beautywithmae

beautywithmae

Share

Show your beauty with me.

09/04/2023

မိတ်ကပ်အခြေခံလုံးဝမသိထားတဲ့ အစ်မကို Eyebrow Tattoo ထိုးထားတာ တစ်ဖက်နဲ့တစ်ဖက်မညီလို့ ညီအောင် ညှိပြီး မျက်ခုံးဆွဲတတ်ဖို့ကိုကအစ သင်ပေးဖြစ်တဲ့ 2 Days Private Self Makeup Class က ပုံလေးပါရှင့်။

မိတ်ကပ်ကို အခြေခံကစ တစ်ဦးတည်း သေချာလေးသင်နိုင်ဖို့ မေးရဲ့ private self makeup class မှာ အချိန်ညှိပြီး booking ယူထားလို့ရပါတယ်နော်

05/04/2023

အရမ်းနုတဲ့ သင်တန်းသူ မမရဲ့ Self Makeup Look လေး 💞

Private Self Makeup Class အတွက် သင်္ကြန်မတိုင်ခင် Time Slote နည်းနည်းပဲ လွတ်ပါတော့မယ်နော်

Photos from beautywithmae's post 22/03/2023

Private Self-Makeup Class in Mandalay

🙋🏻‍♀️Hello beauties တို့ရေ....

မိတ်ကပ်ကို စနစ်တကျ လှလှပပလေးပြင်တတ်ချင်တဲ့ ယူတို့အတွက် review ကောင်းတွေ အများကြီးရထားတဲ့ self makeup class အတန်းလေးရှိပါတယ်ရှင့်။

အများနဲ့ဝိုင်းဖွဲ့ပြီး သီအိုရီတွေကိုပဲ သင်ရမှာထက် တစ်ယောက်ချင်း one by one သင်ရတာက ပိုလည်း သိလွယ်တတ်လွယ်တယ်။ သိချင်တာတွေကို ပွင့်ပွင့်လင်းလင်းလည်း မေးလို့ရမယ့်အပြင် မေးနဲ့ အလှအပအကြောင်း အပြန်အလှန်ဆွေးနွေးလို့လည်း ပိုအဆင်ပြေတာပေါ့။

သင်တန်းရက်ကလည်း ကိုယ်တက်ချင်တဲ့ရက်ကို booking လုပ်ထားပြီး တက်လို့ရတာဆိုတော့ ရုံးချိန် ကျောင်းချိန်တွေနဲ့တိုက်မှာ စိုးရိမ်စရာလည်း မလိုတော့ဘူး။ ဒါ့အပြင် တစ်ရက်ထဲတက်ရုံနဲ့ တကယ်ကော ပြင်တတ်ပါ့မလားလို့စိတ်ပူနေတဲ့သူတွေအတွက် မေးက မိတ်ကပ်လိမ်းနည်းကို အခြေခံကနေစပြီး မတတ်မချင်း အသေးစိတ်ပြောပြပေးမှာပါ။

💁🏻‍♀️မေးရဲ့ ဒီ class လေးမှာ ဆိုရင်တော့...
1. မိမိအသားရည် skin type ခွဲခြားနည်း
2. skin care အသုံးပြုပုံအဆင့်ဆင့်
3. Makeup brush နှင့် makeup sponge (မိတ်ကပ်ဥ) များကို အသုံးပြုနည်း
4. Brush / sponge များကို သန့်ရှင်းနည်း
5. မိမိနှင့်လိုက်ဖက်သည့် foundation မိတ်ကပ်အရောင်ရွေးခြယ်နည်း
6. ဝက်ခြံ၊တင်းတိတ်၊အမဲစက်နှင့် မျက်ကွင်းညိုခြင်းများအတွက် concealer ရွေးခြယ်အသုံးပြုနည်း
7. မျက်ခုံးမွှေးရိတ်နည်း/သိမ်းနည်း
8. မိမိနှင့်လိုက်ဖက်သည့် မျက်ခုံးမွှေးဆွဲနည်း
9. Eye liner ဆွဲနည်း
10. မျက်ရစ်တိပ်ကပ်ကာ မျက်ရစ်ဖော်နည်း
11. မျက်တောင်တုကပ်နည်း
12. နှာတံဖော်/မေးရိုးချနည်း
13. Daily Makeup/ ပွဲတက်မိတ်ကပ် အတွက် Eyeshadow ခြယ်နည်းတို့ကို အသေးစိတ်သင်ကြားပေးမှာပါ။

