usmile myanmar

usmile myanmar

Share

smile manufactures and sells a comprehensive line of oral care products, with the purpose of helping

Thenue Col.td ကနေ 2022 ခုနှစ်6လပိုင်း မှစတင်ပြီးMyanmar နိုင်ငံရဲ့တစ်ဉီးတည်းကိုယ်စားလှယ်အဖြစ် usmile Products များကိုဖြန့်ချီရောင်းချပေးနေပါပြီ ။

Usmile ဟာသွားနဲ့ခံတွင်းကျန်းမာဆိုင်ရာအသုံးအဆောင်များအဖြစ်

❤ Electric Toothbrush
❤ Water Flosser
❤ သွားတိုက်ဆေး
❤ Dental Floss
❤ ပါးလုပ်ကျင်းရေ
❤ Fresh Spray

စသည်တို့ကိုထုတ်လုပ်ဖြန့်ချီပါသည်။

2015မှ စတင်ဖန်တီးခဲ့သောusmileဟာ Quality ကောင်းမွန်မှုကြောင့် 2020 မှာ 22 Million အထိလူကြိုက်အများဆုံး နှင့် အာဆီယံရဲ့ထိပ်တန်းစာရင်းဝင်Brandတစ်ခုဖြစ်လာခဲ့ပါသည် ။

❤ သွားများကို အထူးဖြူဝင်းတောက်ပစေခြင်း ။

❤ သွားနဲ့သွားဖုံးများကို မထိခိုက်စေတဲ့ US Ingredients များကို အသုံးပြုထားခြင်း ။

❤ မူပိုင်ခွင့် 380 ကျော်နှင့် နိုင်ငံတကာဆု 17 ခုရရှိထားခြင်း ။

တို့ကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ယုံကြည်စိတ်ချထားလို့ရတဲ့ Brand တစ်ခုဖြစ်လာခဲ့ပါသည် ။

usmile လျှပ်စစ် သွားတိုက်များအားလုံးဟာ

❤ တစ်မိနစ် ကို ၃၈၀၀၀ အထိ ပွတ်တိုက်နိုင်စွမ်း ရှိခြင်းကြောင့် သွားများကို အထူးဖြူဝင်းတောက်ပစေခြင်း ။

❤ IPX 7 ပါဝင်ခြင်းကြောင့် ရေစိုခံ ( Water Proof ) ဖြစ်ခြင်း ။

❤ တစ်ခါ အားသွင်း ရက်ပေါင်း ၁၈၀ ( ၆လ )အထိ အသုံးပြုနိုင်ခြင်း ။

❤ နူးညံပြီး ဖွာခြင်းကျိုးခြင်းမရှိသော US ထုတ် Dupont သွားတိုက်တံခေါင်း အမျှင်များကို အသုံးပြုထားခြင်း ။

❤ သွားတိုက်ခေါင်း ပုံစံမှာ 3D Shape ဖြစ်ပြီး 85 % အထိ လုံးဝန်းထားခြင်းကြောင့် သွားဖုံးသားများကို ထိခိုက်မှုမရှိစေပဲ သွားကြိုသွားကြားနေရာ အနှံ့အပြားကို ထိရောက်စွာ သန့်စင်ပေးနိုင်ခြင်း ။


❤ မတော်တဆ အားပြင်းပြင်းနဲ့ သွားတိုက်မိတဲ့အခါ သွားကို ထိခိုက်မှုမရှိ‌အောင် အလိုအလျောက် တုန်ခါမှုကို လျော့ချပေးသော စနစ်ပါဝင်ခြင်း ။

