Radiance Beauty Store
Beauty Products
05/07/2026
Dr.G Green Mild Up Sun+ Sunscreen 50ml, 20ml ✅Instock✅
ဒီရာသီ ဒီအခြေအနေနဲ့ အကိုက်ဆုံးသော Sunscreen😌
Dr.G Green Mild Up Sun+ Review🍏🍏
SPF50+ PA++++
Hello,အားလုံးပဲမင်္ဂလာပါ👋🏻
ဒီနေ့ကတော့ Grace က Dr.g Sunscreenလေးကို recommendလုပ်ပေးသွားမှာပါ🙌🏻
Reviewတွေအများကြီးရှိပြီးသား sunscreenဖြစ်ပေမဲ့ ဒီရာသီ ဒီအခြေအနေနဲ့အဆင်ပြေတာကြောင့် Graceပြန်ပြီး upload လုပ်ပေးလိုက်ပါတယ်👏🏻
🍏Dr.gမှာ တခြားsunscreen အမျိုးအစားတွေလည်းရှိတယ်။ ပြီးတော့ ဒီ green mild up ထဲမှာကို ပုံစံအမျိုးမျိုးရှိတယ်။
အခု Grace ပြထားတဲ့ ဗူးပုံလေးဆိုရင်လည်း Sun+ နဲ့ Sun ဆိုပြီးရှိတယ်။ ဘာမတူတာလဲဆိုတော့ ingredientsပါတာတွေ မတူဘူး။ versionကွဲတယ်။
🍏Graceပြောပြမှာက Sun+ ပေါ့နော်
သူက sunscreen main ingredient အနေနဲ့ zinc oxide တစ်ခုတည်းကိုသာ အသုံးပြုထားတဲ့ mineral sunscreenတစ်ခုပါ✔️
Textureပိုင်းမှာဆိုရင်လည်း အခုအချိန်နဲ့ တော်တော်လေး အဆင်ပြေတယ်ပေါ့နော်💯🤩
သူရဲ့ textureက creamကိုမှ နည်းနည်းလေးကျဲတယ်။ လိမ်းလိုက်ရင် Fresh matte type finish ရတယ်💯
လိမ်းလိုက်ရင် အရမ်းခြောက်ခြောက်ကြီးမဟုတ်ပဲ အစိုလွှာလေး ပါးပါးလေးကျန်တယ်။ အချိန်ကြာမှ အစိုအလွှာလေး ပျောက်သွားပြီး matte ဖြစ်သွားတယ်။
🍏White cast ဖြစ်တယ်။ ဒါပေမဲ့ သူ့white cast က အခြေအနေ မဆိုးသေးဘူး။ Grace တခြား white cast ဖြစ်တဲ့ sunscreen လိမ်းဖူးတယ်။အချိန်ကြာလာလို့ ချွေးထွက်၊အဆီပြန်လာရင် အဖြူကွက်၊ အဖြူအကြောင်းလေးတွေ ဖြစ်တယ်။
သူကကျ သိပ်မဖြစ်ဘူးပေါ့နော်။(ပမာဏများများလိမ်းမိရင်တော့ ဖြစ်တတ်တယ် 2fingers ပမာဏလောက်ကတော့ မဖြစ်ပါဘူး)
🍏ဘယ်လိုလိမ်းရမလဲဆိုတော့ layerခွဲလိမ်းပေးတာကပိုအဆင်ပြေတယ်။ တစ်လွှာပြီးမှ တစ်လွှာပေါ့။
Matte typeဆိုပေမဲ့လိမ်းရတာ အဆင်ပြေပါတယ်။အသားခြောက်တဲ့သူတွေကတော့ အောက်ကနေ moisturizerလေး ခံလိမ်းရင် ဆွဲလိမ်းရတာ မခက်ပါဘူး။
🍏အဆီပြန်တာ တော်တော်လေးထိန်းပေးတယ်။Oxidized ဖြစ်တာလည်း နည်းတယ်။အဲ့ကြောင့် အဆီပြန်သမားတွေ တော်တော်လေးကြိုက်ကြတာလည်းဖြစ်မယ် ထင်တယ်။
🍏All skin types ရပြီး oily skinသမားတွေကို ပိုပြီး recommendပါတယ် 💯🙌🏻
ပြီးတော့ ဗူးပေါ်မှာ Opened Date ဆိုပြီး ကိုယ်ဗူးစဖွင့်တဲ့နေ့လေး မှတ်ထားလို့ရတယ်။ PAO Date လွန်မလွန် သိရတာပေါ့ ( Sunscreen ကို တစ်မျိုးစီလှည့် သုံးနေတဲ့သူတွေအတွက် ပိုအဆင်ပြေတာပေါ့)
Graceကတော့ အခုလိုရာသီမှာ matte type Sunscreenဆိုရင် Dr.g Green mild up Sun+ လေးကို highly recommendပါတယ်နော်💯🙌🏻
GRACE💕
SPF is your bff😉
+
05/07/2026
ကျန်းမာတဲ့ဦးရေပြား နဲ့ သန်စွမ်းတဲ့ဆံသားများ ရရှိစေတဲ့....
