3 Stars Fashion

3 Stars Fashion

Share

Fashion & Clothing

Photos from 3 Stars Fashion's post 14/07/2025

အမျိုးသမီးတို့အတွက် မိုးရာသီနဲ့ လိုက်မယ့် ဖက်ရှင်များ 🌧🌩🌦

မိုးရာသီမှာ အဝတ်အစားရွေးချယ်ပြီဆိုရင် မိုးရာသီနဲ့ လိုက်ဖက်တာတွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ မိန်းကလေးတွေဆိုရင် ပိုပြီးတောင် ရွေးချယ်တတ်ဖို့လိုပါတယ်နော်။ ✅💯

ဒါ့ကြောင့် မင်မင်က မိုးတွင်းမှာ ပျိုမေလေးတို့ ‌ဝတ်ဆင်သင့်တဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် 💁💁

မိုးတွင်းမှာ ဘောင်းဘီရှည်၊ စကပ်ရှည်နဲ့ ဂါဝန်ရှည်ဝတ်တာတွေကိုရှောင်ကြဉ်သင့်ပါတယ်။❌❌ ဘောင်းဘီတိုနဲ့ Half Pants တွေဝတ်တာကတော့ အကောင်းဆုံးပါ။ ဘောင်းဘီရှည်ဝတ်မယ်ဆိုရင် ဘောင်းဘီကို ခေါက်ပြီးဝတ်မှ ရေမစိုဘဲ အဝတ်အစားလည်း မညစ်ပတ်မှာပါ ✅💯

အကောင်းဆုံးကတော့ မိုးရာသီမှာ အဝတ်အစားရွေးချယ်မယ်ဆိုရင် ဘောင်းဘီတို၊ စကပ်တိုနဲ့ ဂါဝန်တိုလေးတွေကို ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ 💯✅

အင်္ကျီ 👚👚

အင်္ကျီဝတ်တဲ့အခါမှာတော့ လက်ရှည်လေးတွေ၊ ခေါင်းစွပ်အင်္ကျီလေးတွေနဲ့ Hoodie လေးတွေကို ဝတ်ဆင်တာက မိုးရာသီနဲ့လိုက်ဖက်ပြီး ပိုပြီးတော့ ဖက်ရှင်ကျစေပါတယ် ✅

ဂါဝန်လေးတွေ 👗👗

ဂါဝန်လေးတွေဝတ်တဲ့အခါမှာလည်း အပေါ်ထပ်ဆွယ်တာလေးတွေ၊ ကုတ်လေးတွေနဲ့ Hoodie လေးတွေကို ထပ်ဝတ်လို့ရပါတယ်
လက်ရှည်အင်္ကျီတွေနဲ့ ဆွယ်တာအင်္ကျီတွေ၊ ဂျင်းကုတ်တွေကို လည်း ဝတ်လို့ရသလို လက်ပြတ်တွေ၊လက်တိုတွေဝတ်မယ်ဆိုရင်လည်း အပေါ်ထပ်လေးတွေထပ်ဝတ်လို့ရနေတာဆိုတော့ အရမ်းအဆင်ပြေပါတယ်။ ✅

ဖိနပ် 👟👞👡👢

ဖိနပ်တွေကိုရွေးချယ်တဲ့အခါမှာတော့ မိုးတွင်းမှာ ဒေါက်ဖိနပ်တွေနဲ့ ရိုးရိုးဖိနပ်အပါးတွေ၊ နုနုရွရွလေးတွေမစီးဘဲ ကြိုးသိုင်းဖိနပ်လေးတွေနဲ့ ဘွတ်ဖိနပ်တွေကိုစီးတာက ပိုအဆင်ပြေပါတယ်။ ✅

ထီး ☂🌂

နောက်ဆုံး စမတ်ကျကျနဲ့ လှနေစေဖို့ကတော့ သင်နဲ့ လိုက်ဖက်တဲ့ ထီးလေးတချောင်းပါပဲ။ ကိုရီးယားကားထဲကလို ထီးဝါဝါလေး တချောင်းလား၊ အကြည်ရောင် ထီးလေး တချောင်းလား ဆိုတာကတော့ သင့်အကြိုက်နဲ့ ဆန်းစစ်ပြီး ဆောင်ထားဖို့ လိုပါတယ်နော်။ ✅

မိန်းကလေးတိုင်း မိုးရာသီမှာ ရှိုးမပြတ်ပဲ စတိုလ်ကျကျနဲ့ လှနေစေဖို့ ဒီအချိက်လေးတွေကို မှတ်ထားဖို့ လိုမယ်နော် 💁💁

အဝတ်အစား ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်တဲ့ ဗဟုသုတလေးတွေကို အမြဲဝေမျှပေးသွားမှာမို့ Page ကို Like & Follow လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့နော် 🤗🤗

