Thae Thae
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thae Thae, Health/Beauty, Mandalay.
🙏🙏🙏
27/04/2023
🐷ဝက်လက်စွပ်ပြုတ်🐷
-------------------
လိုအပ်သောပစ္စည်းများ
ဝက်လက် ၁ချောင်း (၅၀သားခန့်)
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး အနည်းငယ်
ကြက်သွန်မိတ် ၃ပင်
ထိုက်ဝမ်မုန့်ညှင်း ၂ပင်
မုန့်ညှင်းစိမ်း ၂ပင်
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း ၂ပြား
● ဝက်လက်ကို အတုံးကြီးကြီးတုံး အမွှေးအမျှင်များသေချာသန့်စင်ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
● ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
● pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ ဆူလာလျှင် ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့် တည်ပါ။
ရလျှင် ထိုင်ဝမ်မုန့်ညှင်း၊မုန့်ညှင်းစိမ်း၊ နှမ်းဆီမွှေးထည့်၍ချပါ။
ကြက်သွန်မြိတ်ပါးပါးနှင့် ငရုတ်ကောင်းထည့်လိုက်ပါက မွှေးပျံအရသာရှိလှတဲ့ ဝက်လက်စွပ်ပြုတ်ကို သုံးဆောင်နိုင်ပါပြီရှင်
(ချဉ်စပ်ကြိုက်ပါက ငရုတ်သီးစိမ်းနှင့် သံပုရာသီး ထည့်၍ သုံးဆောင်နိုင်ပါတယ်ရှင်)
Source
19/04/2023
💚
သတိရနေတာပေါ့….
မတွေ့ရတဲ့ ရက်တွေအတွင်းမှာ..
နွေဟာ တဖြည်းဖြည်းနဲ့ပိုပီသလာပီတဲ့….
အချစ်ရေ….
ကောင်းကင်ပြာပြာတွေကိုကြည့် အရွက်စိမ်းစိမ်းတွေကိုထိ..
သဘာဝစစ်စစ်တွေနားမှာနေ ပန်းလေးတပွင့်တော့အမြဲတမ်းဘေးမှာရှိပါစေ..
အလုပ်တွေနဲ့ရှောင်လွှဲလို့မရဘူးတဲ့လား ..
ဒါဖြင့်လည်းနောက်တမျိုးပေါ့ကွယ်..
မျက်စိကိုမှိတ် အသက်ကိုဖြည်းဖြည်းလေးရှု..
စိတ်ကူးနဲ့ငြိမ်းချမ်းခြင်းတွေ ခဏလောက်တော့ယူ….
🤍
Category
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when Thae Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
