HSU Skincare & cosmetics
beauty & knowledge
29/04/2024
ဒီချိန်မှာ ဒီလိုလေးတွေသောက်ရရင်ဖြင့်
Photo crd
01/03/2022
အရမ်းကြိုက်သော ကံကော်
29/05/2021
😁😁😁
Before & After
25/05/2021
💄💄💄Page ထဲက ဗိုက်ခေါက်တွေ၊ခါး၊ကျောအဆီတွေကျချင်တဲ့ အသဲလေးတွေအတွက်
လူပိန်ချင်တာမျိုးမဟုတ်ပဲ ဗိုက်ခေါက်အဆီ ၊ ခါးဆီ ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ်ဆိုသူများအတွက် ဆေးနည်းကောင်းလေး😱😱😱
---------
အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်းဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်🤔🤔
ပါဝင်ပစ္စည်းများကတော့
သံပုရာသီး 🍋တစ်လုံး
ဂျင်း လက် တစ်ဆစ်ခန့် နဲ့
ပျားရည် 🍯၂ ဇွန်းခန့်
ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကိုအခွံမခွါပဲ ရေစင်စင်ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက်ပါးပါးလေးလှီးပေးပါ🍋🍋🍋🍋
☕ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ
🕣🕣🕣နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေးအနေအထားမှာ ဇွန်းဖြင့်မွှေပေးပြီးတစ်ခွက်လုံးသောက်ပါ အဖတ်တွေ ကိုလွှင့်ပစ်ရပါမယ်
⚠️⚠️⚠️သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီးချိန်နဲ့နာရီဝက်ခန့်ခွါ ပြီး သောက် ရပါမယ်
ဒီရေနွေးသောက်ပြီးအစာမစားတော့လျှင်အကောင်းဆုံးပါပဲ
အနှစ်နှစ်အလအလ အဆီပိုတွေဖြစ်တဲ့ အတွက်အနည်းဆုံး ဆယ်ရက်ခန့်တော့ပုံမှန်သောက်ကြည့်ပေးပါ
သိသာတယ်ဆို ဆက်သောက်ချင်လာပါလိမ့်မယ်
သောက်တာ ရက် ၂၀ လောက်ရှိပါပြီ။
သိသာလို့ လက်တို့လိုက်ပါတယ်နော်
⚠️⚠️⚠️နို့တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး
လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာဖြစ်လာတာမျိုး Pressure ကျလာတယ်ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူး။
ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီးထိန်းပေးသွားတယ်လို့ထင်ပါတယ် သောက်တာကလည်း ညအချိန် ဖြစ်တော့အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး
အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး
ကိုယ်လိုချင် သလောက် အတိုင်းအတာရပြီဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါ။
စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိ ပြီးလိုသလိုသုံးကြည့်ကြပေါ့
ပိုပြီးထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ်
လေ့ကျင့်ခန်းလည်းလုပ်မယ်အစားလည်း အနည်းငယ် (အဆီများတဲ့အစားအစာ) ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ
ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ ...
Crd
22/05/2021
Pageထဲက မင်မင့် အသည်းတုန်းလေးတွေအတွက်
ဗဟုသုတ ပေါင်းစုံ 🥰🥰🥰
HSU Skincare & cosmetics
Green juice detox .........
အသီးအရွက်တွေကို ကြိတ်ထားတဲ့အတွက်
အဆီတက်စေတဲ့ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီ မပါဘဲ အာဟာရ၊ ဗီတာမင်တွေ ကြွယ်၀ပြီး အစာအိမ်/အူလမ်းကြောင်းကအဆိပ်အတောက်တွေကို ဖယ်ရှား
ပေးတဲ့အတွက် ကျန်းမာရေးနဲ့အရမ်းကိုက်ညီတဲ့ detox ဖြစ်ပါတယ်။ ဝိတ်မချရင်တောင် မှီဝဲသောက်သုံးသင့်ပါတယ်။ ............
💚ရရှိနိုင်သည့် အကျိုးကျေးဇူး
# ဝိတ်အမြန်ကျစေတယ်
# အာဟာရဓာတ်စုပ်ယူမှုကိုတိုးတက်စေတယ်
# အူထဲက ကောင်းတဲဘက်တီးရီးယားများကို အားဖြည့်ပေးတယ်
# သွေးထဲက Cholesterol မမြင့်အောင် ထိန်းပေးတယ်၊
# အသည်းကို သန့်ရှင်းပေးတယ်၊ အားဖြည့်တယ်
# သွေးချို ဆီးချို မဖြစ်အောင် ထိန်းပေးသည်၊
# အသားအရေကိုပိုမိုကောင်းမွန်လှပစေတယ်
# အကြောအားရှိပြီး အားကစားစွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေတယ်..........
ဝိတ်ချဖို့ဆိုရင် သောက်တဲ့ပုံစံ ၂ မျိုးရှိတယ်။
💦1. Total juice fast - ဘာမှမစားဘဲ ရေနဲ့ Green juice ပဲသောက်တာမျိုးပါ၊ ၂-၃ နာရီခြားတစ်ခွက်သောက်တယ်၊ (၃) ရက်လောက် သောက်ခြင်းဖြင့် မိမိအစာအိမ် အူလမ်းကြောင်းကအဆိပ်အတောက်တွေကို ရှင်းပေးတဲ့အပြင် ရှိနေတဲ့အဆီတွေကိုချေပေးတယ်၊ အဆီထပ်မတက်စေဘူး။တစ်ချို့ဆို လနဲ့ချီ သောက်ကြပါတယ်။ အမေရိကန် နိုင်ငံသားတစ်ယောက်ဟာ ပိန်ချင်လွန်းလို့ အဲလိုတောက်လျှောက်သောက်တာ ၂ လအတွင်း ပေါင် ၁၀၀ ကျော် ဝိတ်ကျသွားတယ်လို့ ဆိုပါတယ်။
💦2. Meal replacement - တစ်ရက်ကို ထမင်း ၃ နပ်စားမယ့်အစား၊ တစ်နပ်- နှစ်နပ်ကို green juice နဲ့ အစားထိုးတာမျိုးပါ။ ........
🍏🥒🌿🍋🍐🥕🥒🥬
Top 10 Green juice detox
💚1. The Ultimate Green Detox Juice
(အာဟာရပြည့်တဲ့အပြင် Vitamin C နဲ့ polyphenols ဓါတ်ပါရှိပါတယ်)
ထည့်ကြိတ်ရမှာကတော့
- ပန်းသီးအစိမ်း ၂ လုံး(အခွံပါထည့်ရန်)
- တရုတ်နံနံ အရိုး ၁ စည်း (သူတို့က ၃ ရိုး ထည့်တယ်၊ သူတို့ဟာက တစ်ရိုးကို လက်မလောက်ကြီးပြီး ၂ ထွာလောက်ရှည်တယ် ဆိုတော့ တို့ဗမာပြည်ကဟာဆိုရက် တစ်စီးပေါ့)
- သခွါးသီး (သေးရင် ၂ လုံးပေါ့၊ သူတို့ပြောတဲ့ ၁လုံးက လက် ၃ လုံးစာကြီးပြီး ၂ ထွာရှည်တဲ့အလုံးလေ)
- kale က ဗမာပြည်မှာမရှိဘူး ကိုက်လန်နဲ့ အစားထိုးလို့ရတယ် (၁၀ ရွက်)
- သံပုရိုသီး တစ်ခြမ်း
- ဂျင်း ၁ လက်မ
- နနွင်းမှုန့် နဲနဲ
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚2. Tropical Carrot Apple Juice
( vitamin A, vitamin B, vitamin K နဲ့ potassium ပါရှိပါတယ်)
ထည့်ကြိတ်ရမှာကတော့
- ပန်းသီးတစ်လုံး(အခွံပါထည့်ရန်)