#အမျိုးသမီးများအတွက် #မိုးရာသီအဝတ်အစားများ

Photos from 3 Stars Fashion's post 10/07/2025

အားလုံးပဲ မင်္ဂလာပါနော် 🙏
ဒီနေ့မှာတော့ မင်မင်က မီးမီးလေးတွေ အပြင်သွားတဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင် 😍
အဝတ်အစား😍 ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်တဲ့ 😍ဗဟုသုတလေးတွေကို😍 အမြဲဝေမျှပေးသွားမှာမို့ Page ကို Like & Follow လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်😍😍😍

#အဝတ်အစားတွေသပ်သပ်ရပ်ရပ်ဖြစ်ဖို့

09/07/2025

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) 🌕🌕

(𝟗.𝟕.𝟐𝟎𝟐𝟓) ရက်နေ့တွင် ကျရောက်သော ဝါဆိုလပြည့် အခါသမယနေ့တွင် 🌕🌕

ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားလာကြပါစေကြောင်း 𝟑 𝐒𝐭𝐚𝐫𝐬 𝐅𝐚𝐬𝐡𝐢𝐨𝐧 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏

#ဝါဆိုလပြည့်နေ့

07/07/2025

သပ်သပ်ရပ်ရပ် အဝတ်ဗီရိုလေးအတွက် နည်းလမ်း (၄) သွယ် 📌📌

ဒီနေ့တော့ မင်မင်က သွားချင်တဲ့နေရာအလိုက် အင်္ကျီလေးတွေ ကိုယ့်ဗီရိုထဲ နေရာတကျဖြစ်နေကာ ရှာရလွယ်ပြီး အမြဲသန့်ရှင်းသပ်ရပ်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။🤗🤗 လိုတာတွေ ချန်၊ မလိုတာတွေ ထုတ်ဖို့လည်း လိုတာကြောင့် ဒီ‌‌နည်းလမ်းလေးတွေသုံးပြီး ရှုပ်နေတဲ့ အဝတ်ဗီရိုကို ပိတ်ရက်တွေမှာ ရှင်းကြည့်ရ‌အောင်နော် 💁💁

1️⃣ စရှင်းဖို့ ဘာတွေလိုမလဲ❓❓

အဝတ်တွေ စရှင်းတဲ့နေရာမှာ အရင်ဆုံး ဗီရိုထဲက အဝတ်တွေ ထုတ်ပြီးရှင်းတဲ့အခါ အလွယ်တကူဖြစ်အောင် အိတ်အကြီးများ (Shopping Bag)၊ မှန် ၊ခြင်း ကြိုပြင်ဆင်ထားရင် ပိုပြီး သပ်သပ်ရပ်ရပ်နဲ့ အချိန်ကုန်၊ လူပင်ပန်းသက်သာစေပါတယ်။✅

2️⃣ အားလုံးထုတ်ပြီး ရှင်းပါ 📌

စရှင်းမယ်ဆိုရင် ဗီရိုထဲက အဝတ်အစားတွေ၊ တခြားပစ္စည်းတွေနဲ့ ချိတ်တွေကအစ တစ်ခုမကျန် အကုန်ထုတ်လိုက်မှသာ သန့်ရှင်း‌ရေးသေချာလုပ်နိုင်ပြီး အဝတ်အစားတွေ သပ်သပ်ရပ်ရပ်နဲ့ ကိုယ်စီချင်တဲ့နေရာအတိုင်း နေရာချလို့ လွယ်ကူနိုင်မှာပါ။ ဗီရိုနဲ့ စင်တွေ၊ တန်းတွေ၊ ဘေးဘက် နေရာတွေပါမကျန် ရှင်းလင်းမှသာ အဝတ်တွေကို သန့်ရှင်းသပ်ရပ်စွာ နေရာပြန်ချနိုင်မှာပါ။ ✅

3️⃣ သင့်‌တော်တာရွေးချယ်ရှင်းလင်းပါ 📌

အဝတ်အစားတွေ ရှင်းတဲ့အခါ ဖြစ်တတ်တာ အများဆုံးကတော့ အသုံးမဝင်နိုင်တော့တဲ့ အင်္ကျီတွေကို ရှင်းထုတ်လိုက်ဖို့ကို နှ‌မြောကြတာပါပဲ။😁 ဒီလိုတွေမဖြစ်ရအောင် အဝတ်အစားတွေကို လိုတာ သိမ်း၊ မလိုတာ ရှင်းထုတ်နိုင်ဖို့ Kon Mari Methodအသုံးပြုပြီး လွယ်လွယ်ကူကူ ရွေးချယ်ရှင်းလင်းနိုင်ပါတယ်။

