GANTAWYNN's
knowledge & info sharing
Japan Trip - First Day ♥︎
’s
21/11/2024
At Ajou canteen 📍
25/09/2023
How to apply Embassy Seal In Korea ?
တက္ကသိုလ်လျှောက်ဖို့ ကိုရီးယားတွင်းရှိနေတဲ့သူတွေအတွက် Info Sharing လုပ်ပေးသွားပါမယ်..
💸စာရွက် တစ်ရွက်ကို 40000₩
💸တုံးထုမယ့်စာရွက် + မူရင်း color copy
💸Passport Color Scan
💸ID Card Color Scan
(မူရင်း ပါယူသွားပါ - ဒါမယ့် မစစ်ပါဘူး လိုလိုပိုပို)
ဖောင်ကြေး 5000ထပ်ပေးရပါတယ်။
(ဥပမာ - တုံး ၄ရွက် * 40000₩ = 160000₩ + 5000₩)
ငွေသား ပဲလက်ခံလို့ စာရွက်အရေအတွက်အလိုက်ငွေသားကြိုပြင်သွားပါ
💸12:30 အထိ သံရုံးတုံးထုဖို့ စာရွက်စာတမ်းလက်ခံပါတယ်💸
Formတစ်ရွက် ဖြည့်ရပါတယ်။
ဒီနေ့စာရွက်တင်ရင် သဘက်ခါရပါတယ်။
12, Hannam-daero 28-gil, Yongsan-gu, Seoul
Embassy of Myanmar
’s
24/07/2023
Hola Hola ~~ Welcome Back !!
ဖြိုး နေ့တိုင်းလိမ်းဖြစ်ပြီး အရမ်းအသဲစွဲနေတဲ့
Clio ရဲ့ Kill Cover Mesh Glow cushion လေးကို review လုပ်ချင်လို့ ပြန်ပေါ်လာပြီနော် 💓
ကိုရီးယားနွေရာသီက မြန်မာမှာထက်ပိုပူလို့ foundation လည်း မလိမ်းချင်တာနဲ့ ဒီဘက်မှာ အရမ်းသုံးကြလို့
အရင်လက ဝယ်ချလိုက်တာ ^^
(အရွေးမှန်သွားတယ်ပေါ့နော် ~)
သူကလိမ်းလိုက်တာနဲ့ နဂိုအသားရည် ကောင်းသလိုမျိုး Glow Effect ကို ရပြီး အဆီလုံးဝမပြန်ပါဘူး ဒီအချက်ကို အကြိုက်ဆုံးပဲ
တစ်ချို့ Glow Cushion တွေလိုအဆီပြန်သလိုဖြစ်နေတာမျိုးမဟုတ်ဘဲ အရမ်းသုံးလို့ကောင်းတယ်ရှင့်^^
သူက Glow ကိုမှ Long-lasting ,Coverage အထိ ပြောထားပေမယ့် ဖြိုးအတွက်တော့ အရမ်း Coverage မဖြစ်ဘူးလို့ ခံစားရပါတယ်
Long- Lasting ကတော့ 6နာရီလောက်တော့ ခံပါတယ်
သူက ပိုကြာလာလေ မိတ်ကပ်ကွက်သွားတာမျိုးမဖြစ်ဘဲ
မိတ်ကပ်မလိမ်းထားသလို Natural Skinဘက်ပြောင်းသွားပါတယ် (ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး)
Texture က နူးညံ့အိစက်ပြီး လိမ်းလို့အရမ်းကောင်းပါတယ်
အရောင်ကတော့ ၃ရောင်ထွက်တာမှာ
04 Ginger လေးက မြန်မာအသားရည်တော်တော်များများနဲ့လိုက်ဖတ်မယ်ထင်ပါတယ် (အသားလတ် / အသားဝါ)
အရမ်းညိုရင်တော့ အဆင်မပြေနိုင်ပါဘူးရှင့်
Refill ပါပြီးသား နှစ်ဗူးကို ဖြိုးဝယ်တုန်းက Sale ရှိလို့
Olive Youngမှာ 26500₩ ပေးခဲ့ရပါတယ် ^^
Packaging လည်းအရမ်းချစ်ဖို့ကောင်းတယ်ရှင့်
အမိုက်ဆုံးအချက်က Glow Cushionကို 99% Mask Proof ဖြစ်ပါတယ် ㅠㅠ
’s
09/06/2023
SevenEleven မှာ ညဘက် 야근လုပ်တာ 6/7လလောက်ရှိပြီ
ဒီနေ့တော့ ပထမဆုံး ရဲခေါ်လိုက်ရတယ် ㅠㅠ
အသက်၃၀ ဝန်းကျင် ယောကျ်ားတစ်ယောက် ဆိုင်ထဲ ဖိနပ်တစ်ဖက် မပါဘဲဝင်လာပြီး ပစ္စည်းတွေ အကုန် ဝင်တိုက် ပြုတ်ကျနဲ့ ၁၅မိနစ်လောက်ကြာတယ် ဘာမှမဝယ်ဘဲ လျှောက်လမ်းမှာ ထိုင်အိပ် ( စျေးမဝယ်ရင် ထွက်သွားပေးပါ )လို့ပြောတာကို လူကိုလာရယ်ပြပြီး လာကပြနေတယ် ㅠㅠ
ဆိုင်မှာဖွင့်ထားတဲ့သီချင်းတွေနဲ့ လိုက်က ရေခဲသေတ္တာထဲ ခေါင်းကြီး ငုတ်ပြီး ပူတယ် ပူတယ်ပြော
တကယ် လန့်လာတာနဲ့ ရဲခေါ်လိုက်တာ ၁၀စက္ကန့်အတွင်းရောက်ချကြလာတယ် ( သူတို့ရောက်လာမှ တကယ် စိတ်အေးသွားတာ) ㅠㅠ
ရဲတွေရောက်လာတော့ ကိုယ့် ကောင်တာကို တန်းပြေးလာတာ (လူတောင် တုန်သွားတယ် ) ကိုယ့်ကိုယ်များ
မကျေနပ်လို့လားပေါ့
ကားပေါ်ကရဲတွေပါဆင်းလာပြီး အဲ့တစ်ယောက်ကို ရဲ 6ယောက်က လာခေါ်သွားပါလေရဲ့ …..
