Yoga with TMN

Yoga with TMN

Share

Peace In, Stress out.

26/12/2025

🎄🎄 Merry Christmas & Happy New Year မှာ ချစ်ခင်သူတွေကို လက်ဆောင်ပေးသလို ကိုယ်ကိုယ်တိုင်အတွက်လည်း ကျန်းမာခြင်း လက်ဆောင်ပြန်ပေးဖို့ မမေ့ကြနဲ့နော် ⛄⛄

နေ့စဥ်ဘဝမှာ ကျန်းမာ​ခြင်း အလေ့အထတွေကို စွဲစွဲမြဲမြဲ လုပ်ဆောင်သွားဖို့ ယောဂ ကိုအခုချိန်ကစပြီး လေ့ကျင့်​ကြည့်​လိုက်ပါ။

မန္တလေးမြို့တွင်း ယောဂလေ့ကျင့်ချင်သူတွေအတွက် အိမ်တိုင်ရာရောက် အ​ခြေခံမှစတင်ပြီး နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါပြီ။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 ( Viber) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

26/11/2025

Time is limitation ဆိုတဲ့ အတိုင်း အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။

ကုန်သွားတဲ့ ပိုက်ဆံကို ပြန်ရှာလို့ ရပေမယ့် ကုန်သွားတဲ့ အချိန်ကိုတော့ ဘယ်တော့မှ ပြန်ရှာလို့ မရတော့ပါဘူး။

တစ်နေ့မှာ 24 နာရီရှိတဲ့ အထဲက အနည်းငယ်လောက်အချိန်လေးကိုပဲ ဖြစ်ဖြစ် me time ယူပြီး ကိုယ့်အတွက်ကိုယ် invest လုပ်ဖြစ်ရဲ့လား။

Qulity of time လေးကို ရရှိချင်တယ်ဆိုရင်တော့ Yoga လေ့ကျင့်​​ခြ င်းက အကောင်းဆုံးဖြစ်ပါတယ်။

တန်ဖိုးရှိလှတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး စိတ်နဲ့ခန္ဓာ ကျန်းမာလှပစေဖို့ အခုကစပြီး Yoga လေ့ကျင့်ကြရအောင်။

မန္တလေးမြို့တွင်း ယောဂလေ့ကျင့်ချင်သူတွေအတွက် အိမ်တိုင်ရာရောက် အ​ခြေခံမှစတင်ပြီး နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါပြီ။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 ( Viber) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

21/11/2025

အပြင်ထွက်ပြီးသင်တန်းသွားဖို့ အချိန်မပေးနိုင်သူတွေအတွက် မိမိအိမ်မှာနေရင်း လွယ်ကူစွာ Yoga လေ့ကျင့်ဖို့ အခွင့်အရေးရှိလာပါပြီ။

တစ်ဦးချင်း ( သို့မဟုတ် ) မိသားစုလိုက် သီးသန့်သင်ကြားပေးတာဖြစ်ပြီး မိမိအဆင်ပြေရာ အချိန်ကို ရွေးချယ်နိုင်ပါတယ်ရှင့်။

ယောဂ လေ့ကျင့်ခြင်းဖြင့် ကိုယ်ခန္ဓာလှပကျစ်လစ်လာစေခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျစေခြင်း၊အိပ်စက်မှုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်တွင်းအင်္ဂါများ ကျန်းမာသန်စွမ်းစေခြင်း စသဖြင့် အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 ( Viber) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။

15/11/2025

အခုထိ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတုန်းပဲလား??

တစ်နေ့ကို တစ်နာရီလောက် တောင်ကိုယ့်အတွက်ကို အချိန်မပေးနိုင်ဘူး ဖြစ်နေတာလား??

