T T Naing
Healthy life, healthy style🥰
Cactus အပင်အမျိုးအစားလေး
ဒီလို Cactus အပင်လေးတွေက
အသီးအပွင့်တွေတော့မရဘူး
တစ်စိမ့်စိမ့်ထိုင်ကြည့်ရင်တော့
ချစ်မဝကြည့်မဝလေးနော်
ကြိုက်းလွန်းလို့ဝယ်ခဲ့တာ
တစ်အိုးကိုကိုးထောင်
ကြိုက်တဲ့အပင်ခြောက်အိုးဝယ်ခဲ့လိုက်တယ်။
#အပင်
08/21/2026
WiFi နှစ်လိုင်းအသုံးပြုထားပုံလေးပါ
အမည်မတူဝိုင်ဖိုင်နှစ်လိုင်းကို
ဘယ်လိုပေါင်းစပ်ထားလဲဆိုတော့
WiFi နှစ်လိုင်းရဲ့အလယ်မှာကြားခံစက်တစ်ခုလိုပါတယ်
ကြားခံစက်ကနေမှနှစ်လိုင်းပေါင်းထားတဲ့လိုင်းကို
နောက်ထပ်စက်အကြီးတစ်ခုကိုထပ်ထဲ့ပြီးမှတူအင်ဝမ်း
အဖြစ်လိုင်းထပ်ထွက်လာပါတယ်
နှစ်လိုင်းအသုံးပြုထားတဲ့အတွက်
တစ်လိုင်းပြတ်ခဲ့ရင်တောင်
နောက်ထပ်တစ်လိုင်းရှိသေးတဲ့အတွက်
အချိန်ပြည့်နီးပါး WiFi အသုံးပြုနိုင်ပါတယ်။
#နည်းပညာ
08/18/2026
ငယ်ငယ်ကစားခဲ့ဘူးတဲ့မာလကာသီးနဲ့
အခုခေတ်စားရတဲ့မာလကာသီး
အရသာအရမ်းကွာခြားသွားပြီ
လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်က
သဘာဝအတိုင်းပေါက်တဲ့မာလသီးတွေများ
အပင်ပေါ်မှာစားလို့ရလောက်တဲ့အ နေအထားတွေ့ရင်
မှည့်တဲ့အထိမစောင့်တော့ဘဲခူးစား
ဘယ်အချိန်ခူးစားခူးစားချိုနေတာ
အခုခေတ်မာလကာသီးတွေ
အလုံးတွေကတော့လှလိုက်တာ
စားကြည့်ဘာအရသာမှမတွေ့ဘူး
အခုလဲမာလကာသီးလေးစားဖို့ကို
နောက်ထပ်အရသာမူန့်ကကူရသေးတယ်
ခေတ်တွေတိုးတက်လာတာ
ကောင်းသလိုလိုမကောင်းသလိုလိုပေါ့
#ခေတ် #မာလကာသီး #သဘာဝ
08/17/2026
တစ်ခါတစ်ဗိုက်ဆာရင်အာလူးကိုဒီလိုကြော်စားကြည့်နော်
အားလူးနှစ်လုံးကိုအခွံခွါ အတုံးလေးတွေတုံးပြီးပြုပ်ခနလေးနဲ့နူးပါတယ် နူးအိသွားတဲ့အာလူးကို အကြော်မူန့်လေးထဲ့ ဆားအချိုမူန့်လေးမဆလာလေးပါ ထဲ့နယ်ပြီးဒီလိုအပြားလေးတွေလုပ်ပြီးကြော်စားပါတယ်။
#အစားအစာ
08/15/2026
ပင်စိမ်း
အိမ်တစ်အိမ်မှာအိမ်ရှင်မမေမေတွေရဲ့ဘဝက
ကိုယ်စားချင်တာချက်မစားရတာများပါတယ်
မိခင်ဆိုတဲ့ဘဝကိုရောက်သွားတာနဲ့
သားသမီးတွေကအမြဲတမ်းနံပတ်တစ်ဦးစားပေးဖြစ်သွားပြီ။
အိမ်မှာကလေးတွေကငါးမစားဘူး
တစ်ခါတစ်လေကြော်ထားရင်စားတယ်
ချက်ထားရင်မစားဘူး
ကိုယ်တွေကလဲချက်ထားတာမှစားချင်တယ်
ကိုယ်စားချင်တာအသာထား
သူတို့လေးတွေစားကောင်းဖို့သာအရေးပေးဖြစ်တယ်။
ဒီနေ့တော့ကိုယ်စားချင်တာဦးစားပေးလိုက်တယ်
ငါးကြင်းဆီပြန်လေးချက်တယ်
ပင်စိမ်းဆိုကျမအရမ်းကြိုက်လို့
ငါးဟင်းချက်တဲ့အထဲလဲထဲ့ချက်လိုက်တယ်
