77kg.170cm_Midsize mode by P3

77kg.170cm_Midsize mode by P3

Share

Fashion/lifestyle

11/07/2026

- လိုချင်တာ ရ မရ ? 🥹🧸

Photos from 77kg.170cm_Midsize mode by P3's post 25/05/2026

Halo,

- ဒီနေ့ poppy က ဒေါင့်ဖိနပ်လှလှလေးတွေကြိုက်တတ်တဲ့ ကောင်မလေးတွေအတွက်တခု sharing လုပ်ပေးပါမယ် 👠

- အဲ့ဒါကတော့ poppy လွန်ခဲ့တဲ့ 2 နှစ်လောက်ထဲက သိခဲ့တဲ့ shoe လေးတွေကို စိတ်ကြိုက် customized လုပ်လို့ရတဲ့ "Pace shoes" ဆိုတဲ့ brand လေးအကြောင်းပါ သူကတော့ Bangkok base ပေါ့နော် ,
ခု Yaya wedding မှာ Kimmy စီးတာတွေ့တော့မှပြန်သတိရသွားတာ 😻

- သူရဲ့ signature design ကတော့ square toe sandal heel လေးပါ , ပထမဆုံး အရောင်လေးရွေးလို့ရမယ် ,ရနိုင်တဲ့အရောင်လေးတွေတော့များပါတယ် ဒါပေမယ့်ကိုယ်နဲ့လိုက်မလိုက်တော့သေချာရွေးရပါမယ် , ဒီဇိုင်းပိုင်းမှာတော့ ဒီ sandal ထဲကဆို ၂ မျိုးလောက်ပဲ poppy တွေ့ခဲ့တယ် ရိုးရိုးတန်းစီးလို့ရတဲ့ဟာလေးရယ် , ကြိုးတွေပတ်ချည်လို့ရတဲ့ဟာလေးရယ် 🪢 ခုနောက်ပိုင်းတော့ pointed heel လေးတွေကို fur လေးတွေ lace လေးတွေနဲ့လဲ update တွေ့ရတယ် 🪶

- အဲ့ ၂ မျိုး ရွေးပီးပီဆိုရင် outsole heel ကို ကိုယ်ကြိုက်တဲ့ type ,ကိုယ်ကြိုက်တဲ့အမြင့်ရွေးလို့ရတယ် stiletto လား, kitten လား,block လား , platform လား, hourglass လား , wedge လား , 2 inches လား , 3 inches လား အဲ့ဒါရွေးရမယ်👡

- ပီးရင် midsole မှာလဲ material ရော , pattern တွေရော ရွေးလို့ရပါသေးတယ် gold တွေ ,silver တွေလဲရှိတယ် material တွေတော့ poppy အသေးစိတ်မခေါ်တတ်ဘူး , pattern မှာ ရိုးရိုးပြောင်နဲ့ animal print လိုမျိုး ရွေးလို့ရပါသေးတယ် 🐾

- အပေါ်ကဟာတွေအားလုံးရွေးပီးသွားရင် အပေါ်ကအလှဆင်မယ့်ဟာလေးရွေးလို့ရပါပီ ပန်းလေးတွေ ပုံစံအမျိုးမျိုး တပ်ပီးစီးကြည့်ပေါ့နော် , ပန်းမကြိုက်ဘူးဆို တခြား accessories လေးတွေတပ်လို့ရပါသေးတယ် 🌺🌸🌼🪻🐚🦀🐙⚓️🧜🏻‍♀️

- ကြည့်တော့တာလှတာ ကိုယ်တိုင်ရွေးရတဲ့ခါတော်တော်ခေါင်းခြောက်တဲ့ "Pace shoes" ရယ်ပါ ကိုယ်ရွေးလိုက်တာတွေက အပေါ်ကပြောတဲ့ဟာတွေအကုန်လိုက်နေမှ လှတာမို့ သေချာကိုရွေးတတ်ဖို့လိုပါတယ် ⚠️

- စိတ်ဝင်စားတယ်ဆိုရင်တော့ ig မှာ appointment လေးကြိုချိတ်ရပါတယ်, ပီးတော့ သူက China supply ပဲမို့ waiting time 2 weeks လောက်ကြာပါတယ် , ဒီလို customized လုပ်လို့ရတဲ့ဟာမျိုး တခြား brand တွေလဲ bkk မှာအများကြီးရှိပါတယ်နော် poppy တော့ ဒီ "Pace shoes” နဲ့မှစသိခဲ့တာမို့ တခြား brand တွေရဲ့ quality ကိုမသိပါဘူးနော် , "Pace shoes" ကတော့ quality လေးလဲကောင်းတယ် , heel လေးလဲခိုင်တယ် , comfort လဲဖြစ်ပါတယ် , price range လေးကတော့ around 2000-3000 b ပါ🥰

