Ko Myo only

Ko Myo only

แชร์

CM. သမားလေးပါ followerပေးကြပါအုံးဗျ

01/08/2026

မောင်နှမ၂ယောက်ပျောက်နေသွားတာ 26ရက်နေ့ မနက် အစောပိုင်းက အခု 31ရက်နေ့ထိ ရှာတာ မတွေ့သေးဘူးရှင့်။

မောင်နှမ၂ယောက်ရဲ့ ဆိုင်ကယ်ကိုတော့ တောထဲကနေ တစစီ ဖြုတ်ထားတဲ့ အနေထားနဲ့ တူးဖော်ရရှိပီး၊ လူတော့ မတွေ့သေးဘူး။

မောင်နှမတွေ ပျောက်ဆုံးမှုနဲ့ ရဲတွေက စစ်ဆေးလာတာ သံသယရှိသူ ၂ဦး ထွက်လာပါတယ်။

သူတို့က နိုင်ပေါင်နဲ့ နိုင်ထုန် ဖြစ်ကြပီး၊ ချွန်ပူလီမြို့ကနေ ထွက်ပြေးသွားကြပီရှင့်။

မောင်နှမ၂ယောက်ကို ယခုထိ ဆက်လက် ရှာဖွေနေတာ ပထမ ဆိုင်ကယ်မြုပ်ထားတဲ့ (400ကီလိုမစ် အကွာအဝေးမှာ )မိကျောင်းမွေးထားတဲ့ ကန်ကြီးရှိတယ်။

ရွာသားတွေ ပြောပြချက်အရ နိုင်ပေါင်နဲ့ နိုင်ထုန်ဟာ အဲဒီမိကျောင်းကန်ထဲကို အဝင်အထွက်ရှိကြတယ်။

ဘယ်သူမှ အဲကန်နား မသွားပေမဲ့၊ သူတို့၂ယောက်ကတော့ အမြဲ ဝင်ထွက် နေကြပဲတဲ့ရှင့်။

အဲနောက် ရဲတွေက မိကျောင်းကန်ဆီ လာစစ်ဆေးတော့ ဆိုက်ကယ်ဘီးရာနဲ့ လူခြေရာတွေ တွေ့တယ်။

ခြေရာတွေ ဘီးရာတွေက မိုးရွာထားတော့ အထင်းသားပေါ်နေပီး မကြာသေးခင်က ဝင်ရောက်ထားတဲ့ ပုံဖြစ်နေတယ်။

ဘာလို့လဲဆို့ ရက်ကြာရင် တကယ်လို့ နေပူခဲ့ရင် ခြေရာတွေက ခြောက်သွားမှာ ဖြစ်ပီး၊ အခုပုံစံက လတ်လတ်ဆက်ဆက် ဖြစ်နေတယ်။

နောက်တော့ မိကျောင်းကန်နားလာတော့ မိကျောင်းတွေ ပုံစံက တစ်မျိုးဖြစ်နေပါတယ်။

ဆာလောင်နေတဲ့ ပုံစံဖြစ်နေပီး မိကျောင်းတွေ ဘာကို စားသောက် ချင်နေကြတာလဲ၊

မိကျောင်းတွေက တခုခုကို မစားရလို့ ကနာမညိမ် ဖြစ်နေကြပီး အုပ်လိုက်ကြီး ထွက်လာကြတာကို တွေ့ရပီး ၊
လတ်တလော ခန့်မှန်းချက်မောင်နှမ၂ယောက်ကို မိကျောင်းစာ ကျွေးလိုက်တာများလား၊ အဲလို မဖြစ်ပါစေနဲ့လို့ အားလုံးဆုတောင်းနေကြပါတယ်။

လက်ရှိ နိုင်ပေါင်နဲ့ နိုင်ထုန်ကို လိုက်ရှာနေကြပီး၊ မောင်နှမ ၂ယောက်ကို မိကျောင်းစာ ကျွေးမကျွေး မသိရသေးဘူး။

