မိုးသီရိကင်မ်
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မိုးသီရိကင်မ်, Beauty, cosmetic & personal care, Kalemyo.
No.1
No.1 👏
22/03/2024
အောက်တန်းစားစိတ်ဓာတ်
အောက်တန်းစားစိတ်ဓာတ်
==================
သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကို
အပုပ်ချလိုသည့် သဘောဖြင့်
မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော
စိတ်ဓာတ်။
သူတစ်ပါး မကောင်းကြောင်းကို
အဆမတန် ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ
ထပ်တလဲလဲ ပြောဆိုတတ်သော
စိတ်ဓာတ်။
နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်ပြန်ပြီး
အကျိုးထူး ခံစားခွင့်
ရချင် လိုချင်သော စိတ်ဓာတ်။
ကိုယ့်ထက်သာသူကို
မနာလို ဝန်တိုမှုအပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်။
ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။
တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းလေးမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာ ပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်။
ရှေ့လျှင်တစ်မျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲ ပြောကာ
ချွန်တုံးလုပ်တတ်
ကုန်းတိုက်တတ်သော စိတ်ဓာတ်။
မောက်မာရိုင်းစိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက်
ကင်းမဲ့နေတတ်သော စိတ်ဓာတ်။
အားနည်းသူအား ထုထောင်း၍
အားကြီးသူအား
ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ်
ဂွင်ရိုက်တတ်သော စိတ်ဓာတ်။
အခွင့်အရေးဆို
လိုတာထက်ပိုပြီး ယူတတ်သလောက်
အနစ်နာခံဖို့ကြ
တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။
ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင်
အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kalemyo

25/05/2024