Fashion For You Closet
မှန်ကန်တဲ့ရွေးချယ်မှု၊
ခေတ်မီတဲ့ ဒီဇိုင်းများအတွက် 💫
👉🏻 Follow me 👈🏻
မှန်ကန်တဲ့အရွယ်🍑🌸
ခေတ်မီတဲ့ ဒီဇိုင်းများအတွက် 💫
👉🏻 Follow me 👈🏻
09/06/2025
ချစ်မြတ်နိုးမှုကို
သိသာအောင်ရော
မသိသာအောင်ရော
ဖော်ထုတ်ပြခဲ့ပါတယ် ။
အဲ့ဒါဟာ
ချည်နှောင်ခြင်း မဟုတ် ။
"အမြဲအသင့်ရှိနေတယ် .. " ဆိုတဲ့အကြောင်းကို
သတင်းစကား ပို့ချင်ရုံလေးပါ ။
🌿🌿🌿🌿🌿
#မြကျေး
06/06/2025
ရှေးလူကြီးတွေပြောတာ
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့။
ကိုယ့်ကို မျက်ရည်ကျစေတဲ့ သူဟာ
ကိုယ်က ချစ်ရတဲ့ သူဖြစ်ပြီးတော့၊
ကိုယ့် မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့ သူပဲတဲ့။
ရိုးရိုးလေးပဲ…
ချစ်တယ်ဆိုတာ ပျော်အောင်ထားခြင်းပါ။ ❤️
Crd
04/05/2025
🤦.......💔
04/05/2025
မိုးတွေရွာနေတယ် အကို....🌧️
မိုးရေစက်တွေကြည့်ပြီး ကျွန်မမျက်ရည်တွေဝဲမိနေလေရဲ့.......
"အကိုဘေးနားမှာရှိနေရရင် သိပ်ကောင်းမှာပဲလို့ " စိတ်ကူးယဥ်လို့ မဆုံးေသးခင်မှာပဲ...
နှလုံးသားလေးက "လက်မခံပါရစေနဲ့တော့" လို့ ငြင်းဆိုနေလေရဲ့......💔
03/05/2025
အရမ်းလွမ်းလာတဲ့အခါ ပြေးတွေ့လို့ရမယ့်
နေရာလေးမှာ မင်းကိုရှိစေချင်တယ်......❤️🩹
03/05/2025
အမှတ်တမဲ့ ပြန်တွေ့လိုက်မိတော့
ဒီလူကို တစ်ချိန်က ငါ အရမ်းချစ်ခဲ့တာပါလားဆိုပြီး
သတိရမိတယ် ၊ သူ့ကြောင့် ဖြစ်တည်ခဲ့တဲ့
ပျော်ရွှင်မှုတွေ နာကျင်မှုတွေ ။
အဲအချိန်တုန်းကတော့ကိုယ်ဟာ အရူးမီးဝိုင်းပါပဲ
သူမှသူ ၊ ဘာနေနေ သူ့စိတ်နဲ့ပဲ …
သူနဲ့ ဝေးရရင် သေကိုသေမှာ ဆိုတဲ့ စိတ်နဲ့ပဲ ။
အခုကျတော့ လဲ ဒါတွေက ဘာမှမဟုတ်ခဲ့သလို
ပြန်မြင်ရတော့ ချစ်တာလည်း မရှိတော့ဘူး
မုန်းတာလည်း မရှိတော့ဘူး ၊ အေးဆေးပဲ ။
တကယ်တော့ အချိန်ပဲလိုတယ် ဆိုတဲ့
စကားက တကယ်မှန်တယ် ။
ဘာ ခံစားချက်မှ မရှိတော့တာမျိုးလေ ။
03/05/2025
မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။
ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။
တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။
ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။
ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာပါးလိုက်ပါရစေ။
phyo
Telephone
Website
Address
Mandalay
Alerts
Be the first to know and let us send you an email when Fashion For You Closet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
