Leaf green

Leaf green

Share

Leaf green 2026

03/06/2026

Jun 2, 12:02 PM
မန္တလေးမြို့တွင် ယနေ့ဇွန်၂ရက် နံနက်ပိုင်း သံဃာတော်များ ဆွမ်းခံကြွချိန်တွင် မီနီအိုးဝေ သုံးဘီးယာဉ်က ဆွမ်းခံကိုယ်‌တော် ဘုန်းကြီးတပါးကို တိုက်မိ၍ ထွက်ပြေးမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
#သတင်း #မြန်မာ #မြန်မာသတင်း #ပြည်တွင်းသတင်း

01/06/2026

ထိုင်းထီ ဒီနေ့"၆"၁"၂၀၂၆ကံထူးရှင်🎊
#မြန်မာ #ထိုင်းသတင်း #သတင်း #ထိုင်း #ကံထူးရှင်

31/05/2026

နမ့်ခမ်းမြို့အနီး TNLA၏ ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲ။ ((၃၁ မေ ၂၀၂၆။)))
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ TNLA၏ ခဲယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူတို့၏ နေအိမ်ပေါင်းများစွာ ပျက်စီးသွားပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်

31/05/2026

နမ့်ခမ်းတွင် ယမ်းများ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး
(သျှမ်းသံတော်ဆင့်၊ ၂၀၂၆ မေလ ၃၁ ရက်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိုလှောင်ထားသည့် မိုင်းတွင်းသုံး ယမ်းပျော့များ မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ (မေလ ၃၁ ရက်) နေ့လယ်ပိုင်းက နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုကြောင့် အနီးနားရှိ လူနေအိမ်များ ပျက်စီးခဲ့ရပြီး ထိခိုက်သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်နေကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
TNLA ဘက်ကမူ အဆိုပါယမ်းများသည် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သိုလှောင်ထားခြင်းဖြစ်ပြီး မတော်တဆမှုသာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူများကို အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
နမ့်ခမ်းမြို့ခံများနှင့် လူမှုကယ်ဆယ်ရေး အသင်းဝင်များ၏ ပြောပြချက်အရ ပေါက်ကွဲမှုသည် အရမ်းပြင်းထန်သည့်အတွက် အနီးနားရှိအိမ်အများစု ပျက်စီးသွားခဲ့ကြောင်း၊ လက်ရှိသေဆုံးသူမှာ အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၃၀ ဦး စုစုပေါင်း ၅၅ ဦး ထက်မနည်း ရှိလာကြောင်းနှင့် ထိခိုက်ဒဏ်ရာသူ ၇၀ ဦးကျော်ကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။.....
ထို့အပြင် လူနေရပ်ကွက်များနှင့် နီးကပ်သည့်နေရာများတွင် လက်နက်ခဲယမ်းများ သိုလှောင်ထားခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများကို မြင့်တက်နေကြောင်း သိရသည်။.....
နမ့်ခမ်းမြို့သည် ပြီးခဲ့သည့် "၁၀၂၇ စစ်ဆင်ရေး" အတွင်း TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များထဲမှ တစ်မြို့ဖြစ်သည်။.....,
TNLA အနေဖြင့် ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပြီး နစ်နာသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။
#မြန်မာ #သတင်း #ပြည်တွင်းသတင်း #မြန်မာသတင်း #နမ့်ခမ်း #နမ့်ခမ်းမြို့

30/05/2026

မိသားစုနှင့်အတူ ဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ပါတယ်
#မြန်မာ #လှိုင်သာယာ #တောင်ကြီး

28/05/2026

ဂူထဲပိတ်မိနေကြတဲ့ ရွှေသွားရှာကြတဲ့
လူငယ်လေး 7ဦးမှာလူငယ် 5ဦးကဒီနေ့
27.05.2026-ညနေ 4:30)မှာတွေ့သွားပါပီရှင့်။
#သတင်း #ထိုင်း #မြန်မာသတင်း #မြန်မာ #ပြည်တွင်းသတင်း

27/05/2026

၅ယောက်က ပြန်တွေ့ပါပြီ
#ထိုင်း #မြန်မာ #ပြည်တွင်းသတင်း #သတင်း #ထိုင်းသတင်း

25/05/2026

🗾လူများနိုင်ငံအလုပ်သွားလုပ်ပြီး
💰အိမ်မှာ ပိုက်ဆံအနခနတောင်းတယ်
ရွာထဲကလူတွေထင်တာကတစ်မျိုး ကိုနေရတာကတော့ တစ်မျိုး
#မြန်မာ #သတင်း #ထိုင်း

22/05/2026

ဘာလုပ်နေကြလဲ?

22/05/2026

မနေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ဒေသခံပြည်သူပိုင် နွား ၄၉ ကောင် မိုးကြိုးပစ်ခတ်ခံရမှုကြောင့် တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့သည်။"
#သတင်း #မြန်မာ #မြန်မာသတင်း #ရှမ်းတောင်ပိုင်း

Website