Y Sports
All about Life
Earthquake in Thailand
Earthquake in Mandalay,Myanmar (Burma)
Epic Fails 🤣🤣🤣
Hey 🤣🤣
14/03/2025
#ဘူးသီးကြော် နှင့် #ကြက်သွန်ကြော် ကို ဝယ်မစားရဘဲ ကိုယ်တိုင်ကြော်စားလို့ရအောင် Save ထားပါ😋
ပါဝင်ပစ္စည်းများ
👉ဘူးသီး
👉အကြော်မှုန့်
👉ကောက်ညှင်းမှုန့်
👉ပဲအကျတ်မှုန့်
👉ဆား ။ နနွင်း ။ဆီ
ပထမဆုံး ဘူးသီးတွေကို ကိုယ်ကြိုက်တဲ့ပုံစံလှီးထားလို့ရပါတယ် ဘူးသီးကို အချောင်းလိုက်ကြော်မယ်ဆိုရင် အချောင်းလိုက်လှီးပြီး အခုနဲ့ဝိုင်းဝိုင်းကြော်မယ်ဆိုရင် သုံးထောင့်ပုံစံတွေလှီးထားလို့ရပါတယ်နော် မနက်ကြော်ရင် ညကတည်းကလှီးပြီး ထားထားလို့လည်းရပါတယ်
မုန့်နှစ်အတွက် အကြော်မှုန့် ကောက်ညှင်းမှုန့် ပဲမှုန့် သုံးမျိုးကို အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောစပ်ရပါမယ် ပြီးရင် အရသာအတွက် ဆားအနည်းငယ် နနွင်းအနည်းငယ် Baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ရင်ရပါတယ် ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်
အမှုန့်တွေအကုန်ရောပြီးသွားရင် ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ
မုန့်ရည် မပျစ်တပျစ်အနေထားလေးဖြစ်ရင် ကြော်ဖို့အကောင်းဆုံးပါနော်
မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ဆီအတော်သင့် အပူရှိန်ဖြင့် ခဏက အသင့်လုပ်ထားတဲ့ ဘူးသီးချောင်းတွေကို မုန့်ရည်မှာ နှစ်ပြီး အိုးထဲထည့်ကာ စတင်ကြော်လို့ရပါပြီနော် ရွှေဝါရောင်တန်းလာပြီဆိုရင် ဆယ်တင်လို့ရပါပြီ အရမ်းကို အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေးကို ရရှိပြီဖြစ်ပါတယ်နော်
ကြက်သွန်ကြော်
ပါဝင်ပစ္စည်းများ
👉 ကြက်သွန်နီ (10) လုံး
👉 အကြော်မှုန့် စားပွဲတင်ဇွန်း (10)ဇွန်း
👉 ရေ စာပွဲတင်ဇွန်း (10) ဇွန်း
👉 ဆီ ။ ဆား ။ ဆော်ဒါအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သွန်နီကို ပါးပါးလှီးထားပါ ။
ပြီးလျှင် အကြော်မှုန့် ။ ရေ ။ ဆား ။ ဆော်ဒါ တို့ကို ရောစပ်ပြီး နယ်ထားပါ ရေ ကြဲလို့မရပါ သတိထားပြီးထည့်ပါ ။
ပြီးလျှင် အကြော်အနှစ်ထဲသို့ ကြက်သွန်နီပါးပါးလှီးကို ထည့်ပြီး နယ်လိုက်ပါ ပြီးလျှင် အကြော်ကြော်တံ ဇွန်းပြားထဲ သို့မဟုတ် ပန်းကန်ပြားပေါ်မှာ အကြော်တခုပုံစံလုပ်ပြီး ဆီထည့်သို့ထည့်ပါ
ရွှေဝါရောင်တန်းလာပြီဆိုရင်ရင် ဆယ်တင်လို့ရပါပြီနော် အရမ်းကိုအရသာရှိတဲ့ ကြက်သွန်ကြော်ရပါပြီနော်
ငယ်ငယ်တုန်းကလို မနက်စောစော ထမင်းကြမ်းနဲ့ တွဲစားလိုက်ရင် အရမ်းကို မြိန်စေမှာဖြစ်ပါတယ် ကြော်စားလို့ရအောင် ပို့စ်ကို ရှဲထားပါနော်
Follow လုပ်ဖို့လည်းမမေ့ပါနဲ့နော်
#ဟင်းချက်နည်း #ဘူးသီးကြော် #ကြက်သွန်ကြော် #အကြော် #ဟင်းချက်နည်းများ
Please follow me 🙏
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Y Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