#ขอบคุณ #ประเทศไทย
#ထိုင်းသတင်း #သတင်းထူးသတင်းဦး
#သတင်းစုံ

Photos from Ko Myo only 's post 22/07/2026

"အသက်ငယ်ငယ်လေးနဲ့ကွယ် လမ်းသရဲတွေဖြစ်လို့ မွေးထားတဲ့မိဘတွေတော့ရင်ကြိုးရပြီးရပေါ့" 😥😥😥
ငယ်ငယ်လေးတွေနဲ့ မိုက်လိုက်ကြတာ အသက် 18နှစ် ကျောင်းသားကို လမ်းသရဲ ၃ကောင်က ဓ-ါးနဲ့ လူတွေ အရှေ့မှာ ရှင်းလိုက်တာ ပွဲချင်းပီးပဲရှင့်။

ဖြစ်စဉ်က ဘန်ကောက်မြို့မှာ 19ရက်နေ့ ညနေ 06:19က ဖြစ်စဉ်ကို ရိုက်ထားတဲ့ ကား၁စီးရဲ့ ကင်မရာထဲမှာ ၊

သရဲတွေ ဆိုင်ကယ်၂စီးက ရှေ့၁စီး၊ နောက်၁စီးနဲ့ ကောင်လေးကို ကြားညှပ်ပီး လိုက်လာကြတယ်။

18နှစ်ကောင်လေးဟာ လမ်းသရဲ၃ကောင်ကို မခုခံနိုင်ခဲ့ဘူး။ သရဲ၃ကောင်ထဲက အသက် 17နှစ်ရှိ သူက ဓ-ါးနဲ့ ထိုးလိုက်တယ်။

ကောင်လေးကတော့ နေရာမှာတင် ဆုံးသွားခဲ့ပါတယ်ရှင့်။
အဲနောက် လမ်းသရဲ၃ကောင်ဟာ ပစ်မှု ကျူးလွန်ခဲ့တဲ့ ဓ-ါးကို ချောင်းထဲကို ပစ်ချခဲ့ပီး ရဲစခန်းမှာ လာအဖမ်းခံကြတယ်။

အသက်တွေက 15၊17၊19နှစ်တို့ဖြစ်ကြပီး၊ ကောင်လေးကို ဘာကြောင့်လုပ်ရတာလဲ မေးတော့ အဖြေ မပေးကြဘူးရှင့်။

အခင်းမဖြစ်ခင် အဲနေ့က 18နှစ်ကောင်လေးရဲ့ အိမ်နီးမှာ လမ်းသရဲ ၃ကောင်က စောင့်နေပီး၊ အပြင်ထွက်လာတဲ့ အချိန် နောက်ယောင်ခံပီး လိုက်သွားတာကို တွေ့သူတချို့က ပြောပြကြတယ်။

အသ-xက်ခံရတဲ့ ကောင်လေး မိခင်ကတော့ ဘာမှ မလုပ်ရတဲ့ သားကို နေနေရင်း လုပ်သွားလို့ ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
#ထိုင်းသတင်း
#ขอบคุณ #ประเทศไทย #นานปียะcard

11/07/2026

ဆရာမ ကျေးဇူးကြောင့် ဇနီးအဖြစ်ကို ရောက်ရမဲ့ သမီးလေးကို ကယ်တင်ခဲ့တဲ့ သတင်း။

ထိုင်းနိုင်ငံ-အူဒေါဌာနီမြို့မှာ (10ရက်နေ့ ဖြစ်သွားတာ)၊

လွန်ခဲ့တဲ့ 7ရက်က ၊အသက် 11နှစ်ရှိ ဘီဘီလို့ ခေါ်တဲ့ သမီးလေးဟာ ကျောင်းမှာ မကစား၊ မျက်နှာ မကောင်းတော့ ဆရာမက သမီးလေး ဘာဖြစ်တာလဲ၊ ဆရာမကို မှန်မှန်ပြောလို့ မေးခဲ့တယ်။

