Naung Eye's Collections

Naung Eye's Collections

Share

အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်းများ

18/11/2025

ကိုကိုး girlလေးတွေမာ🧏‍♀️

ရှိကိုရှိရမဲ့အဆင်လေး 🫰

Bkkကနုတ် 1****စွန်း"လေးမို့ မင်မင်ဆီအပြေးလေးလာပါရှင့်📢

ုတ် #စပန့် #မန်းလေး #ဝမ်းဆက်

11/02/2024

လက်ယားပီးနောက် ငါဘာ😫

19/07/2023

#မအားအောင်နေပါ

လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့

၁။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။

၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ်။

၃။ ကိုယ်ကသာတယ်ထင်ရင် ငါကွဆိုပြီး ဘဝမြင့်မယ်။

၄။ သေချာမစူးစမ်းဘဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။

၅။ ကိုယ်က နိမ့်နေတယ်ထင်ရင် စိတ်ဓာတ်ကျမယ်။

၆။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခုလုပ်ဖို့ ကြံမယ်။

၇။ လုပ်စရာမရှိရင် ကိုယ့်မှာရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။

အစရှိတဲ့ တစ်စုံတစ်ခုကို လုပ်ကြတော့တာပါပဲ။

မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။

အဲဒါကြောင့် မအားအောင်နေဖို့ဆိုရင်

၁။ ကိုယ့်ဘဝနဲ့ အလုပ်နဲ့ပတ်သက်တဲ့ Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ်ချပါ။

၂။ လုပ်စရာရှိတာတွေအားလုံး ချရေးပြီး ဦးစားပေးအရ တစ်ခုပြီးတစ်ခု လုပ်ပါ။

၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာအသုံးချပါ၊ မဟုတ်ရင် ခရီးထွက်ပါ။

၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။

၅။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။

၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ သို့မဟုတ် ရုပ်ရှင်ကြည့်ပါ။

၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။


#နောင်အိုင်းရ်

Photos from Naung Eye's Collections's post 18/07/2023

အိမ်ပြန်ချိန်တွေ အတူလျှောက်လည် 🎼🎶

🌅နေဝင်ချိန်ဆို အတူရှိမယ် 😌

19/06/2023

ဒီအရာ (3) ခုကြောင့်
သင့်ရဲ့ဘဝကိုအထိန်းချုပ်မခံပါနဲ့

1. လူ
2. ငွေ
3. အတိတ်


#နောင်အိုင်းရ်

12/06/2023

ကိုယ်ထောင်းကိုယ်ကြိုက် စားကြပါဦးရှင့် ရှူး"ရှဲ" အပ်မှိုထောင်း😋😋

07/06/2023

"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအ‌ေပါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်

credit

18/05/2023

တစ်ကြိမ်မသိလို့ မှားမိရင် အမှား ☝️

မှားမန်းသိရက်နဲ့ ထပ်ခါထပ်ခါလုပ်တဲ့အမှားကတော့

ကိုယ့်ရဲ့ရွေးချယ်မှုပဲ ✅️‼️

#မှတ်သားမိသောစာစုများ

15/05/2023

🌸🌸🌸🌸🌸🌸
Korea မှာ စကားတစ်ခုရှိတယ် ။

ဗိုက်ဆာနေတဲ့အချိန် ဈေးမသွားနဲ့တဲ့ ………
ဗိုက်ဆာနေတော့ ဘာမြင်မြင် စားချင်နေတယ်။ ဘာဖစ်ဖစ်အကုန်ဝယ် ချင်မိတယ်။ တကယ်တမ်းလဲ အပိုတွေ မလိုတာတွေဝယ်ခဲ့မိရော။

ညနေခင်း ထိုင်ခုံ မဝယ်နဲ့တဲ့ ….….
ညနေဘက်ဆိုတော့ တနေကုန် ရုံးသွားထား၊ ကျောင်းသွားထား ပင်ပန်းနေတယ် ဆိုတော့ ဘယ်ခုံဖစ်ဖစ် ထိုင်လို့ကောင်းနေတာပေါ့ ဒီတော့ အဝယ်မှားဖစ်တတ်တယ်။

အထီးကျန်နေတဲ့ အချိန် ချစ်သူမရှာနဲ့တဲ့။

အဲဒီအချိန် ဘေးကဘယ်သူမဆို " စားပြီးပြီ လား " မေးတာနဲ့တင် ငါ့ကို ဂရုစိုက်လိုက်တာ လို့ ခံစားရမယ်။

" နေကောင်းလား" မေးခံရတာနဲ့တင် ငါ့ကို စိတ်ပူပေးနေတယ်လို့ ထင်မိမယ်။ "ညဘက်စောစောအိပ်ပါ " ပြောခံရတာနဲ့တင် တခါထဲ ချစ်သူတော်ချင်စိတ်ပေါက်‌လိမ့်မယ်။

တကယ်က အထီးကျန်နေတော့ ဘယ်လက်မောင်းမဆို ဖက်တွယ်လို့ကောင်းနေသလို၊ ဘယ်ရင်ခွင်မဆို မှီခိုလို့ လုံခြုံနေတယ်လို့ခံစားရမှာပဲ။

အချိန်ကြာလို့ တကယ် စိတ်တွေ တည်ငြိမ်ပြီး normal ဖစ်လာတဲ့အခါ မှားယွင်းခဲ့တဲ့ ရွေးချယ်မှုတွေမှန်းသတိပြုမိမှာပါ။

တကယ်က ကိုယ့်အတွက် ဒီလူဟာ "လူကောင်း" တို့ "လူဆိုး"တို့ဆိုပြီး ခွဲခြားပြီးရှိနေတာမဟုတ်ဖူး။

ကိုယ်နဲ့အံဝံဂွင်ကျဖြစ်တဲ့သူနဲ့ ကိုယ့်သဘာဝနဲ့ မကိုက်ညီတဲ့သူ ရယ်လို့ ဘဲရှိတာ။

အဓိက လူတယောက်နဲ့တယောက်တွေ့ဆုံပက်သက်မိကြတဲ့အခါ အချိန်၊ နေရာ၊ အခြေအနေရယ် သုံးခုကအရမ်းအရေးကြီးတယ်လေ။


နောင်အိုင်းရ်
💗💗💗💗

Telephone

Website

Address


MaharAungMyay Township In Mandalay
Mandalay
301600

Alerts

Be the first to know and let us send you an email when Naung Eye's Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.