27/08/2026

လူကြိုက်အများဆုံး Model Y10 လေးရဲ့ အသုံးပြုပုံ

26/08/2026

Water Flosser လေးရဲ့ အသုံးပြုပုံအသေးစိတ်

ပထမအဆင့် __ ရေပြွန်ခေါင်းတပ်မယ်
ရေပြွန်ခေါင်း (၃) ခုပါတဲ့ ထဲက ကိုယ်သွားနှင့်အဆင်ပြေရာကိုရွေးချယ်ပါ
ရာဘာအစွပ်နဲ့ ရေပြွန်ခေါင်းက သွား၊ သွားဖုံးအထိခိုက်မခံနိုင်သူတွေအတွက်
ရိုးရိုး ရေပြွန်ခေါင်းက သာမန်သွားပိုင်ရှင်တွေအတွက်
သွားတိုက်ခေါင်းအမျှင် ပုံစံလေးနဲ့ ခေါင်းက Brace တပ်ထားသူတွေအတွက်
(၃) မျိုးစလုံးကတော့ ဘယ်လိုသွားတွေအတွက်ပဲဖြစ်ဖြစ်သုံးလို့အဆင်ပြေပါတယ်

နောက်တစ်ဆင့် __Water Tank ကိုအောက်ကိုဆွဲချမယ်

Mode ရွေးမယ် (Power ခလုတ်ရဲ့ အောက်တန်းတန်းလေးမှာ Mode ရွေးရန်ခလုတ်လေးရှိပါတယ်)

(Mode (4) မျိုးရှိတဲ့အထဲက သွားရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီးရေပြင်းအားကိုရွေးချယ်ပေးရပါမယ်
နောက်တစ်ဆင့်__
ဘေးဘက်မှာရှိတဲ့ အဖုံးလေးကိုဆွဲဖွင့်ပြီးရေထည့်မယ် (Water Tank က ရေ 180 ml ဆံ့ပါသည်)

ဒီလိုလေးအဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ပါးစပ်ထဲထည့်၊ ပါဝါခလုတ်လေးဖွင့်ပြီးသုံးပေးလို့ရပါပြီ

__ အပေါ်သွားနေရာတွေကို (က) ပုံစံလေးဝိုက်သုံးပြီး
__ အောက်သွားနေရာတွေကိုတော့ (ယ) ပုံစံလေးနဲ့ သုံးပေးလို့ရပါတယ်

စစဝယ်ချင်းအားသွင်းစရာမလိုပါဘူး၊ လက်ကျန်အားလေးကိုကုန်အောင်အရင်သုံးပေးပါနော်

အားကုန်ခါနီးရင်တော့ Mode ရွေးတဲ့ ခလုတ်နေရာလေးက မီးနီလေးလင်းပြီးအချက်ပြပေးပါမယ်

Photos from usmile myanmar's post 25/08/2026

🦷 ရိုးရိုးသွားတိုက်တံနဲ့ မတူတဲ့ သန့်ရှင်းမှုကို ခံစားကြည့်ပါ ✨

တစ်နေ့တာ သွားတိုက်ချိန်ကို အချိန်တိုတိုနဲ့ ပိုပြောင်၊ ပိုသန့်ရှင်းတဲ့ သွားလေးတွေ ရချင်တယ်ဆိုရင်
usmile Y10 Electric Toothbrush လေးကို ရွေးချယ်ကြည့်ပါ 💙

⚡ Sonic Motor Technology နဲ့ တစ်မိနစ်ကို 38,000 ကြိမ်အထိ တုန်ခါပေးနိုင်တာကြောင့် သွားမျက်နှာပြင်ပေါ်က plaque နဲ့ အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်

✨ Y10 ရဲ့ အားသာချက်တွေကတော့—

💢 Mode မျိုးစုံနဲ့ ကိုယ့်လိုအပ်ချက်အလိုက် ရွေးချယ်အသုံးပြုနိုင်ခြင်း

💢LED Screen ပါဝင်လို့ အသုံးပြုမှုအခြေအနေနဲ့ သွားတွေပြောင်၊ မပြောင်သိရှိနိုင်ခြင်း

💢 သွားနဲ့ သွားဖုံးကို ပိုဂရုစိုက်ပြီး သန့်ရှင်းပေးနိုင်ခြင်း

💢 ရိုးရိုးသွားတိုက်တံထက် ပိုမိုထိရောက်တဲ့ သွားတိုက်မှုကို ရရှိစေခြင်း

နေ့တိုင်း ၂ မိနစ်လောက်ပေးရုံနဲ့ သွားလေးတွေ ပိုသန့်၊ ပိုပြောင်ပြီး ကိုယ့်အပြုံးကို ပိုယုံကြည်မှုရှိလာစေဖို့ 🪥✨

