Radiance Beauty Store

Radiance Beauty Store

Share

Skincare ရွေးရခက်တာ,အတုအပမိမှာကြောက်နေပါသလား? စစ်မှန်တဲ့ Products၊သင့်တော်တဲ့ အကြံပြုချက်ကို Radiance မှာရယူပါ။

01/10/2026

ပျက်စီးနေတဲ့ဆံသားတွေပြန်ကောင်းဖို့အတွက် PANTENE Miracle Serum Collagen Repair & Smooth 40ml, 140ml 🌟Instock🌟ရှိတယ်နော်

သတိရတိုင်း အားတိုင်းခဏခဏလိမ်းလို့ ခဏခဏထပ်ဝယ်ရတဲ့ hair serum ပါ အလှအပကြိုက်တဲ့ မိန်းကလေးဆိုရင် သူ့ကို သုံးကြည့်သင့်တယ်။ ကျွန်တော် သူ့ကိုသုံးနေတာတော်တော်ကြာပြီ မှတ်မှတ်ရရ ဆံပင်ဆေးဆိုးဖို့ ဆံသားအရောင်ချွတ်မိပြီး ဆံပင်ပျက်စီးသွားတော့ သူ့ကိုသုံးဖြစ်တာ။ quality ကတော့ တော်တော်ကောင်းတယ် သူ့မှာပါတဲ့ collagen ကတကယ် အလုပ်ဖြစ်တယ် repair ဆိုတဲ့အတိုင်း ဆံသားကို တကယ် repair လုပ်ပေးတာ။ ဆံသားကအရောင်ချွတ်ထားလို့ ပြောင်းဖူးမွှေးတင်မဟုတ်ဘူး တံမြက်စည်းမွှေးနဲ့ တူတဲ့အထိကို ဆံသားကြမ်းပြီး ဖွာလန်ကျဲပြီး ပျက်စီးနေတာတောင် သူ့ကိုသုံးလိုက်မိတော့ တစ်လဝန်းကျင်နှစ်လလောက်နဲ့တင် ပျက်စီးနေတဲ့ဆံသားက နဂိုဆံသားနီးပါးကို ပြန်ကောင်းလာတာ။ အဲ့အချိန်ထဲက ဒီ hair serum ကိုစွဲသုံးလာခဲ့တာ အခုထိပဲ။ သူ့ကို မနက်ညတင်မဟုတ်ဘူး ဆံသားကို အမှတ်မထင် ကိုင်မိလို့ ဆံသားခြောက်နေတယ်လို့ ခံစားရရင်လည်း ချက်ချင်းကောက်လိမ်းပလိုက်တယ်။ သူ့ကိုလိမ်းလို့ အကောင်းဆုံးအချိန်က ခေါင်းလျှော်ပြီးခါစ ဆံသားမစိုမခြောက်လေး ဖြစ်နေတဲ့အချိန်မှာ လိမ်းတာ ပိုကောင်းတယ်။ dryer သာမှုတ်လိုက်ရင်တော့ confident level so high ပဲ။ သူ့ကို လိမ်းလိုက်ရင် ဆံသားက ဝိတ်တစ်ခုရှိသွားပြီး ဆံသားက ပျော့ပျော့လေးနဲ့ ပုံကျသွားပြီး ဆံသားအရောင်ကလည်းကြည့်လို့ကောင်းနေမှာကတော့ အမှန်ပဲ။ repair serum မို့ ဆံသားပျက်စီးနေတာ အဖျားနှစ်ခွ ဖြစ်တာ ကြမ်းနေတာတွေကို သက်သာစေဖို့အတွက် သူ့ကိုသုံးလို့ရတယ်။ ဒီ hair serum ရဲ့ အကြိုက်ဆုံးအပိုင်း ထဲမှာ သူ့အနံ့လည်းပါတယ် Pantene ရဲ့ သူ့ shampoo အနံ့နဲ့တောင်ဆင်တယ်။ hair serum ဆိုပေမယ့် သူ့ texture က တော့ cream နဲ့တူတယ် ဒါပေမယ့် lightweight ဖြစ်တယ် လိမ်းရတာစီးကပ်တာမျိုးတော့ မရှိဘူး။ ကျွန်တော်ကတော့ တစ်ခါလိမ်းရင် ၃ညှစ်စာလောက်လိမ်းတယ် ပြီးရင် လိမ်းချင်တဲ့အချိန်လိမ်းဖို့လည်း အိတ်ထဲ အမြဲဆောင်ထားသေးတယ်။ 40ml တစ်ဗူးကိုမှ ၁၀၀၀၀ ဝန်းကျင်ပဲပေးရလို့ ဈေးကလည်း အရမ်းမများဘူး အလွယ်တကူလည်း ဝယ်လို့ရပါတယ်။

01/10/2026

မအိုဆေးဆိုပြီးနာမည်အရမ်းကြီးတဲ့ Celimax Retinol Series က အသစ်ထွက်ရှိထားတဲ့ 𝗥𝗲𝘁𝗶𝗻𝗮𝗹 𝗗𝘂𝗮𝗹 𝗖𝗿𝗲𝗮𝗺

✅Retinal လဲသုံးချင်တယ်၊ အသားခြောက်မှာ Senstive ဖြစ်မှာစိုးရင် ဒီ Cream လေးသုံးကြည့်ပါနော်။ Dry Skin သမားရော Sensitive Skin ရောသုံးလို့ရတယ်၊ သူကအရေးအကြောင်းတွေသက်သာစေရုံမျှမက ရေဓာတ်အစိုဓာတ်ကိုပါ တခါတည်းဖြည့် ပေးတဲ့ အတွက် အရမ်းအရမ်းအဆင်ပြေတဲ့ Retinal Dual Cream လေးပါ။

✅အသားရေ တင်းရင်းချင်တဲ့သူတွေ၊ Anti-Aging Effect လဲရချင်တဲ့သူတွေ၊ ချွေးပေါက်တွေလဲကျဉ်းပြီး Skin Elasticity ကောင်းချင်တဲ့သူတွေ၊ Skin Barrier လဲအားကောင်းပြီး အသားရေချောမွေ့ ကြည်လင် ချင်တဲ့သူတွေအတွက် Next Level ရောက်သွားစေမယ့် Cream လေးပါ။

🤗စိတ်ဝင်စားတာလေးများရှိရင် CB မှာစိတ်ကြိုက်မေးလို့ရပါတယ်ရှင့်😍

🤗ဒီ TikTok Acc လေးကနေလဲ မှာယူအားပေးနိုင်ပါတယ်ရှင့်😍
https://www.tiktok.com/?_r=1&_t=ZS-98Zqe1y3P4n

✨𝐑𝐚𝐝𝐢𝐚𝐧𝐜𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐭𝐨𝐫𝐞✨
🏠ဆိုင်လိပ်စာလေးကတော့…
🏠𝟓𝟔𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭: 𝟑𝟔𝐭𝐡 & 𝟑𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭𝐬, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📱𝐏𝐡: 𝟎𝟗𝟗𝟓𝟗𝟓𝟏𝟔𝟎𝟎𝟕 (𝐕𝐢𝐛𝐞𝐫)
🕰️𝐌𝐨𝐧 𝐭𝐨 𝐒𝐚𝐭 - 𝟗𝐀𝐌 𝐭𝐨 𝟔:𝟑𝟎𝐏𝐌
🕰️𝐒𝐮𝐧 - 𝐂𝐥𝐨𝐬𝐞𝐝

30/09/2026

🤎Instock🤎

🤎Anti hair fall သမားတွေ ဒါလေးစမ်းကြည့်
🤎အရင်- ညွန်းချင်တာက သူ့အနံ့

🤎(လင်) ကြည်တဲ့ အနံ့လေး - ချိုချို ရှရှလေး
ခေါင်း ကြည်ဖို့မလိုဘူး - (လင်) ကြည်ရင်ရပြီ ဆို ဒါသုံး။

