May Chit Phoo Zaw

May Chit Phoo Zaw

แชร์

Lifestyle vlog🌹

05/10/2026

နှစ်လမပြည့်သေးဘူး ခေါင်းကထောင်နေကော်👦🏻 tummy timeလုပ်ပေးရတဲ့အကျိုးကျေးဇူးတွေက

* 💪 လည်ပင်း၊ ပခုံး၊ လက်နဲ့ကျောကြွက်သားတွေ သန်မာလာစေတယ်
* 🧠 ခေါင်းထိန်းနိုင်စွမ်းနဲ့ လှုပ်ရှားမှုဖွံ့ဖြိုးရေး ကို ကူညီတယ်
* 👀 ခေါင်းကိုမြှောက်ပြီး ပတ်ဝန်းကျင်ကိုကြည့်ဖို့ လေ့ကျင့်ပေးနိုင်တယ်
* 🔄 နောက်ပိုင်း လှိမ့်ခြင်း၊ ထိုင်ခြင်း၊ တွားခြင်း စတဲ့ motor skills တွေအတွက် အခြေခံကောင်းစေတယ်
* 🟢 ခေါင်းတစ်နေရာတည်းမှာ အမြဲဖိနေတာကြောင့် ဖြစ်နိုင်တဲ့ ခေါင်းပြားခြင်း ကိုလည်း လျော့ချပေးနိုင်တယ်

အရေးကြီးတာ: Tummy time ကို ဘေဘီနိုးနေချိန်မှာသာ လုပ်ပေးပြီး အမြဲမျက်စိမလွှတ်ဘဲ စောင့်ကြည့်ပါ။ အိပ်ချိန်မှာတော့ ကျောပေါ်လှဲအိပ်စေပါ။

04/10/2026

What will change after becoming a mom?🤭😂

02/10/2026

လသားအရွယ်ဘေဘီကို ချီပေးလို့ “လက်ကြိုက်သွားမယ်” ဆိုတဲ့အယူအဆမမှန်ပါဘူးနော် မေမေတို့…

ဒီအရွယ်မှာ ဘေဘီက မေမေ့ကို ချီပေးစေချင်တာဟာ လုံခြုံမှု၊ နွေးထွေးမှုနဲ့ အနီးကပ်ထိတွေ့မှုလိုအပ်လို့ ဖြစ်တတ်ပါတယ်။ ချီပေးခြင်းက မေမေနဲ့ဘေဘီကြား သံယောဇဉ်တိုးစေပြီး စိတ်အေးချမ်းစေပါတယ်။

* ငိုရင် ချီပေးလို့ရပါတယ်။
* အိပ်ချင်ရင် ချီပြီး ငြိမ်အောင်လုပ်ပေးလို့ရပါတယ်။
* နိုးနေချိန်မှာလည်း မျက်လုံးချင်းဆုံပြီး စကားပြောပေးလို့ရပါတယ်။
* တစ်ချိန်လုံး ချီထားဖို့တော့ မလိုပါဘူး—အိပ်တဲ့အခါ ပြားပြီးမာတဲ့အိပ်ရာပေါ်၊ ပက်လက် အိပ်စေပါ။

အထူးသဖြင့် ၂ လဝန်းကျင်မှာ ချီပေးတာများလို့ အကျင့်ဆိုးသွားမယ်ဆိုတာ စိုးရိမ်စရာတော့ မလိုပါဘူး။ ❤️

01/10/2026

😂🤭

Photos from May Chit Phoo Zaw's post 30/09/2026

😴အိပ်ကောင်းတုန်း

30/09/2026

သားလေးကို ပလစ်ခဲ့ပန်ပီး🤭😴

28/09/2026

ဒီလိုထပ်ချစ်ဖြစ်ခဲ့ရင်…
#ဆွေး

Photos from May Chit Phoo Zaw's post 27/09/2026

လက်ဝှေ့ထိုးမို့😂

26/09/2026

လသားအရွယ် ဘေဘီလေးက ပြုံးရွှင်ပြီး အသံလေးတွေနဲ့ “စကားပြောသလို” လုပ်နေတာက ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

* မေမေ/ဖေဖေမျက်နှာကိုကြည့်ပြီး ပြုံးတာက လူမှုဆက်ဆံရေးကို စတင်လေ့လာနေတာပါ။
* “အူး…အာ…” လို အသံလေးတွေထွက်တာက cooing လို့ခေါ်ပြီး စကားပြောဖို့အတွက် အစောပိုင်းလေ့ကျင့်မှုပါ။
* မေမေက ပြန်ပြောပေးရင် ဘေဘီက အသံပြန်ထွက်တာ၊ ပြုံးတာတွေ ပိုလုပ်လာနိုင်ပါတယ်။
* အိပ်နေတုန်း ပြုံးတာ/ရယ်သလို အသံထွက်တာလည်း အိပ်စက်နေစဉ် ဖြစ်တတ်တဲ့ ပုံမှန်တုံ့ပြန်မှု ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ၁–၂ လအရွယ်ကစပြီး လူကိုကြည့်ပြီး ပြုံးလာတာ တွေ့ရတတ်ပါတယ်။ ❤️

25/09/2026

ခလေးလေးနဲ့ မျက်လုံးချင်းဆုံပြီး စကားပြောပေးတာက မွေးကင်းစအရွယ်ကတည်းက အကျိုးကျေးဇူးများပါတယ် ❤️

* 👀 မျက်လုံးနဲ့ လူကိုလိုက်ကြည့်တတ်လာစေပါတယ် — အာရုံစူးစိုက်မှု တိုးလာစေပါတယ်။
* 🧠 ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ် — မျက်နှာ၊ အသံနဲ့ စကားလုံးတွေကို ဆက်စပ်သိလာစေပါတယ်။
* 🗣️ ဘာသာစကားဖွံ့ဖြိုးမှုအတွက် အခြေခံကောင်းစေပါတယ် — မိခင်/ဖခင်ရဲ့ အသံကို နားထောင်ရင်း နောက်ပိုင်းမှာ အသံထွက်ဖို့ သင်ယူလာပါတယ်။
* ❤️ မိဘနဲ့ ခလေးကြား ရင်းနှီးမှု (bonding) ပိုကောင်းလာစေပါတယ်။
* 😊 လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးဖို့ အစပြုစေပါတယ်။

တစ်လဝန်းကျင်ကလေးဆိုရင် မျက်နှာနားနားမှာထားပြီး ပြုံးပြ၊ နာမည်ခေါ်၊ ဖြည်းဖြည်းစကားပြောပေးလို့ရပါတယ်။ ခလေးက မျက်လုံးမကြည့်ဘဲ တစ်နေရာကိုလွှဲသွားရင်လည်း ပင်ပန်းတာဖြစ်နိုင်လို့ ခဏနားပေးပါ။ ❤️

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เว็บไซต์

ที่อยู่

Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ May Chit Phoo Zaw โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok