YOLO-Mixing

YOLO-Mixing

Share

Everyday Quotes. Useful Contents. Random Thoughts.

25/09/2022

ဘဝမှာ အရာအားလုံးအဆင်ပြေချောမွေ့နေတယ်ဆိုတာမျိုး မရှိပါဘူး။ ပျော်ရွှင်ရတဲ့အခိုက်အတန့်တွေရှိသလို နာကြင်ကြေကွဲရ၊ ဒေါသထွက် ဝမ်းနည်းရတဲ့အချိန်တွေ လည်းရှိပါတယ်။
လူအများစုက ပျော်စရာအချိန်မှာ နေထိုင်တဲ့အချိန်နည်းလေ့ရှိပါတယ်။ မပျော်ရွှင်ရတဲ့အချိန်တွေကိုပဲ ထပ်ခါတလဲလဲပြန်တွေးရင်း နာကြင်ကြရပါတယ်။ အဲ့ဒီတော့ အချိန်ကုန်လူပင်ပန်းပြီး မိအေးနှစ်ခါနာဖြစ်ရတာပေါ့ ။
ဘဝမှာ ခက်ခဲပင်ပန်းတဲ့အခြေအနေတွေ ကြုံလာရင် အဲ့ဒီအခိုက်အတန့်တွေက ထာဝရတည်ရှိနေမှာမဟုတ်ဘူး။ အချိန်တစ်ခုမှာ ပျောက်ကွယ်သွားမယ်ဆိုတာ သတိရပါ။ ကိုယ်လုပ်ရမဲ့ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရင်း ကောင်းမွန်တဲ့အချိန်တွေကိုပဲ ပြန်တွေးခံစားရင်း နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းပါ။
မျိုးတူရာကို ဆွဲငင်တတ်တဲ့ သဘောတရားအရ ကိုယ့်စိတ်က အပြုသဘောဆောင်အတွေးတွေပဲ ရွေးချယ်တွေးမယ်ဆိုရင် ကိုယ့်ဘဝမှာလည်း အပြုသဘောဆောင်တဲ့ဖြစ်ရပ်တွေ မကြာခင်မှာ ဖြစ်လာပါလိမ့်မယ်❣️
YOU ONLY LIVE ONCE!
Choose to be happy cos u deserve it!!

Website