သူက Shampoo ကိုEssence type လေး ဆိုတော့
Anti hair fall ကတော့ ကိုယ့်အတွက်မဆိုးဘူးအဆင့်အနေထားပဲ- ကိုယ်က ခေါင်းချွေးထွက်ပြီးအပူ များရင်တော့ ကျွတ်တာက ကျွတ်မှာပဲ ။ သူကိုကိုယ် ဘာလို့ ကြိုက်တာလဲဆိုတော့ Scalp care လုပ်ပေးပြီး ဦးရေပြားကျန်းမာအောင် လုပ်ပေးတဲ့ exfoliating shampoo ဖြစ်လို့ ။

🤎ဦးရေပြား ကို Mild detox လုပ်ပေးလို့ကြိုက်တာ။
တို့ မြန်မာပြည်က လူတွေကလေ SLS လေးများ တော်တော်လျော့ထားတဲ့ Products တွေဆိုရင် ဆံသားက ကြမ်းသွားတယ် - ဖွာတယ် -မကြိုက်ဘူး
အေး - အဲ့လိုမျိုး ကျွန်မ တို့လိုလူတွေ အတွက် ကွက်တိ -
🤎လျှော်နေရင်းနဲ့တင်ဆံသားက အိဖတ်ပျော့နေပြီ။ conditioner တောင်သိပ်ထည့်စရာမလိုဘူး။ တွဲသုံးပေး ရင်တော့ပိုကောင်းတယ်။
နောက်တခါ သူ့အနံ့ ရှယ်မိုက်တယ်ဟယ်။
Fresh & Cool အနံ့လေး - Unisex သုံးလို့ရတယ်။
Hair nourishing ဖြစ်တာကတော့ ဒေါ်မော်လေး သူ့ရဲ့ ဘူးအနက်လောက် သိပ်အားမရဘူး ။ ဒါပေမယ့် ဆေးဆိုးထားတဲ့ ဆံသား တွေအတွက် တော့ အရောင်ကျတာသက်သာတာကို သတိထားမိတယ်။
သူ့ budget တန်းမှာတော့ ကောင်းတယ်လို့ပြောလို့ရတဲ့အထဲပါတယ် ။
ဒေါ်မော်လေး မရောင်းပါဘူး- တို့ရဲ့ ကိုယ်တိုင်ရေး review ကို ပြပြီး 0/S တွေမှာ လိုက်မေး ကြည့်နော်။

Photos from Radiance Beauty Store's post 30/09/2026

🌸✨ ဝက်ခြံကြောင့် နီရဲယားယံပြီး ချွေးပေါက်တွေကျယ်နေတာတွေကြောင့် စိတ်ညစ်နေလား? ✨🌸

အသားအရေကို Calm & Clear ဖြစ်စေမယ့် Serum လေးနဲ့ မိတ်ဆက်ပေးမယ်နော် 💖

𝗔𝘅𝗶𝘀-𝗬 𝗖𝗮𝗹𝗮𝗺𝗶𝗻𝗲 𝗣𝗼𝗿𝗲 𝗖𝗼𝗻𝘁𝗿𝗼𝗹 𝗖𝗮𝗽𝘀𝘂𝗹𝗲 𝗦𝗲𝗿𝘂𝗺 (𝟱𝟬𝗺𝗹) 💞Instock💞

💗 Calamine ပါဝင်လို့
✔️ အသားနီမြန်းယားယံမှုကို သက်သာစေပါတယ်
✔️ ဝက်ခြံကြောင့် ဖြစ်တဲ့ irritation ကို လျော့ချပေးပါတယ်
✔️ ချွေးပေါက်အတွင်း အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်

🌿 Tannin Complex ပါဝင်လို့
✔️ Sebum အဆီပိုထွက်မှုကို ထိန်းညှိပေးပြီး အဆီပြန်ခြင်းကို သက်သာစေပါတယ်
✔️ ချွေးပေါက်ကျယ်တာကို လျော့ချပေးပြီး ချွေးပေါက်တွေညီညာကျဥ်းစေပါတယ်
✔️ Skin texture ကိုလဲ နူးညံ့ချောမွေ့စေပါတယ်

