Heute

Heute

แชร์

Just want to share the lifestyle

Photos from Heute's post 22/03/2025

ဒီတစ်ခါကတော့ လက်သည်းလှလှလေးတွေဆိုးချင်တဲ့သူတွေအတွက် ရန်ကုန်က ကိုယ်အမြဲလက်သည်းလုပ်နေကြဆိုင်လေးညွှန်းပေးချင်တယ်ရှင်။

အမ Nandar ဖွင့်ထားတဲ့ဆိုင်ပါ။ page နာမည်က mention ခေါ်မရလို့ page link comment မှာရှိပါတယ်နော်။ အခုဆို မင်္ဂလာတောင်ညွှန့်မှာပါဆိုင်ထပ်ဖွင့်ထားတယ်။

service လည်းကောင်းတယ်။ (ဘာလို့ဆို ကိုယ်ကအမြဲ ဂျီကျတတ်တာ၊ စိတ်ရှည်ရှည်နဲ့ အမြဲတမ်း သေချာလုပ်ပေးတာ)

သုံးထားတဲ့ပစ္စည်းတွေရဲ့ Quality လည်းကောင်းတယ်။ ကိုယ်ဆို လက်သည်းဆိုးပြီးလည်း အိမ်အလုပ်လုပ်တယ်။ တော်ရုံမပျက်ဘူး။ (အငြိမ်မနေဘဲ ခွါနေလို့သာ ကျောက်တွေကပ်ရင် မခံတာ။)

ကိုယ်ဆို တစ်ခါလက်သည်းဆိုးထားပြီးရင် အနည်းဆုံး ၃ ပတ်လောက်ထိ မပျက်ဘူး။ တစ်ခါတစ်လေဆို ၁လလောက်ထိကို မပျက်တာ။

လက်သည်းလုပ်ထားတာတွေကတော့အများကြီးပဲ။ ရှိသလောက်ပုံလေးတွေပဲတင်ပေးလိုက်ပါတယ်။

Photos from Heute's post 20/03/2025

ဒီနေ့ မုန့်ဟင်းခါးချက်တော့ ပဲကြော်နဲ့စားချင်လို့ ပဲကြော် အစမ်းကြော်ကြည့်တာ မဆိုးဖူး အလုပ်ဖြစ်သွား🤭။

ကောက်ညှင်းမှုန့်(ဆန်ချ်န်ခွက် တစ်ခွက်)
ဆန်မှုန့် (ဆန်ချိန်ခွက် သုံးပုံတစ်ပုံ)
ပဲအကြတ်မှုန့် (ထမင်းစားဇွန်း ၃ ဇွန်း)
baking powder (အနည်းငယ်)
ဆား၊
ဂျင်း
တို့ကို ရေနည်းနည်းစီရောပြီး တစ်ညရေစိမ်ထားတဲ့ကုလားပဲထည့်ကြော်ရုံပဲ။

မှုန့်နှစ်ကို ရေကျဲကျဲလေးဖျော်ရင်ပိုအဆင်ပြေတယ်။ ကိုယ်က ရေနည်းနည်းလိုသွားတော့ ထူထူလေးဖြစ်သွားတယ်။

နောက်ဆုံးပုံက တန်ပူရာအမှုန့်နဲ့ကြော်ထားတာ။ ပဲကြော်အရသာစစ်စစ်တော့မရပေမယ့် စားလို့အဆင်ပြေတယ်။ အလုပ်ရှုပ်မခံချင်ရင် တန်ပူရာအမှုန့်ကို baking powder နည်းနည်းထည့်ပြီးရေကျဲကျဲဖျော်ပြီးကြော်ကြည့်။

#ပဲကြော်

Photos from Heute's post 18/03/2025

ချင်းမိုင်က လေထုညစ်ညမ်းတာ ထိပ်ဆုံးမှာရောက်နေပြီဆိုတော့ အိမ်တိုင်းမှာ လေသန့်စက်( air purifier) တစ်လုံးလောက်တော့ ဝယ်ထားကြပါနော်။ အပြင်သွားရင်လည်း mask မဖြစ်မနေတပ်ကြပါနော်။ ကိုယ်ဆို အိမ်ပြန်ရောက်ရင် မျက်စိတွေအရမ်းစပ်လို့ မျက်နှာသစ်ပြီးတာနဲ့ artificial tear ခပ်ရတယ်။