- feb တုန်းက poppy ညီမလေးလိုချင်လို့ လိုက်ပို့ခဲ့တာမို့ အသေးစိတ် sharing လုပ်ပေးလိုက်ပါတယ်ရှင့် စိတ်ဝင်စားတဲ့ကောင်မလေးတွေ try ကြည့်ကြည့်နော်😻

- အားလုံးကိုချစ်သယ် 😙

Photos from 77kg.170cm_Midsize mode by P3's post 24/05/2026

Halo ,

- poppy ခုနောက်ပိုင်းဝယ်ဖြစ်နေတဲ့ poppy vibes နဲ့ ကိုက်တဲ့ os page လေးတွေ sharing လုပ်ပေးလိုက်ပါတယ်ရှင့် 🫶🏻

- "Bangkok Trendy"

ဒီမှာကျ Bkk က top လှလှလေးတွေရော , WG.WE လေးတွေရော free size လေးတွေဆိုနောက်ပိုင်းဒီမှာဝယ်ဖြစ်တယ် 😍

- "TOO COOL"

မှာကျ အဲ့အမရောင်း
တာလေးတွေကလေ သူများနဲ့မတူတာလေးတွေ ချစ်စရာ ကော်လံနဲ့ ချည်ထိုးtop လေးတွေ , lace skirt လေးတွေ , lace ဘောင်းဘီလေးဆို အရမ်းလိုချင်နေတာ ဘယ်မှာမှမတွေ့ရင် bkk ကိုမှာတော့မလ်ို့ကို "TOO COOL" မှာရသွားတယ်ရှင် 🧏🏼‍♀️

- "Chubby Studio"

မှာကျ poppy တို့လို normal size မရတဲ့ size ကြီး bkk jean လေးတွေ , shein skirt လေးတွေဝယ်ဖြစ်တယ် 🤩

- "Watashi's online shop"

မှာကျ ဟိုးအရင်ထဲက အမဆီက japan က sale လေးတွေအရမ်းတန်လို့ ဝယ်ဖြစ်တယ် uniqulo,zara တွေ ဒီအမစီကလောက်တန်တာမတွေ့သေးဘူးရယ် , အမ ဂရုထဲဝင်ထားတာတော့ပိုကောင်းတယ်ရှင်😻

- ခုနောက်ပိုင်း ကိုယ်ရည်နည်းနည်းစစ်သွားတာရယ် ပီးတော့ poppy ကကိုယ်သူခိုးရယ်မို့ ဒီ os လေးတွေက free size လေးတွေဆိုတော်တတ်တာမို့ ရှာဝယ်ဖြစ်ရင်း midsize girl လေးတွေကို sharing လုပ်ပေးလိုက်တာပါရှင့် 🥰

- အားလုံးကို ချစ်သယ် 😙

Photos from 77kg.170cm_Midsize mode by P3's post 02/05/2026

- nick name = ဖောင်းဖောင်း 🤢

26/04/2026

- Fitchecks that didn’t make it to the feed 🤞🏻•

Photos from 77kg.170cm_Midsize mode by P3's post 25/04/2026

- 23 ရက်နေ့က 29 နှစ်ပြည့်သွားတဲ့ကောင်မလေး 🦢🫧💐✨•

Photos from 77kg.170cm_Midsize mode by P3's post 28/03/2026

- Halo, ပါးလေးအလစ်တဲပိန်သွားတဲ့အကြောင်းလေး sharing လုပ်ပေးချင်လို့ပါ 😍

- အဲ့ဒါကတော့ 3 weeks လောက် sugar cut လိုက်လို့ပါ 🥹

- Feb လကုန်ပိုင်းလောက်က ဆီးခနခနသွားလို့ဆိုပီး ဆီးချိုစစ်ကြည့်လိုက်တာ borderline နားရောက်နေပီမို့ အရမ်းလန့်သွားတာ poppy က ဆီးချိုဖြစ်နေတဲ့ အမေကိုပြုစုနေရတာမို့ ဆီးချိုရဲ့ကြောက်စရာကောင်းပုံတွေအသိဆုံးမို့ ဆီးချိုဆို ဟိုးအဝေးကြီးကနေတောင် အသံမကြားချင်ဘူးကွယ် 😓