💦 Butylene Glycol ဖြင့်
✔️ အသားအရေကို အစိုဓာတ် အပြည့်အဝဖြည့်တင်းပေးပါတယ်
✔️ Oil-Water Balance ကို ညီမျှစေပြီး Healthy Skin ရရှိစေပါတယ်

✨ Pore Minimizing Complex™ ပါဝင်လို့ Butterfly Zone (နှာခေါင်းနဲ့ ပါးအနီး) က ချွေးပေါက်ကျယ်တာတွေကို အထူးကောင်းမွန်စွာ Care ပေးနိုင်ပါတယ်နော် 🦋

🌟 ဝက်ခြံထွက်လွယ်တဲ့ Skin, Oily Skin နဲ့ ​ချွေးပေါက်ကျယ်သူတိုင်းအတွက် Must Try Serum လေးပါ 🌟
Clear Skin & Smooth Pores ကို ဒီနေ့ပဲ စတင်ပြုလုပ်လိုက်တော့နော်😍

🤗ဒီ TikTok Acc လေးကနေလဲ မှာယူအားပေးနိုင်ပါတယ်ရှင့်😍
https://www.tiktok.com/?_r=1&_t=ZS-98Zqe1y3P4n

💯% 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐅𝐫𝐨𝐦 𝐊𝐨ŕ𝐞𝐚
❌【စာသားများကူးယူခွင့်မပြုပါ】❌
»»————- ★ 𝐑𝐞𝐯𝐢𝐞𝐰 ★ ————-««
https://www.facebook.com/share/1Fsp2aF31Q/

Photos from Eunoia with LoanLinn's post 30/09/2026

ခန္ဓာကိုယ်ပေါ်က အညစ်အကြေး နဲ့ ဆဲလ်အသေများ ကိုသန့်စင်ဖယ်ရှားပေးမယ့်...
ဂျီးတွန်းလက်အိတ်လေး ✔️Instock✔️ရှိတယ်နော်။

Photos from Radiance Beauty Store's post 30/09/2026

🤩အဆီပြန်၊ ဆားဝက်ခြံ၊ ဝက်ခြံ၊ အဆီဖု များအတွက်...
𝗖𝗲𝗹𝗶𝗺𝗮𝘅 𝗖𝗶𝗰𝗮 𝗕𝗛𝗔 𝗕𝗹𝗲𝗺𝗶𝘀𝗵 𝗧𝗼𝗻𝗲𝗿 𝗣𝗮𝗱𝘀
(60Pads)✅Instock✅

🥺အဆီဖု၊ ဝက်ခြံ ထွက်လွယ်တဲ့ အသားအရေ၊
😞တခုခုဆို ဓာတ်မတည့်တဲ့ အသားအရေ (or) Problematic Skin
😍Skin Problem တွေကို အမြန်ဆုံးသက်သာပျောက်ကင်းချင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေစေမဲ့ Celimax ရဲ့ Cica BHA Blemish Toner Pad လေးပါ။

🌱သူက Soothing Toner Pad လေးဖြစ်ပြီး
❇️BHA နဲ့ Centella Asiatica တို့ပါဝင်လို့ အသားရေကိုထိခိုက်မှု မဖြစ်စေပဲ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှား သန့်စင်ပေးပါတယ်။

❇️မျက်နှာ အဆီ Gland မှ အဆီပိုထုတ်လုပ်ခြင်း၊ အဆီပြန်ခြင်း၊ ဝက်ခြံထွက်ခြင်းတို့ကို ထိန်းချုပ်ပေးလို့
Oily Skin, Acne Skin တွေ Ok တယ်နော်။

❇️BHA က ချွေးပေါက်အတွင်းရှိ အဆီ၊ ဖုန်မှုန့် အညစ်အကြေးများနဲ့ ဆားဝက်ခြံများကို ရှင်းလင်း သန့်စင်ပေးပါတယ်။

❇️ဝက်ခြံပိုးမွှားများကို သေစေနိုင်တဲ့ အာနိသင်နဲ့ နီရဲနေတဲ့ အဖု၊ ဝက်ခြံများကို အရောင်ကျစေတဲ့အာနိသင်လည်း ပါဝင်ပါတယ်။

