Phyu's Vlog
Phyu's Vlog
02/06/2024
Mai
ဘဝမှာ အချစ်ဆိုတာဘာလဲမသိခဲ့တဲ့ သူတစ်ယောက်
အချစ်ဆိုတာဘာမှန်းမသိပဲ ချစ်ရမှာကိုကြောက်နေတဲ့သူတစ်ယောက်
သူ့ဖအေရဲ့ ငွေမက်မောမှုကြောင့် ဘဝမှာ ခက်ခက်ခဲခဲရုန်းကန်ရပြီး
Singal Mom တစ်ယောက်အနေနဲ့ သမီးလေးအပေါ် တတ်နိုင်တာထက်ပိုပြီး ကြိုးစားခဲ့သူတစ်ယောက်
နေ့နေ့ညည မပင်မပန်းအလုပ်တွေကြိုးစားပြီး
ဘဝမှာ ပျော်စရာတွေကို စတေးထားသူတစ်ယောက်
မင်းသားနဲ့တွေ့ပြီးနောက်မှာ စိတ်ညစ်စရာတွေ ခဏတာပြေပျောက်ခဲ့ပြီး ပျော်ရွှင်နိုင်ခဲ့တယ် ဒါပေမယ့်ချစ်ရမှာကိုကြောက်နေတုန်းပါပဲ
Doon
မိခင်ရဲ့ ပိုးမွေးသလိုမွေးခံခဲ့ရတဲ့ လိုလေသေးမရှိပြည့်စုံတဲ့ လူငယ်တစ်ယောက်
အချစ်ဆိုတာကို ဘာမှန်းမသိတဲ့သူတစ်ယောက် မိန်းမတကာနဲ့ ပျော်မွေ့နေသူ ဆိုးချင်တိုင်းဆိုး အလုပ်လုပ်တယ်ရယ်မရှိ ပေါ့ပေါ့တန်တန် နေထိုင်ခဲ့တဲ့ လူငယ်တစ်ယောက်
စိတ်ညစ်စရာရယ်မရှိ ပူပန်ကြောင့်ကြမှုကင်းစွာ လွတ်လပ်ပျော်ပါးစွာနေတဲ့ လူငယ်တစ်ယောက်
မင်းသမီးကိုတောင် လောင်းကြေးနဲ့လိုက်ခဲ့တဲ့သူ
ဒါပေမယ့် တကယ်ချစ်သွားတော့လေ
အရာရာပြောင်းလဲခဲ့တယ် မင်းသမီးကြုံလာသမျှ အခက်အခဲတွေကို ထွက်မပြေးပဲ ရှေ့ကနေကာကွယ်ပြီး မင်းသမီးဘက်ကရပ်တည်ခဲ့တယ်
ဘာမဆို စွန့်လွှတ်ပြီး မင်းသမီးကိုရွေးချယ်ခဲ့တယ် ပိုးမွေးသလိုမွေးခံရတဲ့ ဘာမဆိုပြည့်စုံနေတဲ့ဘဝကနေ မင်းသမီးအတွက် ကြိုးစားပြီးအလုပ်လုပ်ခဲ့တယ်
တစ်ယောက်အတွက် တစ်ယောက်က Right Person ဖြစ်ခဲ့ပေမယ့်
နှစ်ယောက်လုံးအတွက်ကတော့ Wrong Time ဖြစ်ခဲ့တယ်
နှစ်ယောက်ပေါင်းစည်းဖို့အတွက် အရမ်းခက်ခဲတယ်ဆိုတာထက်ကို ပိုခဲ့တယ်
စွန့်လွှတ်မှရမယ့် Relationship တစ်ခုကို ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ကြတယ်
ဒါပေမယ့် ချစ်ခဲ့မိတာကို နောင်တမရခဲ့ကြဘူး
ဘယ်လောက်ထိချစ်ခဲ့တယ် ဘယ်လောက်ထိနာကျင်ခဲ့တယ်ဆိုတာ နှစ်တွေကြာလို့ ပြန်တွေ့တဲ့အခါ မျက်လုံးတွေကတောင် စကားပြောတယ်
ဒါပေမယ့် Right Person Right Time မဖြစ်ခဲ့တာကြောင့် ကိုယ်ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းကိုယ်စီ ဆက်လျှောက်ခဲ့ကြရတာပါပဲ
မင်းသမီးကတော့ ပြီးပြည့်စုံတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့တယ်
မင်းသားကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုထူထောင်ခဲ့တယ်
