AromaGalleria by Pai
Welcome to a world of scent! ကျွန်တော်နဲ့အတူ ရေမွှေးလေးတွေကို enjoy လုပ်ကြမယ်နော်!🍃🍂
ထိုင်းမှာခေတ်စားနေတဲ့ ရေမွှေး brand တချို့ ကို တူတူ review လုပ်ရအောင်။
Hype နေတဲ့ အတိုင်း တကယ်ရောကောင်းရဲ့လား?
Ranking my PDM collection!✨📈
PDM ကြိုက်တဲ့သူဆိုရင်တော့ ကျွန်တော်နဲ့အတူ rank လုပ်ပြီး Your top 1 ကို comment ခဲ့နော်🔝
20/05/2026
Kilian Black Phantom “Memento Mori” - Dark Knight perfume တစ်လုံး??
ဒီကောင်က perfume တစ်လုံးထက်ပိုပြီး “character” တစ်ယောက်လို ခံစားရတဲ့ fragrance ပါ။
ပထမ spray ချလိုက်တဲ့အချိန်မှာ dark rum နဲ့ bitter coffee က တိုက်ရိုက်ဝင်လာပြီး… nightclub အမှောင်ထဲမှာ whiskey glass ကို လက်တစ်ဖက်နဲ့ကိုင်ထားတဲ့ Bruce Wayne vibe တက်လာတယ်။ 🦇
ဒီ perfume ကို “sweet gourmand” လို့ခေါ်နိုင်ပေမယ့် playful sweet မဟုတ်ဘူး။ 🍫Dark chocolate bitterness,
☕️roasted coffee bitterness နဲ့
🥃boozy rum accord တွေက scent ကို mysterious ဖြစ်စေတယ်။
Black Phantom က mass pleasing မဟုတ်ဘူး — attention seeker မဟုတ်ပဲ silent intimidation type ဖြစ်တယ်။
Winter night မှာleather jacket, black suit နဲ့ dress up ထားတဲ့အချိန်နဲ့ဆိုကွက်တိပဲ။ Office daily scent မဟုတ်ပေမယ့် date night, jazz bar, rooftop evening တွေမှာ main character energy ပေးနိုင်တဲ့ perfume တစ်လုံး။
Performance အနေနဲ့ဆိုရင်လည်း လက်ခံလို့ ရတဲ့ အခြေနေတစ်ခုမှာရှိတယ်။
အဆုံးသတ်ပြောရရင် —
Black Phantom က perfume မဟုတ်ဘူး။
ဒါက dark chocolate နဲ့ rum ထဲမှာဖုံးကွယ်ထားတဲ့ “mysterious aura” တစ်ခု။
Batman က fragrance တစ်လုံးဝတ်မယ်ဆိုရင်… ဒီကောင်ပဲ ဖြစ်မယ်။ 🦇🥃🍫
16/05/2026
CHANEL Allure Homme Sport Superleggera ☀️
ဒီကောင် ကအရင် limited edition ဆိုပြီးထုတ်ရာက ၂၀၂၆ မှာပြန်ထွက်လာတာပါ.
Fresh fragrance တစ်ခုအနေနဲ့ အရမ်း standout ဖြစ်တဲ့ perfume ပါ။ စဖြန်းတဲ့အချိန်မှာ citrus note 🍊🍋တွေက fresh & energetic vibe ကို ချက်ချင်းပေးပြီး clean gentleman style ကို အပြည့်အဝဖော်ပြပေးတယ်။
Grapefruit နဲ့ mandarin အနံ့တွေက sporty feeling 🏋️ရှိပြီး အရင် Allure Homme Sport DNA ကိုမှ Dry down ဝင်လာတဲ့အချိန်မှာ woody musk နဲ့ sandalwood tone တွေက smooth ပိုဖြစ်စေပြီး masculine elegance ကို ပိုတင်ပေးတယ်။
အရမ်း loud မဖြစ်ဘဲ luxury aura တစ်ခုလို soft soft နဲ့ စွဲဆောင်မှုရှိနေတဲ့ scent type ပါ။ Summer, spring season တွေအတွက် အထူးသင့်တော်ပြီး office, date, casual outing အကုန်လုံးမှာသုံးလို့ရတဲ့ versatile fragrance တစ်ခုလည်း ဖြစ်တယ်။
Performance အနေနဲ့ fresh fragrance ဖြစ်ပေမယ့် longevity က decent ထက်ပိုကောင်းပြီး skin ပေါ်မှာ clean sexy vibe ကို နာရီတော်တော်ကြာထိန်းထားနိုင်တယ်။ “သန့်ရှင်းပြီး classy smell” ဆိုတဲ့ impression ကိုပေးနိုင်တာက ဒီ perfume ရဲ့ charm ပါ။
Overall အနေနဲ့ Allure Homme Sport Superleggera က flashy fragrance မဟုတ်ဘဲ confidence, clean luxury, modern gentleman style ကိုကြိုက်တဲ့သူတွေအတွက် အရမ်းသင့်တော်တဲ့ premium scent တစ်ခုပါ။ Fresh fragrance category ထဲမှာ definitely worth trying fragrance လို့ပြောလို့ရပါတယ်။
Tea scent နဲ့ matcha vibe လေး တွေက လူကို စိတ်ကြည်စေပြီး စိတ်ငြိမ်မှု ကိုလည်းပေးတယ်ဗျ.