KAMINOMOTO Super Strength Hair Serum (Gold)
🏵️Instock🏵️ပါရှင့်။
✅ ဆံပင်နဲ့ပတ်သတ်လို့ ဒုတိယမြောက် ရေးခြင်းဖြစ်ပါတယ်
Product reviews တွေကို အဓိကထားပြီး ရေးတဲ့သူမို့ မရေးခင် အမျိုးအစားတူ product ၃-၄-၅ မျိုး စမ်းပြီးခါမှ အကြိုက်ဆုံးနဲ့ အဆင်ပြေဆုံး တခုကို ရေးသားဖော်ပြဖြစ်တာပါ
ခု recommend ပေးချင်တာက ဆံပင်ကျွတ်တဲ့သူတွေအတွက် KAMINOMOTO ဆိုတဲ့ hair tonic serum ပါ
Made in Japan ဆိုတာကတော့ KAMINOMOTO နဲ့ ရင်းနှီးသူတိုင်း သိပြီးသားဖြစ်မှာပါ
KAMINOMOTO က super strength hair serum မထုတ်ခင် ရှေ့မှာ hair tonic နဲ့ hair accelerator ဆိုပြီး ထုတ်ထားပြီးပြီဖြစ်သလို တချို့ သုံးနေကြသူတွေတောင် ရှိကြပါတယ်
ပထမထုတ်တဲ့ hair tonic နဲ့ hair accelerator ကို အမှန်အတိုင်းပြောရရင် ရင်ထဲသိပ်မထိခဲ့ဘူး
Advanced formula နဲ့ ထပ်ထုတ်တဲ့ super strength hair serum ကျမှ ပိုကြိုက်မိသွားတယ်
(ကိုယ့် ဦးရေပြားကျန်းမားရေးနဲ့ သူပေးနိုင်တဲ့ အာနိသင် ကွက်တိကျသွားလို့လည်း ဖြစ်နိုင်ပါတယ်)
ကိုယ်တိုင်က ပိုးသတ်ဆေးတွေသောက်ခဲ့ရလို့ ဆံပင်ကျွတ်တယ် ဦးရေပြားအရမ်းခြောက်ပြီး ဆံပင်ကို လက်နဲ့သပ်ရင်တောင် ၃-၄ပင် ကျွတ်ပါလာတတ်တဲ့အခြေအနေ ဆိုတော့ KAMINOMOTO super strength hair serum ကို တနေ့ ၂ ကြိမ်လိမ်းတယ်
(မနက် ၁ကြိမ်၊ ညမအိပ်ခင် ၁ကြိမ်)
တခါတလေ တနေ့ ၁ကြိမ်လိမ်းရင်တောင် ရတယ်
တခြား hair tonics တွေဆို ၂ ကြိမ်လိမ်းမှ ထိရောက်တာ
ညဘက် မလိမ်းဖြစ်ရင် နောက်ရက်မနက်ဆို ဦးရေပြားတွေခြောက်ပြီး နေလို့မကောင်းဘူး
KAMINOMOTO က အဲ့လိုမဟုတ်ဘူး
ဦးရေပြားအစိုဓာတ်ကို ကောင်းကောင်းထိန်းထားနိုင်တယ် ရေဓာတ်ပြည့်ဝနေတော့ ဆံပင်ကျွတ်နှုန်းလျော့လာတယ်
နောက်ထပ်တခုက KAMINOMOTO မှာ Allatonin ပါတဲ့အတွက် ဗောက်ထတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ် ဦးရေပြားယားယံတာမျိုးလည်းမဖြစ်တတ်ဘူး
ပြီးတော့ မပြင်းဘူး
(ကိုယ်နဲ့မတည့်ရင် အဲ့ ပြင်းပြီဆိုတာနဲ့ ဦးရေပြားမှာ အဖုပေါက်တာ နာနေတာမျိုးတွေဖြစ်တတ်တယ်) ဒါကမဖြစ်ဘူး
Main ingredients - Panthenol ကတော့ ဆံပင်မကျွတ်အောင် ကာကွယ်ပေးသလို အသစ်ပြန်ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးပါတယ် (ဒါကတော့ hair tonic တိုင်းမှာ ပါတတ်လို့ အထူးတလည်ပြောစရာတော့မဟုတ်ပါဘူး)
နောက်ထပ် ကြိုက်တဲ့ တချက်က သူ့ကိုသုံးပြီးရင် အဆီပြန်တာ ကပ်စီးကပ်စီးဖြစ်တာမျိုး မကျန်ခဲ့ဘူး