ကိုယ်တွေနေတဲ့ တိုက်ကလူတွေဆို လေထုညစ်ညမ်းတဲ့ရာသီအစတည်းက ဝယ်ထားကြတာ (air purifier တွေမှာထားကြတာ Lobby မှာဆို တစ်နေ့ကိုအနည်းဆုံး တစ်လုံးအမြဲတွေ့တယ်။)

ကိုယ်လက်ရှိသုံးနေတဲ့ Kashiwa ကထုတ်တဲ့ air purifier လေးက ဘတ်တစ်ထောင်မကျော်ဘဲနဲ့ budget save လည်းဖြစ်တယ်၊ တော်တော်လည်းကောင်းတယ်။
ကိုယ်သုံးနေတာ တစ်လကျော်ပါပြီ။

Filter လည်းလဲလို့ရတယ်။ remote လည်းပါတော့ပိုအဆင်ပြေတယ်။ timer ချိန်ထားလို့လည်းရတယ်၊ Night mood on ထားရင်အသံအရမ်းမဆူတော့ဘူး။

Lazada မှာအခုဆိုစျေးတောင်နည်းနည်းတတ်သွားပြီ။ ဒီပစ္စည်းက out of stock ဖြစ်တာမြန်တယ်။ ကိုယ်ဆို Big C ကနေဝယ်လိုက်ရတယ် Lazada မှာမရှိတော့လို့။ အခုတော့ stock ပြန်ဝင်နေပြီ။

Lazada - https://s.lazada.co.th/s.Fusg9

Photos from Heute's post 16/03/2025

Airfryer roasted pork

ဝက်သုံးထပ်သားကို Airfryer နဲ့ကြော်တာ အဆင်လည်းပြေ အချိန်လည်းမများကြီးပေးစရာမလိုလို့ ခဏခဏလုပ်စားဖြစ်တယ်။ ဆီလည်းမပေါက်ဘူး ညော်နံ့လည်းမစွဲတာကို တကယ်သဘောကျတာ။ အရသာကလည်း ဆီနဲ့ကြော်သလိုမျိုး နီးနီးရတယ်။

ပါဝင်ပစ္စည်း
- ဆား
- ငရုတ်သီးအစိမ်းမှုန့်
- တရုတ် ငါးမျိုးစပ် အမှုန့် (five spices)
- ရှာလကာရည်
- ဝက်သုံးထပ်သား (အဆီများရင်ပိုကောင်း)

❗️အရင်ဆုံး သေချာဆေးထားတဲ့ ဝက်သားတွေကို ရေခြောက်အောင် တစ်သျှူးနဲ့သုတ်။

❗️ပြီးရင် အသားထဲအရသာဝင်အောင် အမြှောင်းလေးတွေလှီး။ အခေါက်ဘက်ကို ခရင်းနဲ့နှံ့အောင်ဖောက် (အဲ့တာမှ အခေါက်ဖက်ကပွလာမှာ)

❗️ဆား၊ ငရုတ်သီးအစိမ်းမှုန့်၊ ငါးမျိုးစပ်အမှုန့် လိုသလောက်ချိန်ပြီး အသားဖက်ကို သေချာနှံအောင်နယ်။

❗️ အခေါက်ဖက်ကိုကျ ရှာလကာရည်ကိုနှံ့အောင်သုတ်။

❗️ ပြီးရင် ခဲပတ်ရှိရင်ခဲပတ်နဲ့ပတ်ပြီး အခေါက်ပေါ်ကိုဆားများများအုံပေး။

❗️ Airfryer ထဲကိုထည့်။ အပူချ်န် 160* နဲ့ မိနစ် 15 mins ထား ပြီးရင် အပြင်ကိုထုတ် ဆားတွေသေချာဖယ်(ခဲပတ်ထဲကထုတ်ပြီး တစ်သျှူးလေးနဲ့ သေချာလိုက်သုတ်ပေးရင် ပိုကောင်းတယ် မဟုတ်ရင် ငံလို့)

