PSM News

PSM News

Share

A platform built to serve the people’s right to real news and information.

� Truthful
� Timely
� Transparent

� PSM is here to serve the people, not power.

Follow us and be part of a movement that keeps truth alive.

09/16/2026

𝐏𝐒𝐌 𝐍𝐞𝐰𝐬 - ရုပ်သံသတင်းအစီအစဉ်(16.9.2026)
https://youtu.be/_jY1VYhwFCU

Photos from PSM News's post 09/16/2026

ရွှေဘိုတွင် ရေသန့်စက်ဖွင့်ပွဲ ပြုလုပ်နေစဉ် မိတ္ထီလာလေတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဆရာတော် ၁ ပါး နှင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

PSM (News)
စက်တင်ဘာ ၁၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ သောက်ရေအဆင် ပြေစေရန် ရေသန့်စက် တပ်ဆင်ဖွင့်လှစ်ကာ ရေသန့်ပေးဝေနေစဉ် အာဏာလု စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာတော် တစ် ပါး ပျံလွန်တော်မူကာ ပြည်သူ နှစ် ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နှမစားရစ်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစီး၍ ကျေးရွာနေပြည်သူများ သောက်ရေအဆင်ပြေစေရန် ရေသန့်စက်တပ်ဆင်၍ ရေသန့်များ ဖြန့်ဝေပေးနေချိန် ယနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် မိတ္ထီလာလေတပ်မှ ပျံတက်လာသော MiG-29 အမျိုးအစား တိုက်လေယာဉ်တစ်စီးက လေကြောင်းမှ သုံးကြိမ်တိုင်တိုင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာဏာလုစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄၃) နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးပညာသီရိ ပျံလွန်တော်မူခဲ့ပြီး၊ ဒေသခံပြည်သူများဖြစ်ကြသည့် အသက် (၆၅) နှစ်အရွယ် ဦးအောင်တင့်နှင့် အသက် (၆၀) နှစ်အရွယ် ဦးတင်ထွန်းတို့မှာ နေရာတင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အခြားပြည်သူ ရှစ် ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အပြီးတွင်လည်း ရွှေဘိုမြို့ အခြေစိုက် အမှတ် (၄၂) ခြေလျင်တပ်ရင်း (ခလရ-၄၂) တပ်စခန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် သုံးကြိမ်တိုင်တိုင် ထပ်မံပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-CJ

#ရွှေဘိုမြို့နယ်
#နှမစားရစ်ကျေးရွာ
#လေကြောင်းတိုက်ခိုက်မှု

09/16/2026

PSM News - နိုင်ငံတကာသတင်း ( ၁၆ - ၉ - ၂၀၂၆ )
- ရုရှားရေတပ် ဖရီးဂိတ်စစ်သင်္ဘောက ဒိန်းမတ်စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ထံသို့ ပစ်ခတ် ၊
- အမေရိကန်နိုင်ငံ၊လော့စ်အိန်ဂျလိစ်မြို့တွင်သတင်းရယူ‌နေ‌သောရဟတ်ယာဉ်ပျက်ကျ ။

https://youtu.be/0lZsr4Rvjgw

09/16/2026

တောင်တွင်းကြီးတွင် ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PSM (News)
စက်တင်ဘာ ၁၆၊ ၂၀၂၆