ဦးရေပြားထဲကို လိမ်းပြီးတာနဲ့ အေးအေးလေးဖြစ်ကျန်ခဲ့တယ်
ဘယ်လောက်လောက်သုံးပြီးရင် သိသာလဲလို့မေးရင် ဆံပင်ကျွတ်နှုန်းလျော့တာတော့ ၁လလောက်ဆိုရင် သိသာတယ်
ဆံပင်ပြန်ပေါက်နှုန်းကကျတော့ ၃လလောက်ကျော်မှ သိသာတယ်
(တယောက်နဲ့တယောက် metabolism မတူတဲ့အတွက် အတိအကျတော့ မပြောပေးနိုင်ပါဘူး)
ကျနော်က ၂ လကျော်ကျော်သုံးအပြီးမှာ နဖူးနဲ့ နားထင်နားတဝိုက် baby hairs လေးတွေကို စမြင်နေပြီလို့ မှတ်မိနေသေးတယ်
တပုလင်းကို ၂သောင်းကျော်ဆိုတော့ ပေးပျော်လို့ စမ်းသုံးကြည့်ကြည့်ပါလို့ တိုက်တွန်းချင်တယ်
အသက်ကြီးလာလို့ hair line နောက်ရောက်ပီး နဖူးပြောင်လာတဲ့သူတွေလည်း သုံးလို့ရပါတယ်
Medicated shampoo တခုကိုလည်း ဆရာဝန်တယောက်ညွှန်းလို့ သုံးကြည့်နေပါတယ်
စမ်းနေဆဲကာလမို့ ကြိုက်ရင် review ရေးဖို့ စိတ်ကူးထားပါတယ်
လာ မယ်
ကြာမယ် မို့ မျှော်နေပါနော်
Be Unique With You,
Kyaw Shine Myint
ကျနော့် ပရိတ်သတ်တွေထဲမှာ KAMINOMOTO သုံးနေတဲ့သူတွေ ရှိကြပါတယ်
ရှိနေရင် comment မှာ အတွေ့အကြုံလေးတွေ ရေးပေးခဲ့ပါဦး 💛
05/07/2026
𝗦𝗼𝗺𝗲 𝗕𝘆 𝗠𝗶 𝗖𝗹𝗲𝗮𝗿 𝗦𝗽𝗼𝘁 𝗣𝗮𝘁𝗰𝗵
🟢Instock🟢
ဝက်ခြံအဖုများထွက်ပြီးယောင်ယမ်းနေလို့ စိတ်ညစ်နေပါသလား❓
🤗ဝက်ခြံအဖုများကို လက်ဖြင့်ကိုင်တွယ် ဖိညှစ်စရာမလိုပဲ အလွယ်တကူဖြေရှင်းပေးမယ့် Clear Spot Patch လေး Instock ရှိပါတယ်နော်။
🟢Hydrocolloid Patch က ဝက်ခြံအဖုများအတွင်းရှိ ပြည်နှင့် အဆီရည်များကို လျင်မြန်စွာ စုပ်ယူဖယ်ရှားပေးပြီး ယောင်ယမ်းမှုကို လျော့ချပေးပါတယ်။
🟢အမာရွတ်မကျန်စေပဲ ဝက်ခြံအနာများကို အမြန်ကျက်စေပါတယ်။
🟢ပြင်ပမှ Bacterial ပိုးမွှားများ မဝင်ရောက်စေရန်လည်း ကာကွယ်ပေးပါတယ်။
🟢ကပ်ထားရင်လဲ အသားအရေနဲ့ တသားထဲဖြစ်စေပြီး အပေါ်ကနေ မိတ်ကပ်ထပ်လိမ်းလို့လည်းရပါတယ်။
🟢သူရဲ့ Hydrocolloid Patch ကဝက်ခြံဖုများအတွက် လေပေါက်များကိုပိတ်လောင် မနေစေပဲ ရေစိုခံလည်းဖြစ်ပါတယ်။ Patch ကလည်းမျက်နှာပေါ်တွင် ကပ်အားကောင်းပါတယ်။
How to use❓
အသုံးပြုမည့်နေရာအား သန့်စင်အောင်ဆေးကြော၍ အခြောက်ခံပြီးမှကပ်ပါ။ ၁ခုကို ၈နာရီအကြာထိကပ်လို့ရပြီး Patch ကအရမ်းစိုစွတ်လာလျင် နောက် ၁ခု လဲ၍ကပ်ပါ။ ဝက်ခြံအနာ မပျောက်မချင်း ကပ်လို့ရပါတယ်။
💯% 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐅𝐫𝐨𝐦 𝐊𝐨ŕ𝐞𝐚
❌【စာသားများကူးယူခွင့်မပြုပါ】❌
05/07/2026
Soone လေးတွေ ✅Instock✅ပါရှင့်