တစ်ပတ်ကို သုံးနာရီလောက်ပဲ အချိန်ပေးပြီး ပုံမှန်လေး Yoga လေ့ကျင့်သွားမယ်ဆိုရင်...
• အရင်ကထက် ခန္ဓာကိုယ် ပေါ့ပါးပြီး နေလို့ကောင်းလာမယ်
• စိတ်တည်ငြိမ်လာမယ်
• ညဘက်ကို နှစ်ခြိုက်စွာ အိပ်ပျော်လာမယ်
• ကိုယ်နေဟန်ထား မှန်လာမယ်
• ခန္ဓာကိုယ် ကျစ်လစ်လာမယ်
• အရွယ်တင်နုပျိုပြီး အသားအရေ ကြည်လင်လာမယ် ...

စသဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရရှိစေတာမို့ အခုကစပြီး Yoga လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။

မန္တလေးမြို့တွင်း ယောဂလေ့ကျင့်ချင်သူတွေအတွက် အိမ်တိုင်ရာရောက် အ​ခြေခံမှစတင်ပြီး နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါပြီ။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 ( Viber) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

07/11/2025

🍀🍀 မင်္ဂလာပါရှင့်။

✨✨ ယောဂကို လေ့ကျင့်ချင်ပေမယ့် အပြင်ထွက်ပြီး သင်တန်းသွားဖို့ကို သီးသန့်အချိန်မပေးနိုင်သူတွေအတွက် သတင်းကောင်းလေးရှိပါတယ်ရှင့်။

🏘🏘 မန္တလေးမြို့တွင်း ယောဂလေ့ကျင့်ချင်သူတွေအတွက် အိမ်တိုင်ရာရောက် အ​ခြေခံမှစတင်ပြီး နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးနေပါပြီ။

🕘🕘 သီးသန့်သင်ကြားပေးတာ ဖြစ်လို့ မိမိအဆင်ပြေမည့် အချိန်ညှိနှိုင်းနိုင်ပါတယ်ရှင့်။

📌📌 Certified Yoga Insructor ကိုယ်တိုင် အသေးစိတ် သင်ကြားပြသပေးသည့်အတွက် ယုံကြည်စိတ်ချစွာ လေ့ကျင့်နိုင်ပါတယ်ရှင့်။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

29/10/2025

🍀🍀 ယောဂကို အခြေခံမှစပြီး နည်းစနစ်တကျ လေ့ကျင့်လိုသူများအတွက် Yoga with TMN နဲ့အတူ စတင်လေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်။

စိတ်ရော ခန္ဓာကိုယ်ပါ ပိုမို ကျန်းမာလာပြီး qulity of life ရရှိစေရန်အတွက် Yoga with TMN မှ တာဝန်ယူပါရစေရှင့်။

တစ်နေ့တစ်နာရီ အချိန်ပေးပြီး me time ယူကာ
Self Investment လုပ်ဖို့ အခုပဲ စတင်လိုက်ပါ။

Private Class ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လိုအပ်ချက်နဲ့အညီ သင့်လျော်တဲ့ Yoga Flow နဲ့သင်ကြားပေးတာဖြစ်လို့ injury ရမှာလည်း စိုးရိမ်စရာ မလိုပါဘူး။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

16/10/2025

Yoga ကို အခုစပြီး လေ့ကျင့်ကြည့်ပါ စိတ်ကလည်း နည်းနည်း ဖြစ်ဖြစ်တော့ ပျော်လာ အဆင်ပြေလာပါလိမ့်မယ်

“စိတ်က မစနဲ့၊ ရုပ်က စ”

🔳 ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဒေါက်တိုင်ကြီး ၃ ခု ရှိတယ်။

• အစာအာဟာရ ပြည့်ပြည့်၀၀ စားခြင်း
• ကောင်းစွာအိပ်စက်ခြင်း
• ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း

Nutrtion + Sleep + Exercise/ Activity ပေါ့။

ကျန်းမာချင်ရင် အဲဒီ ၃ ခု အဆင်ပြေနေလား၊ မပြေနေလား ပြန်ဆန်းစစ်ကြည့်လိုက်။ အဖြေကို တွေ့လိမ့်မယ်။

🔳 ဒီနေရာမှာ စိတ်ကျန်းမာရေးကိုရော ထည့်မပြောတော့ဘူးလား။ မေးစရာရှိတယ်။

မကြာခဏလည်း ရေးဖူးသလိုပဲ။ ရုပ်နဲ့ စိတ်နဲ့က အပြန်အလှန် ဆက်စပ်နေတယ်။ ခွဲပြောလို့ မရဘူး။ ရုပ်မကျန်းမာရင် စိတ်လည်း မပျော်သလို၊ စိတ်အဆင်ပြေမနေရင်လည်း ရုပ်ခန္ဓာကိုယ်က မကျန်းမာတော့ဘူး။ နေလို့မကောင်းတော့ဘူး။ ကျန်းမာရေးနဲ့ မညီညွှတ်တာတွေ ပိုလုပ်မိတယ်။

🔳 ခုကာလကျ စိတ်ချမ်းသာဖို့ဆိုတာ အတော်ခက်တယ်။ အမျိုးမျိုးသော အကြပ်အတည်းတွေ၊ စိတ်ညစ်စရာတွေ ပြည့်နေတာကိုး။ စိတ်ချမ်းသာမှပဲ အလုပ်တွေ လုပ်နိုင်မယ်၊ Healthy Lifestyle ကို ထိန်းသိမ်းနိုင်မယ် ဆိုလို့ကတော့ ဆေးခန်းနဲ့အိမ် ကူးချည်သန်းချည် လုပ်နေရလိမ့်မယ်။

ဒါကြောင့် ရုပ်ကနေ စရမယ်။ ရုပ်ခန္ဓာကိုယ်က လုပ်တဲ့ လုပ်ဆောင်ချက်တွေသာ မှန်အောင် ထိန်းကြည့်လိုက်။ စိတ်ကလည်း သူ့အလိုလို ပိုအဆင်ပြေလာလိမ့်မယ်။

မယုံမရှိနဲ့။ ဒီ ၅ နှစ်လုံး ကျွန်တော် ဖြတ်သန်းနေတာ အဲဒီနည်းနဲ့ပဲ။ ဆိုတော့ ဘာတွေ ဘယ်လိုဖြစ်ဖြစ် အပေါ်က ၃ ခုကို သတိထား။ အရမ်းကြီး ချော်ထွက်မသွားစေရဘူး။ အာမခံတယ်။

🔳 Nutrition ဆိုတာမှာ စားချင်တာတွေ လျှောက်စားတာကို ပြောတာ မဟုတ်ဘူး။ အာဟာရ ရှိတာတွေ စားမယ်။ ထိန်းထိန်းသိမ်းသိမ်း စားမယ်။ လွယ်အောင်ပြောရရင် - ဘာစားမလဲ၊ ဘယ်လောက်စားမလဲ၊ ဘယ်အချိန် စားမလဲ။ အဲဒီ ၃ ချက်ကို ဂရုစိုက်။

🔳 ပြီးရင် အိပ်ရေးဝဖို့။ ကျွန်တော့်အတွက်ဆို အရေးကြီးဆုံးပဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပိုသတိထားမိလာတယ်။ အိပ်ရေးပျက်ရင် ကိုယ်ခံအားကျပြီ။ အစားတွေ တွေ့ကရာ လျှောက်စားချင်ပြီ။ ခန္ဓာကိုယ်ကိုက တောင့်တလာတာ။ မထိန်းချုပ်နိုင်တော့ဘူး။ လုပ်ချင် ကိုင်ချင်စိတ်တွေလည်း ပျောက်ဆုံးသွားပြီ။

အဲဒါကလည်း ကိုယ်က ညဘက်တွေ ဖုန်းသုံး၊ ဂိမ်းဆော့၊ ကဖင်းပါတာတွေ သောက်ထားရင် ဘယ်လိုအိပ်ပျော်မလဲ။ မနက်ကျ ထစရာ မလိုရင် တော်သေးတယ်။ မနက်စောစော ထရမှာကို ညဘက် နောက်ကျမှ အိပ်ရင် Nutrition အပေါ်ပါ လာရိုက်ခတ်ပြီ။ အစားတွေ ပိုစားမိပြီ။ စိတ်ကလည်း မလန်းတော့ဘူး။

🔳 နောက်ဆုံးတစ်ချက်က Exercise/ Activity.