အဲကျမှ ဘီဘီလေးက အကြောင်းစုံ ပြောပြခဲ့တယ်။ ဘီဘီရဲ့ ဖခင်ရင်း အသက် 28နှစ်ဟာ အရင်က မြင်းဆေးမှုနဲ့ ထောင်ကျနေပီး ပြန်လွတ်လာခဲ့တယ်။

ဖခင်က ထောင်ကျနေတော့ ဘီဘီရဲ့ မိခင်က ပထမမှာ၊ ကလေးကို အဒေါ်တွေနဲ့ အပ်ထားခဲ့ပီး၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပါတယ်ရှင့်။

နောက်တော့ ဖခင် ထောင်ထဲက ထွက်လာတော့ အဒေါ်တွေ ဆီကနေ ဘီဘီကို ငါပဲ ထိန်းမယ်ဆိုပီး ခေါ်လာခဲ့တယ်။

နောက်တော့ အရွယ်ရောက်လာတဲ့ ဘီဘီလေးကို ၊ဖခင်ဖြစ်သူက( ဟို # # #နေရာ # # #တွေကိုင်၊ ရxxင် # # #နေရာ # # #တွေကို # # #ကိုင်လာခဲ့တယ်။

ပီးတော့ ဘာပြောလဲ ဆိုရင်( ငါ့သမီးလေး ဖြစ်နေလို့ # # #မဟုတ်ရင် # # #ဇနီးဖြစ်နေတာ # # #ကြာ-ပီလို့ ပြောခဲ့တယ်။

အဲလိုမျိုး လုပ်လာခဲ့တာ 2နှစ်လောက် ရှိခဲ့ပီးနောက်၊ ကျောင်းမှာ ဆရာမက အတင်းမေးတော့မှ အဖြစ်မှန်ကို သိသွားကြတာတဲ့ရှင့်။

ဆရာမကနေ တဆင့် သမီးလေးရဲ့ အဒေါ်တွေ၊ မိသားစုဝင်တွေကို အကြောင်းကြားလိုက်ပီး၊ ရဲစခန်းမှာ အရင် ဆရာမက ဘီဘီလေးကို ခေါ်သွားပီး သွားတိုင်ကြားခဲ့တယ်။

ဘီဘီ ရဲ့မိခင်လဲ သမီးရဲ့ အကြောင်းကြားတော့ ချက်ခြင်း အလုပ်ထွက်ပီး၊ ထိုင်းကို ပြန်လာခဲ့ပါတယ်။

နောက်ဆုံး ဖခင်ဖြစ်သူကို ရဲတွေ လာခေါ်တော့၊ သမီးလေးက လိမ်ပြောနေတာ၊ အိမ်ပြန်နောက်ကျတာ သူ့အဘွားက ဆူလို့ လျောက်ပြောနေတာလို့ ထွက်ဆိုခဲ့တယ်။

ဒါပေမဲ့ ရဲတွေကတော့ ဖခင်ရဲ့ စကားကို မယုံကြည်ပဲ၊ အမှု ဆက်လက် စစ်ဆေးဖို့ အချုပ်ထဲမှာ ထည့်ထားပါတယ်ရှင့်။

သမီးလေးဟာ ယခုဆို အသက် 11နှစ်ပဲ ရှိပါသေးတယ်။ ကလေး စိတ်ဒဏ်ရာတွေ မရအောင်လို့ အနီးကပ် စောင့်ကြည့်နေရပါတယ်။

(ဒီသတင်းဟာ ထိုင်းသတင်းကနေတဆင့် ပြန်လည်ဖော်ပြ ပေးထားတာ ပါရှင့်၊ အမှုဖြစ်သွားတဲ့ မြို့က အူဒေါဌာနီမြို့(10.07.2026)နေ့ကပါ၊)

