Hnin Wit Yi

Hnin Wit Yi

Share

No Pain No Gain💪

Photos from Hnin Wit Yi's post 29/07/2023

🍹

06/01/2022

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်
======================================

ဒေါသ ပါးနိုင်သမျှ ပါးအောင်နေပါ
အဲ့ဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်
တကယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်....
ဒေါသဖြစ်လာတဲ့အခါ အဲဒီဒေါသရဲ့ဆိုးကျိုးကိုဦးစွာခံစားရတာကကိုယ်အရင်ပါပဲ...
ပြီးမှ သူများတွေဆီ ကူးစက္တာပါ။

ဒေါသဟာကြောက်စရာကောင်းပါတယ်....
သူငယ်ချင်းကြားမှာရှိတဲ့
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ...
မိသားစုကြားမှာရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှုသံယောဇဉ်တွေ...
ချစ်သူခင်သူတွေကြားက
သံယောဇဉ်တရားတွေ...
ကိုယ့်ပတ်ဝန်းကျင်က
လူတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးတွေ...
ဆရာတပည့်ကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာတရားတွေစတဲ့...
လူသားတွေရဲ့ကောင်းတဲ့အရည်အသွေး၊ တန်ဖိုးတွေကိုဖျက်ဆီးပစ်တာဟာဒေါသပါ။

ဒေါသကြောင့်.......
သူငယ်ချင်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ခ်စ်သူ ခင်သူအချင်းချင်း
ဆက်ဆံရေးကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ဆရာကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားနိုင်တယ်။
အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်။

အထူးသဖြင့် သင့်ရဲ့ဖြူစင်နေတဲ့စိတ်ကို
တောင် ဆုံးရှုံးသွားနိုင်တယ်။
ဒါကြောင့်....
ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါ
ဒေါသကြောင့်သင့်မှာရှိတဲ့
ကောင်းတဲ့စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊ သိက္ခာတွေ၊ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊ချစ်သူခင်သူတွေ၊
မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရား
တွေကို....ဆုံးရှုံးမခံပါနဲ့။

တကယ်တော့ ဘဝဆိုတာဟာ မမြဲတဲ့အတွက်ဒေါသနဲ့အသက်ရှင်နေရတာဟာ မတန်ပါဘူး။
ဒေါသဖြစ်လာရင် ငါ့မွာရွိတဲ့ ကောင်းတာတွေအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ " သတိရ " ပါ
to မူရင်းရေးသားသူ မင်နောင်နောင်🙏🙏🙏

06/01/2022

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။

၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။

၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။

တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.

28/11/2021

သတိမထားမိဘဲ လုပ်မိနေတဲ့ Skincare နည်း
အမှား (၇)ချက်

ဒီခေတ်မှာအားလုံးက အသားအရေလှဖို့ နံပါတ်တစ် ဦးစားပေးပြီး skincare နေကြတယ်နော်။
Skincare အကောင်းစားတွေသုံးပြီး skincare နည်းတွေမှားနေရင်တော့ ထိရောက်မှာမဟုတ်ဘူးပေါ့
Daily skincare routine မှာ သတိမထားဘဲလုပ်မိနေတတ်တဲ့ အမှားလေးတွေကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။မကြာခဏ မျက်နှာသစ်တာ

မကြာခဏ မျက်နှာသစ်တဲ့အခါ အဆီပြန်တာနဲ့ ဝက်ခြံဖြစ်တာကို လျော့သွားစေမယ်လို့ အထင်မှားတတ်ကြတယ်။ တကယ်တော့ မကြာခဏမျက်နှာသစ်ခြင်းက အပေါ်ဆုံးအရေပြားကိုပါးသွားစေပြီး အဆီပိုထွက်စေပါတယ်။ အဲ့ဒီအဆီတွေက ချွေးပေါက်တွေကို ပိတ်တော့ ဝက်ခြံပိုဖြစ်ပြီပေါ့။ တစ်နေ့ကို အနည်းဆုံး (၂) ကြိမ်/ အများဆုံး (၃)ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။