ခုခေတ်ကြီးမှာ ငွေ 3သောင်းလောက်နဲ့ ဒီလို toner နဲ့ serum မျိုးရနိုင်သေးတာ မယုံနိုင်စရာပဲ🫨
Quality ကိုမကြည့်ဘဲ စျေးနှုန်းကိုပဲကြည့်ပြီး ဝယ်တဲ့သူအတွက်ကတော့ ဒီစျေးတန်းမှာ ရွေးချယ်စရာတွေ ပေါသောနေမှာပေါ့နော်။ ဒါပေမဲ့ Nyi လိုမျိုး quality ကိုကြည့်ပြီး ရွေးတဲ့သူအတွက် ဒီ Soone cica line က မယုံနိုင်စရာ အရမ်းတန်လွန်းနေတယ်။ ဥပမာ - ဒီနေ့ Nyi ပြောပြမယ့် toner ဆိုရင် 5သောင်းဝန်းကျင် toner တွေနဲ့ ဘာမှကွာမနေဘူး၊ serum ဆိုရင်လဲ 6သောင်းကျော်တန် Nyi အရမ်းကြိုက်တဲ့ serum တစ်ခုနဲ့ နင်လားငါလားပဲ။ ပုံထဲက Nyi နှစ်လလောက် လှည့်သုံးထားတဲ့ဗူးတွေပါ။
- Soone cica hydra calm toner
Cotton pad နဲ့သုံးရင်လဲ အဆင်ပြေတယ်၊ လက်နဲ့လိမ်းရင်လဲ အဆင်ပြေတယ်။ Watery toner အမျိုးအစားကို 5% viscosity လောက်ပါတဲ့ texture ပါ။ အသားပေါ်မှာလိမ်းလိုက်တာနဲ့ အေးမြပြီး soothing ဖြစ်တဲ့ခံစားချက်ကို ပေးတယ်။ ဘယ်နှစ်ထပ်ပဲလိမ်းလိမ်း weightless ဖြစ်နေတာကို အကြိုက်ဆုံးပဲ။ စိမ့်ဝင်သွားတာနဲ့ အသားအရည်ကကြည်ပြီး calm ဖြစ်သွားတာ တွေ့ရတယ်။ နီမြန်းရောင်ရမ်းတာကို ချက်ချင်းအရောင်ကျစေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ skin condition ကို ပိုမဆိုးဘဲ stable & calm ဖြစ်စေဖို့ ကူညီပေးပါတယ်။ Hydrating effect ကိုကြည့်မယ်ဆိုရင်လဲ ကျေနပ်စရာပါ။ တော်တော်လေးရေဓာတ်ဖြည့်ပေးနိုင်တယ်လို့ ဆိုရပါမယ်။ Ampoule type လောက်ထိ မပျစ်တာမလို့ heavy မဖြစ်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ မနက် ညသုံးလို့ကောင်းတဲ့ toner လေးပါနော်။
- Soone cica care serum
Impress ဖြစ်ဖို့အကောင်းဆုံး cica serum ပါ။ နဂိုတည်းက acne prone skin တွေဖို့ ရည်ရွယ်တဲ့ product မလို့ lightweight ဖြစ်ရပါမယ်၊ breathable ဖြစ်ရမယ်၊ sticky လုံးဝမဖြစ်ရဘူး။ ဒီအချက်တွေနဲ့ 100% ကိုက်ညီတဲ့ serum လို့ Nyi ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ serum gel texture က လိမ်းလို့မတရားကောင်းသလို skin ထဲကိုစိမ့်ဝင်တာလဲ အရမ်း comfort ဖြစ်တာတွေ့ရတယ်။ ဝက်ခြံအဆီဖုထွက်တဲ့ လူ 100မှာ 100လုံးကြိုက်မယ့် cica serum နော်။ Calming effect, soothing effect, repairing effect လဲ အရမ်းကောင်းတယ်။ ညဘက် သူ့ကိုထည့်လိမ်းပေးရင် မနက်ခင်းရောက်တဲ့အခါ skin ကကြည်ပြီး healthy look ဖြစ်နေတာ မြင်ရပါတယ်။ Skin healing ကိုလဲမြန်စေလို့ barrier compromised skin တွေ sensitive skin တွေအတွက် အရမ်းသင့်တော်တယ်နော်။