သင်ဟာ tea lover တစ်ယောက်ဆို ကျွန်တော်နဲ့အတူrating လုပ်ကြည့်ရအောင်!🍵🍵
https://www.tiktok.com/?_r=1&_t=ZN-96O4dBqNsko
Original တွေငိုလောက်အောင်အနံ့ကောင်းတဲ့ alternatives တွေ။ Quality လည်းကောင်း စျေးလည်းသုံးပျော်တဲ့ day to day နဲ့ summer freshy ၂ခု။
https://www.tiktok.com/?_r=1&_t=ZN-96EC9WwWGzm
ကျွန်တော်နဲ့အတူ initio ရဲ့နောက်ဆုံးထွက်ထားတဲ့ ရေမွှေးထဲက “wild rush “လေးကို unboxing လုပ်မယ်နော်!
အနံ့လေးက တော်တော် ထူးခြားပြီး fresh နဲ့ sweet profile ကိုရှာနေသူတွေအတွက်တော့ ဒါလေးကို စမ်းသာသုံးကြည့်ဗျာ။
https://www.tiktok.com/?_r=1&_t=ZN-96CRZnsZ3hu
“Gabar - ကမ္ဘာ””Deity series- ဘီလူး, ဂဠုန်,နဂါးမင်း”
London based မြန်မာ perfume တစ်ခုပါ.. ရေမွှေးလောကမှာ မြန်မာ နာမည် နဲ့ ထုတ်ထားတဲ့ရှားရှားပါးပါး brand လေး.
အခု review ကတော့ ၂၀၂၅မှာထွက်ထားတဲ့ deity series လေးပါ.. နာမည်လေးတွေ ဆန်းသလို အနံ့လေးတွေလဲထူးခြားတယ်.
ဘယ်ကမှာလည်းသိချင်ရင်တော့ comment မှာမေးခဲ့လိုက်နော်။
04/05/2026
**Initio Wild Rush **
Wild Rush ဟာ May ၁ ရက်နေ့ ကမှ newly release ထုတ်ထားတာပါ. Initio တွေ ထဲမှာ ပထမဦးဆုံး ထုတ် တဲ့ blue fragrance ဆိုလဲမမှားဘူးဗျ.
Initio Wild Rush ဆိုတာ first spray ထိတဲ့အချိန်ကနေတင် “fresh + cool” 🍋vibe တစ်ခု ကိုခံစားရတယ်။ Citrus note (bergamot) + Lavender 🪻လေးတွေကြောင့် လန်းဆန်းပြီး energy တက်သွားသလိုမျိုး feeling ရပါတယ်။ But တကယ့် လှည့်ကွက်က အဲ့မှာစတာ.
ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာတော့ smell က တဖြည်းဖြည်း sweet ဘက်ကိုလှည့်လာပြီး berry + vanilla + caramel လေးတွေကြောင့် ချိုချိုလေးနဲ့ sexy vibe တစ်ခုထွက်လာတယ်။ မျက်နှာချင်းဆိုင်နေရင် လူတွေ “အနံ့ကောင်းတယ်နော်” လို့ပြောချင်စေမယ့် type 😏
Dry down မှာတော့ woody (sandalwood + patchouli) လေးတွေဝင်လာပြီး warm ဖြစ်လာမယ်။ ဒီအပိုင်းက mature feel လည်းနည်းနည်းရှိတယ်။
Notes အပြောင်းလဲတွေက အရမ်း smooth ဖြစ်ပြီး complex ဖြစ်တဲ့ fresh gourmand ရေမွှေး ၁ လုံးပါ.
---
**Overall vibe 🔥**
* Fresh + Sweet + Woody combo
* Clean boy + slightly bad boy energy 😆
* Unisex ဆိုပေမယ့် male side နည်းနည်းပိုသွားတယ်
Full review ကိုတော့ video လေးနဲ့ လုပ်ပေးမယ်နော်!
Xerjoff Torino21
နွေရာသီရဲ့ Compliments monster လို့ပြောရမဲ့ ရေမွှေး🍋
ပူအိုက်တဲ့ရာသီမှာ အမြဲ fresh ဖြစ်နေပြီး လန်းဆန်းတဲ့ vibe ကိုပေးစေမှာပါ။
ကိုယ့်ဘေးကလူတွေက ဘာဆွတ်ထားတာလဲ ဆိုပြီးလိုက်မေးစေမဲ့ “ Summer Compliments Magnet”။
https://www.tiktok.com/?_r=1&_t=ZN-9650HPCXc2g
Summer vacation သွားဖို့ သူများနဲ့မတူတဲ့ freshy ကိုရှာနေတယ်ဆိုရင်ဒါလေးကိုသုံး. 🍉☀️wavechild
Click here to claim your Sponsored Listing.
Category
Website
Address
Sarandë
