Yaw Thar

Yaw Thar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaw Thar, Health/Beauty, Mandalay.

03/04/2023

ဝမ်းနည်းဝမ်းသာဖြစ်ရတဲ့ PDF များအတွက် ဆုတောင်းပွဲ
🔶🔶🔶
ကယားပြည်နယ်..ဒေါတမကြီးနယ်မြေထဲက ဘုရားကျောင်းတစ်ခုမှာ PDF အလောင်းတွေ တန်းစီပြိး ဆုတောင်းပွဲလုပ်ပေးနေတဲ့ ပုံလေးမြင်ပြီး ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်…

ဝမ်းနည်းတာကတော့ နိုင်ငံအတွက် အဖိုးတန်လူငယ်လေးတွေ အမြောက်အမြားသေဆုံးနေရလို့ဖြစ်ပြီး ဝမ်းသာတာကတော့ ဒီလိုတောထဲမှာ မရှုမလှသေဆုံးပေမဲ့ ကောင်းမွန်စွာ မြှုပ်နှံသဂြိုလ်ပေးလို့ဖြစ်ပါတယ်….

ပုံအရတော့ ခရစ်ယာန်ဘာသာဝင်တွေ ဆုတောင်းနေပုံရပေမဲ့ အလောင်းတွေထဲမှာတော့ ဗုဒ္ဓဘာသာဝင် PDF လေးတွေ ပါနိုင်ပါတယ်…

စကစလော်ဘီတွေထဲမှာ မကြာခဏမြင်တွေ့နေရတဲ့ ပိုးဆိုးပက်စက်သေဆုံးနေတဲ့ PDF တွေရဲ့ မြင်ကွင်းထက် ဒီလိုမြင်ကွင်းက အနည်းငယ်စိတ်ဖြေဖျောက်နိုင်ပါသေးတယ်…

ဒါပေမဲ့လည်း ဒီလိုမျိုး ဆယ်ချီပြီးအစုလိုက် အပြုံလိုက် ကျဆုံးတဲ့ မြင်ကွင်းတွေ မကြာခဏ မြင်တွေ့နေရလို့ NUG အဖွဲ့ရဲ့ “ငါတို့နိုင်နေပြီ” ဆိုတဲ့ ဝါဒဖြန့်မှုတွေက လွဲမှားနေတယ်ဆိုတဲ့ သက်သေကတော့ အခိုင်အမာဖြစ်နေပါတယ်…

ဘယ်သူသေသေ ကိုယ့်နိုင်ငံသားတွေဖြစ်လို့ ဒီလို အနိဌာရုံတွေ အမြန်ဆုံး ရပ်တန့်စေချင်တာကတော့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်…