ဒီအဝတ်အစားကို ကြိုက်လား ❓
တကယ်ဝတ်ဖြစ်နိုင်လား ❓
ကိုယ့်Styleနဲ့လိုက်ဖက်မှုရှိလား ❓

ဒီအချက်တွေနဲ့ သုံးသပ်ကြည့်ပြီး ၃မျိုးလုံး ကိုက်ညီနေတယ်ဆိုမှ ဗီရိုထဲ ထည့်သိမ်းထားလိုက်ပါ။ အဝတ်အစားတွေ အသစ် ခဏခဏ ဝယ်မိနေတယ်ဆိုလည်း ဒီ Kon Mariနည်းလမ်းနဲ့ တကယ် အသုံး လိုမလို ခွဲခြားရနိုင်ပါတယ် ✅

4️⃣ ဘယ်လိုစနစ်တကျထားမလဲ ❓

အဝတ်များတဲ့ အဝတ်အစားတွေကို နေ့စဉ်နေ့တိုင်း ထုတ်ရလွယ်အောင် လွယ်ကူမြင်သာတဲ့နေရာမှာ ထားပါ။ အနွေးထည်အထူကြီးတွေ၊ ပွဲတက်ဝတ်စုံတွေ၊ ဒီဇိုင်းဆန်းဆန်းအင်္ကျီတွေ စတဲ့ အဝတ်နည်းတဲ့ အဝတ်အစားတွေကို နောက်ပို့တာ သို့ ဗီရိုရဲ့ အပေါ်ဆုံးစင်တွေမှာ ထားလိုက်ပါ။🤔 ခါးပတ်တွေ၊ ဉီးထုပ်တွေနဲ့ တခြား accessories တွေကို ဗီရိုအံဆွဲတွေနဲ့ နံရံတွေမှာ ချိတ်နဲ့ဆွဲချိတ်ထားတာ ဖြစ်ဖြစ်ထားနိုင်ပါတယ်။ 🤔

အဝတ်ဗီရိုတွေကို ခဏခဏသန့်ရှင်းလုပ်တာ၊ နေရာချတာလုပ်နိုင်လေလေ ဗီရိုရှေ့ အချိန်ကုန်နေဖို့နည်းလေပါ။✅ ကိုယ့်အိမ်မှာရှိတဲ့ ဗီရိုအအရွယ်အစားကွာခြားမှုနဲ့ ဝတ်စားဆင်ယင်မှုတွေ အနည်းငယ် ကွာခြားနိုင်တဲ့အတွက် ဒီအတိုင်းမဟုတ်ဘဲ ကိုယ်နဲ့ ကိုက်ညီနီးစပ်တဲ့ ပုံစံတွေနဲ့ စီစဉ်တကျထားလို့ရပါတယ်နော်။ 💁💁💁

အဝတ်အစား ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်တဲ့ ဗဟုသုတလေးတွေကို အမြဲဝေမျှပေးသွားမှာမို့ Page ကို Like & Follow လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့နော် 😘😘

#အဝတ်အစားတွေသပ်သပ်ရပ်ရပ်ဖြစ်ဖို့

04/07/2025

ကောင်‌လေးနဲ့ ဒိတ်တဲ့နေ့တွေမှာ ဝတ်သင့်တဲ့ လုံလုံခြုံခြုံနဲ့ ချစ်စရာဖက်ရှင်များ 👗👖👔

ချစ်သူနဲ့ ချိန်းတွေ့ပြီဆိုရင် အလှဆုံးဖြစ်နေချင်တဲ့ အမျိုးသမီးလေးတွေရှိလားနော် ❓❓

ကိုယ့်ချစ်သူနဲ့ ချိန်းတွေ့တဲ့ နေရာအလိုက် ကိုယ့်ရဲ့ ဖက်ရှင်ကိုလည်း အမျိုးမျိုးဝတ်ဆင်နိုင်ပါတယ်။✅ ဒီတစ်ခေါက်မင်မင်ပြောပြမယ့် ဖက်ရှင်ဝတ်စုံလေးတွေကတော့ လုံလုံခြုံခြုံနဲ့ ယုံကြည်မှုရှိရှိနဲ့ ဝတ်ဆင်နိုင်မယ့် ပုံလေးတွေဖြစ်ပါတယ်နော်။ 🤗🤗

ကဲ ဒိတ်တဲ့နေ့မှာ ဘယ်လိုဖက်ရှင်လေးတွေ ဝတ်ဆင်နိုင်မလဲ ကြည့်လိုက်ရအောင်နော် 💁💁💁

့်ကောင်မလေးတွေအတွက်

Photos from 3 Stars Fashion's post 01/07/2025

မိုးရာသီမှာ Baby လေးတွေအတွက် ချစ်စရာ ဒီဇိုင်းလေးတွေ 👚👗👖👔

ဘေဘီလေးတွေကို ကိုယ်တွေလိုပဲ အမိုက်စား ဒီဇိုင်းလေးတွေ ဆင်ပေးချင်ကြတဲ မေမေတွေက ရှိကိုရှိတာနော် 🤔🤔