💙 usmile Y10 — နေ့တိုင်းရဲ့ Oral Care ကို Smart ဖြစ်အောင် ပြောင်းလဲလိုက်ပါ…💯

💰 Price _ 280,000 Ks

Photos from usmile myanmar's post 24/08/2026

Flossing လုပ်ပေးခြင်းက သွားကျန်မားရေးအတွက်ဘယ်လိုအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲ ❓

Flossing လုပ်ပေးခြင်းက သွားတိုက်တံနဲ့ မရောက်လွယ်တဲ့ သွားကြားနေရာတွေကို သန့်ရှင်းပေးနိုင်တာကြောင့် နေ့စဉ် Oral Care မှာ အရေးကြီးပါတယ်

အဓိကအကျိုးကျေးဇူးတွေက—

🦷 သွားကြားက အစားအစာအကြွင်းအကျန်တွေ ဖယ်ရှားပေးနိုင်ခြင်း

သွားတိုက်ရုံနဲ့ မရောက်နိုင်တဲ့ သွားကြားထဲက အစားအစာအမှုန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်

✨ Plaque (သွားချေး) စုပုံမှုကို လျှော့ချပေးနိုင်ခြင်း

သွားကြားမှာ plaque စုပုံလာတာကို ကူညီလျှော့ချပေးပြီး သွားပိုးစားနိုင်ခြေကို လျော့စေနိုင်ပါတယ်

🩸 သွားဖုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း
သွားကြားနဲ့ သွားဖုံးအနားမှာ plaque မစုပုံအောင် သန့်ရှင်းပေးခြင်းက သွားဖုံးရောင်ရမ်းခြင်း၊ သွားဖုံးသွေးထွက်ခြင်းတို့ကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေပါတယ်

🌿 ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချနိုင်ခြင်း
သွားကြားထဲမှာ အစားအစာအကြွင်းအကျန်တွေ ကြာကြာကျန်နေရင် ခံတွင်းနံ့မကောင်းဖြစ်စေနိုင်တာကြောင့် flossing က အဲဒီအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်

😁 ခံတွင်းသန့်ရှင်းပြီး Fresh ဖြစ်စေခြင်း
သွားတိုက်ခြင်း + သွားကြားသန့်ရှင်းခြင်းကို ပုံမှန်လုပ်ပေးရင် ပိုမိုပြည့်စုံတဲ့ Oral Care Routine တစ်ခု ဖြစ်လာပါတယ်
အထူးသဖြင့် Braces တပ်ထားသူတွေ၊ သွားကြားကျဉ်းတဲ့သူတွေ၊ အစားအစာ သွားကြားထဲ မကြာခဏညှပ်တတ်သူတွေအတွက် flossing က ပိုအရေးကြီးပါတယ်

22/08/2026

✨ မြင်မြင်ချင်း သဘောကျ… ကိုင်ကြည့်ချင်စရာ usmile Water Flosser 💜

ခံတွင်းသန့်ရှင်းရေးအတွက် အသုံးဝင်ရုံတင်မကဘဲ အရောင်လေးကအစ လှပပြီး Premium ဆန်နေတဲ့ usmile Water Flosser လေး 💜

💜 ချစ်စရာကောင်းတဲ့ Soft Purple Color
💦 100% Waterproof
🔄 360° Rotatable Nozzle
✨ Plaque 99.99% Removal
🔋 90-Day Battery Life

Bathroom ထဲမှာထားထားရင်တောင် မြင်မြင်ချင်း လက်လှမ်းမီချင်စရာ ဒီဇိုင်းလေးနဲ့
“ဒါလေးရှိရင် နေ့တိုင်း Oral Care လုပ်ချင်လာမယ်” ဆိုတဲ့ Feeling မျိုးပေးနိုင်တဲ့ Water Flosser လေးပါ 😍

သွားကြားထဲက အစားအစာအကြွင်းအကျန်တွေကို သန့်ရှင်းပေးရင်း….