- စိတ်ရဲ့စွမ်းအားလို့ပဲပြောရမလား အဲ့နေ့ကစပီး အချိုကိုလုံးလုံးနီးပါး ၃ ပတ်လောက်ရှောင်ဖြစ်ခဲ့တယ် coffee ကို latte တောင်မသောက်ဘူး lemon black လိုမျိုး အချဉ်ကို no sugar ပဲသောက်ပီး ကိတ် ပေါင်မုန့် တခုမှမစားခဲ့ဘူး ထမင်းနဲ့ဟင်းကိုဘဲ အရွက်များများနဲ့စားဖြစ်ခဲ့တယ် 🥗

- ဒီ ၃ ပတ် ၁ လအတွင်းမှာ မနက်တိုင်း ကြက်ဥ ၂ လုံးစားပီးမှကျန်တာဆက်စားဖြစ်တယ် အချိုပဲရှောင်ပီး ကျန်တာအရင်လိုပဲအကုန်စားပါတယ် ၃ ထပ်သားလဲစားတာပဲ ဒါမယ့်အရင်က စားတဲ့ portion ထပ် တဝက်ပဲစားပါတယ် လမ်းကို ခြေလှမ်း ၄၀၀၀ အနည်းဆုံးလျှောက်တယ် ၁ လလုံးမပြတ်ခဲ့ဘူး 🥚🚶‍♀️

- ခု ၁ လပြည့်ခါနီးမှာ 5 lb ကျပီး ပါးကသိသိသာသာလေးကျသွားပါတယ် အရင်ကမေးထောက်ရင်ပါးကြီးပဲထောက်မိတာခုဆိုအရိုးထောက်မိလို့ကိုယ့်ဘာသာကျေနပ်နေတာ ,မျက်နှာကအရင်ထဲကဝိုင်းတဲ့သူမို့ v shape တွေတော့ဖြစ်မနေဘူးပေါ့ကွယ် 🫠

- sugar cut တာက inflammation ကို ကျစေတာမို့ အဓိကဖောတာတွေကျသွားတယ်လို့ poppy ထင်တယ် ကြားထဲမှာအုန်းရည်ကို လမ်းကြုံရင်ကြုံသလိုသောက်ဖြစ်တာလဲပါမယ်ထင်ပါတယ် 🥥

- အစားဟိုရှောင်ဒီရှောင်ဆိုစိတ်တွေပင်ပန်းလို့ ဝိတ်ဆိုတာတသက်လုံးမချခဲ့သူပါ ဒါမယ့် ကျန်းမာရေးကြောင့်ဆိုတဲ့စိတ်နဲ့တဖြည်းဖြည်းလျော့နိုင်လာတာကိုပဲကျေးဇူးတင်ရမယ် 🥹

- ချစ်ချစ်တို့လဲ ကျန်းမာရေးအတွက် အချိုလေးလျှော့ကြည့်ပါနော် အနည်းဆုံးတော့ ရောဂါမဖြစ်တောင်ဖောနေတာလေးကျသွားလို့ စိတ်ချမ်းသာရမှာရယ် ဂရုစိုက်ကြပါနော် ချစ်သယ် 😙

Photos from 77kg.170cm_Midsize mode by P3's post 24/03/2026

- Halo , ဒီနှစ်တနွေလုံး "Crop Tee" နဲ့ color လွင်တဲ့ "Blouse"လေးတွေနဲ့ဖြတ်သန်းပါမယ် 😙

- နွေမရောက်ခင်ထဲက crop tee ပဲဝတ်ချင်နေပီး wardrobe ထဲရှာနေတာ ထူးဆန်းစွာ မရှိနေဘူးကွယ် အာ့နဲ့ ခရီးမှာလမ်းကြုံတခါထဲဝယ်
ဝတ်ခဲ့ပါတယ် , brand တော်တော်များများ ဒီနှစ် Summer အတွက် crop tee နဲ့ blouse လေးတွေထွက်တာတွေ့ခဲ့တယ် 😍

- အဲ့ဒါလဲ အတောမသတ်နိုင်ဘဲ သူငယ်ချင်းကို ထပ် ၂ ထည်ထပ်မှာထားပါသေးတယ်
ဈေးလဲသင့်ပီး ပေါ့ပေါ့ပါးပါးနဲ့ အသားလဲအေးတော့ နွေနဲ့ကွက်တိပဲ 🫶🏻

- ချစ်သယ် 😙

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay