Pyae sone
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae sone, Health/Beauty, Rajshahi Division.
30/06/2026
"ငါ့မှာ မင်းတို့ကို ပြောပြချင်တဲ့၊ ပြီးတော့ ကမ္ဘာကြီးကိုလည်း အသိပေးချင်တဲ့ ပုံပြင်အရှည်ကြီးတစ်ပုဒ် ရှိတယ်နော်... 📖
ဟိုးရှေးရှေးတုန်းက... ဘယ်သူကမှ လာပြီး လမ်းဆုံမှာ ရပ်စောင့်နေပေးပါလို့လည်း အတင်းအကျပ် မမှာခဲ့ဖူးသလို၊ ဘယ်သူကမှလည်း 'တစ်နေ့နေ့တော့ ငါ ပြန်လာခဲ့မယ်' ဆိုတဲ့ ကတိကဝတ် အလင်းတန်းလေးတွေ မပေးခဲ့ဘဲနဲ့... လူတစ်ယောက်တည်းဆီမှာတင် မာနတွေ၊ သိက္ခာတွေ၊ အရှက်တွေ အကုန်လုံးကို ဘေးဖယ်ပြီး စိတ်ရှည်လက်ရှည်နဲ့ ငေးမျှော်စောင့်စားနေခဲ့တဲ့ 'အချစ်ရူးလေးတစ်ယောက်' ရှိခဲ့ဖူးသတဲ့။
သူတစ်ပါး မျက်လုံးထဲမှာတော့ အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်နေတဲ့၊ တန်ဖိုးမရှိတဲ့အရာနောက်ကို တကောက်ကောက်လိုက်နေတဲ့ လူမိုက်တစ်ယောက်လို့ အလွယ်တကူ သတ်မှတ်ပြီး ကဲ့ရဲ့ကြပေမဲ့... အဲဒီအချစ်ရူးလေးအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းရဲ့ စောင့်ဆိုင်းခြင်းတွေဟာ တစ်ဖက်လူအပေါ်မှာ ထားရှိခဲ့တဲ့ အဖြူထည်သက်သက် သစ္စာတရားတွေနဲ့ ကြီးမားတဲ့ ပေးဆပ်ခြင်းတွေပဲ ဖြစ်ခဲ့တာပေါ့။
'တစ်နေ့နေ့တော့ သူ ပြန်လှည့်ကြည့်လာမှာပါ၊ ငါ့ရဲ့ စိတ်ရှည်မှုတွေကို သူ မြင်လာပြီး တန်ဖိုးထားလာမှာပါ' ဆိုတဲ့ ရိုးအလှတဲ့ မျှော်လင့်ချက် အတွေးလေးတစ်ခုတည်းနဲ့တင် ဖြတ်သန်းရခက်တဲ့ နေ့ရက်ညတာတွေကို တိတ်တဆိတ် ကြိတ်မှိတ်ဖြတ်သန်းခဲ့တယ်။ ကိုယ်တိုင်လည်း နာကျင်နေရဲ့သားနဲ့ တစ်ဖက်လူ စိတ်ဆိုးပြေမယ့်အချိန်၊ ပြန်လှည့်လာမယ့် အချိန်တွေကိုပဲ ကာလတိမ်တိုက်တွေကြားမှာ ငေးမောရင်း အိုမင်းရင့်ရော်ခွင့်ပြုခဲ့တယ်။
ဒါပေမဲ့လည်း... လောကကြီးရဲ့ ရက်စက်လှတဲ့ ပုံပြင်တော်တော်များများရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းပိုင်း ရောက်တဲ့အခါမှာတော့ ဘယ်သူမှ မစောင့်ခိုင်းတဲ့ စောင့်ဆိုင်းခြင်းဖြစ်လို့ ဘာဆုလာဘ်မှ ပြန်မရခဲ့ဘဲ၊ ရက်စက်လွန်းတဲ့ ဥပေက္ခာပြုခြင်းတွေ၊ အေးစက်စက် ကျောခိုင်းမှုတွေကြားမှာ နှလုံးသားတစ်ခုလုံး ဒဏ်ရာဗရပွနဲ့ သွေးချင်းချင်းနီပြီး အစိမ်းသက်သက် အရှုံးပေးခဲ့ရရှာတယ်။
အဆုံးသတ်မှာတော့ 'မင်းကို ဘယ်သူက စောင့်ခိုင်းလို့လဲ' ဆိုတဲ့ စကားတစ်ခွန်းကပဲ ဆုလာဘ်အဖြစ် ကျန်ရစ်ခဲ့တာပေါ့။
အဲဒီပုံပြင်ထဲက တစ်ယောက်တည်း ရုန်းကန်၊ တစ်ယောက်တည်း ငိုကြွေးပြီး အရှုံးတွေနဲ့ ကျန်ရစ်ခဲ့ရတဲ့ အချစ်ရူးလေးက တခြားသူတော့ မဟုတ်ပါဘူး... အခုချိန်ထိ အတိတ်ရဲ့ သံယောဇဉ်အရိပ်တွေကြားမှာ လမ်းပျောက်ပြီး ရင်ဘတ်တစ်ခုလုံး နာကျင်မွန်းကြပ်နေရတုန်းဖြစ်တဲ့၊ မာနမရှိ ဆက်ချစ်ခဲ့မိတဲ့ 'ငါကိုယ်တိုင်ပါပဲ'။ 🥀⏳"
28/06/2026
ကိုယ်နဲ့မသက်ဆိုင်တဲ့ရပ်ဝန်းဆိုတာ
သီးသန့်ရှိတယ်။
ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကိုယ့်စေတနာကို နားမလည်တဲ့ရပ်ဝန်းရယ်။
ကိုယ်ဘယ်လောက်ပဲ နားလည်ပေးပေး
တစ်ဖက်သက်ဆန်ပြီး
ဥပေက္ခာသာပြန်ရတဲ့ ရပ်ဝန်းရယ်။
ကိုယ့်အတွက်ပဲကိုယ် ကြည့်ပြီး
နှစ်ဦးနှစ်ဖက်စာနာမှုမရှိတဲ့ ရပ်ဝန်းရယ်။
ဒီလိုဝန်းကျင်မှာ
ဆက်ပြီး ကိုယ့်စိတ်ကိုယ် မညာချင်ပါနဲ့တော့။
နှလုံးသားမပါပဲ ပြုံးပြတဲ့အပြုံးတွေကို
အပြုံးစစ်ထင်ပြီး ပျော်နေတာကို ရပ်ပါ။
ကြိုဆိုခြင်းမရှိတဲ့ တံခါးတွေကို
မခေါက်ချင်ပါနဲ့တော့။
ကိုယ့်တန်ဖိုးမသိတဲ့ သူတွေအတွက်
ခဏခဏ တန်းဖိုးအကျမခံပါနဲ့တော့။
ပြုံးပြီးဓါတ်ပုံရိုက်ရင် ခဏလေးတော့လှနေတယ် ဟုတ်လား
ဒါဆိုအချိန်တိုင်းပြုံးနေမယ်ဆိုရင်
အချိန်တိုင်းလှနေမှာပါ။
ဒါကြောင့်
ဘယ်လောကဓံနဲ့ကြုံကြုံ ပြုံးဖို့မမေ့ပါနဲ့။
လူတိုင်းအပေါ် မေတ္တာထားပါ။
ဥပေက္ခာနဲ့ ထိုက်တန်သူကို ဥပေက္ခာထားပါ။
ရိုးသားမှုကို လက်ကိုင်ထားပြီး
ယုံကြည်ရာတွေအတွက်ရှေ့ဆက်ပါ။
ကိုယ်နဲ့ မတန်တဲ့ ဆက်ဆံရေးတွေမှာ
အချိန်မကုန်နဲ့။
ကိုယ်ဆွဲမှ မြဲမယ့်လက်တွေကို
အပင်းပန်းခံပြီး ဆွဲမနေပါနဲ့တော့။
လွှတ်ချသင့်တာ လွှတ်ချပြီး
လွတ်လပ်စွာပျံသန်းပါ။
သူ့ကြောင့်ငါ့ကြောင့်ဆိုပြီး
ကိုယ့်စိတ်ကိုချုပ်နှောင် မထားပါနဲ့ ။
ဘဝမှာနေထိုင်တဲ့အခါ
ခွင့်လွှတ်သင့်တာ ခွင့်လွှတ်ပါ ။
စွန့်လွှတ်သင့်တာ စွန့်လွှတ်ပါ။
27/06/2026
အရင်က ကျွန်တော်ဟာ သံယောဇဉ်ကို အလေးအနက်ထားလွန်းတဲ့ ယောက်ျားတစ်ယောက်ပါ။ လူတစ်ယောက်ကို ခင်တွယ်ပြီဆိုရင် ကိုယ့်ဘက်က ရာနှုန်းပြည့် ပုံအောပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့်ပေါ့။