Chaw

03/04/2023

မယ့်ခါထာစခန်း (ခေါ်) ဒါးကွင်းစခန်းတိုက်ပွဲ
******
မတ်လ ၂၈ ရက် မနက် ၅ နာရီလောက်မှာ မယ့်ခါထာစခန်း (ခ) ဒါးကွင်းစခန်းကို KNU/PDF အင်အား ၁၆၀ လောက်လာတိုက်ခဲ့တယ်လို့ သတင်းရတယ်.. မြေပြင်တပ်မှူးရဲ့ သတင်းပို့ချက်အရ ပစ်ကူပါပေးဖို့ သက်ဆိုင်ရာအထက်ဌာနကို တောင်းခံခဲ့ပြီးနောက် မနက် ၅ နာရီခွဲလောက်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်..
-
ဒါက ၂၈ ရက်နေ့မှာ ကျွန်တော်စုံစမ်းလို့ရတဲ့သတင်းပါ.. သတင်းပေးသူကလည်း Social Media ပေါ်မတင်ဖို့ မေတ္တာရပ်ခံတဲ့အတွက် မတင်ခဲ့ပါဘူး..
မတ်လ ၂၈ ရက်က မီဒီယာပေါင်းစုံမှာ မယ့်ခါထာစခန်းကြီးသိမ်းလိုက်ပါပြီ.. ခွေးသစ်က အယောက် ၄၀ ကျော်thayတယ်.. သံလွင်ခက်တို့မှာ ၅၀ ကျော် thay တယ်လို့ရေးထားတယ်..တိုက်ပွဲမှာ အကျဆုံးရှိနိုင်ပေမယ့် ဒီလောက်တော့ မဖြစ်နိုင်ဘူးလို့ တွေးထားပြီးသားပါ..
-
စိတ်ချရအောင် စုံစမ်းကြည့်တော့ မယ့်ခါထာစခန်းမှာ ရှိတဲ့အင်အားက ၄၃ ယောက်သာရှိတယ်လို့ သိရတယ်..ဒါဆို ၄၃ ယောက်လုံးကျတာတော့ မဖြစ်နိုင်ဘူးလို့ တွေးမိတယ်..ဒါ့အပြင် ခွေးသစ်တင်ထားတဲ့ movie ထဲမှာ တွေ့ရတဲ့အလောင်း ၁ လောင်းမှ မတွေ့ရပါဘူး..
-
ခွေးသစ်နဲ့အပေါင်းပါတသိုက်က စစ်သားအလောင်းသာရရင် ဘယ်သူမှတားလို့မရဘူး စွတ်ပြီးတင်မှာပဲ.. သံလွင်ခက်ဆိုရင် တင်စရာမရှိလို့ ပဝေဏသီကပုံတွေသုံးပြီး တင်ထားတာတွေ့ရတယ်..
-
အခုတော့ မြေပြင်တပ်မှူးနဲ့ အဆက်အသွယ် ရပြီလို့သိရတဲ့အတွက် ခွေးသစ်နဲ့အပေါင်းပါတွေကို ဖုတ်ချင်လို့ တင်လိုက်ပါပြီ..
-
အခုနောက်ဆုံးရရှိတဲ့သတင်းအရ မယ့်ခါထာ (ခ) ဒါကွင်းစခန်းမှာရှိတဲ့ တပ်မှူးအပါအဝင် အရာရှိ/စစ်သည်များ အန္တရာယ်ကင်းရှင်းစွာနဲ့ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်..ကွဲသွားတဲ့ ၂ ဖွဲ့လည်း ပူး ပေါင်းနိုင်ပါပြီလို့ သိရပါတယ်..
-
စစ်ရဲ့သဘော ရန်သူအင်အားအရမ်းများရင် အသက်တွေအလဟသမဖြုန်းတီးပဲ ခွာစစ်ဆင်တာကို မသိတဲ့ ခွေးသစ်နဲ့ အပေါင်းပါတို့ကတော့ စခန်း Movie လေးနဲ့ အလောင်းမပြနိုင် လက်နက်ခဲယမ်းမပြနိုင်နဲ့ စခန်းသိမ်းတယ်လုပ်နေတာကို ယုံနေကြမှာ စိုးလို့ပါ..
-
ဒါးကွင်းစခန်း ခွာစစ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်.. အန္တရာယ်ကင်းကြတယ်လို့လည်း ကြားသိရပါတယ်..

Saw Ba Maung

Photos from တောင်ညိုမင်း's post 03/04/2023
03/04/2023

( ခရီးသည်ယာဉ် တိုက်ခိုက်ခံရ)
ဧပြီ ၁ ရက်နေ့ ည ၈ နာရီခန့်

တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးရွာအကြား မြိတ်-ကော့သောင်းလမ်းပေါ်တွင် ခရီးသည်ယာဉ်တစ်စီးအား PDF အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ -
* ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး (သေဆုံး)
* သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦး (ဒဏ်ရာရ)
ခဲ့ပါတယ် …
-
အကြမ်းဖက်တွေ ကျန်းမာချမ်းသာကြပါစေ။

03/04/2023

ဒီလိုမျိုး သူတစ်ဖက်သား အလှူကို အ မနာပ ပြောကြသူတွေ၊ အဲ့ဒါကိုရှယ်ပြီး အ မနာပ ပြောကြသူတွေကို သတိထားကြည့်တဲ့အခါ အချိန်တန်ရင် အုပ်စုလိုက် ပျော်ပွဲရွှင်ပွဲလုပ်ကြ၊ သောက်ကြ၊ စားကြ၊ ဘားသွားကြနဲ့။
တစ်ဖက်သားက သူတို့ရှာလို့ရတဲ့ပိုက်ဆံ သူတို့ သုံးချင်သလိုသုံးတာကို အပြစ်တင်နေကြတယ်။ ကိုယ်ရှာလို့ရတဲ့ပိုက်ဆံကြရင်တော့ ကိုယ်သုံးချင်တာသုံးမယ် လာမပြောနဲ့ဆိုသလိုပဲ။
ဒါကြောင့် ရှေးလူကြီးတွေက လူတစ်ဖက်သားအလှူကို မုဒိတာမပွားနိုင်ရင်နေ အကုသိုလ်မဖြစ်စေနဲ့လို ဆိုကြတယ်။ ဒီလိုမျိုး တစ်ဖက်သားအလှူကို အကုသိုလ်ပွားလို့ ပြိတ္တာတွေဖြစ်ကုန်ကြဖို့သာရှိတယ်။
ပဋ္ဌာန်းတရားတော်မှာ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယောလို့ ပါတယ်။ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တဲ့အကြောင်းတရားဟာ ဥပနိဿယ ပစ္စည်းရဲ့ သတ္တိ။
ဘယ်လိုမျိုး ကုသိုလ်ကနေ အကုသိုလ်ဖြစ်သလဲဆိုရင် ကုသိုလ်ပြုတဲ့အခါ ကုသိုလ်ကောင်းမှု လုပ်နေပမယ့် ကုသိုလ်စိတ် မထားနိုင်လို့ အကုသိုလ်ဖြစ်ခြင်းမျိုး။ အလှူတစ်ခု လုပ်တဲ့အခါ ငါ့လောက် သူများတွေ မလှူနိုင်ကြဘူးဆိုပြီးဖြစ်လို့ ကုသိုလ်နောက်က အကုသိုလ်လိုက်ခြင်းမျိုး။
အဲ့ဒိလိုပဲ တစ်ဖက်သားအလှူကို မုဒိတာမပွားနိုင်တဲ့အခါ အကုသိုလ်စိတ်ဖြစ်စေတယ်​၊ အဲ့ဒိ အကုသိုလ်စိတ်ကိုပဲ စိတ်ထဲမှာမထားပဲ တစ်ခြားသူတွေကိုပါ လိုက်ပြီး အကုသိုလ်ပွားအောင် ရှယ်ကြတဲ့အခါ ကိုယ့်ကြောင့် လူအများ အကုသိိုလ်ပွားလေ အကုသိုလ် ဆ တိုးရလေပဲ။
အဲ့ဒိလို အကုသိုလ်ကနေ အကုသိုလ်ဖြစ်ခြင်းကို ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယောလို့ ပါတယ်။ အကုသိုလ်ကနေ အကုသိုလ်ဆက်ပြီး ဖြစ်စေတဲ့အကြောင်းတရား၊ တနည်းအားဖြင့် ဥပနိဿယ ပစ္စည်းရဲ့ သတ္တိ။
တကယ်တော့ တစ်ခြားဘာသာခြားတွေလည်း သူတို့ဘာသာမှာ ငတ်ပြတ်နေသူတွေကို ဦးစားပေးလှူဖို့ သူတို့ကျမ်းစာတွေမှာ ပါပေမယ့်လည်း သူတို့ သန်ရာသန်ရာတွေကို လှူဒါန်းနေကြတာပဲ။ ဘယ်သူကမှ ဒီလိုမျိုးတွေ နှိုင်းယှဥ်ရေးတာ မတွေ့ရမိသလောက်ပဲ။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးတွေ၊ ခရစ်ယာန်တရားပြဆရာတွေ၊ အချမ်းသာဆုံး ဗလီတွေ၊ အချမ်းသာဆုံး ဗလီဆရာတွေအများကြီး ရှိကြတာပဲ။ ဘယ်သူကမှ ကဲ့ရဲ့ ပစ်တင်နေတာမရှိပဲ သူတို့ လှူချင်တာကို ပိုလှူကြတယ်။
မြန်မာပြည်မှာတော့ ဗုဒ္ဓဘာသာကို လှူရင်ကို အပြစ်ကြီးတစ်ခုဖြစ်သယောင် လုပ်လာတဲ့ Trend ဟာ တော်တော်လေးကို အရာရောက်နေတယ်လို့ ပြောလို့ရတယ်။ ဗုဒ္ဓဘာသာကို မလှူအောင်လို့ ပြောမရတဲ့အခါ နည်းလမ်းတစ်မျိုးနဲ့ လုပ်လာတဲ့သဘောပဲ။
ဘယ်ဘာသာမဆို ထောက်ပံ့မှုမရှိရင် ပြိုလဲတာပဲ။ နည်းနည်း နည်းနည်းနဲ့ ထောက်ပံ့သူနည်းလာလေ အဲ့ဒိဘာသာဟာ အင်အားချိနဲ့လာလေပဲ။ ကိုယ့်ဘာသာဝင်တွေကို များများထောက်ပံ့မယ် တစ်ခြားဘာသာဝင်တွေကို အလှူရရှိမှု နည်းအောင် နည်းပေါင်းစုံနဲ့ လုပ်မယ်။
ဒါသည်ပင်လျင် ခေတ်သစ် ဘာသာရေးထိုးနှက်မှုတွေထဲက တစ်ခုပဲ။ သတိထားမိကြစေဖို့။

crd

03/04/2023

ဓာတ်အားလိုင်းတိုင် ပြင်ဆင်သောအဖွဲ့အား KNU+PDF အဖွဲ့က ဗုံးကျဲတိုက်ခိုက်
======
အကြမ်းဖက် KNU+PDF အဖွဲ့က သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားမြောက်ဘက်ရှိ သထုံ-ဆဒ္ဒန်-မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တိုင်အမှတ် ၁၇ နှင့် ၁၈ အား ဖောက်ခွဲဖျက်ဆီးခဲ့သည်။

