Thant's Beauty Collection

Thant's Beauty Collection

Share

Korea Skincare
-Facial Foam
-Toner
-Moisturizer
-Serum&Ampoule
-Essence
-Shampoo & Treatment
-Sheet

Photos from Thant's Beauty Collection's post 04/07/2026

ပေါ့ပေါ့ပါးပါး Daily wear အတွက် BB cream လေးနဲ့ primer လေးတွေ instock ရှိပါမယ်ရှင်

မင်မင်တို့ ဆိုင်လေး MDY ကဖြစ်လို့
MDY မြို့တွင်းဆို နေ့ချင်းပို့ပေးပါတယ်ရှင်
ရန်ကုန်နဲ့ တခြား မြို့များကိုလဲ အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ပေးပါတယ်
ဂိတ်တင်ပေးရမည့် နယ်မြို့များကိုလဲ ဂိတ်တင်ပေးတဲ့စနစ်နဲ့ ပို့ဆောင်ပေးနေပါပြီရှင်

ဆိုင်လာဝယ်ချင်သူလေးတွေအတွက်
ဆိုင်လိပ်စာလေးက
🏠လမ်း 80*81ကြား 33A (33*34ကြား)
(လမ်း80ဘက်မှဝင်ရင် Jac and cheese ဘေးကလမ်းကြား)

Photos from Thant's Beauty Collection's post 04/07/2026

Purito Oat PDRN Gentle Refining Toner🌾
🛒200ml
Acne-Prone Skin တွေအတွက် Calming အပြည့်ပေးပြီး ရေဓာတ်ကိုလည်း အပြည့်အဝဖြည့်ပေးတာမို့လို့ sensitive ဖြစ်တတ်တဲ့သူတွေနဲ့ ဝက်ခြံသမားတွေအတွက် အထူးသင့်တော်ပါတယ်

🌾Oat Seed Water 80%နဲ့ PDRN 99%အထိ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်စေပြီး အစိုဓာတ်ကိုလည်း တော်တော်လေး ထိန်းထားပေးနိုင်ပါတယ်

ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အခါမှာလည်း ပြင်းထန် တဲ့ အက်ဆစ်တွေ မသုံးထားဘဲ (Oat) ရဲ့ အာနိသင်နဲ့ပဲ ညင်ညင်သာသာလေး ဖယ်ရှားပေးတာမို့လို့ နေ့တိုင်းသုံးလို့ရပါတယ်နော်

Skin Barrier ကိုပြန်လည်ကောင်းမွန်စေပြီး အသားအရေ နီမြန်းတာနဲ့ ယားယံတာတွေကိုလည်း လျော့ကျစေလို့ skin sensitive ဖြစ်တဲ့သူတွေကတော့ ဆောင်ထားသင့်တာလေးနော်

အသားထဲစိမ့်ဝင်တာ မြန်ပြီး စေးကပ်ကပ်ကြီးလည်း မဖြစ်ဘူးနော်၊အနံ့တွေ အဆီတွေလည်း လုံးဝမပါဝင်လို့ စိတ်ချလက်ချ သုံးလို့ရပါတယ်

Photos from Thant's Beauty Collection's post 04/07/2026

Skin Barrier ပျက်စီးပြီး အသားခြောက်တာ၊ နီမြန်းတာ၊ အဖုအပိန့်ထွက်တာတွေအတွက် FIORESE နဲ့ YOON SKIN က အကောင်းဆုံး cream တွေပါနော် အရင်ဆုံးမင်မင်က ဒီ barrier cream ၂ မျိုးကို ယှဉ်ပြီးပြောသွားပါ့မယ်

1️⃣ Fiorese Deep Skin Barrier Cream 🤍

ဒီကောင်လေးကတော့ Deep Repair ကို ဦးတည်ထားတာပါ။ အသားအရေ အတွင်းပိုင်းအထိ အားဖြည့်ပေးပြီး Barrier ကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးလို့ အသားအရေအရမ်းခြောက်တဲ့သူတွေ၊ အသားပပ်တာ ဒါမှမဟုတ် Skin Care အပြင်းစားတွေသုံးမိလို့ မျက်နှာနီမြန်းနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။
Texture ကလည်း အသားထဲကို စိမ့်ဝင်မှုအားကောင်းပြီး တင်းတင်းရင်းရင်းဖြစ်စေပါတယ်။

2️⃣ Yoon Skin Barrier Relief Cream 🩷

သူကတော့ နာမည်အတိုင်း Relief & Soothe ကို အဓိကထားပါတယ်။
အသားအရေကို အေးမြစေပြီး ယားယံတာ၊ နီမြန်းတာတွေကို ချက်ချင်းသက်သာစေတယ်။ Sensitive Skin တွေနဲ့ နေလောင်ထားတဲ့သူတွေ မျက်နှာမှာ ပူစပ်ပူလောင်ဖြစ်တတ်သူတွေအတွက် အသားအရေကို ပြန်အေးစေဖို့ သုံးသင့်ပါတယ်။ သူ့ရဲ့ Texture ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသားအရေကို စိုပြေအေးမြသွားစေတဲ့ ခံစားချက်ပေးပါ
တယ်နော်

နှစ်ခုလုံးက Skin Barrier အတွက် မရှိမဖြစ်မို့ အခုပဲ မှာယူလိုက်တော့နော် 🛍️

03/07/2026

Iunik serum မျှော်နေကြသူလေးတွေအတွက်
Instock ရောက်ပါပီရှင် 💚🍃

မင်မင် ကိုယ်တိုင်လဲ ဘူးသေးလေးတစ်ဘူး အမြဲဆောင်ထားရတဲ့ Iunik tea tree serum လေးပါ
သူကလေ Tea tree နဲ့တည့်တဲ့သူတွေအတွက်တော့ အရမ်းကိုမှ အဆင်ပြေသော ဈေး လဲသက်သာသော serum လေး

Tea tree က ဝက်ခြံကြောင့်ယောင်ရမ်းတာတွေသက်သာစေပီး အနာကျက်မြန်စေတယ်
အဲ့တာအပြင် Niacinamide ပါ ပါတာကြောင့် အမာရွတ်လေးတွေပါ ပါးလာစေပါတယ် မင်မင်ကတော့ အဖုကြီးကြီးတေ ထလာရင် ဒါလေးပဲ သုံးလိုက်တယ်
သက်သာသွားရင် တခြား Serum ပြန်သုံးတယ်
ဝက်ခြံ ထွက်လေ့ရှိသူလေးတွေဆို ဘူးမသေးလေး တဘူးကတော့ဆောင်ထားသင့်သောပါ
instock ပါရှင်

03/07/2026

📍ရက်အနည်းငယ်ပျက်သွားတဲ့ ပစ္စည်းလေးပြန်ဝင်ပါပြီရှင့် 📍

Dermafactory Niacinamide 20% serum 80ml လေး က သုံးနေကျသူတွေအတွက်ဆို ပေးရတဲ့စျေးနဲ့ပြန်ရတဲ့ result ကအရမ်းတန်ပါတယ်

ခုမှစပီး သုံးချင်တဲ့သူလေးတွေအတွက် 30ml လေးရော instock ရောက်ထားပါပီရှင်

Niacinamide ကတော့ ခုချိန်မှာ အထူးတလည်မိတ်ဆက်ပေးစရာမလိုပဲ skincare နဲ့မစိမ်းတဲ့သူတိုင်း သိကြတဲ့ ingredients လေးပါနော်
အဆီပြန်တာထိန်းတယ် အသားအရောင်မညီတာအတွက် တဖြည်းဖြည်းချင်းညီလာစေတဲ့အပြင် calming ပါရတာကြောင့် ဝက်ခြံထွက်နေတဲ့သူတွေပါ သုံးလို့ရတာလေးမို့ အရမ်း ကြိုက်ကြတာပေါ့နော်

Dermafactory လေးက စျေးလေးလဲ အဆင်ပြေတယ် Quality အရလဲ တော်တော်လေး အဆင်ပြေတာမို့ မင်မင့်ဆီ စရောင်းပေးကတည်းက အရောင်းသွက်တဲ့ brand လေးပါ
အဲ့တာကြောင့် စမ်းသုံးကြည့်ဖို့ စဉ်းစားနေပီဆို ဝယ်သာ ဝယ်ချလိုက်ပါ 😚🫶🏻

Photos from Thant's Beauty Collection's post 03/07/2026

🐌 Cosrx Snail Essence 🐌 instock ပြန်ရပါပြီ

ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက် အမာရွတ်တွေ
ကို အချိန်တိုအတွင်းပျောက်ချင်ရင် ဒါလေးသာယူ

Snail mucin 96%တောင်ပါလို့ effect ကပိုသိသာစေပါတယ်

✅ဝက်ခြံ အရောင်ကျစေပါတယ်

✅ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက် အမာရွတ်နဲ့ ချိုင့်ခွက်တွေ သက်သာလာစေပါတယ်

✅အသားအရေကို တင်းရင်စေပြီး အစိုဓာတ်ထိန်းပေးပါတယ်

✅အရေးအကြောင်းတွေကိုလည်း သက်သာစေပါတယ်

Review တွေအများကြီးရထားတဲ့ essenceလေးပါ

Photos from Thant's Beauty Collection's post 03/07/2026

Skin1004 Madagascar Centella Hyalu-Cica Water-Fit Sun Serum 🩵

နေပူထဲသွားရင် Sunscreen လိမ်းရမှာ ပျင်းနေပြီလား? လိမ်းလိုက်ရင် ဖြူဖတ်ဖြူလျော်ဖြစ်ကျန်ခဲ့တာ၊ အဆီပြန်တာနဲ့ စေးကပ်ကပ်ကြီးဖြစ်နေတာတွေကို စိတ်ကုန်နေပြီဆိုရင်တော့ ဒီ SKIN1004 Hyalu-Cica Sun Serum လေးရှိပါတယ်နော်

သူ့ရဲ့အားသာတဲ့အချက်က ဘယ်လောက်ပဲ ထပ်လိမ်းလိမ်း မျက်နှာကြီး ဖြူဖတ်ဖြူလျော်ဖြစ်မကျန်ခဲ့ဘဲ သဘာဝအတိုင်း Glow စေပါတယ်။

နောက်တစ်ချက်က နာမည်အတိုင်းပဲ Serum တစ်ခုလို အရမ်းကို ပေါ့ပါးပြီး အသားထဲ ချက်ချင်းစိမ့်ဝင်သွားတာပါ။ လိမ်းထားမှန်းတောင် မသိသာလောက်အောင် Weightless ဖြစ်ပါတယ်။

နေရောင်ခြည်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့အပြင် Sensitive Skin တွေပါ စိတ်ချလက်ချ သုံးလို့ရပါတယ်နော် 🩵🩵

03/07/2026

Isntree Hyaluronic Acid Aqua Gel Cream 💙

မျက်နှာအသားအရေခြောက်ပြီး စိုပြေလှပနေချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Gel Cream လေးပါ✨

💧 Hyaluronic Acid 5 မျိုးပါဝင်လို့ အသားရေထဲကို အနက်ရှိုင်းဆုံးထိ အစိုဓာတ်ဖြည့်ပေးနိုင်ပြီး
💧 Gel texture လေးဆိုတော့ လိမ်းလိုက်တာနဲ့ heavy မဖြစ်ဘဲ လျင်မြန်စွာ စုပ်ယူသွားတယ်
💧 Oily / Combination skin တွေအတွက်လည်း အဆင်ပြေပြီး မျက်နှာမတောက်မပြောင် ဖြစ်စေပါဘူး

🌿 အသားရေကို စိုပြေနူးညံ့စေပြီး Make up တင်ရင်လည်း skin texture ပိုကောင်းစေမယ့် Cream လေးတစ်ခုပါ

📌 Day/Night နှစ်ချိန်လုံး အသုံးပြုလို့ရပြီး
📌 Sensitive skin တွေလည်း အသုံးပြုလို့အဆင်ပြေပါတယ်

✨ အသားရေကို ရေပြည့်နေသလို Glow ဖြစ်ချင်တဲ့သူတွေအတွက် Must-have item လေးပါနော် ✨

03/07/2026

Instock ရှိပါတယ်ရှင့်

Jabs Body Sun Lotion Honest Review 💛
စုကိုယ်တိုင် (၂) လကျော် သေချာ သုံးကြည့်ထားတဲ့ Real Experience အရ သူ့မှာ အားသာချက်ရော၊ အားနည်းချက်ပါ ရှိပါတယ်။

အားနည်းချက်အနေနဲ့ဆိုရင် -

Texture က ဆွဲရတာ နည်းနည်းခက်ပြီး Tone Up ပါတာမလို့ အသားညိုတဲ့သူတွေဆို ကွက်ပြီး ပြာသွားနိုင်ပါတယ်။

တစ်မျိုးတည်း လိမ်းရင် အသားအရေ အစိုဓာတ် သိပ်မရပါဘူး။ ရေထိရင်လည်း ကွက်သွားတတ်တဲ့ အားနည်းချက် ရှိပါတယ်။

အဲ့ဒါမလို့ သူ့တစ်မျိုးတည်း မလိမ်းဘဲ Body Serum တစ်ခုခု ဒါမှမဟုတ် အစိုဓာတ်ပေးတဲ့ Lotion တစ်ခုခုနဲ့ တွဲလိမ်းတာ ပိုအဆင်ပြေပါတယ်။ (စုကတော့ Nivea Cream နဲ့ တွဲလိမ်းတာ အသားခြောက်မသွားဘဲ Blend ရတာလည်း ပိုလွယ်သွားတယ်၊ လိုက် try ကြည့်လို့ရတယ်နော်)

အားသာချက်ကိုပြောရရင် -

လိမ်းထားရင် ပူတာ၊ စေးကပ်ပြီး နေရခက်တာမျိုး လုံးဝမရှိပါဘူး။

အင်္ကျီအဖြူတွေမှာ ပေစွန်းသွားတာမျိုး မရှိလို့ စိတ်ချရပါတယ်။

Tone Up ပါတဲ့ Body Sunscreen ဖြစ်ပေမဲ့ သုံးရင်းနဲ့ အသားအရေ တကယ်ကြည်လာပြီး Skin Tone တက်လာတဲ့ Feeling မျိုး ရပါတယ်။(Body Sun Lotionကို သူ့တစ်မျိုးပဲသေချာသုံးကြည့်ပြီးမှ ပြောပြပေးထားတာပါနော် )

Ingredientsတွေထဲမှာဆိုရင်Niacinamide နဲ့ Vitamin C ပါဝင်လို့ body skinအတွက် Brightening effectလည်းရစေပါတယ်။

တအားပူတဲ့ အညာဒေသမှာတောင် လိမ်းထားရင် နေရမခက်ဘဲ သက်သောင့်သက်သာ ရှိတာမလို့ စုကတော့ သဘောကျပါတယ် 🫶

Jabs Lotion သုံးဖူးတဲ့သူတွေ ရှိရင်လည်း ကိုယ့် Skin နဲ့ သုံးရတာ အဆင်ပြေရဲ့လားဆိုတာ Comment မှာ မျှဝေပေးသွားဦးနော် 🙆🏻‍♀️

Jabs lotionဝယ်ဖို့ ဒွိဟဖြစ်နေတဲ့သူလေးတွေအတွက် ဒီpost လေးကအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်(တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာမလို့ မကြိုက်တဲ့သူလည်းရှိနိုင်ပါတယ်နော်)

See u next day ……
Sharing is caring ,
Glow Time With Su (with loves 💕)

Photos from 𝗠.𝗜.𝗔 𝗠𝗮𝗸𝗲𝘂𝗽 𝗔𝗿𝘁𝗶𝘀𝘁𝗿𝘆's post 02/07/2026

မင်မင်လဲ စသုံးကြည့်တုန်းက အဲ့လောက်ကောင်းမယ်ထင်မထားဘူးရယ် သုံးရင်းနဲ့မှ wow ဆို ပြီး သဘောကျလာတာ
Instock ရှိပါတယ်နော်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


33 A Street, Between 80 X 81 , Chan Aye Thar Zan Township
Mandalay