TITAN GYM

TITAN GYM

Share

Keep your body to change💪💪💪

27/08/2026
27/08/2026

1.9.2026 နေ့စပါမယ်နော်

Photos from TITAN GYM's post 11/08/2026

ပေါင်ချိန်၉ဝမှ၁ဝဝဝန်းကျင်ရှိပြီး တစ်လကို၁ပေါင်က‌နေ၂ပေါင်အထိကျချင်တဲ့ မိတ်ဆွေများအတွက် တစ်လစာ DIET PLAN

မနက်စာ
ဘလက်ကော်ဖီ၁ခွက်၊ပေါင်မုန့်၂ချပ်
ကြက်ဉအကာ၅လုံး

နေ့လည်စာ
ထမင်း၆ဇွန်း🍚
အသားငါးဟင်း‌၅တုံး(ဟင်းအဆီအနစ်ဖယ်စားရန်)🍗
အစိမ်းရောင်အရွက်ကြော်(တစ်ရုတ်ထမင်းပန်းကန်၂လုံးစာ)🥗

ညနေစာ
ကန်စွန်းဉပြုတ်အနေတော်၂လုံး

ညစာ
ထမင်း၅ဇွန်း🍚
အသားငါးဟင်း၄တုံး(ဟင်းအဆီအနစ်ဖယ်စားရန်)🍗၊အရည်သောက်ဟင်းချို၁ပန်းကန်၊အစိမ်းရောင်အရွက်ကြော် တစ်ရုတ်ထမင်းပန်းကန်၂လုံးစာ🥗🥗

ဖော်ပြပါplanကို လုံးဝ မစားသင့်သောသူများ🙅
1.အစာအိမ်ရောဂါရှိသူများ
2.အာဟာရချို့တဲ့သူများ
3.အသက်အရွယ်၆ဝအထက်ရှိသူများ
4.နာတာရှည်ရောဂါအခံကြောင့် ဆေး‌ စွဲသောက်နေရသူများ
5.လူပ်ရှားမူ့အလွန်များသူများ(ဉပမာ-အလုပ်ကြမ်းလုပ်ရသူများ၊လေ့ကျင့်ခန်းအပြင်းအထန်လုပ်သူများ)
6.အသက်၂ဝအောက်ကလေးများ
7.ကြောင်စာထက်နည်းတဲ့ပမာဏစားပြီးဝိတ်ချဖူးသူများ၊
8.ဝိတ်ဘယ်လိုချချမကျသူများ မစားသင့်ပါဗျာ။(ဘာကြောင့်လဲ‌ဆိုရင် ဇီဝဖြစ်စဉ်နှေးနေလို့ပါ)

Plan စားဖို့လိုအပ်သူများ💁
1.ကျန်းမာပြီး အသက်၆ဝထက်မကျော်သူများ
2.အထိုင်အထအသွားအလာခက်ခဲလို့မဖြစ်မနေဝိတ်ချဖို့လိုအပ်နေသူများ
3.ပွဲလမ်းတစ်ခုခုရှိလို့ မဖြစ်မနေပိန်ချင်သူများ
4.လူပ်ရှားမူ့နည်းသူများ စားလို့ရပါတယ်ခင်ဗျာ။

(ဂရုပြုရန်)
ကယ်လိုရီအတိအကျတွက်ချက်ထားတဲ့ diet plan မို့ အခုdiet plan စားနေတဲ့ တစ်လတာကာလအတွင်း planထက်ပိုတဲ့အစားအစာဘာမှစားလို့မရပါ၊planအတိုင်းအတိအကျစားပေးပါ၊တစ်လပြည့်ပါကပေါင်ချိန်တိုင်းပြီးရလာဒ်သိပြီးမှ မိတ်ဆွေစားချင်တာစားပါဗျာ။
Diet plan တစ်လစားပြီး မိတ်ဆွေတို့ရဲ့ ရလာတဲ့ ရလာဒ်ကို ကျန်နော့်ရဲ့ cbမှာလာပြောပေးပါခင်ဗျာ။
နောက်ရက်များမှာလည်းပေါင်ချိန်အလိုက်စားရမယ့် ကယ်လိုရီအတိအကျတွက်ချက်ပြီးသားdiet planကိုတင်ပေးပါဦးမယ်ခင်ဗျာ။