လိုအပ်တဲ့ မိတ်ကပ်ပစ္စည်းအစုံအလင်ကို သင်တန်းမှာထားရှိပေးထားမှာဖြစ်တာကြောင့် သင်တန်းလာတဲ့အခါ ဘာမှယူခဲ့စရာမလိုပါဘူးနော် 🙅‍♀️

ဒါ့အပြင် တစ်ယောက်ကို brush 1 set နဲ့ makeup sponge (မိတ်ကပ်ဥ)တစ်ခုဆီလည်း လက်ဆောင်ပေးလိုက်ဦးမှာပါ။ (ကိုယ့်မှာရှိတဲ့ makeup တွေကိုပဲ အသုံးပြုချင်တယ်ဆိုလည်း ယူလာခဲ့လို့ရပါတယ်)

သင်တန်းကြာချိန်က Total 6 နာရီပါ။ တစ်ရက်ထဲမှာပဲ 3နာရီ ၂ချိန်ခွဲတက်လို့ရသလို နှစ်ရက်ခွဲတက်မယ်ဆိုလည်း အဆင်ပြေအောင် ညှိနှိုင်းပေးပါတယ်ရှင့်။

တစ်ဦးချင်း(private class) မဟုတ်ဘဲ သူငယ်ချင်းတွေ တူတူတက်ချင်တယ်ဆိုရင်လည်း 3 People Group Price လေးရှိကြောင်းလည်း သတင်းကောင်းပေးလိုပါတယ်။

ကဲ... အပြင်သွားစရာရှိနဲ့အခါ ပွဲတွေတက်စရာရှိတဲ့အခါ မိတ်ကပ်မပြင်တတ်လို့ စိတ်ရှုပ်နေရပါသလား? ရုံးသွား/ကျောင်းသွားတဲ့အခါ သနပ်ခါးပဲကြားနဲ့ သွားနေကြတုန်းလား?

ခုပဲ စာရင်းပေးပြီး သင်တန်းရက်ကို ကြိုဦးထားလိုက်တော့နော်။

📞more info: page cb or 09976578497

Photos from beautywithmae's post 13/03/2023

မန္တလာသူလေးရဲ့ Photo Shoot အတွက် ပြင်ပေးဖြစ်ခဲ့တဲ့ Makeup Look လေး

To contact - 09976578497

27/02/2023

ဒါလေးကတော့ Nikkah ပွဲလေးအတွက် ပြင်ပေးဖြစ်ခဲ့တဲ့ သတို့သမီးလေးပါရှင့်

Post တွေ Video တွေ page မှာ မတင်ဖြစ်ပေမယ့် Self Make up class လည်း သင်ဖြစ်သလို ပြောလာတဲ့သူတွေရှိရင်လည်း ပြင်ပေးဖြစ်ရင်း Make Up Artist အနေနဲ့ offline လေး လုပ်​ဖြစ်နေပါတယ်။

Photos from beautywithmae's post 24/05/2021

သင်တန်းသူတစ်ယောက်ရဲ့ Self Makeup Look

makeup ကို စနစ်တကျပြင်တတ်ဖို့ မေးရဲ့ Private Self Makeup Class ရှိပါတယ်နော်။

for more details - 09976578497 or chat box

Photos from beautywithmae's post 08/05/2021

Crisis ကာလမှာ အိမ်မှာနေရင်း D ဝင်လာလို့ စိတ်ပြေလက်ပျောက် ထပြင်ပေးဖြစ်တယ်။

Page ကတော့ အရေးတော်ပုံ အောင်ပြီးမှပဲ သေချာပြန် run တော့မယ်။

ခုတော့ အားလုံး Stay Safe နော်။

29/01/2021

မိတ်ကပ်လိမ်းမှ အသားမဲသွားတာ ဘာကြောင့်လဲ?

မိတ်ကပ်လိမ်းပြီးကာစ ခဏပဲ ဖြူဖြူလေးဖြစ်နေပြီး 2နာရီ3နာရီလောက်ကြာတဲ့အချိန်မှာ ညိုညစ်ညစ်ကြီးဖြစ်သွားဘူးလား?