- နာနတ်သီး (တစ်ထွာလောက်ရှည်တဲ့အလုံးဆိုရင် လေးပုံတစ်ပုံ) အလုံးသေးရက် တစ်ခြမ်း
- မုံလာဥနီ ခပ်ကြီးကြီး ၂ ဥ
- ဂျင်း လက် နှစ်ဆစ်
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚3. Zesty Lemon Apple Juice
မနက်ပိုင်းမှာသောက်သင့်တယ်။ ဗီတာမင်ကေ အပါအ၀င် အဟာရ အရမ်းပြည့်ပြီး antioxidant ဖြစ်စေပါတယ်။
ထည့်ကြိတ်ရမှာကတော့
- သံပုရိုသီးနှစ်လုံး (အခွံမပါ)
- ပန်းသီး ၄ လုံး(အခွံပါထည့်ရန်)
- သခွါးသီး (သေးရင် ၄ လုံးပေါ့၊ သူတို့ပြောတဲ့ ၂လုံးက လက် ၃ လုံးစာကြီးပြီး ၂ ထွာရှည်တဲ့အလုံးလေ)
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚4. Kid Friendly Green Juice
(carotenoids, vitအamin C, vitamin K, folic acid, iron, calcium တွေ ပါတဲ့အတွက် ကလေးအတဠက်ရော အမျိုးသမီးအတွက်ပါသင့်တော်ပါတယ်။
ထည့်ကြိတ်ရမှာကတော့
- လိမ်မော်သီး ၂ လုံး
- သံပုရိုသီးတစ်လုံး
- ပန်းသီး တစ်လုံး(အခွံပါထည့်ရန်)
- spinach ကတော့ ဗမာပြည်မှာ မရှိဘူးထင်တယ်၊ ဟင်းနုနွယ်/ကန်စွန်းရွက် အစားထိုးလို့ရတယ်။ သေးသေးလေးလှီးပြီးသား တရုတ်ပန်ကန်လုံး တစ်ခွက်စာ
- kale က ဗမာပြည်မှာမရှိဘူး ကိုက်လန်နဲ့ အစားထိုးလို့ရတယ် (၂ ရွက်)
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚5. Red Zinger Breakfast Juice
မနက်ပိုင်းသောက်ဖို့သင့်တော်ပါတယ်။
(folate, potassium, manganese, iron, vitamin C တွေ ပါရှိတယ်)
ထည့်ကြိတ်ရမှာကတော့
- သံပုရိုသီး နှစ်လုံး
- မုံလာဥနီ ခပ်ကြီးကြီး ၂ လုံး
- ပန်းသီး ၂ လုံး(အခွံပါထည့်ရန်)
- beets ဆိုတာ မုံလာဥ အလုံး အသားအနီရင့်ရောင်၊ ချိုချိုလေး၊ ဗမာပြည်မှာ မတွေ့ဖူးဘူး၊ ရှိမလားတော့မသိဘူး၊ ရှိရင် ကြက်ဥလောက်အလုံး ၂ လုံး။ မရှိရင် ခရမ်းချဉ်သီးနှစ်လုံးနဲ့ မုံလာဥဖြူ နှစ်လုံးအစားထိုး
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚6. Green Spinach Lemonade
ထည့်ကြိတ်ရမှာကတော့
- spinach ကတော့ ဗမာပြည်မှာ မရှိဘူးထင်တယ်၊ ဟင်းနုနွယ်/ကန်စွန်းရွက် အစားထိုးလို့ရတယ်။ သေးသေးလေးလှီးပြီးသား တရုတ်ပန်ကန်လုံး တစ်ခွက်စာ