ငါးဟင်းအနှစ်နဲ့ပင်စိမ်း အညွန့်လေးတွေကိုလဲတို့စားလိုက်တယ်။
ကျမလိုပင်စိမ်းကြိုက်တဲ့သူတွေရှိလား
#အစားအစာ #ငါး
ရှောက်ပန်းသီး
ကျွဲကောသီးခေါ်ရှောက်ပန်းသီး မြစ်ကြီးနားဘက်အခေါ်ကရှောက်ပန်းသီးပါ။
ဒီနေ့ကျွဲကောသီးလေးဝယ်လာတာ အချိုပေါ့ပြီး ချိုချဉ်လေးပါ ကျမကတော့အချိုကြိုက်လို့ သူနဲ့တို့စားဖို့အချိူမူန့်လေးပါထပ်ဝယ်လာပါတယ် အသက်ကြီးလာတော့အချိုပိုကြိုက်လာတယ် ကျန်းမာရေးအတွက်ဆိုရင် အချိုကရှောင်ရတော့မှာပါအခုတော့စားလိုက်ဦးမယ်။
#ကျွဲကောသီး #ရှောက်ပန်းသီး ゚
08/10/2026
ဆင်တူရိုးမှားသရေဆာ အခုပြထားတဲ့အချောင်းလေးတွေကအိမ်ကခွေးအတွက် ဝယ်ထားထဲ့အဆာပြေအချောင်းလေးတွေပါ။
ဒီအချောင်းလေးတွေလိုမျိုးဆင်တူအချောင်းလေးတွေ တစ်ချို့မုန့်ဆိုင်လေးတွေမှာတွေရပါတယ် ကလေးတွေကို အတတ်နိုင်ဆုံးဝယ်မစားခိုင်းတာကောင်းပါတယ်။
ဘာတွေနဲ့လုပ်ထားမှန်းသေချာမသိတဲ့အချောင်းလေးတွေ အခုဒီအချောင်းလေးတွေ အိမ်ကအားဝုလေးမစားပါဘူး သူကို ဖျစ်ကြည့်လိုက်တော့ ပျော့စိစိနဲ့ အထဲမှာလဲအရိုးစလိုလို မာတာတာလေးတွေပါပါတယ်။
အတတ်နိုင်ဆုံးဝယ်မစားခိုင်းတာကောင်းပါတယ်။
#အစားအစာ
08/05/2026
စိတ်အေးချမ်းအောင်
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုစိတ်မရှိနဲ့
ကိုယ်ပြောတိုင်းရတယ်ဆိုပြီးတော့လည်း
သူတစ်ပါးကိုနိုင်ထက်စီးနှင်းမပြောရ
ငါမှငါဆိုတဲ့အတ္တစိတ်လဲမမွေးနဲ့
သူများစိတ်နဲ့သူများ
ကိုယ်စိတ်နဲ့ကိုယ်မို့
သူများမကောင်းတာသူများ
ကိုယ်ကောင်းအောင်နေရမှာကကိုယ်ဘဲမို့
ကိုယ်စိတ်ရင်းမှန်စိတ်ထားကောင်းနေသ၍
ကိုယ့်အတွက်ကံကောင်းခြင်းတွေအမြဲရောက်ရှိလာမှာပါ.......
#စိတ်
Aiဗီဒီယိုပြုလုပ်နည်း
Aiဗီဒီယိုလေးတွေမပြုလုပ်တတ်သူများအတွက်ပါ ဒီလိုဗီဒီယိုလေးတွေအလွယ်လေးပြုလုပ်လို့ရနေပါပြီ Gemini မှာကိုယ်လုပ်ချင်တဲ့ပုံစံလေးမြန်မာလိုလေးရေးပေးပြီး ဗီဒီယိုထုပ်ပေးပါလို့ရေးပေးလိုက်ရင် သူဘက်ကဗီဒီယိုပြန်ထုပ်ပေးပါတယ် ခနတော့စောင့်ရပါတယ် ဗီဒီယိုတစ်ပုဒ်ကို10စက်ကန့်စာဘဲရလို့ စကားတော့အများကြီးပြောခိုင်းလို့မရပါဘူး အခုဒီဗီယိုက နှစ်ပုဒ်ပါ။
ီဒီယိုတွေဖန်တီးမယ် #ဝါသနာ
အစာစားပြီးတိုင်း ရေသောက်ပြီးတိုင် အမြဲတန်းနူတ်ခမ်းမှာ ရေခနခနဆိုနေရင် ပိုးကောင်ပိုးမွှားတွေဖြစ်ပေါ်တတ်တာမို့ တိလေးတွေမွေးထားရင် နူတ်ခမ်းအနီးအနားကအမွှေးလေးတွေ မကြာခနညှပ်ပေးပါ။
#တိချစ်သူများ
Click here to claim your Sponsored Listing.