Soone cica toner နဲ့ serum နှစ်ခုလုံးမှာ cica အဓိကပါဝင်ပြီး alcohol, fragrance နဲ့ essential oil တွေမပါတဲ့အတွက် super sensitive skin တွေ စိတ်ချလက်ချနဲ့ အသုံးပြုနိုင်ပါတယ်။ နောက်ပြီး all skin types သုံးဖို့အတွက်လဲ Nyi က highly recommend လုပ်ပါတယ်နော်။ Review လေးကို သေချာအဆုံးထိဖတ်ပေးလို့ ကျေးဇူးအထူးပါခင်ဗျာ။
🛒 by TSO
https://www.facebook.com/share/1PFkBsEvBF/?mibextid=wwXIfr
Disclaimer : This’s a Collaboration between Review By Nyi & TSO.
05/07/2026
✨𝗜𝘂𝗻𝗶𝗸✨ ထဲက ဆိုင်မှာ✅Instock✅ရှိတာလေးတွေပါ။
✔အဆီပြန်၊ ဝက်ခြံ၊ အဆီဖုတွေ သက်သာစေတဲ့ Tea Tree Toner နဲ့ Serum လေးလဲ ပြန်ရောက်ထားပါပြီနော်။
✅iunik Centella Mild Cleansing Foam (120 ml)
✅iunik Centella Edition Skincare Set {Cream+mini Serum}
✅iunik Tea Tree Relief Toner (200ml)
✅iunik Tea Tree Relief Serum (50ml)
✅iunik Rose Serum (15ml)
✅iunik Rose Serum (50ml)
✅iunik Propolis Vitamin Synergy Serum (15ml)
✅iunik Propolis Vitamin Synergy Serum (50 ml)
✅iunik Centella Calming Gel Cream (60 ml)
✅iunik Centella Calming Daily Sunscreen (60 ml)
🤗စိတ်ဝင်စားတာလေးများရှိရင် CB မှာစိတ်ကြိုက်မေးလို့ရပါတယ်ရှင့်😍
✨𝐑𝐚𝐝𝐢𝐚𝐧𝐜𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐭𝐨𝐫𝐞✨
🏠ဆိုင်လိပ်စာလေးကတော့…
🏠𝟓𝟔𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭: 𝟑𝟔𝐭𝐡 & 𝟑𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭𝐬, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📱𝐏𝐡: 𝟎𝟗𝟗𝟓𝟗𝟓𝟏𝟔𝟎𝟎𝟕
🕰️𝐌𝐨𝐧 𝐭𝐨 𝐒𝐚𝐭 - 𝟗𝐀𝐌 𝐭𝐨 𝟔:𝟑𝟎𝐏𝐌
🕰️𝐒𝐮𝐧 - 𝐂𝐥𝐨𝐬𝐞𝐝
05/07/2026
Hologram Sticker❓
Skincare ဘူးတွေပေါ်က Hologram နဲ့ အတုအစစ်ပြဿနာ။
ဒီ topic ကလေ အရင်ကတည်းက user တွေကို ဂျူလီရှင်းပြချင်တဲ့ topic ပါ။ အခုတော့ ရေးချင်စိတ်ရှိတုန်း ကြုံကြိုက်လို့ hologram အကြောင်း နည်းနည်းရှင်းပြမယ်။ ဘယ်ဘရန်းရယ်လို့ ရည်ညွှန်းတာမဟုတ်ဘူး။ hologram အကြောင်း သိထားစေချင်လို့။