- တရုတ်နံနံ အရိုး ၁ စည်း (သူတို့က ၃ ရိုး ထည့်တယ်၊ သူတို့ဟာက တစ်ရိုးကို လက်မလောက်ကြီးပြီး ၂ ထွာလောက်ရှည်တယ် ဆိုတော့ တို့ဗမာပြည်ကဟာဆိုရက် တစ်စီးပေါ့)
- kale က ဗမာပြည်မှာမရှိဘူး ကိုက်လန်နဲ့ အစားထိုးလို့ရတယ် (၄ ရွက်)
- ဂျင်းလက်တစ်ဆစ်
- ပန်းသီး ၂ လုံး(အခွံပါထည့်ရန်)
- သံပရို ၁ လုံး
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚7. Allergy Fighting Green Detox Juice
နှာစေးချောင်းဆိုးအတွက်ကောင်းတယ်
vitamin C, vitamin K, vitamin A, folate and iron တွေပါတယ်
ထည့်ကြိတ်ရမှာကတော့
- သခွါးသီးလှီးပြီးသား တရုတ်ပန်းကန်လုံးတစ်လုံးစာ
- နာနတ်သီး အတုံးလိုက်လှီးပြီးသားတရုတ်ပန်းကန်လုံးတစ်လုံးစာ
- သံပရို ၁ လုံး
- စပျစ်သီး တရုတ်ပန်းကန်လုံးတစ်လုံးစာ
- နံနံပင်နဲနဲ
- ပန်းသီးတစ်လုံး(အခွံပါထည့်ရန်)
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚8. Orange Dreamsicle Detox Juice
vitamin K, vitamin C, copper and potassiumပါရှိတယ်။
ထည့်ကြိတ်ရမှာကတော့
- ပန်းသီး ၂ လုံး (အခွံပါထည့်ရန်)
- တရုတ်နံနံ အရိုး ၁ စည်း (သူတို့က ၃ ရိုး ထည့်တယ်၊ သူတို့ဟာက တစ်ရိုးကို လက်မလောက်ကြီးပြီး ၂ ထွာလောက်ရှည်တယ် ဆိုတော့ တို့ဗမာပြည်ကဟာဆိုရက် တစ်စီးပေါ့)
- လိမ္မော်သီးတစ်လုံး (အခွံမပါ)
- သစ်တော်သီး ၂ လုံး
- ရေ ခွက်သေးတစ်ခွက် (200 ml)
💚9. Easy Start Detox Juice
ဝိတ်ကျဖို့၊ cholesterol ချေဖို့၊ မျက်စိအားကောင်းဖို့
ထည့်ကြိတ်ရမှာကတော့
- ပန်းသီး ၂ လုံး (အခွံပါထည့်ရန်)
- တရုတ်နံနံ အရိုး ၁ စည်း (သူတို့က ၃ ရိုး ထည့်တယ်၊ သူတို့ဟာက တစ်ရိုးကို လက်မလောက်ကြီးပြီး ၂ ထွာလောက်ရှည်တယ် ဆိုတော့ တို့ဗမာပြည်ကဟာဆိုရက် တစ်စီးပေါ့)
- မုံလာဥနီ ခပ်ကြီးကြီး ၃ လုံး
- ရေ ခွက်သေးတစ်ခွက် (200 ml)
Crd
22/05/2021
" ဆီးချိုရောဂါနှင့် ကိုယ်အလေးချိန် " 📊📊📊
🤔🤔သာမန်ထက် ကိုယ်အလေးချိန် ပိုများနေသူတွေနဲ့ အဝလွန်နေသူတွေက
အမျိုးအစား၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများကြပါတယ် ။
ဆီးချိုရောဂါရှိပြီး အဝလွန်နေသူတွေဟာ သွေးတွင်းသကြားပမာဏကို ထိန်းသိမ်းဖို့ ကြိုးစားရမှာ သာမန်ထက် ပိုခက်ခဲလေ့ရှိပါတယ် ။ 😨😨😨
