Beauty by Nwe

Beauty  by Nwe

Share

မိမိသိလိုသောနိမိတ်များအား တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်သည်
vbno 09454577710

Photos from Beauty  by Nwe's post 27/04/2026

#ရုက္ခစိုးအကူအညီတောင်းသောဂါထာ
ပါမောက္ခချုပ်ဆရာတော် ညွှန်ပြထားသော
#နတ်တို့အကူအညီရစေသော အာဋာနာဋိယသုတ္တ ထဲမှ
အပိုဒ်ငယ်...

✴""ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
တေပိ အမှေ နုရက္ခန္တု၊ အာရောဂေန သုခေန စ။

အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
တေပိ အမှေ နုရက္ခန္တု၊ အာရောဂေ န သုခေန စ။

ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။
ပုညံ နော အနုမောဒိတွာ၊ စိရံ ရက္ခန္တု သာသနံ။

အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။
ပုညံ နော အနုမောဒိတွာ၊ စိရံ ရက္ခန္တု သာသနံ။""✴

ရုက္ခစိုးတွေကို ဆုတောင်းတဲ့အခါ ကျွန်တော် ဒီအပိုဒ်လေး
၄၉ ခေါက် အမြဲရွတ်ပါတယ်......

မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်တွေပြည့်မြောက်ဖို့ အနီးဆုံးညောင်ပင် သို့မဟုတ် ရုက္ခစိုးကျောင်းဆောင်မှာသွားပြီး
အမွှေးတိုင်ဖယောင်းတိုင် လှူဒါန်းပြီး
ဂါထာ ၄၉ ခေါက်ရွတ်၍ ဆုတောင်းနိုင်ပါတယ်...

#လိုရာပြည့်စုံအောင်မြင်ကြပါစေ

ထံမှကူးယူဖော်ပြသည်။

12/03/2026
12/03/2026

ဒီvideoကိုမြင်ရင် သင်အဆင်ပြေပြီ🍀

ကံကောင်းမှုတွေလက်ခံရယူရန် အဆင်ပြေပျော်ရွှင်ရပြီလို့ မန့်ခဲ့ပါရှင်🙏🙏🙏🙏🙏

11/03/2026

ကိုယ့်မှာရှိနေတဲ့အခက်အခဲတစ်စုံတစ်ရာအတွက် ဘာဖြစ်လာမလဲဆိုပြီး တားတော့မေးကြည့်ချင်နေလား

နွယ် တတ်ထားတဲ့ပညာလေးနဲ့ဖြစ်လာမဲ့နိမိတ်ကိုဟောပေးမယ်နော်
ပညာဒါနအနေနဲ့ တစ်ယောက်ကို မေးခွန်းတစ်ခုစီဟောပေးပါမယ်ရှင့်

၉ရက်ဆက်တိုက်ဟောပေးပါမယ်ရှင့်
တစ်ရက်ကို ၉ယောက်နှုန်းနဲ့ဟောပေးပါမယ်ရှင့် (11.3.26)ကစပြီး မှတ်ပါမယ်ရှင်

မေးမြန်းလိုသူများ comမှာ အမည်အရင်းနဲ့နေ့နာမ်လေးရေးပြီးမန့်ခဲ့ပါရှင့်

ပထမဆုံးမန့်တဲ့သူက နံပါတ်(၁)ဆိုပြီးတပ်ပေးခဲ့ပါရှင် ကျန်လူများလည်း အစဉ်လိုက်နံပါတ်လေးတွေတပ်သွားပေးကြပါရှင်🙏

ယခုPostကို shareပေးခြင်းဖြင့်လည်း တခြားမေးဖို့လိုအပ်နေသူများထံရောက်အောင်လည်း ကူညီပေးခဲ့ကြပါအုန်းနော်🙏

#တားတော့
#ပညာဒါန 🙏🙏🙏
် ကျမနှင့်ဘဝအဆက်ဆက် သံသရာအဆက်ဆက်ကရေစက်ပဌာန်းဆက်ရှိခဲ့ဖူးသူများထံ၌သာ ရောက်ပါစေမြင်ပါစေသား🙏🙏🙏
#ပူပင်သောကတွေကင်းဝေးကြပါစေရှင်🙏🙏🙏

11/03/2026

သည်းခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်အေးတတ်လာတယ်..

ကြင်နာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

တန်ဖိုးထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အရာရာကို တလေးတစား
လုပ်တတ်လာတယ်..

ကိုယ်ချင်းစာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စာနာတတ်လာတယ် ။

ပျော်ပျော်နေတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

ကြိုးစားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ တိုးတက်ချင်စိတ်တွေ
မွေးဖွားလာတယ်..