အဆင်ပြေကြပါစေခင်ဗျာ
ကျန်နော်တက်နိုင်တဲ့ဘက်ကမိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုအတိုင်းထက်အလွန်ကောင်းမွန်အောင်အချိန်ပေးပြီး ကူညီပေးထားတာမို့ ကျန်နော့်ရဲ့စေတနာနဲ့
ကျန်နော့်ပညာကို‌တန်ဖိုးထားပြီးတော့diet plan ကို အတိအကျစားပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။

ဝိတ်ချနည်းလမ်းအမှန်များကိုသိရှိလိုပါက ကျန်နော်တို့pageကို follow လုပ်ခဲ့ပါဗျာ

11/08/2026

Gym ကို လူတော်တော်များများက အားလပ်ချိန်ဖြုန်းရာနေရာလို့ ထင်ကြပေမယ့် တကယ်တော့ အဲ့ဒီနေရာဟာ ကိုယ့်အတွက် အရေးကြီးတဲ့ “ပြန်လည်တည်ဆောက်ရေးအချိန်” ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ အချိန်အများစုကို အလုပ်၊ စာသင်၊ လူမှုဆက်ဆံရေးတွေအတွက် ပေးနေရပြီး ကိုယ့်ကိုယ်ကိုယ်အတွက် သီးသန့်အချိန် မထားနိုင်တတ်ပါဘူး။ Gym သွားခြင်းကတော့ အဲ့ဒီလို အချိန်ကို ကိုယ့်အတွက် သီးသန့်ထားခြင်းတစ်မျိုးပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခန္ဓာရဲ့ အခြေခံစနစ်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုကောင်းလာခြင်း၊ အင်အားတိုးလာခြင်း၊ ကိုယ်လှုပ်ရှားနိုင်မှု မြင့်တက်လာခြင်းတို့က နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေပါတယ်။ တချို့လူတွေက Gym ကို ခက်ခဲတဲ့ weight တွေနဲ့ပဲ ချိတ်ဆက်ကြပေမယ့် အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ လှုပ်ရှားပေးနိုင်ခြင်းပါပဲ။

ထို့အပြင် Gym ဟာ စိတ်ပိုင်းဆိုင်ရာထိန်းညှိမှုကိုလည်း အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ အာရုံစိုက်ရတာက ကိုယ့်လှုပ်ရှားမှု၊ ကိုယ့်အသက်ရှူနဲ့ ကိုယ့်စွမ်းအားပဲ ဖြစ်တာကြောင့် စိတ်ပူပန်မှုတွေကို အချိန်အနည်းငယ်အတွက် ဖယ်ရှားနိုင်ပါတယ်။ အဲ့ဒီလို စိတ်ရှင်းလင်းလာမှုက ဆုံးဖြတ်ချက်ချရာမှာလည်း ပိုမိုတည်ငြိမ်စေပါတယ်။

Gym က သင်ပေးသွားတဲ့ အရေးကြီးဆုံးသင်ခန်းစာကတော့ “အချိန်ယူရင် ပြောင်းလဲနိုင်တယ်” ဆိုတာပါ။ ရလဒ်ကို ချက်ချင်းမမြင်ရပေမယ့် ဆက်လက်လုပ်ဆောင်သွားရင် အနည်းငယ်စီ ပြောင်းလဲလာတာကို မြင်ရမှာပါ။ အဲ့ဒီပြောင်းလဲမှုက ခန္ဓာကိုယ်ပဲ မဟုတ်ဘဲ စိတ်ဓာတ်နဲ့ အတွေးအမြင်တွေထိ သက်ရောက်စေနိုင်ပါတယ်။

အဆုံးမှာတော့ Gym ဆိုတာ ကိုယ့်ကိုယ်ကို စနစ်တကျပြန်လည်ထူထောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်ဘဝအရည်အသွေးကို မြှင့်တင်ဖို့အတွက် ရင်းနှီးမြှုပ်နှံနေခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

01/06/2026

19/05/2026

💪 ဘာကြောင့် လူတိုင်း Gym ဆော့သင့်သလဲ!