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန် - မန္တလေး အမှတ် (၂) ပြည် ထောင်စုလမ်းမကြီးပေါ်ရှိ တောင်တွင်းကြီး - အောင်လံ လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းချိန်းရန် ထွက်ခွာလာသည့် ရဲ ၂ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီတပ်ဖွဲ့) က ထုတ်ပြန်သည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် အတွင်းသတင်းပေးချက်အရ သက္ကယ်ကျင်းကျေးရွာ အထိုင်ဂိတ်မှ ပရပ်ကြယ်ရဲစခန်းသို့ ထွက်ခွာလာသည့် ရဲ နှစ် ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက် နံနက် ၇ နာရီခန့်တွင် လမ်းပိုင်းတစ်နေရာ၌ စောင့်ဆိုင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုလက်အောက်ခံ ရဲ နှစ် ဦးစလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎ G3 သေနတ် တစ် လက်၊ ကျည်ဘောက် နှစ် ခု၊ 5.56 ကျည် ၁၉ တောင့်နှင့် လက်ကိုင်ဖုန်း တစ် လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်ရေး စစ်ဆင်ရေးကို တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပုဏ္ဏဝတီတပ်ဖွဲ့)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Eagle Column၊ ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#တောင်တွင်းကြီး
#ရဲ
#ကြားဖြတ်တိုက်ခိုက်

09/16/2026

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး စက်တင် ဘာ ၁၉ ရက်မှစ၍ တောင်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်

PSM(News)
စက်တင်ဘာ ၁၆၊ ၂၀၂၆

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လာမည့် စက်တင်ဘာ ၂၀ ရက်ဝန်းကျင်၌ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်ချေရှိကြောင်း နိုင်ငံတကာ မိုးလေဝသခန့်မှန်းမော်ດယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်များ အရသိရသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ အပြီး တိုင် ဆုတ်ခွာသွားပြီဖြစ်သော်လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ပိုမိုအားကောင်းလာနေခြင်းကြောင့် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ ဝတီတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေရာကွက် မိုးများနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် လေဖိအားမြင့်ဧရိယာ ဝင်ရောက်လာခြင်းကြောင့် မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမည်ဖြစ်သော်လည်း တိဗက်ကုန်းမြင့်ဘက်မှ ဝင်ရောက်လာသည့် မိုးတိမ်များကြောင့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နောက် ၄၈ နာရီအတွင်း မိုးဆက်လက် အားကောင်း နိုင်သည်။

ထို့ပြင် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ တိုက်ခတ်နိုင်သည်။

ထို့ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၂၅ မိုင်မှ ၃၀ အထိ လေပြင်းတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သဖြင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားလာသူများအနေဖြင့် အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

ဒေသအလိုက်အနေဖြင့် ညောင်ဦး၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ကူမဲ၊ ဝမ်းတွင်း၊ မင်းလှ၊ လက်ပံတန်း၊ ကဝ၊ ညောင်တုန်းနှင့် လပွတ္တာစသည့် မြို့နယ်များတွင်လည်း လာမည့်ရက်ပိုင်းအတွင်း နေရာအနှံ့အပြားမှ နေရာစိပ်စိပ်အထိ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်ကာ နေရာကွက် မိုးသည်းထန်နိုင်ကြောင်း သိရသည်။

#မိုးလေဝသသတင်း

09/16/2026

ရွှေကူ-ဗန်းမော် ရေကြောင်းတွင် ရေယာဉ်တန်းများကို လုံခြုံရေးယူပေးနေသည့် Y-12 လေယာဉ် ပစ်ခတ်ခံရပြီး ပျက်ကျဟုဆို၊ KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းရေး ပြုလုပ်နေ

PSM (News)
စက်တင်ဘာ ၁၆၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူနှင့် ဗန်းမော်မြို့ကြား စစ်သင်္ဘောများ လုံခြုံရေးအတွက် ပျံသန်းပေးနေသည့် အာဏာလု စစ်တပ်၏ Y-12 လေယာဉ်တစ်စီးကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ရာ ထိမှန်သွားခဲ့ပြီး တောင်ပေါ်ဒေသ တစ်ခုအတွင်း ပျက်ကျသွားကြောင်း ကချင်ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များသည် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင်ပင် ဗန်းမော်နှင့် ရွှေကူမြို့များအကြား ဆန်တက်စုန်ဆင်း ပြေးဆွဲနေသည့် စစ်တပ်၏ စစ်သင်္ဘောများအား တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်စဉ် အဆိုပါ စစ်သင်္ဘောများ လုံခြုံရေးအတွက် အထက်မှ ဗုံးကြဲပေးနေသည့် Y-12 လေယာဉ်အား စစ်သေနတ်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာမှ လေယာဉ်မှာ မီးခိုးတလူလူဖြင့် ထိမှန်သွား ခြင်း ဖြစ်သည်။

“ဒီမနက် Y-12 တစ်စီးကတော့ ထိသွားတာ ထိသွားပြီး စောင်းသွားတယ်။ မီးခိုးတလူလူနဲ့။ ရွာသားတွေ မြင်တာကတော့ ကျသွားပြီလို့ ပြောတယ်။ တောင်ပေါ်ဘက်မှာ။ ရွာမရှိဘူး အဲဒီတောင်ပေါ်ဘက် အဝေးကြီး အဲ့ဒါ သွားစစ်ဆေးနေတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က PSM ကို ပြောသည်။

လက်ရှိတွင် ပျက်ကျသွားသည်ဟု ယူဆရသည့် တောင်ပေါ်ဧရိယာတဝိုက်သို့ KIA ပူးပေါင်းတပ်များ သွား ရောက်စစ်ဆေး လိုက်လံရှာဖွေလျက်ရှိသည်။

PSM အနေဖြင့် စစ်သင်္ဘောများ တိုက်ခိုက်ခံရမှုနှင့် လေယာဉ်ထိမှန် ပျက်ကျမှု အခြေအနေများနှင့် ပတ်သက်၍ ပိုမိုအတည်ပြုနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲ ဖြစ်သည်။

တရုတ်နိုင်ငံထုတ် Y-12 လေယာဉ်များသည် စစ်အာဏာမသိမ်းမီက သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာလု စစ်အုပ်စုက ပြန်လည်ပြု ပြင်၍ အထက်ကောင်းကင်မြင့်မှ ဗုံးကြဲသည့် လေယာဉ်အဖြစ် အဓိက ပြောင်းလဲအသုံး ပြုလာခဲ့ခြင်း ဖြစ်သည်။

Y-12 လေယာဉ်များသည် အမြင့်ပျံသန်းလေ့ရှိသဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်ရန် ခက်ခဲ လေ့ရှိပြီး ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုနိုင်ပါက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာ မည်ဖြစ်သည်။

တော်လှန်ရေးဖွဲ့များသည့် ၂၀၂၄ နှစ်ဆန်းပိုင်းက ရှမ်းမြောက် နမ့်ဖက်ကာ တိုက်ပွဲတွင် တိုက်လေယာဉ် တစ်စီး ပစ်ချခဲ့ဖူးသကဲ့သို့ အာဏာသိမ်းပြီးချိန်မှစ၍ အာဏာလု စစ်တပ်၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် အနည်းဆုံး ခြောက် စီးထက်မနည်းကို KIA ပူးပေါင်းတပ်များက ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။

ပုံစာ-စစ်အုပ်စု၏ Y-12 လေယာဉ်ကို တွေ့ရစဉ်(ပုံဟောင်း)။

#ရွှေကူ_ဗန်းမော်ရေကြောင်း
#ရေယာဉ်တန်းများလုံခြုံရေးယူ
ေယာဉ်
#ပစ်ခတ်ခံရ

Photos from PSM News's post 09/16/2026

ဝေဖန်မှုများကြောင့် သရုပ်ဆောင် ဝတ်မှုံရွှေရည်၏ ဓာတ်ပုံများကို Vogue Thailand ဖြုတ်ချ

PSM (News)
စက်တင်ဘာ ၁၆၊ ၂၀၂၆

မြန်မာသရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်၏ ဖက်ရှင်ဓာတ်ပုံများကို ပြည်သူနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကန့်ကွက်ဝေဖန်မှုများကြောင့် Vogue Thailand ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများမှ ပြန်လည်ဖြုတ်ချသွားခဲ့ကြောင်း သိရသည်။

Vogue Thailand ၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင် ယမန်နေ့ စက်တင်ဘာ ၁၅ ရက်က တင်ဆက်ခဲ့သည့် သရုပ်ဆောင် ဝတ်မှုံရွှေရည်၏ ဓာတ်ပုံများကို ယနေ့ စက်တင်ဘာလ ၁၆ ရက်၌ တွေ့ရှိရခြင်းမရှိတော့ဘဲ အပြီး တိုင် ဖျက်သိမ်းသွားခဲ့ခြင်း ဖြစ်သည်။

ဝတ်မှုံရွှေရည်သည် အဆိုပါ ပို့စ်ကို စက်တင်ဘာ ၁၅ ရက် ညပိုင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန် လည်မျှဝေခဲ့သေးသော်လည်း ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အာဏာလု စစ်တပ်နှင့် စီးပွားရေး ဆက်နွှယ်မှုများ ရှိနေသည့် အတွက် Vogue ၏ စံတန်ဖိုးများနှင့် မကိုက်ညီကြောင်း ပြည်တွင်း/ပြည်ပ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် Cinema Boulevard အပါအဝင် ရုပ်ရှင်အကဲခတ် အဖွဲ့အစည်းများက ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

ကန့်ကွက်မှုများ ထွက်ပေါ်လာပြီး ၂၄ နာရီအတွင်း Vogue Thailand ဘက်က ယခုကဲ့သို့ မြန်ဆန်စွာ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခဲ့မှုအပေါ် ကြိုဆိုကြောင်း Cinema Boulevard က ထုတ်ပြန်ထားသည်။

ထို့အပြင် ယခုဖြစ်စဉ်သည် Vogue Thailand အပါအဝင် နိုင်ငံတကာ ရုပ်ရှင်၊ ဖက်ရှင်နှင့် မီဒီယာလောကအနေဖြင့် အာဏာရှင်အစိုးရနှင့် ဆက်နွှယ်နေသူများကို ပလက်ဖောင်းများပေါ်တွင် နေရာမပေးမီ သေချာစွာ စိစစ်ရန် သတိပေး ချက် တစ်ခုဖြစ်ကြောင်းနှင့် အာဏာရှင်နှင့် ပတ်သက်သူများအား နေရာပေးမှုကို ဆက်လက်စိန်ခေါ်သွားမည်ဖြစ်ကြောင်းလည်း Cinema Boulevard ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ဝတ်မှုန်ရွှေရည်

#ဖြုတ်ချခံရ

09/16/2026

ပုပ်ရဟန်းမင်းကြီး လီယို ၏ (၇၁) နှစ်မြောက် မွေးနေ့ကို ကျင်းပ။

09/16/2026

လေကြောင်းလိုင်းလေယာဉ်မယ်၏မူးယစ်ဆေးဝါးအမှု ရုံးချိန်း ရွှေ့ဆိုင်း

PSM (News)
စက်တင်ဘာ ၁၆၊၂၀၂၆

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ဖြစ်ပွားခဲ့သော ထိုင်းလေကြောင်းလိုင်း၏လေယာဉ်မယ် မိနာ ကွန်ဒို ပါဝင်သည့် ဘိန်းဖြူ မှောင်ခိုမှုနှင့် ပတ်သက်၍ မဲလ်ဘုန်း တရားရုံးက အမှုကို အောက်တိုဘာ ၁၂ ရက်သို့ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

တရားလိုဘက်နှင့် တရားခံဘက်မှ ရှေ့နေများသည် အမှုကို ပြေလည်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အချိန်တောင်းခံခဲ့ခြင်းဖြစ်ပြီး၊ တရားသူကြီးက ယင်းလုပ်ငန်းစဉ်ကို အားပေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါလေယာဉ်မယ် မိနာ ကွန်ဒိုမှာ ဆက်လက်၍ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်ကမဲလ်ဘုန်းလေဆိပ်တွင် အကောက်ခွန် စစ်ဆေးရေးဆောင်ရွက်စဉ် အိတ်များအတွင်း ဖုံးကွယ်သယ်ဆောင်လာခဲ့သော ဘိန်းဖြူများကို ဩစတြေးလျ အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သက်ဆိုင်ရာ တရားရုံးက အမှုကို ဆက်လက် စစ်ဆေးလျက်ရှိပြီး နှစ်ဖက် ညှိနှိုင်းမှုရလဒ်များကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

ကိုးကား-The Nation Thailand

#မိနာကွန်ဒို
#ထိုင်းလေယာဉ်မယ်
#ထိုင်းလေကြောင်းလိုင်း
#မဲလ်ဘုန်း
#ဩစတြေးလျ
#မူးယစ်ဆေးဝါးအမှု

09/16/2026

ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EGAT) နှင့် အမေရိကန်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USTDA) တို့ နျူကလီးယားစွမ်းအင်နည်းပညာအတွက် ပူးပေါင်းလေ့လာမည်

PSM (News)
စက်တင်ဘာ ၁၆၊၂၀၂၆

ထိုင်းနိုင်ငံ၏လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EGAT) သည်အနာဂတ်လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက်ရွေးချယ်စရာများကိုစဉ်းစားသုံးသပ်နေစဉ်အတွင်း အသေးစား မော်ဂျူလာနျူကလီးယားဓာတ်ပေါင်းဖို (SMR)နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာရန် အမေရိကန်ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USTDA)နှင့်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုကို စက်တင်ဘာလ ၁၄ရက်နေ့ကတရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းလေ့လာမှုသည် မဂ္ဂါဝပ် ၆၀၀ ခန့် ထုတ်လုပ်နိုင်စွမ်းရှိသော ဓာတ်ပေါင်းဖိုများအတွက် ဖြစ်နိုင်ချေရှိသော တည်နေရာများ၊ ကုန်ကျစရိတ်များနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာသတ်မှတ်ချက်များကို ဆန်းစစ်သွားမည် ဖြစ်သည်။ အဆိုပါ လေ့လာမှုသည်နည်းပညာ ဘက်လိုက်မှုမရှိဘဲအမေရိကန် ကုမ္ပဏီ (၇) ခု၏ ဒီဇိုင်းများကိုထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် ရှေ့ပြေးဖြစ်နိုင်ခြေဆန်းစစ်သည့် အဆင့်တွင်သာ ရှိသေးပြီးထိုင်းနိုင်ငံအနေဖြင့်နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန်အတွက် မည်သည့် ကတိကဝတ်မျှပြုလုပ်ထားခြင်း မရှိသေးပေ။ သို့သော်တွေ့ရှိချက်များသည် အသေးစား မော်ဂျူလာနျူကလီးယားဓာတ်ပေါင်းဖို (SMR) နည်းပညာသည် နိုင်ငံ၏စွမ်းအင်လုံခြုံရေးကိုအင်အားဖြည့်တင်းပေးနိုင်ခြင်း ရှိမရှိနှင့် အနာဂတ်လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို မည်ကဲ့သို့ကွဲပြားစုံလင်အောင်လုပ်ဆောင်နိုင်သည်ကို EGAT အနေဖြင့် အကဲဖြတ်ရာတွင်အထောက်အကူဖြစ်စေရန် မျှော်လင့်ထားသည်။

ကိုးကား-The Nation Thailand

#ထိုင်းနိုင်ငံ
#နျူကလီးယားစွမ်းအင်
#လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

Want your business to be the top-listed Beauty Salon in New York?
Click here to claim your Sponsored Listing.

Category

Website

Address

New York, NY

Alerts

Be the first to know and let us send you an email when PSM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in New York.