သန့်ရှင်းတဲ့ခံတွင်း + လှပတဲ့ Smile + ကိုယ်ပိုင် Style ကို တစ်ခါတည်းရယူလိုက်ပါ 💜✨

📩 ဒီအရောင်လေးကို မြင်ပြီး သဘောကျသွားပြီဆိုရင် usmile Water Flosser အကြောင်း အသေးစိတ်သိချင်တာကို Chat Box မှာ လာမေးလို့ရပါတယ်နော်

💰 Price _ 285,000 Ks

Photos from usmile myanmar's post 20/08/2026

🪥Electric Toothbrush တစ်ချောင်းဝယ်တာမဟုတ်ဘူး... ရေရှည်ခံတွင်းကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံတာပါ

usmile ဟာ လှပသေသပ်တဲ့ Design နဲ့သာမက အရည်အသွေးမြင့် Performance ကြောင့် ကမ္ဘာတစ်ဝန်းက သုံးစွဲသူများ ယုံကြည်ရွေးချယ်တဲ့ Brand တစ်ခုပါ

🥇အရည်အသွေးမြင့် ထုတ်လုပ်မှု

🥇ကြာရှည်ခံ Battery

🥇နေ့စဉ်အသုံးပြုဖို့ အဆင်ပြေတဲ့ Design

🥇 ပေးရတဲ့ဈေးနဲ့ တန်တဲ့ Premium Quality

တစ်ခါရွေးချယ်လိုက်တာနဲ့ နေ့တိုင်း သန့်ရှင်းမှုနဲ့ ယုံကြည်မှုကို ခံစားနိုင်ပါတယ်…💯

🪥 သာမန်သွားတိုက်တံတွေနဲ့ တိုက်ရခက်တဲ့ သွားအတွင်းပိုင်းမျက်နှာပြင်နှင့် အံဆုံးနေရာတွေကို လွယ်ကူထိရောက်စွာသန့်ရှင်းပေးနိုင်လို့ သွားတိုက်ပြီးချိန်တိုင်း ပိုပြောင်၊ ပိုသန့်တဲ့ ခံစားချက်ကို ရရှိစေမှာပါ

💢 Update Model တွေမှာဆို သွားတွေပြောင်၊ မပြောင် သိရှိနိုင်တဲ့ Oral Map & LED Screen တွေလဲပါရှိပါသေးတယ်

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အဘက်ဘက်ကနေ ပြီးပြည့်စုံလွန်းတဲ့ဖန်တီးမှုကြောင့် usmile သွားတိုက်တံတစ်ချောင်းဝယ်လိုက်တာ သွားတွေသန်စွမ်းကျန်းမာနေဖို့ ရေရှည်အတွက် ရင်းနှီးမြှပ်နှံမှုတစ်ခုပါပဲရှင်…💯

19/08/2026

💰ဈေးသင့်ပြီး နေ့စဉ်သွားကျန်းမာရေးအတွက် အားကိုးရတဲ့ 𝐌𝐨𝐝𝐞𝐥 𝐏10 🪥✨

𝐌𝐨𝐝𝐞𝐥 တွေအများကြီးထဲမှာ P10 လေးက ဈေးနှုန်းသင့်တင့်ပြီး နေ့စဉ် 𝐎𝐫𝐚𝐥 𝐂𝐚𝐫𝐞 𝐑𝐨𝐮𝐭𝐢𝐧𝐞 အတွက် လိုအပ်တဲ့ တွေကို ပြည့်ပြည့်စုံစုံပေးနိုင်တဲ့ 𝐌𝐨𝐝𝐞𝐥 တစ်ခု ပါ

🦷 သွားတွေကို ပိုမိုသန့်ရှင်းစွာတိုက်ပေးနိုင်ခြင်း

သာမန်သွားတိုက်တံနဲ့ မလွယ်ကူတဲ့ သွားမျက်နှာပြင်ပေါ်က အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်လို့ နေ့စဉ်သွားကျန်းမာရေးကို ပိုကောင်းမွန်အောင် ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေပါတယ်။

✨ သန့်ရှင်းရေး မုဒ် (၃) မျိုး

ကိုယ့်ရဲ့ သွားနဲ့ခံတွင်းအခြေအနေအလိုက် သင့်တော်တဲ့ Mode ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