1️⃣ ကျန်းမာရေးအတွက်
➡️ ကိုယ်ခံအားကောင်းပီး နှလုံးအဆုတ်သန်မာလာကာ ကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပါတယ်။🧍

2️⃣ စိတ်ကျန်းမာရေးအတွက်
➡️ စိတ်ဖိစီးမှုလျော့ကျစေပီး အာရုံစိုက်နိုင်စွမ်းတိုးမြင့်မားပီး Self-confidence မြင့်မားလာမှာပါ🧠

3️⃣ နေ့စဉ်ဘဝအတွက်
➡️ စွမ်းအင်‌ တွေတိုးလာကာ အလုပ်တွေအတွက်လွယ်ကူပီး အကျင့်ကောင်းတစ်ခု ဖြစ်လာမှာပါ။💪

🙆 “gym" ဆော့တာ” ဟာ လူတိုင်းအတွက် မတူညီပေမယ့် အကျိုးကျေးဇူးတော့ လူတိုင်းရရှိနိုင်ပါတယ်။👀

✨ Gym ဆော့တာ က သာမန် Body Shape အတွက်သာ မဟုတ်ပါဘူး။
ဘဝတစ်ခုလုံးကို တိုးတက်အောင် ပြောင်းလဲပေးနိုင်မယ့် အရာပါ!🙆

ခုလိုမျိုးစာလေးတွေ အမြဲ"တင်ပေးနေတာမလို့ကျွန်တော့်တို့ရဲ့ page လေးကို follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်🤗

29/01/2026

**“Gym ကိုလာတာက လူတွေကို ပြဖို့ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့၊
ကိုယ့်ဘဝကို တန်ဖိုးထားလို့ လာတာပါ။

အလေးတွေက လေးတယ်၊
လေ့ကျင့်ခန်းတွေက ပင်ပန်းတယ်၊
ဒါပေမယ့် ဒီအရာတွေကြားထဲမှာပဲ
ကိုယ့်ရဲ့ စည်းကမ်းနဲ့ စိတ်ဓာတ် တဖြည်းဖြည်း မွေးဖွားလာတယ်။

နေ့တိုင်း မပြည့်စုံနိုင်ပေမယ့်
နေ့တိုင်း ကြိုးစားလာနိုင်တာကို
ကိုယ့်ကိုယ်ကို လေးစားသင့်ပါတယ်။

Gym ထဲမှာ မတိုးတက်သေးရင်တောင်
ကိုယ် မရပ်သေးဘူးဆိုတာက အနိုင်ပါပဲ။
ဒီနေ့ ချွေးကျနေတာက
မနက်ဖြန် နာမကျင်အောင် ကာကွယ်ပေးနေတာ။

ဒီနေ့ အချိန်ပေးနေတာက
အနာဂတ်မှာ ကိုယ့်ကိုယ်ကို အချိန်ပေးနိုင်ဖို့ပါ။
Gym ဆိုတာ
ခဏတာ ပင်ပန်းမှုနဲ့
အချိန်ရှည် ကျန်းမာမှုကို လဲလှယ်တဲ့နေရာ။
ဒီလမ်းကို ရွေးထားတဲ့ ကိုယ့်ကိုယ်ကို
တစ်နေ့တော့ ကိုယ်တိုင်ပဲ ဂုဏ်ယူလာမယ် 💚🏋️‍♂️

28/01/2026

💪 Gym ဆိုတာ Body Shape ပြောင်းဖို့အတွက်ပဲ မဟုတ်ပါဘူး
ကိုယ့်ဘဝကို ပြောင်းလဲဖို့ အစပြုတဲ့ နေရာတစ်ခုပါ။
နေ့စဉ် Gym ဆော့ခြင်းက ခန္ဓာကိုယ်ကို သန်မာစေသလို
စိတ်ကိုလည်း တည်ငြိမ်စေပြီး
နေ့စဉ်ကြုံတွေ့ရတဲ့ Stress တွေကို ဖြည်းဖြည်း ဖယ်ရှားပေးပါတယ်။
ချွေးတစ်စက်စက် ကျလာတိုင်း
ကိုယ့်အားနည်းချက်တွေကို ကျော်ဖြတ်နေတာပါ။
အလေးချိန်တက်လာတိုင်း
ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တစ်နေ့တစ်နေ့ တိုးလာပါတယ်။
ဒီနေ့ ပင်ပန်းတယ်ဆိုတာ
မနက်ဖြန် သန်မာလာမယ့် ကိုယ့်ကိုယ်အတွက်ပါ။
မစချင်တဲ့နေ့ကပဲ
အမှန်တကယ် စရမယ့်နေ့ဖြစ်ပါတယ်။
မနက်ဖြန်မဟုတ်ပါဘူး…
ဒီနေ့ပဲ Gym ကို စလိုက်ပါ 💯