ကျွန်တော်ဆို အလုပ်သဘာဝအရ အထိုင်များတယ်။ ကွန်ပြူတာရှေ့မှာပဲ နေရတာ။ အိမ်အလုပ်ကလည်း တကိုယ်ရည်တကာယသမားမို့ သိပ်လုပ်စရာ မလိုဘူး။ အဲဒီတော့ သီးခြား Exercise ကို မဖြစ်မနေ လုပ်ရတယ်။ တစ်နေ့ ခြေလှမ်းတစ်သောင်း လျှောက်ရတယ်။

တကယ်လို့ အလုပ်အရဖြစ်ဖြစ်၊ အိမ်မှုကိစ္စ လုပ်ရလို့ဖြစ်ဖြစ် လှုပ်ရှားပြီးသား ဖြစ်နေရင်တော့ ဒီလောက်မလိုဘူး။ သို့သော် လေ့ကျင့်ခန်းတစ်ခုခု လုပ်တာ၊ လမ်းမှန်မှန် လျှောက်ပေးတာကတော့ ကျန်းမာရေး အကျိုးကျေးဇူး အများကြီးရှိတယ်။

🔳 ​ပြောမယ်ဆို ဒီ ၃ ခုကလည်း ဆက်စပ်နေတာပဲ။ အစားများသွားရင်၊ စားချိန်မမှန်ရင် ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ချင်တော့ဘူး။ လေးသွားရော။ အိပ်ရေးမဝရင်လည်း လေ့ကျင့်ခန်း လုပ်နိုင်ဖို့ မလွယ်ဘူး။ အိပ်ခါနီးမှ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ ထလုပ်ရင်လည်း အိပ်ပျော်ဖို့ ခက်သွားပြန်ရော။

ဒါကြောင့် တစ်ခုယိုင်ရင် ကျန်တာတွေပါ လိုက်ယိုင်တယ်လို့ ပြောရတာ။ ဟန်ချက်ညီညီ ထိန်းထားနိုင်ဖို့ သိပ်အရေးကြီးတယ်။

🔳 “Happiness is achievement.”

ကျွန်တော့်တစ်ကိုယ်စာအတွက်ပေါ့။ ပျော်ရွှင်မှုဟာ ဘယ်ကနေ လာသလဲဆို ပြီးမြောက်အောင်မြင်မှုကနေ လာတယ်။ ကြီးကြီးမားမားရယ်မှ မဟုတ်ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကို ပြီးအောင်၊ အောင်မြင်အောင် လုပ်လိုက်နိုင်တာလည်း Achievement ပဲ။ ငါ ဒီတစ်နေ့တာကို အကျိုးရှိရှိ ကုန်ဆုံးလိုက်ရတယ် ဆိုတဲ့ ခံစားချက်ပေါ့။

အဲဒီလို မဟုတ်တဲ့နေ့တွေဆို မပျော်ဘူး။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့လည်း ခံစားလာရတယ်။

🔳 အဲဒီ Achievement ရဖို့က ဘာနဲ့ သွားဆိုင်လဲဆိုတော့ အခုပြောခဲ့တဲ့ Nutrition + Sleep + Activity ၃ ချက်နဲ့ သွားဆိုင်တယ်။

အဲဒါတွေကို စနစ်တကျ လုပ်နိုင်ရင် အလုပ်တွေလည်း လုပ်နိုင်တယ်။ စိတ်မပျော်လို့ဖြစ်ဖြစ်၊ အလိုလိုက်မိလို့ဖြစ်ဖြစ် အဲဒီ ၃ ခု ပေါက်ကရဖြစ်သွားတဲ့ရက်ဆို အလုပ်လုပ်ချင်စိတ်ပါ ကုန်ခမ်းသွားရော။ ဒါကြောင့် ခုနောက်ပိုင်း ပိုပိုပြီး ဂရုစိုက်ဖြစ်တာ။

🔳 အပေါ်မှာ ရေးခဲ့သလိုပဲ၊ စိတ်တွေက ပျော်မနေတော့ စားတာတွေလည်း မမှန်၊ အိပ်တာတွေလည်း မမှန်၊ ကိုယ်လက်လှုပ်ရှားမှု မရှိ။ အဲဒီတော့ စိတ်က ပိုမပျော်နဲ့ သံသရာလည်နေကြတာ။

ဒါကို ဖောက်ထွက်ဖို့က စိတ်ပျော်ရမယ့်အချိန်ထိ စောင့်နေလို့ မရဘူး။ ရုပ်ခန္ဓာကနေ စရမယ်။ ဒါဆို စိတ်ကလည်း နည်းနည်းဖြစ်ဖြစ်တော့ ပျော်လာ၊ အဆင်ပြေလာပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၄.၁၀.၂၀၂၅

12/10/2025

🍀🍀 မင်္ဂလာပါရှင့်🍀🍀

စိတ်ဖိစီးမှုတွေ များပြီး ညဘက် အိပ်မပျော်လို့ပဲ ဖြစ်ဖြစ်၊
တစ်နေကုန် အထိုင်များပြီး ညောင်းညာနေလို့ပဲ ဖြစ်ဖြစ်၊
ခန္ဓာကိုယ်လှပချင်လို့ပဲ ဖြစ်ဖြစ် ယောဂ လေ့ကျင့်ဖို့ စဥ်းစားနေရင် Yoga with TMN မှ နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင့်။

Private Class ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လိုအပ်ချက်နဲ့အညီ သင့်လျော်တဲ့ Yoga Flow နဲ့သင်ကြားပေးတာဖြစ်လို့ injury ရမှာလည်း စိုးရိမ်စရာ မလိုပါဘူး။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

04/09/2025

လူတိုင်း ကျန်းမာချင်တယ်၊ လှချင်တယ်၊ ကိုယ်အလေးချိန်ကျချင်တယ်။

ဒါပေမယ့် အချိန်ပေးပြီး ကိုယ့်ကိုယ်ကို Invest လုပ်ဖို့ကျ မေ့နေ့တတ်ကြတယ်။
ကျန်းမာရေးအတွက် Invest လုပ်ခြင်းက အကောင်းဆုံး Investment ဖြစ်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။

အခုကစပြီး Yoga ကျင့်တဲ့ အလေ့အကျင့်လေး စလုပ်ကြည့်ပါ။
ကိုယ်ရောစိတ်ပါ ကျန်းမာရေး တိုးတက်လာတာကို ခံစားရလာပါလိမ့်မယ်။

အလုပ်အရမ်းများလို့ အပြင်ထွက်ဖို့ သီးသန့်အချိန်မပေးနိုင်ဖြစ်နေရင်လည်း စိတ်မပူပါနဲ့။
အိမ်အရောက် အခြေခံမှစပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေမယ့် အချိန်ကို ညှိနှိုင်းနိုင်ပါတယ်ရှင့်။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 ( Viber) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

24/08/2025

🍀🍀 24 နာရီ အချိန်တွေထဲက 1 နာရီလောက်လေးကို စိတ်ရောကိုယ်ပါ အကျိုးရှိစေမယ့် ယောဂလေ့ကျင့်ပြီး Quality of time လေးအဖြစ် ဖြတ်သန်းကြည့်ရအောင် 🍀🍀

Qulity of time လေးတွေကနေ Quality of life အထိရရှိစေဖို့ အခုက စပြီး ယောဂလေ့ကျင့်ကြည့်ဖို့
ဖိတ်ခေါ်ပါရစေ။

👉 👉 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက page messager (or) 09-968864448 ( Viber) သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။ 💕💕

Category

Website

Address


Mandalay

Alerts

Be the first to know and let us send you an email when Yoga with TMN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.