🔋 Battery အားသွင်းပြီး ရေရှည်အသုံးပြုနိုင်ခြင်း

နေ့တိုင်းအသုံးပြုရတာ အဆင်ပြေပြီး မကြာခဏ အားသွင်းပေးနေရတဲ့အခက်အခဲကိုလည်း လျော့နည်းစေပါတယ်

ဒါကြောင့် ဈေးကြီးတဲ့ Model တစ်ခုကို မရွေးချယ်ချင်သေးပေမယ့် 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐓𝐨𝐨𝐭𝐡𝐛𝐫𝐮𝐬𝐡 ရဲ့ အကျိုးကျေးဇူးတွေကို ခံစားချင်သူတွေအတွက် P10 က ရွေးချယ်သင့်တဲ့ Model လေးတစ်ခုပါပဲရှင်…💯

🦷 သွားဖုံးသွေးယိုခြင်း
🦷 သွားနာခြင်း/ သွားပိုးစားခြင်း
🦷 သွားဝါခြင်း
စတဲ့ ခံတွင်းပြဿနာတွေကိုလဲ လျော့ချပေးနိုင်ပါတယ်

P10 နဲ့ 𝐎𝐫𝐚𝐥 𝐂𝐚𝐫𝐞 𝐑𝐨𝐮𝐭𝐢𝐧𝐞 ကို ပိုမိုလွယ်ကူအောင် စတင်လိုက်ပါ

💰 Price - 178,000 Ks

17/08/2026

🦷 မိသားစုတိုင်းအတွက် Healthy Smile တစ်ခုစီပိုင်ဆိုင်ဖို့ 💙

မိသားစုဝင်တိုင်းရဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်တွေက မတူကြပေမယ့် သွားနဲ့ခံတွင်းကျန်းမာရေးကို နေ့စဉ်ဂရုစိုက်ဖို့ကတော့ အတူတူပါပဲ✨

👨‍👩‍👧‍👦 မိသားစုတစ်စုလုံးအတွက် usmile Family Pack လေးနဲ့ နေ့စဉ် Oral Care Routine ကို ပိုမိုပြည့်စုံအောင် စတင်လိုက်ပါ

🪥 Electric Toothbrush – သွားပေါ်က plaque နဲ့ အညစ်အကြေးတွေကို ထိရောက်စွာသန့်ရှင်းပေးနိုင်ရန်

💦 Water Flosser – သွားကြားနဲ့ သွားဖုံးတစ်ဝိုက်မှာ ကျန်ရှိနိုင်တဲ့ အစာအကြွင်းအကျန်တွေကို သန့်ရှင်းပေးရန်

👧 Kids-friendly Design – ကလေးတွေအတွက်လည်း အသုံးပြုရလွယ်ကူပြီး သွားတိုက်တဲ့အကျင့်ကောင်းလေးတွေ စတင်ပျိုးထောင်ပေးရန်

မနက်တိုင်း သွားတိုက်တာကနေ ညတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အထိ…
မိသားစုတစ်စုလုံးရဲ့ ကျန်းမာတဲ့အပြုံးတွေကို usmile နဲ့ အတူစောင့်ရှောက်လိုက်ပါ....💙✨

Healthy Teeth 🦷 + Fresh Breath 🌿 + Confident Smile 😊
= ပျော်ရွှင်တဲ့ usmile Family 👨‍👩‍👧‍👦

📩 မိသားစုအတွက် ဘယ် Set လေးက ပိုသင့်တော်မလဲ သိချင်ရင် usmile Myanmar ကို Message ပို့ပြီး မေးမြန်းနိုင်ပါတယ်ရှင်…🥰

15/08/2026

ခံတွင်းနံ့ဆိုးကို လျော့ချပေးပြီး ဝါညစ်နေတဲ့သွားတွေကို ဖြူဝင်းလာစေမယ့် Fresh White Toothpaste

အရသာ (၅) မျိုးနဲ့ ထွက်ရှိထားပြီး

3 ဗူးဝယ်တာနဲ့ သွားကြားညှပ်တဲ့အခါ သုံးဖို့ Floss sticks အထုပ်လေးကို လက်ဆောင်ထည့်ပေးသွားမှာပါရှင်

