Miss BB

Miss BB

แชร์

Share the joy.

03/05/2026

ပိတောက်ပန်းလေးတွေ ဒီနေ့မှ ပွင့်လို့

ဦးဦးဖြားဖြား ဘုရားပန်းကပ်လှူ🙏🙏🙏

ဘုရားကျောင်းဆောင်မှာ ပန်းတွေ

လန်းဆန်းနေတော့ ဘုရားကျောင်းဆောင်လည်း

သပ္ပါယ်တယ် ကို့စိတ်လေးတွေလည်း

သူ့အလိုလို အေးချမ်းတယ် 🌿🍀🌼🌼🌼🌿🍀

🌧🌧🌧💦💦💦🌧🌧🌧

25/04/2026

ကျွန်မက အစကနေ ပြန်စရမှာမျိုးကို
ဘယ်တော့မှ မကြောက်ဘူး...
ပြန်စ ခွင့် မရှိတဲ့
အနေအထားမျိုး ရောက်သွားမှာပဲ ကြောက်တယ်...
အခုအချိန်ထိတော့ ပြန်စ ခွင့် မရှိတဲ့
အနေအထားမျိုး မကြုံရသေးဘူး...
လဲကျလိုက် ပြန်ထလိုက်
ပျက်စီးသွားလိုက် ပြန်တည်ဆောက်လိုက်
ပြိုလဲသွားလိုက် ပြန်ရုန်းထလိုက်နဲ့...
အခုအချိန်ထိ ဆုံးရှူံးသွားတာ ဖြစ်ဖြစ်
ရပ်တန့်သွားတာကိုပဲ ဖြစ်ဖြစ်
ဖြစ်သမျှတွေထဲက သင်ခန်းစာတွေ ယူပြီး
အစကနေ ပြန်စ နေနိူင်တုန်းပဲ...
ဒီလောက်အထိ ဒီနေ့အထိ သန်မာနေလို့
ကိုယ့်ကိုယ်ကိုယ် သိပ့်ဂုဏ်ယူတယ်...

16/04/2026

🥰🥰🥰

01/04/2026

အတိတ် လှလှ မလှလှ

ပစ္စုပ္ပန်မှာ အရိပ်ရပြီး

အနာဂတ်တွက် အလင်းပြပေးနိုင်တဲ့

မိန်းမ ဖြစ်ဖို့အရေးကြီးတယ်

#🍀🍀🍀🌸🌸🌸🌿🌿🌿

28/03/2026

ငါ အပါဝင် တစ်ချို့လူတွေက

အမှားလုပ်ပီးမှ တရားပေါက်သွား

ကြတာ အမှားဂိုသိသိနဲ့ မှားခဲ့ပီးမှ

အချိန်ကြာလာတော့ ဇွတ်အေးချမ်းချင်ကြတယ်

မိုက်ရူးရဲဆန်ခဲ့တဲ့ လုပ်ရပ်တွေက ဘယ်လောက်ဘဲ့

အေးချမ်းအောင် နေပါစေ

မှားခဲ့တဲ့အမှားတစ်ချို့က

ပြန်တွေးရင်း တမြေ့မြေ့လောင်မြိုက်နေမှာဘဲ့

အေးချမ်းချင်ရင်

တစ်သက်လုံးပြန်မတွေးမိပါစေနဲ့👍👍👍

ရှေ့ရှောက်ရမဲ့ ဘဝလမ်းခရီး တစ်လျှောက်

ထာဝရအေးချမ်းမှုတွေ ပိုင်ဆိုင်နိုင်ပါစေ

မိတ်ဆွေ👉👤👈

28/03/2026

🌼 ဒီသံသရာမှာ ကံမကုန်လို့
ပြန်ဆုံတွေ့ရမယ်ဆိုရင်တောင်
ဘယ်တော့မှ ပြန်မဆုံချင်တော့တဲ့
လူတချို့ရှိပါတယ် ***
အဲ့ဒီလူတွေဟာ
အနီးစပ်ဆုံးသူလည်း ဖြစ်နိုင်သလို
သိပ်ချစ်ခဲ့ဖူးတဲ့ သူလည်းဖြစ်နိုင်ပါတယ် ***
စိတ်မပျက်ခင်ထိတော့ အရာအားလုံးကို
နားလည်ပေးခဲ့သလို ရိုးလည်းရိုးသားခဲ့တယ်
ဘယ် Relationship ကိုမဆို
တန်ဖိုးလည်းထားခဲ့ပါတယ် ***
လူတွေနဲ့ပက်သတ်လာရင်
အများကြီးမမျှော်လင့်ခဲ့ပါဘူး
ကိုယ်ပေးသလောက်
ပြန်ရချင်မိခဲ့တာလေးပါ ~~~
ကိုယ်ယုံကြည်သလောက်
ရိုးသားစေချင်ရုံလေးပါ ~~~
ပြီးတော့ ကိုယ်ဆွဲထားတဲ့လက်က
စစ်မှန်မနေရင်တောင်
ဓါးတလက် မဖြစ်စေချင်ရုံလေးပါ ~~~
တချို့က အရမ်းယုံကြည်လိုက်မိခါမှ
ယုံကြည်မှုကို ရိုက်ချိုးသွားတတ်ကြသလို
ကိုယ့်အတွက် မရှိ မဖြစ်လို့ သိလိုက်ပြီးခါမှ
ထွက်သွားကြတာမျိုးပါ ~~~
ကိုယ်ကတော့ဘယ်သူ့ကိုမှ
တန်ဖိုးမသက်မှတ်ခဲ့ပါဘူး
ကိုယ့်အနားရောက်လာတဲ့
လူတွေအားလုံးကို
ဖော်ဖော်ရွယ်ရွယ်ဆက်ဆံတယ်၊
အလေးနက်ထားတယ်
ကိုယ့်လိုမဟုတ်မနေရင်တောင်
အရာရာပွင့်လင်းခဲ့တယ် ***
ဘဝမှာ ရလိုက်မိတဲ့
နောင်တ တစ်ခုရှိပါတယ်
အနီးစပ်ဆုံးသူတွေက
အနီးစပ်ဆုံးသောရန်သူမှန်းမသိပဲ
ကိုယ့်ရဲ့အားနည်းချက်ကို
ထုတ်ပြလိုက်မိတာပါပဲ ***
အဲ့လိုပဲ မထင်ထားတဲ့လူတွေက
မထင်သလို အားနည်းချက်ကို
ရိုက်နှက်ပြီး အနက်ရှိုင်းဆုံးသော
ဒဏ်ရာတွေနဲ့ ထားခဲ့ကြတာပါပဲ ~~~
ပြီးတော့ ကိုယ်သတ်မှတ်မထားတဲ့
လူတစ်ယောက်ရဲ့တန်ဖိုးကိုလည်း
သူတို့ကိုယ်တိုင် သတ်မှတ်သွားကြတာပါပဲ
အဲ့လို လူတွေနဲ့ ဘဝဆက်ဆက်
ဝေးချင်ပါတယ် ***

24/03/2026

သူများတွေ ပြုံးတာ လှချက်

ငါပြုံးလိုက်တာ နိုင်လူကြီး နဲ့ တူသလားလို့🤭🤭🤭

အကြံဆိုးကြီးနဲ့ ပြုံးနေသလိုဘဲ့😂😂😂

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok