးမြင်မှာပဲ။

လင်းနို့ကို အတည့်မြင်အောင်
ကိုယ်က ကင်းမြီးကောက် ထောင်ပြီး
လိုက်ကြည့်စရာ မလိုဘူးလေ။

သူ့သဘာဝက
ဇောက်ထိုးပဲ ကြည့်တတ်တာကို
နားလည်ဖို့ လိုပါတယ်။

ကိုယ့်သမိုင်း ကိုယ်ရေးတဲ့နေရာမှာ
သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို
လိုက်ပြီးတော့ ခံစားမနေနဲ့။

မှန်ရှေ့ရပ်ကြည့်လို့ ကိုယ့်မျက်နှာကို
လိပ်ပြာလုံလုံ ကြည့်ရဲဖို့ပဲ လိုတာပါ။

ကိုယ်ကျင့်သိက္ခာကို
တန်ဖိုးထားတတ်သူဟာ
ဘယ်သူ့ကိုမဆို
ရင်ဆိုင်ကြည့်ရဲပါတယ်.........။

ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။
Ven Kesara (ဘုန်းကေ)
#စာပေ #စာဖတ်ပါ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

ဒီလောက်ပါပဲ
သည်းခံနိုင်စွမ်းကုန်သွားတဲ့အခါ
သွေးအေးအေးနဲ့ ဥပက္ခာပြုတတ်လာတယ်

ကိုယ်ထိခိုက်နစ်နာမှစိတ်ချမ်းသာတဲ့လူတွေကို
ကိုယ့်ဘဝထဲနေရာမပေးချင်တော့ပါ ။

ဒီလောက်ပါပဲ
ထူးလို့လည်း မငိုဖြစ်တော့ပါဘူး
အထူးအဆန်းကြီးလည်း သိပ်မဖြစ်မိတော့ဘူး။

ကိုယ်နာကျင်မှ စားဝင်အိပ်ပျော်ကြတယ်ဆိုတဲ့
လူတွေအတွက်
ထပ်ပြီး feel မပြတော့သလို
ထပ်ပြီး ကြေကွဲ မပြတော့ဘူး .....

ဒီလောက်ပါပဲ
လောကကြီးက သာယာပါတယ်
ထုံဆေးထိုးထားသလို ခံစားချက်မဲ့နေတဲ့ ရင်ဘတ်နဲ့ အသက်ဆက်မယ် ။

နောက်ကျောကို ဓားနဲ့ ခုတ်ခံရပေမယ့်
အရှုံးတွေထဲက အမြတ်ထုတ်ကြည့်တဲ့အခါ
ဘယ်သူက ကိုယ့်အပေါ်
ဘယ်လိုစိတ်မျိုးရှိတယ်ဆိုတာ သိလိုက်ရတယ်။
ဒီလောက်ပါပဲ ..
ကိုယ်ဖြေသာပါတယ် ။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

အမှီအခိုကင်းအောင် ကြိုးစားပါ
-----------------------------------
မျှော်လင့်နေရတာက
စိတ်သောက ဖြစ်စေတယ်။
မျှော်လင့်သလို ဖြစ်မလာခဲ့ရင်
ပိုပြီး စိတ်သောက ရောက်စေပါတယ်။

စိတ်ပင်ပန်းတာကို မခံချင်ရင်တော့
ဘယ်သူ့ အပေါ်မှာမှ
ဘာမျှော်လင့်ချက်မှ မထားပါနဲ့။
အမှီအခိုကင်းပြီး ကိုယ့်ကိုယ်ကို
ရပ်တည်နိုင်အောင် ကြိုးစားရပါမယ်။

လူပင်ပန်းတာကို မခံချင်ရင်တော့
ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို
ဦးနှောက်ဉာဏ်ကို ပါးပါးလေး လွှာပြီး
သုံးတတ်မှ ရမယ်။

ဆင်းရဲတဲ့ဒဏ်ကို မခံချင်ရင်တော့
ဝင်ငွေနဲ့ ထွက်ငွေကို
အချိုးကျ မျှတစွာ သုံးစွဲ တတ်ဖို့နဲ့
ဝင်ငွေကို ပိုနိုင်သမျှ ပိုပါစေ
ထွက်ငွေကို တတ်နိုင်သမျှ လျှော့နိုင်ရမယ်။

အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ရမယ်။
အရမ်းကြီး မလိုအပ်ရင် မဝယ်ပါနဲ့။
မိမိရဲ့ ပစ္စည်းတွေကိုလည်း စည်းနဲ့ ကမ်းနဲ့
ကိုင်တွယ်တတ်ရမယ် ဒါမှရေရှည် ခံမှာပါ။

ဒါက ချွေတာခြင်းတစ်မျိုးပဲ။
သူများအကြွေး မတင်အောင်
နေတတ်ဖို့လည်း အရေးကြီးပါတယ်။
အကြွေးကင်းတဲ့ ဘဝကို ပိုင်ဆိုင်နေရင်ပဲ
အတော်လေးကို အဆင်ပြေနေပါပြီ။

ကိုယ်ချင်းစာတရား ထားရှိခြင်းက
ကိုယ့်အတွက်ရော တပါးသူအတွက်ပါ
စိတ်နှလုံး ချမ်းမြေ့ခြင်းကို ရရှိစေမှာပါ။

အမှီအခိုကင်းတဲ့ ဘဝ ဖြစ်အောင်ကြိုးစားပါ။
အကြွေးကင်းတဲ့ ဘဝဖြစ်အောင် နေထိုင်ပါ။
ကိုယ်ချင်းစာတရား ထားရှိပါ။
ဒါက ကောင်းမွန်တဲ့ ဘဝနေနည်းတွေပါပဲ......။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

ရေစက်ကို တန်ဖိုးထားပါ
-----------------------
ဘဝမှာ ကိုယ်နဲ့ ပတ်သ,တ်ရတဲ့
လူတိုင်း လူတိုင်းဟာ
သံသရာ အဆက်ဆက်က ပါလာတဲ့
ရှေးရေစက် ကြောင့်ပါ။

တချို့က
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့ အကြောင်းနဲ့ ဆုံလာကြတာ။

တချို့ကလည်း
ကိုယ့်ကို ပေးဆပ်စရာ ရှိလို့
ပြန်ဆုံကြရတာပါ။

တချို့ကတော့
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ။
"ပြုသူအသစ် ဖြစ်သူအဟောင်း" ....တဲ့။

ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ။

ကိုယ်က ကောင်းပါရဲ့နဲ့
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ
တစ်ခုပြီး တစ်ခု ကျေသွားတယ်လို့ပဲ
သဘောထားလိုက်ပါ။

ခံရတဲ့သူက အဟောင်းခံရတာပါ
လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ။

များများ ပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့လို့ သဘောထားပြီး
အခြေအနေတချို့ကို ကျေနပ်လက်ခံလိုက်ပါ။

ကိုယ့်ရဲ့အတ္တကို တတ်နိုင်သမျှ
ဖြေလျှော့နိုင်ဖို့ ကြိုးစားပါ။

ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့ပဲနဲ့
ဖြစ်လွယ်ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့ ထင်ပါတယ်။

ဝဋ်ကြွေးကိုတော့ ဆပ်လိုက်ပါ
ရေစက်ဆိုရင် တန်ဖိုးထားပါ.....။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

၁. ငယ်ရွယ်တုန်း ပန်းတိုင်းမရှာဘဲ
အချစ်မှာ သာယာနေရင် သင့်ရဲ့ ဘဝပျာယာ ခပ်သွားမယ်။

၂. သင့်ရဲ့ဘဝကို စာအုပ်တွေက မြင့်တပ်ပေးနိုင်တယ်ဆိုတာကို စိတ်ချလက်ချယုံကြည်အားကိုးပါ။

မလုပ်တတ်ဘူးမပြောနဲ့အလုပ်ကသင်သွားမှာပါ။ အဓိကတော့ ကိုယ်စိုက်ထုတ်တဲ့အားအပေါ်မှပဲမူတည်တယ်။

ယုံကြည်မှုသည် မြေအိုးတစ်လုံးလိုပဲ ကျကွဲသွားပြီဆိုရင် အကောင်းပကတိ ပြန်ဖြစ်ဖို့ မလွယ်ကူတော့ဘူး။

မသိရင် မေးမှသိပါမယ် မေးရဲ့တဲ့သတ္တိက လူတိုင်းမှာရှိသင့်တဲ့အရာပါ။
ဒါက အောင်မြင်သူတွေရဲ့ လက္ခဏာတစ်ခုပါ။

၃. အလွယ်တကူရနေသ၍တော့
တန်ဖိုးဆိုတာကို နားလည်သေးမှာ မဟုတ်ပါ။

စာဖတ်လ်ု့ ပိုက်ဆံ မရပေမယ့်
ပိုက်ဆံရနိုင်မယ့် နည်းလမ်းကိုတော့ စာအုပ်​တွေဖတ်ခြင်းဖြင့် ရနိုင်ပါတယ်။
ဒါကြောင့် အားလပ်ချိန်တိုင်းစာဖတ်ပါ။

၄. လောကကြီးက ရိုးရှင်းလွန်းပါတယ် လက်လျော့တတ်တဲ့သူကိုရှူံးတွေပေးပြီး ကြိုးစားတတ်တဲ့ သူကိုတော့ အောင်မြင်မှုတွေ ပေးတယ်။

၅. ဘဝမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးမျိုးကို ခဏခဏ မတွေးပါနဲ့ ကြာရင်ဘာမှ မလုပ်တတ်တဲ့ ဘဝရောက်သွားမယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးဆီကို
လူငယ်တစ်ယောက် ရောက်လာ၏။
" ဆရာကြီးခင်ဗျာ ကျနော် ကြီးပွားချမ်းသာ
ချင်ပါတယ် ၊ ဘာလုပ်ရမလဲ " လို့ မေးပါတယ်။
ဆိုကရေးတီးက လူငယ်ကို မြစ်ကမ်းပါးတစ်ခုကို
ခေါ်သွားပြီး ရေထဲကို တွန်းချလိုက်တယ်။
လူငယ်ဟာ ရေမကူးတတ်တာကြောင့်
ယက်ကန် ယက်ကန်နဲ့ ကူးခတ်နေတယ်။
အနည်းငယ် ကြာပြီးတဲ့အခါမှ ဆိုကရေးတီးက
လူငယ်ဆီကို နွယ်ကြိုးတစ်ချောင်း ပစ်ပေးလိုက်ကာ ဆယ်တင်လိုက်ပါတယ်။
ဆိုကရေးတီးက လူငယ်ကို မေးတယ်။
" ရေထဲမှာ နစ်နေတဲ့အချိန်မှာ မင်းစိတ်ထဲမှာ
ဘာကို အတောင့်တဆုံးလဲ "
" လေ ကို အတောင့်တဆုံးပါ "
လို့ လူငယ်က ဖြေတယ်။
" အေး ရေနစ်နေတဲ့အချိန် လေကို တောင့်တသလို မင်းရဲ့စိတ်ထဲ နှလုံးသားထဲမှာ ချမ်းသာကြွယ်ဝမှုကို ​ေ*သ မလောက် လိုချင်တောင့်တလာတဲ့အခါ မင်း အမှန်တကယ် ချမ်းသာ လာလိမ့်မယ် "
လို့ ဆိုကရေးတီးက ပြောလိုက်ပါတော့တယ်။
*** အောင်မြင်မှုတိုင်းဟာ လုပ်ရပ်တွေကနေ လာပါတယ်။
*** လုပ်ရပ်တိုင်းဟာ စိတ်ဆန္ဒတွေကနေ လာပါတယ်။
ဒါကြောင့် သင့်က အောင်မြင်ချင်တယ် ၊ ကြီးပွားချမ်းသာချင်တယ်ဆိုရင် သင်ရဲ့စိတ်နှလုံးသားထဲမှာ အောင်မြင်မှုကို ပြင်းပြစွာရယူချင်တဲ့ စိတ်ဆန္ဒမျိုး ရှိနေဖို့လိုပါတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

31/01/2026

#ကျေးဇူးကန်းတတ်သူများ
လူတချို့ကို ကြည့်ရင်
တကယ်ကို စိတ်မောစရာကောင်းတယ်။
ကိုယ့်ဘက်က မေးမထားဘဲ
အချိန်ပေး၊ စိတ်ပေး၊ အားပေးပြီး
(၉) ကြိမ်လောက် ကူညီခဲ့ရင်
အဲ့ဒီအကူအညီတွေက
သူတို့အတွက် “ပုံမှန်” ဖြစ်သွားတတ်တယ်။
ဒါပေမယ့်
တစ်ကြိမ်လောက်
ကိုယ့်အခြေအနေမကောင်းလို့
မကူညီနိုင်တော့ဘူးလို့ ပြောလိုက်တာနဲ့
အရင်က ကူညီခဲ့ဖူးတာတွေကို
အားလုံးမေ့သွားပြီး
မင်းကို ရန်သူလို သဘောထားသွားကြတယ်။
ကိုယ့်ဘက်က စေတနာနဲ့ ပေးခဲ့တာတွေကို
သူတို့ဘက်ကတော့
အခွင့်အရေးလို သုံးတတ်ကြတယ်။
ဒါကြောင့်
လူတိုင်းကို အားမနာဖို့ လိုတယ်။
လူတိုင်းကို မကူညီနိုင်ဘူးဆိုတာ
အပြစ်မဟုတ်ဘူး။
ကျွေးတိုင်းစား၊
ခိုင်းတိုင်းလုပ်၊
ပေးတိုင်းယူနေတဲ့ လူတွေကို
အလိုလိုက်လွန်းသွားရင်
နစ်မြုပ်သွားမယ့်သူက
နောက်ဆုံးမှာ ကိုယ်တိုင်ပဲ ဖြစ်သွားလိမ့်မယ်။
စေတနာဆိုတာ
ကိုယ့်ဘဝကို ပင်ပန်းစေဖို့ မဟုတ်ဘူး။
ကိုယ့်စိတ်ကို မနာစေဖို့လည်း လိုအပ်တယ်။
ဒါကြောင့်
ကိုယ့်စေတနာကို
တန်ဖိုးထားတတ်တဲ့သူကိုပဲ ပေးဆပ်ပါ။
ကိုယ့်ကောင်းမှုကို မှတ်မိတတ်တဲ့သူ၊
ကိုယ့်အခက်အခဲကို နားလည်ပေးတတ်တဲ့သူ၊
ကိုယ့်ဘက်ကိုလည်း ပြန်ရပ်ပေးနိုင်တဲ့သူကိုပဲ
စိတ်နဲ့ရင်းပြီး ကူညီပါ။
ခွေးကို ရွှေသွားတပ်ပေးလို့
တန်ဖိုးတက်မလာသလို
ကျေးဇူးမသိတတ်တဲ့သူကို
ဘယ်လောက်ကောင်းပြပြ
နောက်ဆုံးမှာတော့ အလကားပါပဲ။
စေတနာကို
နေရာမှန်၊ လူမှန်မှာပဲ သုံးပါ။
မဟုတ်ရင်
အကောင်းဆုံးစိတ်တောင်
ကိုယ့်ဘဝအတွက်
အနာတစ်ခု ဖြစ်သွားနိုင်လို့ပါ။
ကံကောင်း✍
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

30/01/2026

မျက်စိညောင်းညာတာ၊ မျက်လုံးခြောက်တာနဲ့ အမြင်အာရုံဝေဝါးတာတွေအတွက် ဈေးနှုန်းလည်းချိုသာပြီး အလွယ်တကူဝယ်ယူလို့ရတဲ့ "မာလကာသီး" ရဲ့ အစွမ်းထက်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်လုံးကျန်းမာရေးအတွက် မာလကာသီးရဲ့ အစွမ်း
မာလကာသီးဟာ လိမ္မော်သီးထက် ဗီတာမင် C (၄) ဆကနေ (၅) ဆအထိ ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် မျက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Beta-carotene၊ Lycopene နဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ Quercetin ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်စိအားနည်းခြင်းတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