၂။မျက်လုံးနားတစ်ဝိုက်ကို ပွတ်ဆွဲသန့်စင်တာ

Eye makeup remover သုံးတဲ့အခါ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ကျန်မှာစိုးပြီး ပွတ်ဆွဲသန့်စင်တာက အရေပြားကိုထိခိုက်သလို အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။Makeup remover စိမ်ထားတဲ့ ဂွမ်းစကို မျက်လုံးနား (မိမိသန့်စင်ချင်တဲ့နေရာ) မှာ အချိန်အနည်းငယ် ဖိတို့ထားပါ။ ပြီးတော့မှ အသာအယာသန့်စင်ပေးပါ။

၃။ကိုယ့်အသားအရေနဲ့မကိုက်တဲ့ပစ္စည်းကိုသုံးမိတာ

ပေါ်သမျှပစ္စည်းလိုက်သုံးနေမယ်ဆိုရင်တော့ အသားအရေက ဘယ်တော့မှကောင်းလာမှာ မဟုတ်ပါဘူး။အသားအရေနဲ့ကိုက်ညီတဲ့ product ကိုတွေ့ပြီဆို စွဲပြီးသာသုံးပါတော့နော်။မကြာခဏပြောင်းသုံးလို့မကောင်းတဲ့ထဲမှာ မိမိ skincare လည်းပါပါတယ်။

၄။တကိုယ်လုံး ဆပ်ပြာမြှုပ်ထနေအောင်တိုက်တာ

ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန် ဖုန်တက်လာတာမဟုတ်ဘူးလေ 😬 တစ်ကိုယ်လုံးကို ဆပ်ပြာမြှုပ်တွေထနေအောင်တိုက်မယ့်အစား လိုအပ်တဲ့နေရာပဲသုံးပေးပါ။
အနံ့ဆိုးထွက်တတ်တဲ့ နားနောက်/ ဂျိုင်းကြား/ ပေါင်ကြား စတဲ့နေရာတွေကို ဆပ်ပြာများများနဲ့ သန့်စင်ပေးပြီး ကျန်တဲ့နေရာတွေကို ပုံမှန်သာသုံးပေးခြင်းဖြင့် shower gel ကို save လုပ်ရအောင်နော်။

၅။Skincare လုပ်တဲ့အခါ ပမာဏအများကြီးသုံးတာ

အများကြီးသုံးရင် skin ပိုကောင်းလာမယ် ဘယ်သူပြောလဲ 🙄 ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေပါနော်။
ဘယ် skincare product ပဲသုံးသုံး လိုအပ်သလောက်ပမာဏကိုပဲသုံးပေးပါ။ နဖူး ပါးနှစ်ဖက် မေးစေ့ နှာခေါင်းတို့မှာ အစက်လေးတွေချပြီး ဖြန့်ပေးရုံနဲ့ အဆင်ပြေပါတယ်။

၆။မိတ်ကပ်မဖျက်ဘဲအိပ်တာ

မကြာခဏဖြစ်လေ့ရှိတယ်နော်။
ပင်ပန်းပြီး ပြန်လာတဲ့အခါ ခဏဆိုပြီး တစ်ညလုံးမိတ်ကပ်ကြီးနဲ့အိပ်လိုက်မိတဲ့အခါ 😖 အသားအရေကိုအရမ်းပျက်စီးစေပါတယ်။ တစ်နေကုန်မိတ်ကပ်လိမ်းထားတာက အဆီဂလင်းနဲ့ချွေးဂလင်းကိုပိတ်စေပါတယ်။
တစ်ညလုံးသာဆိုရင်တော့.....😬 ဒါကြောင့် အပြင်ကပြန်ရောက်တာနဲ့မိတ်ကပ်ဖျက်ပါ။ ဘယ်လောက်ပဲပင်ပန်းနေပါစေ( ၅ )မိနစ်လောက်တော့ အချိန်ယူပြီး ဂရုတစိုက်လုပ်ပေးပါ။