#ขอบคุณ #ประเทศไทย #นานปียะcrd

10/07/2026

မြန်မာလူငယ်၂ဦး ကားနဲ့/ဆိုင်ကယ် တိုက်မိကြတာ ပြင်းထန်ရပီး ဆေးရုံရောက်သွားပါတယ်။

နေရာက စမွတ်ပက်ကန်-ဖာ့ပါဒါန်းမှာ 9ရက်နေ့ ညနေလောက်က၊ ကောင်လေး၂ဦးက ခုတွေ့နေရတဲ့ တံတားပေါ်ကနေ/လမ်းပြောင်းပြန်ဆင်းလာကြတယ်လို့ သိရတယ်။

အဲချိန် ပစ္စည်းထည့်လာတဲ့ ကားကလဲ တံတားပေါ်ကို အတက်မှာ ရှောင်ချိန်မရပဲ တိုက်မိကြတာလို့ ဆိုတယ်။

ကောင်လေး၂ဦးထဲက/၁ဦးက အမြင့်ပေ ၃မစ်နက်တဲ့ အောက်ထဲကို ပြုပ်ကျသွားပါတယ်ရှင့်။

ကယ်ဆယ်ရေးတွေ/သွားဆင်းကယ်လာပီး ဆေးရုံပို့လိုက်ကြတယ်။

ကားသမားပြောပြချက်အရ/လမ်းက အတက်ဆိုတော့ တံတားပေါ်က ဆင်းလာတာ သူမမြင်ရဘူး၊

သူဆိုင်ကယ်ကို တွေ့တော့/ရှောင်ပေမဲ့ မရခဲ့ဘူးလို့ ပြောခဲ့ပါတယ်ရှင့်။

ရဲတွေကတော့ ဖြစ်စဉ် အသေးစိတ်ကို သိရဖို့ စုံစမ်းနေပါတယ်ရှင့်။

တကယ်လို့သာ လမ်းပြောင်းပြန်ဆိုရင်/မှားတဲ့ ဘက်က မှန်တဲ့ဘက်ကို ၊လျော်ရတယ်လို့ သိရတယ်ရှင့်။

#ထိုင်းရောက်မြန်မာဂရုစိုက်ကြပါ

09/07/2026

အဖေအရင်းက သားသမီး ၃ယောက်ကို ၁ယောက်ခွက်တလုံးစီ ပေးပီး တောင်းစားခိုင်းတဲ့ သတင်း၊

နခေါ့စီထမရမြို့မှာ ဖြစ်သွားခဲ့ပီး၊ ကလေး၃ယောက်က
အဖေရဲ့ နှိပ်စက်မှုကို မခံနိုင်လို့ ပင်လယ်ထဲ သွားခုန်ချဖို့ ကြံစည်နေချိန် အကြောင်းစုံကို သိသွားကြတာ။

ဖြစ်စဉ်က ကလေး၃ယောက်မှာ အကြီးက 13၊အလက်က 11နဲ့ အငယ်လေးက 7နှစ်တို့ ရှိကြတယ်။

ဖခင်ဖြစ်သူဟာ မြင်းဆေးစွဲသွားပီးနောက်ပိုင်းမှာ ကလေးတွေ အမေကိုလဲ ရိုက်လို့ အမေလဲ ကြောက်ပီး ထွက်ပြေးသွားတယ်။

အဲတော့ ကလေး၃ယောက်က အဘိုး၊အဘွားနဲ့ နေခဲ့ရတယ်။

ဒါလဲ ဖခင်ဖြစ်သူက မြင်းဆေးဖိုး မရှိတော့ မောင်နှမ ၃ယောက်ကို ၊ခွက် ၁လုံးစီ ပေးလိုက်ပီး၊ ရော့ နင်တို့ သွားတောင်းစား ဆိုပီး တောင်းစားခိုင်းတယ်။

ကလေး၃ယောက် တောင်းစားလို့ ရလာတဲ့ ပိုက်ဆံတွေကို ထမင်းချက်ဖို့ ဆန်ဆီတောင် မဝယ်ရသေးဘူး။

ဖခင်ဖြစ်သူက အားလုံးယူပီး မြင်းဆေး သွားဝယ်စားပစ်လိုက်တယ်ရှင့်။

ဒီလိုမျိုး အကြိမ်ပေါင်း မနဲရှိသွားပီး၊ ကလေးတွေ ထမင်းငတ်ရတာ ခနခန ပဲတဲ့၊

ကလေးတွေ တောင်းလို့ ပိုက်ဆံ မရလာတဲ့ နေ့ဆို၊ အသုံးမကျဘူးဆိုပီး၊ ရိုက်တဲ့ အပြင် (အဘိုး၊အဘွားကိုပါ) သွားရိုက်သေးတယ်။

၁ရက်မှာ အဘိုးဆိုင်ကယ်နဲ့ လာနေတာကို ၊ဒီအဘိုးကြီး ရှုပ်တယ်ဆိုပီး သ # # #က်ဖို့ လုပ်နေလို့ ဝန်းကျင်က သူတွေက ရဲခေါ် ဖမ်းခိုင်းခဲ့တယ်။

ထောင်ထဲမှာ ၁၀ရက် သွားနေနေတဲ့ ဖခင်ဖြစ်သူဟာ၊ ထောင်က လွတိလာတော့ အရင်လိုပဲ ကလေး၃ယောက်ကို ရိုက်ပြန်တယ်။

မြင်းဆေး စွဲကာ သားသမီးတွေကို ရိုက်တာများပီး ၊ဖခင်ဖြစ်သူဟာ အရူးလိုဖြစ်ပီး ဦးနှောက်မမှန်တော့ဘူး

သားသမီးမှန်းလဲ မသိတော့ဘူးတဲ့ရှင့်၊ နောက်ဆုံး ကလေးတွေက အဖေကို ကြောက်၊ အမေကိုလဲ ဆက်သွယ်မရကာ၊ ပင်လယ်ထဲ ခုန်ချကြမယ် ဆိုပီး ထွက်လာရာမှာ အကြောင်းစုံ သိသွားကြတာ။

အခု ကလေး၃ယောက်ကို ဦးစားပေး ကယ်တင်
လိုက်ကြပီး၊ ဖခင်ကိုတော့ ကလေးတွေကို တောင်းစားခိုင်းတဲ့အမှု၊ ရိုက်တဲ့ အမှုနဲ့ ထောင်ချမှာ ဖြစ်ပီး၊ ကလေးတွေကို ထပ်ရိုက်မှာ စိုးလို့ ထောင်ထဲကနေ မပေးထွက်တော့ဘူးလို့ သိရပါတယ်။

လက်ရှိ ကလေး၃ယောက်ကို ၊ကယ်တင်ထားပီး ကျောင်းကိစ္စ စီစဉ်နေပါတယ်
#ဆေးသမား
#သမီးသုံးယောက်

09/07/2026

အမေရိကန်၊ အိုရီဂွန်မှာ မိခင်တစ်ယောက် ကားစက်နှိုးပြီး သော့မပိတ်ဘဲ ဈေးဝင်သွားတယ်။ သူခိုးက ကားကောက်ခိုးပြီး မောင်းထွက်သွားတယ်။

တွေ့လိုက်ရတာ။ နောက်ခန်းထဲမှာ (၄)နှစ်အရွယ် ကလေး ပါလာတယ်။

သူခိုးက
ကလေးကို အသက်အန္တရာယ်မကျရောက်အောင် ချက်ချင်းပြန်မောင်းလာပြီး ကလေးအမေကို အပ်တယ်။ ဒါပေမယ့် ကလေးကို ပြန်အပ်ရုံနဲ့ မဆုံးဘူး။ မိခင်ကို "ဒီလောက်အန္တရာယ်များတဲ့ခေတ်မှာ ကလေးကို ကားထဲပစ်ထားပြီး သွားလို့ရလား..! ရဲတိုင်မယ်နော်!"
လို့ ပြန်လှန်ဆုံးမသွားတယ်။ ပြီးတော့ ကားကိုပါ ဆက်ခိုးပြီး ထွက်ပြေးသွားတယ်။ (နောက်ရဲတွေက ကားပြန်ရှာတွေ့ခဲ့တယ်)
ခိုးတာကတော့ မှားတယ်၊ ဒါပေမယ့် ကလေးကို ဘာမှမလုပ်ပဲစိတ်ချမ်းသာအောင် ပြန်ပို့တာ မှန်တယ်၊ မေမေကိုလည်း "ပေါ့ဆမှု" အကြောင်း သင်ခန်းစာပေးသွားတယ်။ ဒီသူခိုးက "သူခိုးဆိုပေမယ့် အတိုင်ပင်ခံကောင်းတစ်ယောက်" ပေါ့။ 😂

ခင်ဗျားတို့ရော။ ဒီလိုသူခိုးမျိုး ကြုံရင် ကျေးဇူးတင်ရမှာလား၊ ရဲတိုင်ရမှာလား? Comment မှာ ပြောပါဦး! 👇💬

08/07/2026

အလုပ်ပြုပ်သွားလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားရှာတဲ့ ကောင်မလေး ၁ဦး (8.07.2026-အူဒေါဌာနီမြို့)၊

ဖြစ်စဉ်က ကောင်မလေးဟာ အရင်က စားသောက်ဆိုင် တဆိုင်မှာ အလုပ်လုပ်ပီး- အလုပ်ပြုပ်လာခဲ့တယ်။

အဲတော့ ကောင်မလေးဟာ သူမရဲ့ ဇာတိမြို့ကို ပြန်လာနေတာ ၂ရက်ပဲ ရှိသေးတယ်။

သူ အလုပ်မရှိတော့ဘူးဆိုပီး ကောင်မလေးကအားငယ် စိတ်ညစ်ပီး အရ-က်တွေ တနေကုန် ထိုင်သောက်နေပါတော့တယ်ရှင့်။

သူမရဲ့ ယောက်ကျားက နင် အဲလိုမျိုး သောက်လို့ ပြသာနာ ရှင်းသွားတာမှ မဟုတ်တာ၊

ဒီအလုပ်အဆင်မပြေလဲ နောက်အလုပ်တွေ အများကြီး ရှာလို့ ရတယ်လို့ ဖျောင်းဖျခဲ့တယ်။

7ရက်နေ့ မနက် 3-4နာရီမှာ၊ မူးနေတဲ့ သူမနဲ့ ခင်ပွန်းဟာ စကားအနဲငယ် များကြပီး သူမလဲ အိပ်ပျော်သွားခဲ့တယ်။

မနက်ကျတော့ ယောက်ကျားက စျေးသွားမလို့ ကောင်မလေးကို ကြည့်လိုက်တော့ အိပ်ရာပေါ်မှာ ဆုံးနေပါတယ်။

သူမရဲ့ ခွေးလေးက အနားမှာ ထိုင်စောင့်နေပါတယ်ရှင့်

ကောင်မလေးရဲ့ မိသားစုဝင်တွေက သူမဟာ အလုပ်ပြုပ်သွားလို့ စိတ်ညစ်နေကြောင်း၊ အဲနောက် စိတ်ညစ်ပီး ပြန်လာတာ ၂ရက်ပဲ ရှိသေးကြောင်းနဲ့ အရ-က်တွေ ထိုင်သောက်နေကြောင်း၊ သူမမှာ သွေးတိုးနဲ့ ဆီးချို ရောဂါ အခံ ရှိကြောင်း၊ ဆေးတွေကိုလဲ သောက်နေရကြောင်းတို့ကို စိတ်မကောင်းစွာ ပြောပြခဲ့ကြပါတယ်။

#ขอบคุณ #ประเทศไทย #นานปียะcard

08/07/2026

#ကလေးလေးကံကောင်းလို့ပေါ့ အပျက်အစီးများကြားမှ ၁၂၈ နာရီကြာ အံ့ဖွယ်ရှင်သန်မှု😱😱

ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံအပျက်အစီးတွေအောက်မှာ🥺🥺 ၁၂၈ နာရီ (၅ ရက်ကျော်ကြာ) အထိ ပိတ်မိနေခဲ့တဲ့😭 ၂ လသားအရွယ် ကလေးငယ်လေးတစ်ဦးကို ကယ်ဆယ်ရေးသမားတွေက ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်🥺🥺🙏🏻

ဒီဖြစ်ရပ်ဟာ ကယ်ဆယ်ရေးသမားတွေနဲ့ ကမ္ဘာတစ်ဝှမ်းက လူထုကို စိတ်လှုပ်ရှားမျက်ရည်ဝဲစေခဲ့ပြီး တကယ့်ကို မယုံနိုင်စရာကောင်းတဲ့🥺 "ရှင်သန်ခြင်းနိမိတ်လက္ခဏာ" တစ်ခုပဲ ဖြစ်ပါတယ်🙏🏻🙏🏻ခက်ခဲလှတဲ့ အခြေအနေတွေကြားထဲမှာ အသက်ပြင်းပြင်းနဲ့ ကယ်ဆယ်မယ့်အချိန်အထိ😭😭 ကြံ့ကြံ့ခံ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ဒီကလေးငယ်လေးရဲ့ ပုံရိပ်တွေဟာ အခုအခါမှာတော့🥺 လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အားလုံးကို ကြည်နူးဆို့နင့်စေခဲ့ပါတယ်🙏🏻❤️



#၀မ်းနည်းစရာ
#သတင်းစုံ
#ဗဟုသုတသတင်း

07/07/2026

လူ၁ဦးကို ထက်ဝက်ပိုင်းကာ ရေခဲပုံးထဲ ၁၅နှစ်လုံးလုံး ထည်ထားတဲ့ သတင်း၊

ဒီသတင်းဟာ ဂျပန်နိုင်ငံမှာ ဖြစ်သွားတဲ့ နမည်ကြီး အမှုဖြစ်ပီး ထိုင်းသတင်းက ဘာသာပြန်တင်ပြတာကို ပြန်လည် ပြောပြပေးတာ ဖြစ်ပါတယ်။

ဖြစ်စဉ်က ငှါးနေတိုက်ခန်းမှာ နေထိုင်သူ ၁ဦးဟာ၊ သူ့အခန်းနားက ပုပ်စော်နံလို့ အိမ်ပိုင်ရှင်ကို သွားပြောတယ်။

အိမ်ပိုင်ရှင်ကနေ တဆင့် ရဲကို အကြောင်းကြားလိုက်တယ်။

ရဲတွေ ရောက်လာတော့ အခန်းတခါးက သော့ပိတ်ထားတော့ ရိုက်ပီး ဖွင့်ဝင်ခဲ့ကြတယ်။

အခန်းတခုလုံး ဘာပစ္စည်းမှ မရှိဘူး ရှင်းလင်းနေတယ်၊

ရှိတဲ့ အရာက ရေခဲပုံးကြီး၁လုံးဖြစ်ပီး၊ အပုပ်နံ့က အဲဒီကနေ လာနေတာ။

အဲတော့ ရဲတွေက ပုံးကြီးကို ဖွင့်လိုက်တော့ အမျိုးသား၁ဦးရဲ့ အလောင်း ရှိနေပီး ခါးလည်ကနေ ပိုင်းထားတယ်။

ရဲတွေ အလောင်းကို စစ်လိုက်တော့ အလောင်းဟာ (12လပိုင်း 2011)နှစ်ဖြစ်ပီး အခု 2026ဆို ၁၅နှစ်ရှိခဲ့ပီ။

တရားခံဟာ အလောင်းကို ရေခဲပုံးထဲ ထည့်ကာ၊ အအေးခံပီး 24နာရီလုံး 15နှစ်ကြာ အအေးပေးခဲ့ပုံပေါ်တယ်။

ဒါဆို အလောင်းက မည်သူဆိုတာကို စစ်ကြတော့ အခန်းငှါးနေတဲ့ ပိုင်ရှင်အဟောင်း ဖြစ်နေပါတယ်။

၁ရက် မှာ ဒီပိုင်ရှင်ဟောင်းဟာ နေနေရင်း ပျောက်သွားပီး၊ အခန်းကိုလဲ ပြန်အပ်ခဲ့တယ်။

နောက်တော့ လူ၁ဦးကနေ အခန်းကို လာငှါးခဲ့တယ်။ ဒီလူဟာ အခန်းခ လစဉ်ပေးပီး၊ လူတော့ မနေဘူး။

အဲနောက် ရဲတွေက ဘယ်သူက အခန်းကို ဆက်ငှါးခဲ့တာလဲ ဆိုတာကို စုံစမ်းလိုက်တော့၊

အ-သ----က်-ခံရသူရဲ့ မိန်းမဖြစ်နေပါတယ်။

အလောင်းကို ဘယ်လိုစသိတာဘဲ ဆိုတော့ နှစ်များစွာ ကြာတော့ ရေခဲပုံးကြီးက အလုပ်မလုပ်တော့ဘူး

အဲတော့ အလောင်းကလဲ မအေးတော့ပဲ ပုပ်စော်နံလာခဲ့တာပါ။

ရဲတွေက မိန်းမဖြစ်သူကို ဘာလို့ နင့်ယောက်ကျားကို လုပ်ရတာလဲ မေးတော့ ယခုဆို သူမရဲ့ အသက်က 50ရှိနေပီး ၊သူမ သ-----က်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့တယ်။

ဒါဆိုရင် လွန်ခဲ့တဲ့ 15နှစ်က ဘာကြောင့် အဲလိုမျိုး လုပ်ရတာလဲ ၊

ဘာပြသာနာ ဖြစ်ကြလို့လဲ၊ ဘယ်လောက်တောင် စိတ်နာလို့ ကိုတပိုင်း ဖြတ်ပစ်ရတာလဲ၊

ပီးတော့ ရေခဲပုံးထဲ ဘာကြောင့် ထည့်စိမ်ခဲ့ရတာလဲ ဆိုတာကို စစ်မေးနေတုန်းပါ------။

ဒီသတင်းဟာ 6လပိုင်း 23ရက်နေ့က တက်လာတာ ဖြစ်ပီး၊ ဘာကြောင့် လုပ်ရတာလဲ ဆိုတာ သိရရင် ပြန်ပြောပြပေးပါ့မယ်။

#ขอบคุณ
#သတင်းထူးသတင်းဦး #သတင်းထူး #ထိတ်လန့်ဖွယ်ရာ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Nakhon Pathom?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Nakhon Pathom

เวลาทำการ

จันทร์ 08:00 - 17:00
อังคาร 08:00 - 17:00
พุธ 08:00 - 17:00
พฤหัสบดี 08:00 - 17:00
ศุกร์ 08:00 - 17:00
เสาร์ 08:00 - 17:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Myo onlyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

สมัคร

เราจะแจ้งให้คุณทราบในกรณีที่มีการอับเดทข้อมูลใน Nakhon Pathom.