အချစ်မှာပဲဖြစ်ဖြစ်၊ ခင်မင်မှုမှာပဲဖြစ်ဖြစ် "ဦးစားပေး" ရမယ်ဆိုရင် ကျွန်တော်က အမြဲတမ်း နောက်ဆုံးမှာပဲ နေခဲ့ပြီး သူတပါးကိုပဲ ရှေ့တန်းတင်ခဲ့တာ။
ဒါပေမဲ့ အဲဒီလို သံယောဇဉ်ကြီးတာကပဲ
ကိုယ့်ကိုကိုယ် ပြန်သတ်နေတဲ့
လက်နက်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။
တစ်ဖက်လူရဲ့ စာတစ်ကြောင်းကို မျှော်နေရတာ၊ ကိုယ်က ဂရုတစိုက် မေးမြန်းသမျှကို သူက အဖတ်မလုပ်သလို
နေတာ၊ ကိုယ့်ရဲ့ စေတနာတွေကို အပိုတွေလို့
သတ်မှတ်ခံရတာတွေက ကြာလာတော့ နှလုံးသားကို
ညောင်းညာစေပါတယ်။
အချိန်တိုင်း တစ်ဖက်လူရဲ့ အလိုကျ လိုက်ဖြည့်ဆည်းပေးနေရတဲ့ ဘဝက "သက်တောင့်သက်သာ" မရှိမှန်း
ကျွန်တော် သိလာရတယ်။
အခုတော့ ကျွန်တော် ပြောင်းလဲသွားပါပြီ။
လူတွေကတော့ ကျွန်တော့်ကို အရင်လို မဟုတ်တော့ဘူး၊ "အေးစက်သွားတယ်" လို့ ပြောကြတယ်။
"ဟုတ်ပါတယ် ကျွန်တော် အေးစက်သွားတာပါ'
ဒါပေမဲ့ အဲဒါဟာ တစ်ဖက်လူကို မုန်းလို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်ပေးလိုက်တာပါ။
အရင်လို ဖုန်း Notification လေးတက်လာဖို့
မျှော်မနေတော့ဘူး။ သူ ဘာဖြစ်နေလဲ၊ ဘယ်သူနဲ့ ရှိနေမလဲဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ခေါင်းကို အပူမပေးတော့ဘူး။
တစ်ဖက်လူက အကြောင်းမပြန်ရင်လည်း "အင်း... သူ အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ" လို့ ရိုးရိုးလေးပဲ တွေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လိုက်တယ်။
ဒီလို အေးစက်စက် နေလိုက်ရတာက ပိုပြီး
သက်တောင့်သက်သာ ရှိပါတယ်။
သံယောဇဉ်တွေ တနင့်တပိုးနဲ့ တစ်ဖက်လူနောက်ကို အပြေးလိုက်နေရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းပါတယ်။
အခုလို ဘာမှ မျှော်လင့်မထားတဲ့ "ဥပေက္ခာ" စိတ်လေးနဲ့ နေလိုက်တဲ့အခါမှပဲ ကျွန်တော့်ကမ္ဘာလေးက ပိုပြီး
ငြိမ်သက်သွားတော့တယ်။
အေးစက်သွားတယ်ဆိုတာ... နှလုံးသားက
သေဆုံးသွားတာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကို
မထိုက်တန်တဲ့နေရာမှာ မဖြုန်းတီးတော့ဖို့
"Safe Zone" တစ်ခု တည်ဆောက်လိုက်တာပါ။
အခု ကျွန်တော် အေးချမ်းပါတယ်...
ဘယ်သူ့အပေါ်မှ အငြိုးအတေးမရှိသလို၊ ဘယ်သူ့ဆီကမှလည်း အထူးတလည် ဂရုစိုက်မှုကို မတောင်းခံတော့ဘူး။
ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ရင့်ကျက်တဲ့
အေးစက်ခြင်းပေါ့.......။
26/06/2026
အမေက အမြဲပြောထားတယ်…
"ယူဖို့ရည်ရွယ်ထားရင် တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိနဲ့ မြဲအောင်တွဲရမယ်"
ချစ်ခြင်းမေတ္တာဆိုတာ အသစ်အသစ်တွေ လိုက်ရှာနေတာမဟုတ်ဘဲ ကိုယ်ရွေးချယ်ထားတဲ့ လူတစ်ယောက်ကို နားလည်ပေးခြင်း၊ ယုံကြည်ပေးခြင်း၊ သစ္စာရှိပေးခြင်းနဲ့ အတူတကွ လက်တွဲလျှောက်လှမ်းခြင်းပဲ ဖြစ်တယ်။
လူတိုင်းမှာ အားနည်းချက်၊ ချို့ယွင်းချက်ဆိုတာ ရှိကြတယ်။ အဆင်မပြေတဲ့ အချိန်တွေ၊ စိတ်ကောက်ရတဲ့ အချိန်တွေ၊ ရန်ဖြစ်ရတဲ့ အချိန်တွေ ရှိနိုင်တယ်။ ဒါပေမယ့် တကယ်ယူဖို့ ရည်ရွယ်ထားတဲ့ ချစ်သူနှစ်ယောက်အတွက်တော့ အဲဒီအခက်အခဲတွေက လမ်းခွဲဖို့ အကြောင်းပြချက်မဟုတ်ဘဲ ပိုပြီးနားလည်လာဖို့ အခွင့်အရေးတွေပဲ ဖြစ်တယ်။
သစ္စာရှိခြင်းဆိုတာ တခြားသူတွေကို မကြည့်တာတစ်ခုတည်း မဟုတ်ဘူး။ ကိုယ်ပေးထားတဲ့ ကတိကို တန်ဖိုးထားခြင်း၊ ကိုယ်ချစ်တဲ့သူရဲ့ ယုံကြည်မှုကို မဖျက်ဆီးခြင်း၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လက်မလွှတ်ဘဲ အတူရပ်တည်ပေးခြင်းကို ဆိုလိုတာပါ။
အမေပြောတဲ့ စကားလေးကို တွေးကြည့်တိုင်း ကိုယ်တကယ်ချစ်တဲ့သူကို ရွေးချယ်ပြီးသွားရင် စိတ်ကစားဖို့ မဟုတ်ဘဲ သစ္စာရှိရှိနဲ့ မြဲမြဲမြံမြံ လက်တွဲသွားဖို့ပဲ လိုတယ်ဆိုတာ နားလည်လာတယ်။ ချစ်ခြင်းမေတ္တာရဲ့ အလှဆုံးအရာက လူအများကြားထဲက လူတစ်ယောက်ကို ရွေးချယ်ပြီး ဘယ်လောက်ပဲ အချိန်ကြာကြာ မပြောင်းလဲတဲ့ နှလုံးသားနဲ့ ချစ်ပေးနိုင်ခြင်းပဲ ဖြစ်တယ်။
ပြန်မတွဲတော့ဘူးလား ဆိုတော့……၊သေချာတာပေါ့…
ပြန်မတွဲတော့ဘူး။
“မချစ်တော့လို့လား” ဆိုတော့…
ချစ်တုန်းပဲ။
လွမ်းတုန်းပဲ။
တိတ်တိတ်လေး မျက်ရည်ကျရတဲ့အထိကို
သတိရနေတုန်းပဲ။
ဒီတစ်ခါတကယ်ပြတ်ပြီဆိုပြီး
သူငယ်ချင်းတွေကို ပြောခဲ့ဖူးတယ်…
ဒါပေမယ့်
နောက်ဆုံးမှာတော့
ပြန်တွဲခဲ့ကြတာပဲ။
သူငယ်ချင်းတွေတောင်
အားကျရတဲ့အထိ ချစ်ခဲ့ကြတယ်။
သူ့ကြောင့် အများကြီးပျော်ခဲ့ရသလို…
သူ့ကြောင့်ပဲ
အများကြီး ငိုခဲ့ရတယ်။
ဒါပေမယ့်…
ဒီတစ်ခါတော့
တကယ်နောက်ဆုံးပါ။
ရန်ဖြစ်တိုင်း
ထိခိုက်စေတဲ့ စကားတွေကို
မခံနိုင်တော့ဘူး။
မမှားပဲ
အမြဲတောင်းပန်နေရတဲ့
Relationship မျိုးမှာလည်း
ထပ်မနေချင်တော့ဘူး။
ဆက်သွားနေရင်…
နင်လည်း ပင်ပန်းမယ်။
ငါလည်း
ကိုယ့်ကိုယ်ကိုယ် သနားလာမယ်။
“ငါမကောင်းဘူး” လို့ပြောလည်း
ရပါတယ်။
နင့်ကိုစာမပို့ပဲ နေနိုင်အောင်…
သူများတွေနဲ့
တမင်ရယ်ပြခဲ့တာ။
တကယ်တော့…
အရာရာတိုင်းမှာ
နင်ပဲ ပါနေခဲ့တာ။
တစ်ခုခုဆို
“နင်ဆိုရင်…” ဆိုတဲ့စိတ်နဲ့ပဲ
အသက်ရှင်ခဲ့တာ။
ဒါပေမယ့်…
ကြာလာလေလေ
ငါက နင့်အတွက်
တန်ဖိုးမရှိတော့သလို
ခံစားလာရတယ်။
ချစ်နေသေးပေမယ့်…
ကိုယ့်ကိုယ်ကိုယ်
မပျောက်သွားခင်
ဒီတစ်ခါတော့
တကယ်ထွက်သွားလိုက်တော့မယ်…။
25/06/2026
Realtionship ထဲကို ပြန်မဝင်တော့ သူငယ်ချင်း အသိမိတ်ဆွေ တချို့က မေးကြတယ်... အချစ်ကို ကြောက်သွားလို့လားတဲ့...။
မဟုတ်ဘူးဗျ အချစ်ကို မကြောက်ပါဘူး နူးညံ့သိမ်မွေ့လွန်းတဲ့ အရာကို ဘယ်သူက ကြောက်မလဲ.. ။
အချစ်မှာ ကပ်ပါလာတဲ့ ကပ်ပါးကောင်တွေကို ကြောက်တာပါ...။
အချစ် အယောင်ဆောင်ပြီး အနိုင်ယူတာတွေ ၊ ချုပ်ချယ်တာတွေ ၊ ပူလောင်မှုတွေ ဒါတွေကို ကြောက်တာပါ...။
အတ္တကြီးတဲ့ သူတယောက်ကို အချစ်တွေပေးမိမှာ ၊ နောက်ကွယ်မှာ ဖောက်ပြန်ခံရမှာ ၊ အဆုံးထိ တွေးထားပြီးမှ မ ရွေးချယ်မှာ ၊ ရသင့်ရထိုက်တဲ့ လွတ်လပ်မှု တချို့ဆုံးရှုံးမှာ ၊ တခြားလူကို ရင်ဘတ်ထဲ ထည့်ပြီး ကိုယ့်ကို ချစ်ချင်ယောင် ဆောင်နေမှာ ပြောရရင် အများကြီပါဘဲ ...။
အဓိက ကတော့ အရင်လူလို လူမျိုးကို ဘဝထဲကို ခေါ်မိမှာ ၊ အချိန်တွေအကြာကြီး ထပ်ပြီး ဆုံးရှုံးရမှာကြောက်တာ။ ကိုယ်ကိုယ်တိုင်တောင် မပြည့်စုံသေးပဲ တစုံတယောက်ကို ဘဝထဲ မခေါ်ချင်တာ..။ ကျွန်တော်က ချစ်ရင်လေ အဆုံးထိတွေးတာ ။ သူနဲ့ဘဲ သေတဲ့ထိ နေသွားချင်တာ ပြီးတော့ အစွဲအလန်းသိပ်ကြီးတာ ။ ဒါတွေကြောင့်ဘဲ Relationship ထဲ ပြန်မဝင်ဖို့ အတွေးအများကြီးက တားထားတာပါ..