အခုခေတ်မှာက skincare, cosmetics ဆိုတာ အရမ်းလည်း ခေတ်မှီလာသလို၊ အရမ်းလည်းပေါလာတယ်။ brand တွေအများကြီးရှိတဲ့အလျောက်၊ မြန်မာပြည်ကို သွင်းတဲ့ ကုမ္ပဏီတွေကလည်း အများကြီးပဲ။ Hologram ရဲ့ ကောင်းကျိုးကို အရင်ပြောရရင် hologram ပါထားရင် အတုအစစ် counterfeit ပြဿနာ သိပ်စိုးရိမ်စရာမလိုတော့ဘူး။ မြန်မာ FDA ကို အများစုက လျှောက်ထားပြီးသားဖြစ်သလို၊ ပြဿနာတစ်စုံတစ်ရာဖြစ်ရင်လည်း သွင်းတဲ့ကုမ္ပဏီနဲ့ တိုက်ရိုက်ရှင်းနိုင်တယ်။ တာဝန်ယူပေးတာများတယ်။ ဥပမာအနေနဲ့ဆို ဟိုးဟိုးအရင်နှစ်တုန်းက klaris က sunscreen တစ်ခု SPF မပြည့်တဲ့ case ဖြစ်တုန်းကဆို၊ မြန်မာက official သွင်းတဲ့ ကုမ္ပဏီက သူ့ဆီက အဲ့ sunscreen ဝယ်ထားသူတွေကို ပစ္စည်းပြန်ကောက်ပေးပြီး၊ refund ပေးတာမျိုးပေါ့။
တစ်ဖက်မှာလည်း အဲ့လို hologram မပါလို့ အတုလားဆို လုံးဝမဟုတ်ပြန်ဘူး။ hologram ဆိုတာက ထုတ်တဲ့စက်ရုံက တစ်ခါထဲကပ်ပေးလိုက်တာမျိုးမဟုတ်ဘဲ၊ မြန်မာပြည်ရောက်မှသာ hologram ထုတ်ပြီး ကပ်ကြတာ။ စျေးကွက်ထဲမှာ အတုတွေလည်း တကယ်ရှိပေမဲ့၊ hologram မပါရင် အတုဆိုတဲ့ စကားက ရိုင်းရိုင်းပြောရရင် သိပ်တော့ဉာဏ်မမှီဘူး။ ဘာလို့ဆို တစ်ဦးထဲဖြန့်ချီခွင့်ရထားတဲ့ sole exclusive distributor မဟုတ်ရင်၊ ဒီ brand ကိုပဲ နောက်ထပ်လူတွေက ထပ်ထပ်ပြီး စက်ရုံတိုက်ရိုက်လက်ကားသွားယူနိုင်တယ်။ သွားလည်းယူပြီး၊ ပြီးမှ ကိုယ့် hologram ထုတ်ပြီး ကပ်နေကြတာတွေလည်းအများကြီးပါ။ တစ်ချို့ကလည်း hologram မတပ်ဘဲ ဒီတိုင်းရောင်းကြတာလည်းရှိတယ်။ Skin 1004 သာကြည့်။ နောက် user community ကတော့ သိမှာမဟုတ်ပေမဲ့၊ spill the tea ရရင် ထုတ်လုပ်တဲ့ brand ဘက်ကတောင် official distributor ပေးထားတာမဟုတ်ဘဲ၊ ကိုယ့်ဘာကိုယ် myanmar official တပ်၊ hologram တပ်ပြီး စျေးကွက်ထဲမှာ သူတို့ရောင်းတာမှ အစစ်ဆိုပြီး လွန်လွန်ကြူးကြူးလုပ်တတ်သူများလည်း ရှိသေးတယ်။ ဒါကတော့ ထားပါ။
"Hologram ပါမှ အစစ်၊ Hologram မပါရင်အတု"ဆိုပြီး ခွဲတာမျိုးက လုံးဝမမှန်သလို၊ လက်ခံစရာမရှိဘူး။ hologram ပါရင် အတုအစစ်ပြဿနာစိုးရိမ်စရာမလိုဘူး။ ကောင်းကျိုးတစ်ချို့ရှိတာမှန်ပေမဲ့ စိတ်ချရတဲ့ source က ဝယ်တာမှန်ရင်၊ hologram မပါလည်း အစစ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်ပစ္စည်းနေနေ စျေးကွက်ထဲမှာက အတုအစစ်အရမ်းပေါတာမို့ user တွေကလည်း အရမ်းအချိုအချောင်မလိုက်ဘဲ စိတ်ချရတဲ့သူဆီက ဝယ်ပါ။ အချိန်မရွေး receipt ပြနိုင်သူဆီက ဝယ်ပါ။ အတုမိရင် ပိုက်ဆံလည်းဆုံး၊ ကိုယ့်ကျန်းမာရေးလည်း ထိတတ်တာမို့။
Let’s care with