💰Price - 26000 Ks

ဝယ်ယူရန်

🏡 မန္တလေးဆိုင်လိပ်စာ

68 st, 34 st & 35 st, ချမ်းအေးသာစံမြို့နယ်

☎️ 09940001064

🏡 ရန်ကုန်ဆိုင်လိပ်စာ

အမှတ် ၂၁/A ဗိုလ်ရာညွှန့်လမ်းပေါ် နဝဒေးနှင့်ယောမင်းကြီးလမ်းကြား၊ ဒဂုံမြို့ထဲ

☎️ 09792535180

Photos from usmile myanmar's post 14/08/2026

🦠🦷 သွားပိုးစားခြင်းကိုဖြစ်စေတာက

🍩🍭🍫အချိုမုန့်တွေစားပြီးချိန် သွားကြားထဲမှာ ကပ်ကျန်ခဲ့တဲ့အစာကျန်တွေကို သေချာသန့်ရှင်းမပေးလို့ပါ

သွားပိုးပေါက်ထဲမှာ အစာကျန်နဲ့ ဘက်တီးရီးယားတွေက အလွယ်တကူစုပုံတတ်တာကြောင့် ခံတွင်းနံ့ကိုလဲ ပိုပြီးဆိုးရွားစေနိုင်ပါတယ်

ဒီလိုသွားပိုးစားခြင်းနှင့် ခံတွင်းနံ့ဆိုးရွားခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် 𝐮𝐬𝐦𝐢𝐥𝐞 𝐖𝐚𝐭𝐞𝐫 𝐅𝐥𝐨𝐬𝐬𝐞𝐫 & 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐓𝐨𝐨𝐭𝐡𝐛𝐫𝐮𝐬𝐡 လေးကိုတွဲသုံးပေးလို့ရပါတယ်ရှင်

🪥 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐓𝐨𝐨𝐭𝐡𝐛𝐫𝐮𝐬𝐡
➡️ သွားမျက်နှာပြင်ပေါ်က plaque နဲ့ အစားအစာအကြွင်းအကျန်တွေကို သန့်ရှင်းပေးနိုင်ပါတယ်

💦 𝐖𝐚𝐭𝐞𝐫 𝐅𝐥𝐨𝐬𝐬𝐞𝐫
➡️ သွားကြား၊ သွားဖုံးအစပ်နဲ့ သွားညှိကြိုး (Braces) ပတ်ဝန်းကျင်လို သွားတိုက်တံရောက်ဖို့ခက်တဲ့နေရာတွေကို ရေဖိအားနဲ့ သန့်ရှင်းပေးနိုင်ပါတယ်

✨ နှစ်မျိုးတွဲသုံးမယ်ဆိုရင်
သွားမျက်နှာပြင် + သွားကြား + သွားဖုံးအစပ် ကို ပိုမိုပြည့်စုံစွာ သန့်ရှင်းရေးလုပ်နိုင်တာကြောင့် အစာအကြွင်းအကျန်နဲ့ plaque စုပုံမှုကို လျော့ချပြီး ခံတွင်းသန့်ရှင်းမှုကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်

⚠️ သွားပိုးစားပြီး အပေါက်ဖြစ်နေပြီဆိုရင်တော့ 𝐮𝐬𝐦𝐢𝐥𝐞 𝐖𝐚𝐭𝐞𝐫 𝐅𝐥𝐨𝐬𝐬𝐞𝐫 & 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐓𝐨𝐨𝐭𝐡𝐛𝐫𝐮𝐬𝐡 က အနံ့ဆိုးကို လျော့စေနိုင်ပေမယ့် ပိုးစားနေတဲ့သွားကို ပြန်ကုသပေးနိုင်တာမဟုတ်ပါဘူးရှင်

သွားဆရာဝန်ထံ စစ်ဆေးကုသဖို့လဲ လိုအပ်ပါတယ်နော်

Telephone

Address


37st, Between 63st & 64st
Mandalay
05024

Alerts

Be the first to know and let us send you an email when usmile myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.