( 편의점 မှာ 야근လုပ်မယ်ဆို ရဲခေါ်ရမှာ မကြောက်ကြပါနဲ့)
🫠
05/05/2023
အရှေ့ပတ်က Sharing Is Caring မှာ ပြောပြသွားတဲ့ အကြောင်းကို လာမေးတဲ့သူတွေ အရမ်းများလို့
Part 2 အနေနဲ့ Videoနဲ့ ရှင်းပြပေးရမလား ???
စာရေးပြီိးပဲ တင်ပေးရမလား ??? 🦋🥹
တခြားသိချင်တဲ့အကြောင်းရာတွေ တင်ပေးစေချင်တာရှိရင်လည်း ပြောခဲ့ပေးကြဦးနော် 🐶
KOREA DIARIES 🦋 study mini vlog ㅋㅋㅋ
Editing Credit to Original
27/04/2023
Hello…Sharing Is Caring Part-1 ❤️
🦋အခုလတ်တလောအခြေအနေတွေအရ ဝင်ငွေနည်းပါးတဲ့သူတွေ အလုပ်အကိုင်မရှိလို့ စိတ်ဓာတ်ကျနေတဲ့သူတွေအတွက်ရော ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလေး လုပ်ချင်
ပေမယ့် ဘယ်ကစရမှန်း မသိသေးတဲ့ သူတွေအတွက်
အထောက်အကူ ဖြစ်စေမယ့် အကြောင်းအရာလေး sharing လုပ်ပေးသွားပါမယ်
🦋Thailand to Myanmar Online Shopping လုပ်နည်း
(ဒီအလုပ်လေးက ဖြိုး ကိုယ်တိုင် ၂နှစ်နီးပါးလုပ်ခဲ့ဖူးပြီး
သေချာ စေ့စေ့စပ်စပ် လုပ်နိုင်ရင် သာမန်မိသားစု စားဝတ်နေရေးအထိပါ ဝင်ငွေ ရရှိနိုင်ပါတယ်။ ဖြိုး လုပ်တုန်းက အနည်းဆုံး တစ်လကို 10သိန်း ဝန်းကျင် အမြတ်ငွေရရှိပါတယ်~ ဒါကတော့ ရောင်းအားအပေါ်နဲ့ ကြိုးစားမှုအပေါ် မူတည်ပါတယ်)
🦋ပုံမှာ ပြထားတဲ့ App 4ခုကို Download လုပ်ပါ
🦋အကောင့်ဖွင့်နည်း - App 4ခုလုံးမှာ Continue With Facebook ဆိုပြီး ရှိလို့ Facebook အကောင့်တစ်ခုရှိရုံနဲ့ လွယ်ကူစွာ ဖွင့်လို့ရပါတယ်
🦋အကောင့် ရပြီ စျေးဘယ်လိုဝယ်မလဲ- ဒီနေရာမှာသိရမှာက ကြားခံတစ်ဆင့် Supplier လုံးဝမလိုအပ်ပါဘူး ❌❌ ဖြိုးတို့ဝယ်မယ့် ပစ္စည်းကိုလက်ခံပေးပြီး မြန်မာနိုင်ငံ ရန်ကုန်ဘက်ကို သယ်ယူပေးမယ့် Cargoသာ လိုအပ်လို့ စျေးနှုန်းက သူများထက် သက်သာစွာ ရောင်းချနိုင်ပါတယ်
🦋စျေးဝယ်ဖို့အတွက် လိပ်စာ ဖြည့်ရပါမယ် - လိပ်စာကို cargoအပ်မယ့် pageမှာ မေးပြီး copy pasteလုပ်ပြီး ဖြည့်လိုက်ရင် ကိုယ်တိုင်စျေးဝယ်လို့ရပါပြီ
🦋ငွေဘယ်လိုချေရမလဲ- ထိုင်းဘဏ်အကောင့်ရှိဖို့မလိုပါဘူး Kpay/ Wave ရှိရင်ရပါပြီ ~ ဒီ app လေးခုလုံးမှာ Cash On Delivery စနစ်ရပါတယ်
ဒီနေရာမှာ ကိုယ်ဝယ်မယ့် ဘတ်ဖိုးကို
ဘတ်ပေါက်စျေးနဲ့မြှောက်ပြီး Cargoကို မြန်မာငွေကြိုလွှဲပေးထားရင် ပစ္စည်းလာပို့တဲ့အခါ Cargoရုံးက