27/01/2026

ကျန်နော် အဆီချ၊ဝိတ်ချပြီး(Cutting)လုပ်စဉ်က
🎯တစ်ရက်ကို၅နာရီထက်ပိုမထိုင်ပဲလူပ်လူပ်ရှားရှားနေတယ်။ကျန်နော့်ရဲ့gymမှာလုပ်စရာရှိတဲ့အလုပ်တွေကို ကိုယ့်ဘာသာကိုလုပ်တယ်။အောက်ခြေသိမ်းကအစပေါ့၊ဘာကြောင့်လဲဆိုရင် လေ့ကျင့်ခန်းမဟုတ်သော ကိုယ်လက်လူပ်ရှားမူ့(NEAT)ပမာဏမြင့်ပြီး ကယ်လိုရီလောင်ကျွမ်းမူ့ပိုများအောင်ပါ။

🎯နေ့တိုင်းပေါင်ချိန်စက်ပေါ်တက်တာရှောင်တယ်၊
ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ပြောင်းလဲဖို့ရာ ပေါင်ချိန်ကျဖို့ထက် အဆီ%ကျဖို့ကသာ အဓိကဖြစ်ကြောင်းသိလို့ပါပဲ။

🎯တစ်ပတ်ကို၅ရက် တစ်ရက်ကိုမိနစ်၄ဝခန့် ဝန်သုံးလေ့ကျင့်ခန်းတွေကို ထိထိမိမိနဲ့ပြင်းပြင်းထန်ထန်လုပ်တယ်။
ရှိနေတဲ့ကြွက်သားထုထည်မကျသွားအောင်ပေါ့။

🎯အစားအရမ်းလျော့စားတာမျိုးမလုပ်ခဲ့ဘူး။တစ်နေ့အနပ်ငယ်၅ကြိမ်ခွဲစားတယ်။စားတဲ့အနပ်တိုင်းအသားငါးနဲ့အသီးအရွက်ကို ထမင်းပမာဏထက်၃ဆပိုစားတယ်။

🎯အိပ်‌ရေးဝအောင်အိပ်တယ်။အနည်းဆုံးတစ်ရက်ကိုအိပ်ချိန်၇နာရီမဖြစ်မနေအိပ်တယ်။

🎯တစ်ပတ်၃ရက်တစ်ရက်၁နာရီခန့်ကို မြန်မာ့ရိုးရာသိုင်းပညာဖြစ်တဲ့ ဗန်ဒိုပညာကို အပြင်းအထန်trainတယ်။

🎯ဗိုက်ဆာရင် ကြက်ဉအကာစားမယ်။အစားမစားခင်ရေတစ်ခွက်အဝသောက်တယ်။အစာစားတိုင်းကျေညုက်နေအောင်ဖြည်းဖြည်းချင်းဝါးစားတယ်။စိတ်ဖိစီးမူ့လျော့ချတယ်။
စိတ်ပျော်ရာလုပ်တယ်။တရားထိုင်တယ်၊သီချင်းနားထောင်၊ဂိမ်းဆော့၊ကိုယ်ဝါသနာပါရာကို တစိုက်မတ်မတ်လုပ်ခဲ့တယ်။

💁အဲ့လောက်ပါပဲ ထွေထွေထူးထူးရယ်လို့မရှိခဲ့ပါဘူး။
👆အထက်အချက်တွေထက်အရေးကြီးဆုံးကတော့
body transformationအတွက် စိတ်မလောပဲ
မဖြစ်မနေ အချိန်တစ်ခုပေးတာပါပဲ။

🚨သူများတွေနဲ့မနိူင်းယှဉ်ပဲ🙅ကိုယ့်ရဲ့ဖြစ်တည်မူ့၊
ကိုယ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မူ့ပေါ်မှာမူတည်ပြီး
စိတ်ရှည်ရှည်နဲ့ကြိုးစားခဲ့တာပါပဲဗျ။

27/01/2026

Gym ဆော့ခြင်းက ကိုယ်လက်အလှအပအတွက်ပဲ မဟုတ်ပါဘူး။

💥 ကိုယ်ခံအားကောင်းစေတယ်
💥 စိတ်ဖိစီးမှုလျော့စေတယ်
💥 ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတယ်

နေ့တိုင်း အနည်းငယ်ပဲဖြစ်ဖြစ် လေ့ကျင့်ပါ 💯
မနေ့ကကိုယ်ထက် ဒီနေ့ကိုယ်က ပိုကောင်းလာဖို့ပဲလိုတာပါ 🔥

No excuses. Just discipline.
Start today. Be stronger tomorrow. 💪

Category

Telephone

Website

Address

Kyaukpadaung

Alerts

Be the first to know and let us send you an email when TITAN GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kyaukpadaung.