( Insulin Resistance ) အင်ဆူလင် ခုခံမှုကြောင့် ဖြစ်ရတဲ့ အမျိုးအစား ၂ ဆီးချိုရောဂါကို ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ကောင်းစွာ ထိန်းချုပ်ထားလို့ ရပါတယ် ။
ကယ်လိုရီများတာတွေနဲ့ အဆီအဆိမ့်တွေ လျှော့စားပြီး ပုံမှန် လေ့ကျင့်ခန်းတခုခု ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေပြီး ဆီးချိုရောဂါကိုလည်း အကောင်းဆုံး ထိန်းသိမ်းထားနိုင်မှာပါ ။
ကျနော်အနေနဲ့ အကြံပြုချင်တာက အစပိုင်းမှာ ကယ်လိုရီ ( အထူးသဖြင့် ကာဗိုဟိုက်ဒရိတ် ) ကို တဖြည်းဖြည်း လျှော့စားပြီး အသက်အရွယ်နဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းတခုခုလုပ်မယ်ဆို ( ချွေးစို့အောင် တနေ့ နာရီဝက် ၂ကြိမ်လောက် လမ်းလျှောက်ရင်တောင် ) လုံလောက်ပါပြီခင်ဗျာ ။
အလေ့အကျင့် ရသွားတဲ့အခါမှာ မိမိနဲ့ သင့်တော်မယ့် Dietနဲ့ Exercise ကို လုပ်ချင်လည်း လုပ်လို့ရပါတယ် ။
ဘာမှမစားပဲတော့ မနေပါနဲ့နော် 😁 ။ ကျနော်တို့ ခန္ဓာကိုယ်က ဆီးချိုရှိရှိမရှိရှိ အသက်ရှင်သန်နိုင်ဖို့အတွက် စွမ်းအင် ( ကယ်လိုရီ )ကတော့ မရှိမဖြစ် လိုပါတယ် ။ 🤔🤔🤔
ကျနော်တို့ လူမျိုးတွေက ထမင်းအဓိကထားစားကြတယ် ။ အသားငါးနဲ့ အသီးအရွက်ကို အစားနည်းတယ် ။ အဆီဆိုလည်း မကောင်းတဲ့ အဆီတွေသာ အစားများကြတယ် ။
ဝိတ်ချတော့မယ်ဆိုရင် ခန္ဓာကိုယ်မှာ အဆီစုနိုင်မယ့် ကာဗိုကို လျှော့စားပါ ။ ( ဆန် 🌾၊ ဂျုံနဲ့လုပ်ထားတဲ့ ထမင်း ၊ ခေါက်ဆွဲ 🍜၊ ပေါင်မုန့် 🍔စတာတွေ)
အစာစားတိုင်းမှာ Fiberအမျှင်ဓာတ်ပါတဲ့ ပဲ ၊ ဟင်းသီးဟင်းရွက်တွေ စားသင့်ပါတယ်။ 🥦🥑🥬🥬🥗
အမျှင်ဓာတ်ဟာ ဆီးချိုရောဂါအတွက်တော့ တကယ့်မိတ်ဆွေ အစားအစာပါပဲ ။ 🥰
ကာဗိုလျော့သွားတဲ့အတွက် ပရိုတိန်းအသားဓာတ် ပြည့်ဝအောင်စားပေးပါ ။ 🥜🍖🍗🦞🍤🍶
အဆီစားတဲ့အခါ မကောင်းတဲ့အဆီတွေဖြစ်တဲ့ ဟင်းအနှစ်တွေ ၊ တိရိစ္ဆာန်ကရတဲ့ အဆီတွေကို ရှောင်ပြီး
❌❌❌
ကောင်းတဲ့အဆီတွေဖြစ်တဲ့ နေကြာဆီ🌻 ၊ သံလွင်ဆီ
🫒တို့ကို အစားထိုးစားပေးပါ ။
ထောပတ်သီး🥑 ၊ သီဟိုရ်စေ့ ၊ ဗံဒါစေ့ စတဲ့ အစေ့အဆန်တွေကလည်း ကောင်းတဲ့အဆီတွေပါဝင်လို့ ချင့်ချိန်စားသုံးနိုင်ပါတယ်
အတိုချုပ်ရရင်
(၁) ဆီးချိုရောဂါက ကိုယ်အလေးချိန်နဲ့ ဆက်နွယ်နေပြီး ဝိတ်ချလိုက်တဲ့အခါ တချို့တွေ ဆေးကုသမှု ခံယူစရာ လုံးဝ မလိုတော့သည်အထိ အခြေအနေတွေ ကောင်းလာနိုင်ပါတယ် ။