Juliee,
let’s care with juliee ၏ ပုံနှင့်စာသားများကို ပြန်လည်ကူးယူတင်ခြင်း၊ ဆင်တူရိုးမှားပုံများ စာများ copy တာမျိုးလုံးဝမှခွင့်မပြု။
04/07/2026
🍀Instock🍀
ဒီတစ်သောင်းခွဲတန်မျက်နှာသစ်ကို 3,4သောင်းတန်တွေထက် Nyi ပိုပြီးစိတ်တိုင်းကျမိတယ်📌
စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ
(အပိုင်း-၁၉)
ဒါကြောင့်မလို့ လူတိုင်းလက်လှမ်းမှီတဲ့စျေးမှာ မျက်နှာသစ်ကို တွေ့ကရာဝယ်သုံးမနေဘဲ ဒီလို Korea brand အာမခံချက်ရှိတဲ့ပစ္စည်းမျိုးကို ရွေးစေချင်ပါတယ်။ မျက်နှာသစ်ကောင်းကောင်းသုံးရင် အသားအရည်က သိသိသာသာ improve ဖြစ်သလို quality မပြည့်မှီတာတွေသုံးနေရင်လဲ skin ပျက်စီးဖို့က တခဏလေးပါပဲနော်။ Soone brand ထဲက Nyi ပထမဆုံးသုံးဖြစ်တဲ့ product က ဒီမျက်နှာသစ်လေးပဲ။ အရမ်းကိုအထင်ကြီးသွားတာ ဒီစျေးနှုန်းနဲ့ ဒီ quality က နှစ်ခုမရှိနိုင်ဘူးပေါ့။ Budget မလိုက်နိုင်တဲ့သူလေးတွေကို Nyi အဓိကရွေးပေးဖြစ်တယ်။ တွေ့တဲ့လူတိုင်းကို ညွှန်းပေးနေတာ Nyi ညွှန်းပေးတဲ့မျက်နှာသစ်လေး အရမ်းအဆင်ပြေတယ်ဆိုပြီး ပြန်ကြားရလို့ တကယ်ကျေနပ်မိပါတယ်။ Soone က Korea brand စစ်စစ်ပေါ့နော်။ ဒီ cleanser လေးက သူ့ရဲ့ Cica line ထဲကထွက်ထားတာ ပါ။ Centella Asiatica extract နဲ့ Aloe leaf extract အဓိကပါဝင်ပြီး တစ်ခြားသော skin အတွက်ကောင်းတဲ့ ingredients တွေလဲ အများကြီးတွေ့ရတယ်။ Fragrance free မဟုတ်ပါဘူး။ Cica အနံ့ဖျော့ဖျော့လေးပါတယ်။ Nyi ဘယ်လောက်သုံးထားလဲဆိုတာ ပိန့်ရှုံ့နေတဲ့ဗူးလေးကိုသာ ကြည့်လိုက်တော့နော်။ Creamy dense foam ဖြစ်တာမလို့ မျက်နှာပေါ်မှာတင်သစ်ရတာ အားရဖို့ကောင်းတယ်။ Subtle ဖြစ်တဲ့အနံ့လေးကလဲ စိတ်ကိုလန်းဆန်းစေပါတယ်။ ဗူး size သေးတယ်ဆိုပေမယ့် အမြုပ်ထွက်အားတော်တော်ကြီးကောင်းလို့ average cleanser တွေလောက် အသုံးခံပါတယ်နော်။ မနက်ရောညပါ သုံးလို့အဆင်ပြေပါတယ်။ Soothing, calming ဖြစ်တာရယ် deep cleansing ဖြစ်တာရယ်ကြောင့် Nyi လိုမျိုး acne prone skin တွေနဲ့ အထူးသင့်တော်တယ်နော်။ Oily, combination, normal skin တွေ ရွေးလို့ရပါတယ်။ ဒီထက်စျေးချိုပြီး ဒီထက်သုံးကောင်းတဲ့မျက်နှာသစ်ကို Nyi တော့ မတွေ့ဖူးပါဘူးခင်ဗျာ။
🛒 by TSO ကနေ မှာယူနိုင်ပါတယ်။
https://www.facebook.com/share/17omsjSqqs/?mibextid=wwXIfr
Disclaimer : This’s a Collaboration between Review By Nyi & Soone.