ကျွန်တော် လိုချင်တဲ့ အေးချမ်းမှုမျိုး များ အမှတ်မထင် ရောက်လာခဲ့ရင်တောင် အဲ့အေးချမ်းမှုလေးကို ဝေးဝေးကနေ အချိန်အကြာကြီး ငေး နေဦးမှာ...။
ဒီခေတ်ကြီးမှာ ချစ်နေရုံနဲ့ မပြီးသေးတာလည်း သိထားတော့ ပိုပြီးတောင် ချစ်သူရှာဖို့ ခက်ဦးမှာပါ..။
နားလည်မှု ဘယ်လောက်ပဲရှိပါတယ်ပြောပြော စိတ်မချမ်းမြေ့ စရာ နည်းနည်းလေးမှ မရှိစေချင်တာမို့ ကျွန်တော် ထပ်ချစ်ဖို့
ကြာဦးမှာပါ…….။
17/06/2026
တချို့ညတွေမှာ...
မင်းကို စာပို့ချင်တယ်။
"နေကောင်းရဲ့လား..."
"အလုပ်တွေ ပင်ပန်းနေလား..."
"အခုတလော အဆင်ပြေရဲ့လား..."
ဆိုတဲ့ စကားလေးတွေကို
အရင်လို မေးချင်မိတယ်။
တစ်နေ့တာလုံး သိမ်းထားခဲ့တဲ့ အကြောင်းအရာလေးတွေကို
မင်းဆီ ပြောပြချင်မိတယ်။
တစ်ခါတလေ
မင်းအသံလေး ကြားချင်ရုံနဲ့
ဖုန်းကို ကိုင်ပြီး
မင်း Chat Box လေးထိ ဖွင့်မိတတ်တယ်။
ဒါပေမယ့်...
စာရိုက်ပြီးခါနီးတိုင်း
အတွေးတစ်ခုက ရင်ထဲ ဝင်လာတယ်။
မင်းဘဝထဲမှာ
ကိုယ့်အတွက် နေရာမရှိတော့ဘူးဆိုတဲ့
အမှန်တရားပဲ။
အရင်က
တစ်နေ့မတွေ့ရရင် မနေနိုင်ခဲ့တဲ့ လူနှစ်ယောက်က
အခုတော့
တစ်ယောက်ရဲ့ သတင်းကို တစ်ယောက်
မမေးဖြစ်တော့တဲ့ သူစိမ်းတွေလို ဖြစ်သွားခဲ့ကြပြီ။
အဲ့ဒီအတွေးဝင်လာတိုင်း
ရိုက်ထားတဲ့ စာတွေကို ပြန်ဖျက်လိုက်မိတယ်။
ပို့ချင်တဲ့ စကားတွေကို
ရင်ထဲမှာပဲ ပြန်သိမ်းထားလိုက်မိတယ်။
နောက်ဆုံးတော့...
မင်းဆီ မရောက်ခဲ့တဲ့ စာတွေက
တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး
ကိုယ်ပြောချင်ခဲ့တဲ့ စကားတွေက
တိတ်ဆိတ်မှုတွေအဖြစ် ပြောင်းလဲသွားတယ်။
တကယ်တော့...
မင်းကို မဆက်သွယ်တာ
မသတိရတော့လို့ မဟုတ်ဘူး။
ဘယ်လောက်ပဲ သတိရနေပါစေ
မင်းဘဝထဲမှာ
ကိုယ့်အတွက် နေရာမရှိတော့ဘူးဆိုတာ
သိနေလို့ပါ။
ဒါကြောင့်ပဲ...
တချို့ညတွေမှာ
စာတစ်စောင် မပို့ဖြစ်ခဲ့ဘဲ
အလွမ်းတစ်ခုကိုပဲ
တိတ်တိတ်လေး မျိုသိပ်ထားလိုက်ရတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Rajshahi Division