မာလကာသီးနဲ့ အရွက်ကို အသုံးပြုပြီး မျက်စိအားကောင်းစေမယ့် နည်းလမ်း (၇) သွယ်
၁။ မာလကာရွက်ကို အသုံးပြု၍ မျက်စိအပူငြိမ်းစေခြင်း
မာလကာရွက် (၆) ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ရေ (၂) ဖန်ခွက်နဲ့ (၁၀) မိနစ်ခန့် ပြုတ်ပါ။ ခပ်နွေးနွေးအနေအထားရောက်ရင် ဂွမ်းဖတ်လေးကို နှစ်ပြီး မျက်ခွံပေါ်မှာ (၈) မိနစ်ခန့် တင်ထားပေးပါ။ မျက်လုံးဖောင်းကြွခြင်းနဲ့ ညောင်းညာခြင်းကို သိသိသာသာ လျော့ပါးစေပါတယ်။
၂။ မာလကာသီး အေးအေးလေးဖြင့် မျက်စိပေါင်းတင်ခြင်း
ရေခဲသေတ္တာထဲက မာလကာသီးကို အကွင်းလိုက် ပါးပါးလှီးပြီး မျက်ခွံပေါ်မှာ (၁၅) မိနစ်ခန့် တင်ထားပေးပါ။ မနက်ခင်း မျက်လုံးမို့အစ်တာတွေကို လန်းဆန်းသွားစေမှာပါ။
၃။ မျက်ကွင်းညိုခြင်းအတွက် ပေါင်းတင်နည်း
မာလကာသီးအနှစ် (၂) ဇွန်းကို ပျားရည် (၁) ဇွန်းနဲ့ ရောစပ်ပြီး မျက်လုံးအောက်က အမည်းစက်တွေပေါ်မှာ (၁၀) မိနစ်ခန့် လိမ်းပေးပါ။ ပြီးရင် ရေဆေးချပါ။ ဗီတာမင် C က အသားအရေကို ကြည်လင်စေပါတယ်။
၄။ မျက်စိအားကောင်းစေမယ့် ဖျော်ရည်
မာလကာသီး၊ မုန်လာဥနီနဲ့ ဟင်းနုနွယ်တို့ကို ရောစပ်ပြီး တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် ရေရှည်မှာ အမြင်အာရုံကို ကြည်လင်စေပါတယ်။
၅။ မာလကာသီး ထုတ်ကုန်များကို အသုံးပြုခြင်း
လက်လုပ် (DIY) လုပ်ဖို့ အချိန်မရှိသူများအတွက် မာလကာသီးအနှစ် (Guava extract) ပါဝင်တဲ့ Eye Cream များကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
၆။ မျက်လုံးတစ်ဝိုက် သန့်စင်ပေးခြင်း
မာလကာရွက်ကို ခပ်ကျဲကျဲလေးပြုတ်ပြီး အေးသွားတဲ့အခါ မျက်လုံးတစ်ဝိုက်ကို ပွတ်တိုက်သန့်စင်ပေးခြင်းက ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ (မျက်လုံးထဲ တိုက်ရိုက်မထည့်ရန် သတိပြုပါ)
၇။ မာလကာသီးကို အသီးအတိုင်း စားသုံးခြင်း
အထိရောက်ဆုံးနည်းလမ်းကတော့ တစ်နေ့ကို မာလကာသီး (၁) လုံး သို့မဟုတ် (၂) လုံး ပုံမှန်စားပေးတာပါပဲ။ သွေးထဲမှာ Antioxidant ပမာဏကို မြင့်တက်စေပြီး မျက်စိကျန်းမာရေးကို အတွင်းပိုင်းကနေ ထောက်ပံ့ပေးပါတယ်။

ဖုန်းနဲ့ ကွန်ပျူတာ အကြည့်များသူတွေအနေနဲ့ ဒီသဘာဝဆေးနည်းလေးတွေကို အသုံးပြုပြီး မိမိတို့ရဲ့ မျက်စိကျန်းမာရေးကို စောင့်ရှောက်နိုင်ကြပါစေရှင်။

အားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

28/01/2026

လောကကြီးက တရားပါတယ်
သူတစ်ပါးကို မကောင်းကြံတဲ့သူ
ခဏတာတော့ အောင်မြင်နေလိမ့်မယ်။
ဒါပေမဲ့ ရေရှည်မှာ ဘယ်တော့မှ မခံပါဘူး။
ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ဆီပြန်လာစမြဲပါ။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
ဒါက ငြင်းလို့မရတဲ့ သဘာဝတရားပဲ။
ဒါကြောင့် သူများတွေ မတရားလုပ်တိုင်း လိုက်ခံစားမနေပါနဲ့။
ကိုယ့်စိတ်ကို ဖြူစင်အောင်ထားပြီး ရှေ့ဆက်ပါ။
အချိန်တန်ရင် အမှန်တရားက အောင်နိုင်ပါလိမ့်မယ်။
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Want your business to be the top-listed Beauty Salon in Choa Chu Kang?
Click here to claim your Sponsored Listing.

Category

Website

Address

Choa Chu Kang