ဒါဟာ မျက်နှာပေါ်ကအဆီ၊ မိတ်ကပ်ထဲက အဆီနဲ့ လေထုထဲက အစိုဓာတ်ရယ်ပေါင်းပြီး ဓာတ်ပြုတာကြောင့်ဖြစ်ပါတယ်။ ဒါကို makeup oxidize ဖြစ်တယ်လို့ခေါ်ပါတယ်။

မေးက အခု ဒီ post လေးမှာတော့ makeup oxidize မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာနဲ့ ဘာတွေရှောင်ရှားသင့်တယ်ဆိုတာလေးကို sharing လုပ်ပေးသွားပါမယ်။

Oxidize ဖြစ်စေတဲ့ အဓိက တရားခံထဲကမှ ပထမဆုံးဖြစ်တဲ့ မျက်နှာပေါ်က အဆီနဲ့ပတ်သတ်ပြီးပြောပြပေးပါမယ်။ skin ရဲ့ အဆီဖြစ်တာကြောင့် oily skin သမားတွေမှာ အဓိကကြုံတွေ့လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဒီတော့ မိတ်ကပ်မလိမ်းခင် ကိုယ့်skinနဲ့အဆင်ပြေတဲ့ skin care products တွေကို သေချာအသုံးပြုပေးပါ။ Moisturizer အများစုက အဆီပြန်တတ်လေ့ရှိပါတယ်။ ဒါကြောင့် cream type တွေကိုရှောင်ပြီး gel type ပြောင်းသုံးတာမျိုး၊ oil free moisturizer ဒါမှမဟုတ် water base moisturizer မျိုးတွေကိုသာ အသုံးပြုသင့်ပါတယ်။ hydrating serum မျိုးကိုလည်း အသုံးပြုပေးနိုင်ပါတယ်။

ဒုတိယတရားခံကတော့ မိတ်ကပ်တွေထဲမှာပါတဲ့ အဆီဓာတ်ပါ။ ဒါကြောင့် Foundation တွေ powder တွေ ရွေးချယ်တဲ့အခါမှာ oil free ဖြစ်တာ matt ဖြစ်တာတွေကို ရွေးချယ်သင့်ပါတယ်။ BB cream , CC cream တို့ သုံးပေးရင် ပိုအဆင်ပြေပါတယ်။ အရောင်ပါဝင်မှုနည်းတော့ foundation နဲ့ယှဉ်ရင် oxidize ဖြစ်မှုနှုန်းနည်းပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း BB/CC cream တို့က coverage သိပ်မကောင်းတတ်တော့ ဖုံးချင်တဲ့ အပြစ်အနာအဆာလေးတွေအတွက်ဆိုရင်တော့ concealer သုံးပေးဖို့လိုပါမယ်။

oxidize ဖြစ်တတ်တဲ့သူတွေကို မေးအနေနဲ့ recommend ပေးချင်တာတစ်ခုက Suncream မယ့်အစား foundationတို့ BB/CC cream တို့ထဲ SPFပါတာလေးတွေကို သုံးပါ။ ဘာလို့လည်းဆို suncream တွေတော်တော်များများက အဆီဓာတ်တွေပါတော့ oxidize ဖြစ်တတ်တဲ့သူတွေအနေနဲ့ မသုံးရင်ပိုအဆင်ပြေပါတယ်။ နောက်ထပ် tip တစ်ခုထပ်ပေးချင်တာကတော့ foundation မသုံးခင်မှာ primer သုံးဖို့ပါပဲ။ primer လိမ်းပြီး ၁မိနစ်လောက်ခြားပြီးမှ foundation လိမ်းပေးခြင်းအားဖြင့် မျက်နှာကထွက်တဲ့အဆီနဲ့ makeup မှာ ပါဝင်တဲ့ အဆီတွေပေါင်းစပ်ပြီး oxidizeမဖြစ်အောင် ကာကွယ်နိုင်မယ့် အလွှာပါးတစ်ခုအနေနဲ့ ရှိနေပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ မိတ်ကပ်လိမ်းမှ အသားမဲသွားတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။🤩

ဒီ postလေးက ကိုယ့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင်လည်း like & share လေး လုပ်သွားပေးကြနော်။ တခြားသော beauty tips လေးတွေကို သိရဖို့အတွက် မေးရဲ့ beautywithmae page လေးကို like & follow လုပ်ထားနိုင်ပါတယ်ရှင့်။

နောက်ထပ် post တွေမှ ပြန်တွေ့ကြမယ် 😘

Photos from beautywithmae's post 19/11/2020

💁‍♀️ Model - Htet Yin Nwe Tun
📸 Camera - Shine Min Aung
💄 Makeup - Mae (beautywithmae)
Contact : 09976578497

Category

Telephone

Website

Address


19th Road
Mandalay

Alerts

Be the first to know and let us send you an email when beautywithmae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.