❗️ပြီးရင်ခဲပတ်ပြန်ပတ်၊ အခေါက်ပေါ်ကို ဆီနည်းနည်းသုတ်ပေးပြီး 165* နဲ့ 15-20 mins ထပ်ထားလိုက်ရင် ရပါပြီ။ (Airfryer ပေါ်မူတည်ပြီး အပူချိန်ကွာပါလိမ့်မယ်။)

ဆီလည်းမပေါက်၊ ဆီညော်နံ့လည်း မစွဲဘဲ ဝက်သုံးထပ်သားကြော် ရပါပြီ။

Photos from Heute's post 14/03/2025

Shabu Suki ဆိုင်တွေမှာ စားသလို အရည်မဲနဲ့ အိမ်မှာကိုယ့်ဘာသာလုပ်စားချင်ရင်လေ pure foods ကထုတ်တဲ့ Pork Bone Broth and Mushroom flavour လေးကအရသာတူတယ်။

ဘာအရသာမှ ထပ်ထည့်စရာမလိုဘူး။ broth နဲ့ရေနွေးနဲ့ပဲရောရုံပဲ။ တစ်ထုပ်ကို ၂ ကြိမ်လောက်စားလို့ရတယ်။

ကိုယ်ကတော့ Chinese cabbage ရယ် Marko ကဝယ်လာတဲ့ ဝက်ပေါင်သားလွှာနဲ့ Japanese Style Suki လုပ်စားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ထည့်စားလို့ရပါတယ်။

ထိုင်းမှာဆို Marko မှာဝယ်လို့ရတယ်။ မြန်မာမှာဆို ထိုင်းပစ္စည်းတွေရောင်းတဲ့ online shopping တွေမှာမေးကြည့်ပါနော်။ DD Branded Online Store မှာလည်း မေးကြည့်ကြည့်ပါနော်။

Photos from Heute's post 04/03/2025

English Text Below ⬇️

ချင်းမိုင်မှာ ဆံပင်ညှပ်ဆိုင်ကောင်းတာလေးရှာတွေ့။
65 Hair Studio Nimman Chiang Mai မှာ ဆံပင်ညှပ်ခဲ့တာ တကယ်အဆင်ပြေတယ်။

မြန်မာစကားပြောတတ်တဲ့ အကိုလည်းရှိတယ်။ ( ဗုဒ္ဓဟူးနေ့ တရက်တော့ နားတယ်ပြောပါတယ်။) ကိုယ်ကတော့ On-Hair Stylist နဲ့ညှပ်ခဲ့တာပါ။ လိုချငိတဲ့ပုံပြလိုက်ပြီး လိုက်မလိုက်သေချာပြောပြီး ညှပ်ပေးတယ်။ (English လိုပြောလို့ရတယ်။)

ဆံပင်ညှပ်ခက ဘတ် ၅၀၀ပါ။ (ခေါင်းလျှော်၊ ဆံပင်ညှပ် အပြီးစီးပါ။) ဆေးဆိုးတာက ဘတ် ၄၀၀၀ ကနေ ၇၀၀၀ လောက်ထိရှိတယ်။ ကိုယ်ဆံပင်အခြေနေရယ်၊ ဆိုးချင်တဲ့ အရောင်ပေါ်လိုက်ပြီး ချွတ်ဆေးသုံးစရာလိုတာ မလိုဆာ ကွာသွားတာပါ။

I did my hair cut at 65hairstudio Nimman Chiangmai and really satisfied their service and skill. My hair stylist is “On” who is really talented and knows what customer want. I showed the hair style what I want to do and she did really great. I can communicate her in English. This is really cool because I could tell what I really want and what I don’t like.

Google maps

https://maps.app.goo.gl/XfgKyYPe1TPM3gsA9?g_st=com.google.maps.preview.copy

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Chiang Mai