ထိုင်းဘတ်ငွေနဲ့ရှင်းပေးမှာဖြစ်ပါတယ်
🦋Cargo ဘက်ကနေ ရန်ကုန်ပစ္စည်းရောက်ဖို့ နှစ်ပတ်နဲ့အထက် ကြာပါတယ် ပစ္စည်းရောက်တဲ့အခါ ကိုယ့်ပစ္စည်းကို kgချိန်ပေးပြီး ကျသင့်ငွေကိုချေပြီး ကိုယ်တိုင်ရုံးမှာ ပစ္စည်းထုတ်ယူလို့ရသလို Delivery လည်းရှိပါတယ်
🦋ကိုယ့်အိမ်ပစ္စည်းရောက်တဲ့အခါ ဝယ်သူပစ္စည်းလေးခွဲပြီး Deliပို့ပေးလိုက်ရင် Process ပြီးဆုံးပါပြီ
( Customer service လည်းအရေးကြီးတာမို့ ဒီအချက်ကတော့ ကိုယ့်အပေါ် မူတည်ပါတယ်)
🦋ပစ္စည်း တစ်ခုကို ဥပမာအနေနဲ့ တွက်ပြပါမယ်ရှင့်
Louis Will မျက်မှန်ဆို စျေးဝယ်နေတဲ့သူဆို မသိတဲ့သူမရှိလောက်ပါဘူး သူ့စျေးက 134ဘတ် x (ဘတ်ပေါက်စျေး ) 88ကျပ် =11792 ကျပ်
ဒီနေရာမှာ ပစ္စည်းဝယ်ရင် shipping feesရှိပါတယ် အများဝယ်လေသက်သာလေပါ ဒီမှာထည့်မတွက်ထားပါဘူးရှင့်
🦋 kg ခ ပစ္စည်းအလေးအချိန်ပေါ်မူတည်လို့ အသေအချာတွက်မရပေမယ့် မှန်းဆရပါမယ် မျက်မှန်ဆို အလက် 30တောင် 1 kg ဝန်းကျင်ပဲရှိပါမယ်
🦋ဘယ်လောက်နဲ့ရောင်းမလဲ- Trends ဖြစ်တဲ့ပစ္စည်းတွေဆို သူများစျေးနဲ့ တူရင်တူ မတူရင်တောင် နာမည်ရှိပြီးသား pageထက်စျေးပိုရင်တော့ အခုမှ စလုပ်မယ့်သူက အများရောင်းရဖို့ ခဲယဉ်းပါမယ်
(အတွေ့အကြုံအရ Just is Sharing ပါ)
🦋အားလုံးနားလည်ပြီ ဘယ် Cargoနဲ့အပ်ရမလဲ- ဖြိုး အလုပ်လုပ်တုန်းက 2နှစ်နီးပါး လက်တွဲခဲ့တဲ့ Cargoပါ။ စိတ်ချရပြီး ပစ္စည်းရောက်တာ မြန်ပါတယ်။ 99% recommendedပါ
🦋 ဒီလောက်နဲ့ပဲရပ်ပါမယ်ရှင့် မသိတာရှိရင် commentမှာ မေးသွားနိုင်ပါတယ်
’s
KOREA DIARIES 🦋 Mini Unboxing Vlog On The Train
မနေ့ကစျေးဝယ်ပြီးပြန်လာတော့ ရထားပေါ်မှာ 아저씨 နှစ်ယောက်နဲ့ ကိုယ်ပဲရှိလို့ ပျင်းတာနဲ့ ရိုက်လာခဲ့တဲ့ videoလေးပါ ㅋㅋ
စကားပြောတာမြန်တာတော့ခွင့်လွှတ်ပါ😸
KOREA DIARIES 🦋 a day in my life in korea : everland, 교복 , self photo studio & more
ကိုယ့်ဘာသာရိုက်ထားတဲ့ cutတွေမလို့ မျက်စိနောက်နိုင်လို့ စိတ်အနှောက်အယှက်ဖြစ်စေမယ်ဆို skipသွားပေးပါနော် 🤓
Category
Telephone
Website
Address
Suwon
Alerts
Be the first to know and let us send you an email when GANTAWYNN's posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