(၂) ဝိတ်ချတဲ့အခါ လောဘမကြီးပဲ တဖြည်ဖြည်းချင်းစီ အလေ့အကျင့် လုပ်ယူပါ ။
(၃) Diet Plan တခု လုပ်မယ်ဆိုပါကမိမိနှင့်သင့်လျှော်သော plan ကိုလုပ်ေဆာင်ပါ။
ဆေး + အစာ + ကိုယ်လက်လှုပ်ရှားမှု ညီညွတ်နေသူအတွက် ဆီးချိုရောဂါဟာ လုံးဝ မှုစရာမရှိပါ။
Crd
🥰🥰🥰🥰
19/05/2021
ကျွန်မ page ရဲ့ ဝိတ်ချချင်လိုသော ၀ကစ်လေးတွေအတွက်🥰🥰🥰
💃💃💃အမြင်လွယ် အစားလွယ် အပြင်ဆင်လွယ် ဝိတ်ချနည်း
ထမင်းဖြတ်တယ် ဖြတ်မယ်
တသက်လုံးမဖြတ်နိုင်မယ့်တူတူ 😁😁😁
မှန်ကန်တဲ့အချိုးအစားကိုပဲ စားကြည့်
ထမင်း or ပေါင်မုန့် 25%
အသား ငါး ကြက်ဥ နို့ 25%
အသီးအနှံ အသီးအရွက် 50%
အများကြီးမဟုတ် တစ်ပတ်ပဲ စစားကြည့် 🥒🍉🍑🍊
ပိန်တာ မပိန်တာ ဝိတ်ကျတာ မကျတာထက်
အရင်ကလိုမဟုတ်ပဲ လူကပေါ့မယ် လန်းဆန်းမယ်
အစာခြေစနစ်ပိုကောင်းလာမယ်
စိတ်ကြည်မယ် နေလို့ပိုကောင်းလာမယ် 😱😱😱
ဒါတွေက ချက်ချင်းခံစားရမယ့်အကျိုးတွေနော် ,🍊🍉🍉🥒🍑
ဘယ်သူသိနိုင်မလဲ
တစ်ပတ်စာက တစ်သက်တာဖြစ်သွားပြီး
အရင်ကလို ကျန်းကျန်းမာမာ
အဆီမရှိတဲ့ ခန္ဓာကိုယ်လေး ပြန်ရမယ်ဆိုတာ🍑🥒🍉🍊
shequeen
19/05/2021
ကျွန်မ ရဲ့ အသည်းတုန်းလေးတွေအတွက်
ဘာကြောင့်လဲဘာလဲအမေးများပြီးရေပန်းစားနေတာအရာကို မျှဝေပေးပါတယ်နော်
အလှပရေးရာဗဟုသုတတွေအပြင် BKK cosmetics တွေပါဈေးမှန်သုံးရအောင်လို့
Page လေးကို like လေးတွေမြန်မြန်လုပ်ထားနော်
🗣️🗣️🗣️ဒီနှစ်ပိုင်းအတွင်း အလှအပရေးရာလိုက်စားတဲ့သူတွေရဲ့ပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ စကားလုံးတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ collagen ပါ။
ဆိုတော့ collagen ဆိုတာ ဘာလဲ ❓❓❓
တစ်ချက်လေ့လာကြည့်ရအောင်။
Collagen ဆိုတာ အသားဓာတ်တွေထဲကတစ်ခုဖြစ်ပြီးတော့ အရေပြား နဲ့ အရိုးနုတို့လိုမျိုး ဆက်သွယ်မှုတစ်ရှုးတွေရဲ့ အဓိကဖွဲ့စည်းတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
🩸🩸🩸သွေးခဲတာမျိုးမဖြစ်အောင်လုပ်ပေးတာ၊ အရေပြားဖွဲ့စည်းတည်ဆောက်တဲ့နေရာတွေမှာ အဓိကနေရာက ပါပါတယ်။
Collagen က ခန္ဓာကိုယ်တွင်းမှာ အများဆုံး ပရိုတိန်းဓာတ်ဖြစ်ပြီးတော့ ပရိုတိန်းဖွဲ့စည်းမှုရဲ့ သုံးပုံတစ်ပုံက collagen တွေပါ။
🦴အရိုး၊ အရေပြား၊ 💪ကြွက်သား နဲ့ အရွတ်တွေကို ဖွဲ့စည်းတဲ့အပိုင်းမှာ အရေးပါတဲ့အစိတ်အပိုင်းထဲကတစ်ခုဖြစ်ပါတယ်။
Collagen ကို သွေးကြော🩸၊ မျက်ကြည်လွှာ👁️ နဲ့ သွား👄တွေမှာ ရှာလို့တွေ့နိုင်ပါတယ်။
😊Collagen ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲကအရာတွေကို သူ့နေရာနဲ့သူဖြစ်အောင် ကပ်ပေးထားတဲ့ ကော်တစ်ခုလို့ ယူဆလို့ရပါတယ်။
Collagen အမျိုးအစား 🤔🤔🤔၂၈ မျိုးရှိပြီးတော့ amino acid ဖွဲ့စည်းမှုအပေါ်မူတည်ပြီး အမျိုးအစားခွဲပါတယ်။
အဓိကအမျိုးအစား ၄ မျိုးရှိပြီးတော့ type I, II, III နဲ့ IV ဆိုပြီး ခွဲထားပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ ၉၀ ရာခိုင်နှုန်းသော collagen တွေက ☝️type I လို့ခေါ်တဲ့ ကျစ်လစ်သိပ်သည်းတဲ့ အမျှင်တွေနဲ့ဖွဲ့စည်းထားတဲ့ collagen ပါ။ သူက အရေပြား၊ အရိုး၊ အရွတ်၊ အရိုးနု၊ ဆက်သွယ်မှုတစ်ရှုး နဲ့ သွားတွေရဲ့ ဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။
✌️type II က လျော့ရဲတဲ့အမျှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်လဂျင်ဖြစ်ပြီးတော့ သူ့ကို အရိုးနုမှာ တွေ့ရပါတယ်။
🤟 Type III ကို ရိုးတွင်းခြင်ဆီ နဲ့ Lymphoid တစ်ရှုးမှာ တွေ့ရပြီး ကြွက်သား၊ ကိုယ်တွင်းအင်္ဂါနဲ့ သွေးလွှတ်ကြောတွေရဲ့ ဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။
💞Type IV ကို အရေပြားရဲ့အလွှာတွေမှာ တွေ့ရပြီး စစ်ထုတ်ခြင်းကို ကူညီပေးပါတယ်။
🧓အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှုက ကျလာပါတယ်။
ကော်လဂျင်ထုတ်လုပ်မှုနည်းလာမှန်းသိသာစေတဲ့တစ်ချက်ကတော့ အရေပြားတွေလျော့ရဲလာတာပါ။ နောက်ပြီး အရိုးနုတွေလည်း အားနည်းလာပါတယ်။
အခုဆို ကော်လဂျင်ကဘာလဲဆိုတာ အနည်းအကျဉ်းတော့ ရှင်းရှင်းလင်းလင်းသိသွားလောက်မယ်လို့မျော်လင့်ပါတယ်။ နောက်အပတ်တွေမှာလည်း ကော်လဂျင် အားဖြည့်ဆေးတွေသောက်သင့်လား၊ နောက်ပြီး ကော်လဂျင်တိုးစေတဲ့ သဘာဝအစားစာတွေက ဘာလဲဆိုတာ မျှဝေပေးသွားပါဦးမယ်နော်။
Source: Healthline, Livescience
Hsu Skincare & cosmetics
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bago

03/12/2023