အဆိုပါ ဓာတ်အားလိုင်းတိုင်များအား ဧပြီလ ၁ ရက်နေ့မှ စတင်ပြုပြင်လျက်ရှိပြီး ယနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် လျှပ်စစ်အင်ဂျင်နီယာအဖွဲ့များ ပြုပြင်နေသောနရောသို့ အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ကြောင်းသိရသည်။

ကံကောင်းစွာဖြင့် လူ၊ပစ္စည်း အထိအခိုက်မရှိခဲ့သော်လည်း လုပ်ငန်းပြီးစီးရန်အတွက် အချိန်ကြန့်ကြာရပြီဖြစ်သည်။

အကြမ်းဖက်သမားများသည် ပြည်သူများကို အမှောင်ထဲတွင်သာ နေထိုင်စေလိုသည့် စိတ်ရင်းရှိကြောင်း ထင်မြင်မိသည်။

sbm

03/04/2023

အာဆီယံက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု လုပ်မှာ မဟုတ်ကြောင်းနှင့် ယခုလက်ရှိ အကြမ်းဖက်များ ရပ်တန့်နိုင်ရန်လည်း ကူညီသွားမယ်လို့ ပြောကြား
2.Apr.2023;Sun

မြန်မာ့နိုင်ငံရေးအခက်အခဲကို အဖြေရှာနိုင်ရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံ၏လုပ်ငန်းစဉ်များမှတစ်ဆင့် မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ် Dr. Kao Kim Hourn က ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေချိန်အတွင်း မြန်မာနိုင်ငံရေး အခက်အခဲနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့နိုင်ငံရေးပဋိပက္ခများက ခက်ခဲရှုပ်ထွေးပြီး အလျင်စလို ဖြေရှင်းနိုင်မည်ဟုမမျှော်လင့်သင့်ကြောင်း အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်ကပြောသည်။

၎င်းက” မြန်မာပြည်သူတွေဟာ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ အာဆီယံအဖွဲ့ကြီးဟာ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင် စီစဉ်ဆောင် ရွက်ရတာတွေနဲ့ အခြားအကူအညီတွေသာလုပ်ပေးနိုင်မှာဖြစ်တယ်” ဟု ဆိုသည်။

မြန်မာ့နိုင်ငံရေးပြဿနာနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ ၏ရပ်တည်ချက်မှာ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရဆိုသော မူဝါဒအတိုင်း ရပ်တည်သော်လည်း မြေပြင်တွင် အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန် မြန်မာနိုင်ငံကို ကူညီပေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာ့နိုင်ငံရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန် သတိထားပြီး သံတမန်ရေးလမ်းကြောင်းများမှတစ်ဆင့် ကြိုးပမ်းမှုများတွင် ပါဝင်လုပ်ဆောင်လျက်ရှိနေကြောင်း ၎င်းကပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရေးနှင့်ပတ်သက်ပြီး အကောင်းဘက်ကရှုမြင်ထားဆဲဖြစ်ကာ နစက တာဝန်ရှိသူများနှင့် အပြည့်အဝ စေ့စပ်ဆွေးနွေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာနှင့် ပတ် သက်ပြီး အာဆီယံကြေညာစာတမ်းပါ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်မည်ဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အများဆန္ဒအတိုင်း သဘောတူညီချက်များကို အပြောင်းအလဲလုပ်ရန် ဆန္ဒမရှိကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။

Ref—- thaipbsworld

30/03/2023

အားလုံးပျော်ရွှင်အောင်လို့
မျှဝေပါသည် 💖💖💖

30/03/2023

🎤 ဒါ .. ပုံပြင်လေးပါ
တကယ်ကြေကွဲရ 🎼 🤪
(မကော်နီသီချင်းဆိုတာပါ)
-
ခါတော်မှီ နီပိန်းတွေရဲ့ အိပ်မက်ပေါ့
နေပြည်တော်တခွင် ယင်ကောင်တောင်ဖြတ်ပျံလို့ မရဘူး ။

30/03/2023

ရင်ကို ဆွဲလှုပ်ခဲ့တဲ့ ပုံရိပ်လေးတစ်ခု 🙏

Category

Culinary Team

Attire

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Yaw Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.