မေတ္တာထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

သတိရှိတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အသိ သတိတွေနဲ့
နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

ရိုးသားတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အစစ်အမှန်တွေကို
ထုတ်သုံးတတ်လာတယ်..

နာခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နာခံတတ်လာပြီး
အကောင်း/အဆိုးကိုခွဲခြားနိုင်လာတယ်..

စိတ်နှလုံးကောင်းတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ သူတော်ကောင်းစိတ်တွေ
မွေးမြူလာတယ်..

#တကယ်တော့
အကြောင်းတရားကောင်းမှ
အကျိုးတရား လှတာပါ ။

31/01/2026

📢မနက်ဖြန် (1-2-2026)ကစပြီး တက်ဈေးလေး နဲ့ ဝယ်ရမယ့် HM skincare ထုတ်ကုန် ၆မျိုးပါရှင့်

15/01/2026

📢 ၂၀၂၆ ဖေဖော်ဝါရီလမှ စတင်၍ စျေးနှုန်းအပြောင်းအလဲရှိမည့်အကြောင်း အသိပေးချက်

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစရိတ်များ
မြင့်တက်လာခြင်းကြောင့် လာမည့် February 2026 မှစတင်၍ အောက်ပါ Skincare ပစ္စည်းများ၏ စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်လိုက်ရပါသည်။

🗓 ဇန်နဝါရီလ (လက်ရှိစျေး) VS ဖေဖော်ဝါရီလ (စျေးနှုန်းသစ်)

✨ Cleanser: 30,000 Ks ➡️ 33,000 Ks
✨ Toner: 30,000 Ks ➡️ 33,000 Ks
✨ Liquid: 35,000 Ks ➡️ 37,500 Ks
✨ Moisturizer: 41,500 Ks ➡️ 45,000 Ks
✨ Eyecream: 31,000 Ks ➡️ 32,000 Ks
✨ Suncream: 31,000 Ks ➡️ 32,500 Ks

ဇန်နဝါရီလအတွင်း ဝယ်ယူသူများအနေဖြင့် လက်ရှိစျေးနှုန်းဟောင်းဖြင့်သာ ရရှိမည်ဖြစ်သောကြောင့် အခုပဲ မှာယူထားရင် စျေးတန်တန်နဲ့ရပါမယ်

11/01/2026

#မကြည်မသာစိတ်ကို သတိထားပါ🙏🏻
အပြင်မှာ ရာသီဥတုရှိသလို
စိတ်ထဲမှာလည်း ရာသီဥတုရှိပါတယ်နော်။ 🙏🏻
တစ်ခါတလေ သာသာယာယာ ရှိနေတယ်။ 🙏🏻
တစ်ခါတလေ အုံ့ဆိုင်းမှုန်မှိုင်းနေတယ်။ 🙏🏻
အုံ့ဆိုင်းမှုန်မှိုင်းနေတာကြီးက အကျင့်ပါသွားရင် အရင်းရှုံးတယ်။🙏🏻

ကိုယ်ကသာ ဉာဏ်ရှိတဲ့သူဆိုရင်
အပြင်က ရာသီဥတုကိုတော့ သွားပြောင်းလို့ မရနိုင်ပေမယ့် ကိုယ့်စိတ်ရာသီဥတုကိုတော့ ပြောင်းလို့ရပါတယ်။🙏🏻

အခု ကိုယ့်စိတ်ရာသီဥတု ဘယ်နှယ့်နေလဲ
ကောင်းပါတယ် -
ဒေါသဖြစ်နေတာ စိတ်ဆိုးနေတာ မရှိပါဘူး
စိတ်ဓာတ်လည်း မကျပါဘူး လို့
ပြောရင်လည်း ပြောမယ်နော်။ 🙏🏻
အတွင်းကျကျ သေချာစူးစမ်းကြည့်လိုက်ပါ။🙏🏻

ဟိုးအတွင်းထဲမှာ --
ငါ့ကို တန်ဖိုးမထားကြဘူး ... 🙏🏻
ငါ့ရင်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာ
ဘယ်သူမှ မသိချင်ကြဘူး ... 🙏🏻
ငါဟာ တကယ်တော့ အဖော်မဲ့အထီးကျန် ...
ငါကသာ သူတို့ကို နားလည်ပေးရတာ ... 🙏🏻
ဘယ်သူက ဘယ်တုန်းက ငါ့ကို ဘယ်လိုပြောတာ ... 🙏🏻
အဲဒါ ခုထိ မကျေနပ်ဘူး ... 🙏🏻
သူကတော့ မေ့ရောပေါ့ ... 🙏🏻
ခံရတဲ့ငါက ဘယ်မေ့မလဲ ... 🙏🏻
စသဖြင့်
ခံစားချက်တွေ ပြင်းထန်နေတတ်တယ်။ 🙏🏻
အဲဒါကို ပေါ်ပေါ်တင်တင် ဖော်ပြီး မြင်အောင်ကြည့်ပါ။ 🙏🏻

ဒီလို ဖော်ပြီး မြင်အောင် မကြည့်ရင်
ဒီ Negative အတွေးတွေက
သူ့တစ်နေရာတည်း ကွက်ပြီးမနေဘူး။ 🙏🏻
ပြန့်ထွက်သွားတယ်။🙏🏻
ကင်ဆာရောဂါ လိုပဲ။ 🙏🏻
ကိုယ့်ဘဝကို လှိုက်စားပစ်တယ်။ 🙏🏻
ထပ်ခါတလဲလဲ မကျေနပ်တာတွေ တွေးတွေးနေတော့
ကိုယ့် Life တစ်ခုလုံး
Negative ကြီးဖြစ်သွားတယ်။ 🙏🏻

အဲဒါ သိပ်နစ်နာတယ်။🙏🏻

ကိုယ့်ရဲ့ ခံစားချက်တွေကို
ကြည့်တဲ့အခါမှာလည်း သတိလေးကပ်ပြီး ကြည့်ပါ။ စိတ်အေးအေးလေး ကြည့်ပါ။ 🙏🏻
အရေးကြီးဆုံးက ဒါတွေဟာ
ငါထင်သလောက်ကြီး ဆိုးမနေဘူး။ 🙏🏻
ငါ့အတွေးတွေ အကုန်လုံး
အမှန်ချည်းပဲလို့ ယူဆရင် မှားမယ်။ 🙏🏻
ငါလည်း နည်းနည်း အလွန်အကျွံတွေးတတ်တယ်။ 🙏🏻
အဲသလို ကိုယ့်ကိုယ်ကိုယ် သတိပေးထားဖို့ အရေးကြီးပါတယ်။🙏🏻

ဒီလို သတိနဲ့ ဥာဏ်နဲ့
သေသေချာချာ စူးစူးစိုက်စိုက် ကြည့်တာကို ခံလိုက်ရတဲ့
စိတ်အခြေအနေဟာ ကိုယ့်ကို မချယ်လှယ်နိုင်တော့ဘူး။🙏🏻
ကိုယ်က ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်အခြေအနေက ကြိုးကိုင်တာ ခံနေရတဲ့သူ မဟုတ်တော့ဘူး။ 🙏🏻
သူ့သြဇာခံ မဟုတ်တော့ဘူး။ 🙏🏻
အင်မတန် ထူးတဲ့ အတွေ့အကြုံပါ။🙏🏻
စိတ်က ပေါ့သွားတယ်။ 🙏🏻
ကြည်သွားတယ်။ 🙏🏻

ကိုယ့်စိတ်မှာ ဖြစ်တဲ့ အညစ်အကြေးကို
ကိုယ်ကိုယ်တိုင် တည်ဆောက်ထားတဲ့ သတိနဲ့ဥာဏ်ကို
သုံးပြီး ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့သူ
ဖြစ်အောင် လုပ်လိုက်တယ်
ကြည်လင်အေးချမ်းတဲ့သူ ဖြစ်အောင် လုပ်လိုက်တယ်
ကိုယ့်မှာ Positive Power တွေ ဖြစ်ခွင့်ရသွားတယ်။
တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှု တဆက်တည်းဖြစ်လာတယ်။ 🙏🏻
ငါကိုယ်တိုင် လုပ်ယူလိုက်တဲ့ ငါ့ရဲ့ ပျော်ရွှင်မှု။ 🙏🏻
ဘယ်လောက် အားရကျေနပ်စရာ ကောင်းလိုက်သလဲ လို့နော်။🙏🏻

အတွေးတွေကို သတိထားပါ
သူတို့က အကျင့်တွေ ဖြစ်လာမယ် -🙏🏻
အကျင့်တွေကို သတိထားပါ 🙏🏻
သူတို့က စရိုက်တွေ ဖြစ်လာမယ် -🙏🏻

#ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

#အပ်ပမာဒနေ သမ်မာဒထေ ရွှင်လန်းအေးချမ်းပါစေ🙏🏻🙏🏻🙏🏻🙏🏻🙏🏻

Category

Telephone

Website

Address


Magway

Alerts

Be the first to know and let us send you an email when Beauty by Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Magway.