၇။Skincare လုပ်ပြီးတာနဲ့ တန်းအိပ်တာ

Skin ကို care တာလား? ခေါင်းအုံးကို care တာလား? မသဲကွဲဘူး skincare လုပ်ပြီးတန်းအိပ်ရင် product တွေကအသားထဲစိမ့်မဝင်ဘဲ ခေါင်းအုံးထဲပဲဝင်သွားပါလိမ့်မယ်မအိပ်ခင် (၁)နာရီအလိုမှာ skincare လုပ်ပေးပါ။
Skincare ပြီးရင် အိပ်မချပါနဲ့။ Product တွေအသားထဲသေချာစိမ့်ဝင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။
အားလုံးအတွက်တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဗဟုသုတရစရာအကြောင်းအရာလေးတွေ တင်ဆက်ပေးအုန်းမှာဖြစ်လို့ like and shareလုပ်ထားဖို့ မမေ့နဲ့နော်။

Photos from Hnin Wit Yi's post 28/11/2021

ညပိုင်း skincare ကြမယ် 😍

(၁) တစ်နေကုန် လိမ်းထားတဲ့ မိတ်ကပ်တွေဖျတ်မယ် 😎

(၂) Cleansing

မျက်နာပေါ်ကအညစ်အကြေးတွေကိုဖယ်ရှားပေးရုံသာမက မျက်
နာပေါ်ကမလိုအပ်တဲ့ အဆီပိုတွေကိုပါ ဖယ်ရှားပေးလို့ မျက်နာကို
တစ်နေ့2 ကြိမ်လောက်တော့သစ်ပေးရပါမယ်

(၃) Toner

တိုနာက မျက်နာသစ်ပြီးနောက် ကျန်နေတတ်တဲ့ အညစ်ကြေးများကို ချွေးပေါက် ထဲထိ စိမ့်ဝင်ပြီး သန့်စင်ပေးပါတယ်

(၄) serum

Serum ကတော့ အရေးအကြောင်းတွေမဖြစ်ဖို့ အတွက်သုံးပေး
ရပါမယ်

(၅) Moisturizer

moisturizer ကအသားရေ အစိုဓာတ်ကိုထမ်းသိမ်းပေးလို့ မလိမ်းလို့မရပါဘူးနော် 😍

အဲ့လောက်ဆိုရင်ကို ညပိုင်း skincareလုပ် လို့ရပီနော် ဒီအချက်
လေးတွေကတော့ အခြေခံအချက်လေးတွေဘာ ဒီ routine အတိုင်းပုံမှန်သွားရင်ကို အသားရေက သိသိသာသာပြောင်းလဲလာပါတယ်နော် 😍
အားလုံးကျန်းမာလှပ နိုင်ပါစေ 😍

27/10/2021

💆🏻 Skin care is so important 💯

✅တချို့က skin care ကို သေချာမသိကြသေးဘူး
Skin care ကို တခါတလေ မှသုံးလည်း ရတယ်လို့ ထင်နေကြတယ်...
တချို့က အပြင်သွားခါနီးမှ လိမ်းလိုက် mask ကပ်လိုက် လုပ်တက်ကြတယ် အဲ့တာကို care တယ်လို့ထင်နေကြတယ်

✅ တကယ်တော့ Skin care ကို အမြဲလိမ်းပေးရပါမယ် ၊နေ့ဘက် မိက်ကပ်လိမ်းတယ် အလုပ်သွားတယ်ပြန်ရောက်လို့ ညဘက်ရောက်ရင် skin care လုပ်ဖို့ လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှ အမြဲ Glow ဖြစ်မှာပါ mask ကပ်တယ်ဆိုတာကလည်း
၁ပတ် ၂ခါ အနည်းဆုံး လုပ်ပေးသင့်ပါတယ်။
အမြဲတမ်း ပွဲရှိမှ အပြင်သွားမှ skin care လုပ်တာမျိုး mask ကပ်တာမျိုး ကို ဆင်ခြင်ပါ...

✅တချို့က skin care အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ်
ဆက်လိမ်းလို့ရပါတယ် နောက်ဆို ပျောက်သွားပါလိမ့်တယ်
တချို့က ဘာမှမထွက်ဘူး ပိုလှလာတယ်
ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်
တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့ Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်...
တချို့ကလည်း ၁ပတ်မှ ၁ရက်သာ skin care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး မကောင်းဘူးပြောကြပြန်တယ်... သေချာတာက သုံးပုံသုံးနည်းမှားနေလို့ပါ....