လွမ်းလွန်းလို့ ဘယ်သူမှသေသွားကြတယ်ဆိုတာ မရှိဘူးလေ
ဘဝမှာလေ Right Person Right Time ဖြစ်ဖို့က တကယ်ကိုအရေးကြီးတာ
Right Person Wrong Time ဖြစ်ရင်တော့ နာကျင်စရာဇာတ်သိမ်းလေးပေါ့
နောက်ဆုံးတော့ မင်းသားတို့မိသားစုက ပျော်နေပြီး မင်းသမီးကတော့ ကားမှန်လေးတင်ပြီး ငိုချလိုက်တယ်
သူတစ်ယောက်ထဲတော့မဟုတ်ဘူး တို့တွေရောပါတယ် နောက်ခန်းလေးထဲမှာ ပြုံငိုနေကြတာလေ🤧
ကျီစားမယ့်စား ဒါလေးတွေစား😛😝
'sVlog
#ကျီစားသလား
ပန်းလေးတွေဟာ စကားမပြောတတ်ပေမယ့်
သူ့ကိုမြင်လိုက်တဲ့သူတိုင်းကို
ပြုံးရီအောင်လုပ်ပေးနိုင်တယ်
စိတ်ပျော်အောင်လုပ်ပေးနိုင်တယ်
ဘဝအမောတွေကို ပြေပျောက်အောင်လုပ်ပေးနိုင်တယ်
လှပတဲ့အတွေးကမ္ဘာလေးကို ဖန်တီးပေးနိုင်စွမ်းရှိတယ်
ကိုယ်ဟာလဲ ပန်းလေးတွေကို ခူးယူပန်ဆင်တာထက်
အပင်ပေါ်မှာရှိတဲ့ သူ့ရဲ့အလှတရားကို ပိုမြတ်နိုးတယ်
ပိုပြီးသဘောကျတယ်
's Vlog
နင်အသက်အရွယ်ရလာပြီဆိုတော့ တည်ငြိမ်ရင့်ကျက်နေပြီပေါ့
Me: 😪
22/02/2024
ဖြိုသလစ် ဖြစ်သလို ညလေးတွေ👀
ထမင်းကြော်ဆို အမြဲလိုလိုသွားစားဖြစ်တဲ့ဆိုင်လေး
500 ထဲကစားလာတာ ခုဆို 1000တောင်ဖြစ်နေပြီ😁😁
ဖြူကတော့ ထမင်းကြော်နဲ့ ဆိတ်ကြော် နဲ့ တွဲစားရတာအကြိုက်ဆုံးပဲ
လက်ဖက်သုပ်လေးကလဲ မပါမဖြစ်ပေါ့🤤
ငံပြာရည်ထက် ငရုတ်သီးထောင်းနဲ့ပိုကြိုက်တယ် ပိုလိုက်တယ်
တခြားဟင်းလျာတွေလဲ အစုံရပါတယ်
ဆိုင်လိပ်စာလေးကတော့ 62st 32ထောင့်မှာပါ
ဓမ္မာရုံရှေ့မှာဖွင့်ထားတာပါ မျက်နှာချင်းဆိုင်မှာ CoCo လဲရှိပါတယ်
အဲ့နားတဝိုက်ဘာလေးတွေစားကောင်းလဲ ဆိုင်ရှာနေသူလေးတွေအတွက်ပါနော်😍
's Vlog
Nail and Foot Spa ကောင်းကောင်းလေးရှာနေတယ်ဆိုရင်တော့
Budget လဲ သက်သာပြီး Service ကောင်းတဲ့ Chi Chi Nail & Foot Spa ဆိုင်လေးကို ညွှန်ပေးပါရစေရှင့်
လက်သည်းခြေသည်း Gel ဆိုးတာဆို 6000ကနေ စရှိပြီး
Foot Spa ဆို 8000 ကနေ စရှိပါတယ်ရှင့်
Waxingပါ ဆိုလဲ နေရာအလိုက် 8000 ကနေ စရှိပါတယ်ရှင့်
နောက် Vlog လေးတွေမှာ ပြန်တွေ့ပါဦးမယ်
's Vlog
09/02/2024
ညကျ Password ချပေးမယ်နော် 😘
Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money
Category
Telephone
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when Phyu's Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