အခုရာသီကလည်း မိုးလေးတစ်ဖွဲဖွဲကျတတ်ပြီး🌧 တစ်ခါလေအေးတယ်🌦 တစ်ခါတစ်လေပူတဲ့🌤 ရာသီဖြစ်တာမို့ မိုးရာသီနဲ့လိုက်ဖက်တဲ့ ဘေဘီလေးတွေအတွက်👦👶 အလန်းဇယားဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 💁💁

မင်မင်တင်တာလေးတွေက မေမေတို့အတွက် အကျိုးရှိစေတယ်ဆိုရင် Page လေးကို Like & Follow လေးလုပ်ခဲ့ဖို့ မမေ့ပါနဲ့နော် 🤗🤗

#မိုးရာသီနဲ့လိုက်ဖက်တဲ့အဝတ်အစားများ
ေးတွေအတွက်

Photos from 3 Stars Fashion's post 27/06/2025

ဝတဲ့သူလေးတွေအတွက်💁 ချစ်စရာကောင်းစေမယ့် ဖက်ရှင်ဒီဇိုင်းများ 👚👗👔👖

မိန်းကလေးတွေက ဘယ်လောက်ပဲ ဝဝ သေချာဝတ်စားတတ်ပြီး ဖက်ရှင်ကျအောင်နေတတ်ရင် ဘယ်လိုဝတ်ဝတ်လှပါတယ်။✅ ဝလို့ လှလို့ပဲ ရှိတာ၊ ပိန်လို့လှလို့လို့ မရှိဘူးနော်။ ❌

အရေးကြီးတာက ကိုယ့်ကိုယ့်ကို ယုံကြည့်ဖို့ပါပဲ။💯 ဒီတစ်ခါမှာတော့ မင်မင်က ဝတဲ့ကောင်မလေးတွေအတွက် ချစ်စရာကောင်းစေမယ့် ဖက်ရှင်ဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် 💁💁💁



#ဝတဲ့သူလေးတွေမတွက်

Photos from 3 Stars Fashion's post 21/06/2025

တွဲဖက်ဝတ်ဆင်သင့်သော အဝတ်အစားအရောင်များ 💙💜💚❤💛

အဝတ်အစားဝတ်တဲ့အခါ ဒီအင်္ကျီ 𝑪𝒐𝒍𝒐𝒓 ဝတ်ရင် လိုက်ဖတ်အောင် ဘာ Color ဝတ်ရမလဲဆိုပြီး စဉ်းစားရခက်နေသူများအတွက် 🤔🤔 𝑪𝒐𝒍𝒐𝒓 တွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်နိုင်ဖို့နဲ့ 𝑭𝒂𝒔𝒉𝒊𝒐𝒏 ကျပြီးလှပစေဖို့အတွက် 𝑭𝒂𝒔𝒉𝒊𝒐𝒏 𝑪𝒐𝒍𝒐𝒓 တွဲဖက်မှုလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 🤗🤗

မင်မင်သိထားသလောက်ပဲ ပြောပြပေးလိုက်ပါတယ်ရှင်။ နောက်ထပ် လိုက်ဖက်ညီတဲ့ အရောင်လေးတွေ သိရင်လည်း ပြောပြပေးခဲ့ပါအုံးနော် 💁💁💁

#အရောင်တွဲဖက်မှုများ

Photos from 3 Stars Fashion's post 18/05/2024

💄Healthy Shop 💄ကထုတ်တာမို့ Qualityက လုံးဝပြောစရာမလိုအောင် မိမိုက်လွန်းသောနော်🫦💄💄

💄ဆိုးလိုက်ရုံနဲ့ Confidence ရှိရှိနဲ့ လှပနေမှာပါနော်👄

💄Collagen လည်းပါတော့ နီုတ်ခမ်းသား‌ခြောက်မှာကို ပူစရာမလိုပုနော် သဲလေးတို့💄💄

Photos from 3 Stars Fashion's post 17/05/2024

💄နှုတ်ခမ်းသား💄 ဖူးဖူးလေးနဲ့ လှနေစေမဲ့ နှုတ်ခမ်းနီလေး

💄သဲလေးတို့အကြိုက်လေး ရောက်ပြီနော်💄

Price-16500ks

Telephone

Website

Address


73 B ၊ 118 * 119 ကြား, ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
Mandalay

Alerts

Be the first to know and let us send you an email when 3 Stars Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.