✅မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်၊
✅Skin care ကို နေ့တိုင်း လိမ်းပေးရပါတယ်
✅Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ် သုံးပေးရပါမယ်
✅ရေများများသောက်ပေးရမယ်
✅အိပ်ရေးမှန်ရမယ်
✅အစပ်နဲ့ အငံ လျှော့ စားရမယ်

တခုခု ချို့ ယွင်းနေရင် ဝက်ခြံ နဲ့ ဖုလေးတွေ ထွက်လာနိုင်ပါတယ်
ဒါကြောင့် skin care ကို သေချာလုပ်ပေးကြပါလို့

🤩သူများလှတာ၊ သူများ glow တာဘဲ ငေးမောမနေပါနဲ့တော့နော် ကိုယ်ကိုယ်တိုင် Glow လိုက်ကျပါ။ ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့ make up တွေသုံးသုံး Skin မကောင်းရင် လှချင်သလောက်မလှတော့ဘူး ။

🤷🏻‍♀️Skin Care တွေကစျေးကြီးလို့ မသုံးနိုင်ပါဘူးလို့တော့ မပြောလိုက်ပါနဲ့ Brands တွေ အများကြီး သူ့စျေးနဲ့သူ စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skin Care တွေ အများကြီးရှိပါတယ်လို့

Photos from Hnin Wit Yi's post 22/10/2021

ကျန်းမာပျော်ရွင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ🤗

12/10/2021

အမျိုးသမီးများအတွက် ကျင့်ဝတ်များ👩👱‍♀️

၁။ အထက်တန်းကျကျ နေထိုင်ပါ။

၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို ပူးကပ်ထိုင်ပါ။

၃။ လျှို့ဝှက်ချက်တွေကို ထိန်းပါ။

၄။ ပြုံးပါ။

၅။ ကောလဟာလစကား၊ အတင်းအဖျင်းစကားတွေ မပြောပါနဲ့။

၆။ သင့်ကိုယ်သင် လေးစားပါ။

၇။ သူ့နေရာနဲ့သူ လိုက်ဖက် ဝတ်စားဆင်ယင်ပါ။

၈။ မထိုက်တန်တဲ့အချစ်ကို လက်မခံထားပါနဲ့။

၉။ သင့်ခန္ဓာကိုယ်ကို ချစ်ပါ။

၁ဝ။အိ‌နြေ္ဒရရ ဝတ်စားဆင်ယင်ပါ။

၁၁။ မူးယစ်သောက်စားခြင်းကို ရှောင်ပါ။

၁၂။ အပြောင်းအလဲတွေကို လက်ခံပါ။

၁၃။ ဘဝသင်ခန်းစာတွေကို လက်ခံပါ။

၁၄။ ယောက်ျားတစ်ယောက်အတွက် သင့်ကိုယ်သင် မနှိမ့်ချပါနဲ့။

၁၅။ အမှန်တကယ်ထိုက်တန်တဲ့သူကို မတွေ့မချင်း single ဘဝနဲ့ပဲနေပါ။

၁၆။ သင့်ရဲ့အားနည်းချက်တွေကို သိထားပါ။

၁၇။ သင့်ကိုယ်သင် ယုံကြည်ပါ။

၁၈။ သင့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ။

၁၉။ ပြင်ပြင်ဆင်ဆင်နေပါ။

၂ဝ။ သင့်တန်ဖိုးကို ယောက်ျားတစ်ယောက်က သတ်မှတ်ခွင့်မပေးပါနဲ့။

၂၁။ ဘယ်သူ့ကိုမှ သင်နဲ့ မနှိုင်းယှဉ်ပါနဲ့။

၂၂။ သင့်ကိုယ်သင် ဦးစားပေးပါ🌻👸🌻

...
☕🙋✍️✍️✍️✍️✍️📝📝📝

🙏🏻ကမ္ဘာပေါ်တွင်ရှိသော အမျိူးသမီး များအားလုံး ချစ်ခြင်း မေတ္တာ ၏ ပူလောင်ခြင်း များ ကင်းဝေးပီး နှလုံးစိတ်ဝမ်းအေးချမ်းကျပါစေ🙏🏻❤

Website

Address


Hlegu

Alerts

Be the first to know and let us send you an email when Hnin Wit Yi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hlegu.