04/07/2026
Try ကြည့်ချင်ရင် medicube One Day Exosome Shot 2000 (30 ml) လေး 🔵Instock🔵ရှိတယ်နော်။
04/07/2026
🌿 **“Skin Like Nature” ကိုယ်တိုင်ခံစားလိုက်ပါ – S.NATURE Aqua Squalane Moisturizing Cream** 💧
(60ml)🤍Instock🤍
✨ **S.NATURE ဆိုတာဘာလဲ?**
Natural skincare ကိုအခြေခံပြီး Hypoallergenic formula နဲ့ ထုတ်လုပ်ထားတဲ့ Korean brand တစ်ခုပါနော်။
👉 Skin type အမျိုးမျိုးအတွက် သင့်တော်ပြီး Mild ဖြစ်တဲ့ skincare 💙တခုပါ
---
ဒီ💦 **Aqua Squalane Moisturizing Cream က အသားရေအတွက် ဘာတွေကောင်းလဲဆိုတော့**
✔ **150,000ppm Squalane** ပါဝင်မှုကြောင့်
👉 အသားအရေကို အနက်ရှိုင်းဆုံးထိ Moisture ဓာတ် ဖြည့်တင်းပေးပြီး
👉 Smooth & Clear skin ဖြစ်စေပါတယ်
✔ **Aquaxyl (Glucose + Xylitol)** ပါလို့
👉 Skin ကို ရေဓာတ်နက်ရှိုင်းစွာဖြည့်တင်းပေးပြီး
👉 Dehydration မဖြစ်အောင် ကာကွယ်ပေးပါတယ်
✔ **Betaine + Panthenol + Adenosine** ပါလို့
👉 Skin barrier ကို သန်မာအားကောင်း စေပါတယ်
👉 Anti-aging effect နဲ့ skin elasticity ကိုလဲ တိုးစေပါတယ်
✔ **Pore tightening & Sebum control** Effect လဲရစေလို့
👉 ချွေးပေါက်ကျယ်တာတွေကို သက်သာစေပြီး
👉 Oil balance လုပ်ပေးလို့ အဆီပြန်ခြင်းကိုလဲ ထိန်းချုပ်ပေးပါတယ်
✔ **Mild & Non-irritating formula** ကြောင့်
👉 Sensitive skin များအတွက်ပါ လုံးဝ အဆင်ပြေတဲ့ Moisturizer လေးပါ
---
🌟 **ဘာကြောင့် ဒီ cream ကိုရွေးချယ်သင့်လဲ?**
* Dry skin → Deep hydration 💧
* Sensitive skin → Gentle care 🌿
* Dull skin → Glow & Radiance ✨
* Uneven texture → Smooth finish 💎
👉 တစ်ဘူးတည်းနဲ့ **All-in-one skincare solution** ကိုရစေပါတယ်
---
🧴 **အသုံးပြုနည်း**
Skincare routine ရဲ့ Moisturizer အဆင့်မှာ
👉 Cream ကို အနည်းငယ်ယူပြီး မျက်နှာပေါ်မှာ ညင်သာစွာလိမ်းပါ
👉 လက်ဖြင့် ညှင်သာစွာပုတ်လိမ်းပြီး စိမ့်ဝင်စေပါ
---
💬 “Hydrated skin = Healthy glow”
သင့်အသားအရေကို သဘာဝအတိုင်း ကျန်းမာလှပစေချင်ရင်
👉 **S.NATURE Aqua Squalane Cream** ကို မဖြစ်မနေ စမ်းသုံးကြည့်ပါနော် 💙
💯% 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐅𝐫𝐨𝐦 𝐊𝐨ŕ𝐞𝐚
❌【စာသားများကူးယူခွင့်မပြုပါ】❌
04/07/2026
🤔ဘယ်၁ခုကိုရွေးမလဲ
၂မျိုးလုံး 💠Instock💠ရှိတယ်နော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
56th Street, Bet 36th & 37th Streets
Mandalay