❇️Camellia Japonica Flower Extrect လည်းပါလို့ ချွေးပေါက်များကို ညီညာစေပြီး ချွေးပေါက်ကိုလည်းကျဥ်းစေပါတယ်။

❇️Green Propolis Extract နဲ့ 3 Type Of Hyaluronic Acid တို့ပါဝင်သောကြောင့် အရေပြားကို Healing & Anti-Inflammatory Effect တွေရရှိစေပြီး ရေဓာတ်နဲ့ အာဟာရဓာတ်များလည်း ပြည့်ဝစေကာ အသားရေကို စိုပြေ နူးညံ့ ကောင်းမွန်စေပါတယ်။

❇️Skin Immunity ကိုလည်း ကောင်းစေပြီး နီရဲ၊ ယားယံတာတွေကိုလည်း သက်သာစေပါတယ်။

How To Use❓
❇️မျက်နှာသစ်ပြီး ပထမအဆင့် Toner နေရာမှာ ဒီ Celimax Cica BHA Blemish Toner Pad လေးကိုသုံးပေးရမှာဖြစ်ပါတယ်။
❇️Daily လည်းသုံးလို့ရပါတယ်ရှင့်။

🤗ဒီ TikTok Acc လေးကနေလဲ မှာယူအားပေးနိုင်ပါတယ်ရှင့်😍
https://www.tiktok.com/?_r=1&_t=ZS-98Zqe1y3P4n

❌【စာသားများကူးယူခွင့်မပြုပါ】❌
»»————- ★ 𝐑𝐞𝐯𝐢𝐞𝐰 ★ ————-««
https://m.facebook.com/photo.php?fbid=221602359975081&id=100063759548103&set=a.172030637718160

29/09/2026

Soone ရဲ့ ရေဓာတ်ဖြည့် Series လေး 💦Instock💦

ဟိတ်... ရိုးရှင်းတဲ့ Hydrating Skincare တွေကို ဒီလို သုံးကြည့်ဖူးလား ✨💦

ဒီနေ့ပို့စ်ကတော့ Sonné ရဲ့ အသစ်ထွက် Hydrating Series - First Impression Review ရယ်၊ (4) Creative Ways to Use ရယ်။ 💦

✨ Sooné ရဲ့ Aqua Barrier Hydrating Series က Facial Foam, Toner, Serum, Moisturizer ဆိုပြီး (၄) ခု။

Barrier လို့ဆိုပေမဲ့ ဒီ Line က Occlusive Line ဘက်ကို မသွားတဲ့ Humectant Line ပုံစံမျိုး။ ဒါကြောင့် Dry & Dehydrated Skin တွေအထိကတော့ ဒီ Series နဲ့တင် ‌လိုအပ်တဲ့ Occlusive အပြည့်အဝ ရဖို့ခက်နိုင်မယ်။

- Facial Foam
Surfactant အနံ့ ပြင်းတာမျိုးလုံးဝမရှိသလို၊ အမြှုပ်လည်းကောင်းကောင်းထပြီး အဆီလည်းပြောင်တယ်။ အစိုဓါတ် ကျန်တဲ့နှုန်းက သိသာတော့... အိရဲ့ Oily Skin မှာတော့ အဲလောက် Moisture ကျန်တာမျိုး သိပ်မကြိုက်မိဘူး။

သုံးထားတဲ့ Surfactant ကလည်း အရမ်းနူးညံ့တဲ့အပြင်၊ Glycerin လည်း တော်တော်လေးပါတာကြောင့် Normal to Combination Skin တွေအတွက်အသင့်လျော်ဆုံးပဲ။ Oily Dehydrated Skin ဆိုရင်လည်းကြိုက်လိမ့်မယ်။ အိကတော့ 6.5/10 💦

- Toner
Drying Alcohol တွေ၊ Fragrance တွေ မပါဘဲ တော်တော်လေးနူးညံ့တဲ့ Formula ဖြစ်လို့ ဘာနဲ့တွဲသုံးသုံးအဆင်ပြေတယ်။

ရေလိမ်းလိုက်တာလား၊ Toner လိမ်းလိုက်တာလား ဝေခွဲမရလောက်အောင်ကို ကျဲတယ်၊ ဒါပေမဲ့ Finish မှာတော့ Skin က သိပ်သိပ်ကလေးနဲ့ Comfortable ဖြစ်တဲ့ အနေအထားမျိုး ရတယ်။ 6.5/10

ဒီတိုင်းသုံးရင် အနည်းငယ် Boring ဖြစ်လို့ (မြန်မြန်ကုန်အောင် 😜) ဘယ်လိုသုံးလို့ရသေးလဲဆိုတာ အောက်မှာ ပြောထားပေးမယ်နော်။

- Serum
ဘာနဲ့တွဲသုံးသုံး အဆင်ပြေတဲ့ Hydrating Serum မျိုးပဲ။ ဒါကြောင့်မို့ အသားခြောက်စေတဲ့ Treatment Step မျိုး မသုံးခင်မှာပဲဖြစ်ဖြစ် သူ့ကိုလိမ်းပေးရင် ပိုအဆင်ပြေတယ်။

မစေးကပ်ဘူး၊ စိမ့်ဝင်တာမြန်တယ်၊ Toner ထက် အနည်းငယ် ပိုပျစ်သွားပြီး... Formula Base တွေကတော့ အတူတူလောက်ပဲ။ Dry Skin ဘက်ကို ရောက်ရင် Toner + Serum အတွဲလိုက်သုံးတာက လိုအပ်တဲ့ ရေဓါတ်ကို ကောင်းကောင်းရနိုင်စေပေမဲ့၊ Oily Skin ဘက် ရောက်လာတယ်ဆိုရင်တော့ Toner or Serum ရွေးရုံနဲ့တင်အဆင်ပြေတယ်။ 7/10

- Moisturizer
Cream လို့ဆိုပေမဲ့၊ ထူတဲ့ Cream မဟုတ်ဘဲ၊ ကျဲတဲ့ Cream... သူ့ရဲ့ Texture က Torriden Dive-in Soothing Cream Texture နဲ့ တော်တော်လေးကိုနီးစပ်တယ်။
Yoon Skin Intense Hydrating Gel Cream (-) အိထွေးထွေး Feeling = Sooné Hydrating Cream ပဲ။

အဆီပိုပြန်တာတွေလည်းမရှိသလို၊ မစေးကပ်ဘဲ စိမ့်ဝင်အားကောင်းလို့ ဘာနဲ့တွဲတွဲရတဲ့ Moisturizer မျိုး ရှာနေတယ်ဆိုရင် သူ့ကိုလည်းရွေးလို့ကောင်းတယ်။ 7/10

------------------- -------------------

💦 (4) Creative Ways to Use 💦

ဘာလို့ ဒီ Section ကို ထည့်လဲဆိုရင် Aqua Barrier Hydrating Series ကိုယ်တိုင်က ရိုးရှင်းပြီး၊ သူ့အလုပ်သူ ကောင်းကောင်းလုပ်တဲ့ ပစ္စည်းစီးရီးဖြစ်တဲ့အလျောက် အိလိုမျိုး Acne, Pigmentation, etc. စတဲ့ Skin Concern အဓိကရှိတဲ့သူတစ်ယောက်အတွက်က — ဒီ ပစ္စည်းတွေက အရံသဘော Supporting Role ထက် မပိုဘူး။

သုံးတာကြာလာရင် ရိုးလာတတ်တဲ့သဘောလည်းရှိတော့ ကိုယ့်လိုပဲ လျှောက်ကလိလို့ရအောင် ထည့်ရေးလိုက်တာဖြစ်ပါတယ်။

(၁) Body Lotion/ Cream မလိမ်းခင် Toner or Serum ကိုလိမ်း၊ အသားအရေ စိုနေတုန်း Body Lotion/ Cream ချက်ချင်းလိမ်း။

အထူးသဖြင့် Toner ပေါ့နော်။ ဘူးကလည်း ကြီး၊ တစ်ခါသုံးလို့ 1ml မကုန်၊ မလျော့ကို မလျော့နိုင်ဘူး။ အဲဒါကြောင့် အိ Body Cream မသုံးခင်တိုင်းမှာ ဒီ Sonné Hydrating Toner ကို အရင်လိမ်းတယ်။

အထူးသဖြင့် Scrub တိုက်ထားတဲ့နေ့မျိုးမှာ ဒီလိုမျိုးသုံးလိုက်ရင်... ရေဓါတ်ကောင်းကောင်းပိုရပြီး အသားပေါ်မှာ အစိုဓါတ် ပိုကြာကြာရှိနေတယ် ခံစားရတယ်။

(၂) ဦးရေပြား ခြောက်တာအတွက် သီးသန့် Hydrating Scalp Serum ဝယ်စရာမလိုဘူး။ သူ့ကိုသုံးချ 🤣

Dry ဖြစ်လို့ အမှုန်ထတဲ့ ဦးရေပြားအတွက်ပဲနော်။ တခြား ဘာပြဿနာကိုမှ ရှင်းပေးနိုင်တာ မဟုတ်ပေမဲ့၊ ခြောက်သွေ့ပြီး အမှုန်ထတာတွေ သိသိသာသာ သက်သာသွားလိမ့်မယ်။

မစေးကပ်ဘူးဆိုပေမဲ့၊ ခေါင်းလျှော်ပြီးတဲ့ အချိန်တစ်ချိန်မှာပဲ သုံးပေးနော်။ စိမ့်ဝင်တာလည်းမြန်ပြီး၊ Residue လည်း မကျန်သလောက်ပါပဲ။

(၃) ရေခဲမကပ်နဲ့၊ ဒါကပ်။ 🫣
အိတို့ ပုံမှန်ဆို Toner Mask လုပ်တယ် ပြီးရင် ကပ်တယ်။ ဒီတစ်ခေါက်က အဲလို Toner စိမ်ထားတဲ့ Cotton Pad ကို သန့်ရှင်းတဲ့ဘူး (အဖုံးပိတ်ပါတဲ့ဘူး) ထဲထည့်ပြီး၊ ‌ရေခဲသေတ္တာထဲ ကောင်းကောင်းလေး အေးစိမ့်နေအောင်ထည့်ထား။ ပြီးမှ ကပ်။ ရေခဲသေတ္တာထဲလည်းအကြာကြီးမထားနဲ့၊ ဘူးအသစ် အသန့်ဆိုပေမယ့် မကပ်ခင် (၂) နာရီအလိုလောက်မှ လုပ်တာ ပို Safe ဖြစ်တယ်။ ကိုယ် လုပ်တာက Hygienic မဖြစ်နိုင်ဘူး ဆိုရင်တော့ မစမ်းပါနဲ့နော်။

(၄) တချို့နေ့တွေမှာ အသားအရေ ပိုခြောက်နေလို့၊ မိတ်ကပ်လိမ်းရင် ကွက်တော့မယ် လို့ခံစားရရင် (Hydration လိုအပ်နေတဲ့အခြေအနေမျိုးမှာ) ဒီ Hydrating Cream ကို ခပ်ထူထူလိမ်းပြီး (၁၀) မိနစ်လောက် ထားပေးလိုက်တာမျိုး လုပ်လို့ရတယ်။ ပြီးရင်တော့ လက်လေးနဲ့ပဲဖြစ်ဖြစ်၊ တစ်သျှူးနဲ့ပဲဖြစ်ဖြစ် ပိုနေတာတွေကိုဖယ်ပြီး ကျန်တာကို စိမ့်ဝင်အောင်သေချာလေးပုတ်ပေးလိုက်ရုံပဲ။

------------------- -------------------

အကျဉ်းချုပ်ရမယ်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ Active တွေနဲ့ တွဲဖို့ နူးနူးညံ့ညံ့ Product, Price to Performance မြင့်မြင့် Affordable Skincare မျိုး ရှာနေတယ်ဆိုရင်တော့ Sonné Products တွေက အဆင်ပြေမှာပါ ^^

Official Distributor: Soone by TSO // TSO K-Beauty

Disclaimer: ဒီ post ကို Sooné ဘက်က Request လို့ ရေးထားတာဖြစ်ပေမဲ့၊ အထက်က Rating တွေ၊ Feedback တွေအားလုံးက အိကိုယ်တိုင် စမ်းသပ်ထားတဲ့ Honest Opinion တွေချည်းသာဖြစ်ပါတယ်။ Product ကို Complimentary အနေနဲ့ ရရှိထားတာ ဖြစ်ပါတယ်။

29/09/2026

Best Seller Lip Care Jမျိုး
Ellie Lip Serum & Healthy Shop Instant Pink 👄Instock👄

💗နှုတ်ခမ်းခြောက်တာ၊ အရောင်မညီတာနဲ့ နှုတ်ခမ်းလေးတွေ မွဲနေသလိုခံစားရတာတွေ ကို တစ်ခါတည်း Care လုပ်ချင်ရင် ဒီ ၂ မျိုး သုံးကြည့်နော်။

💗Elle Lip Serum
နှုတ်ခမ်းလေးတွေကို စိုပြေနူးညံ့နေအောင် Care လုပ်ပေးပြီး ခြောက်သွေ့ကြမ်းတမ်းတာ ကို သက်သာစေဖို့ သုံးလို့ကောင်းတဲ့ Lip Care လေးပါ။ Daily Lip Care အနေနဲ့ ပေါ့ပေါ့ပါး ပါး သုံးလို့ရတာကြောင့် နှုတ်ခမ်းကို အမြဲစိုစို ပြေပြေလေး ထားချင်သူတွေအတွက် သင့်တော်ပါ တယ်။

💗Healthy Shop Instant Pink
နှုတ်ခမ်းအရောင်လေး ပိုမို Pink & Fresh ဖြစ် နေစေချင်သူတွေအတွက် ရွေးချယ်လို့ကောင်းတဲ့ Lip Care လေးပါ။Natural-looking Pinkish Look လေးနဲ့ နှုတ်ခမ်းလေးကို ပိုပြီး စိုစိုဖူးဖူး နဲ့ Fresh ဖြစ်သလို မြင်ရစေချင်တဲ့သူ တွေ ကြိုက်ကြမယ့် Product လေးပါ။

✔️နှစ်မျိုးလုံးက Best Seller ဖြစ်လို့ “နှုတ်ခမ်း ခြောက်တာညိုတာမဲတာကွဲတာတွေကိုလည်း Care လုပ်ချင်တယ်၊ Pinkish Look လေး လည်း လိုချင်တယ်" ဆိုရင် ကိုယ်လိုချင်တဲ့ Effect အလိုက် ရွေးလို့ရပြီနော်။

🤗စိတ်ဝင်စားတာလေးများရှိရင် CB မှာစိတ်ကြိုက်မေးလို့ရပါတယ်ရှင့်😍

🤗ဒီ TikTok Acc လေးကနေလဲ မှာယူအားပေးနိုင်ပါတယ်ရှင့်😍
https://www.tiktok.com/?_r=1&_t=ZS-98Zqe1y3P4n

✨𝐑𝐚𝐝𝐢𝐚𝐧𝐜𝐞 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐭𝐨𝐫𝐞✨
🏠ဆိုင်လိပ်စာလေးကတော့…
🏠𝟓𝟔𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭: 𝟑𝟔𝐭𝐡 & 𝟑𝟕𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭𝐬, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📱𝐏𝐡: 𝟎𝟗𝟗𝟓𝟗𝟓𝟏𝟔𝟎𝟎𝟕 (𝐕𝐢𝐛𝐞𝐫)
🕰️𝐌𝐨𝐧 𝐭𝐨 𝐒𝐚𝐭 - 𝟗𝐀𝐌 𝐭𝐨 𝟔:𝟑𝟎𝐏𝐌
🕰️𝐒𝐮𝐧 - 𝐂𝐥𝐨𝐬𝐞𝐝

Photos from 𝙆𝙖𝙩𝙞𝙚 𝘾𝙡𝙞𝙥's post 28/09/2026

တချက်ပဲဆွဲရုံနဲ့ လှပသွားစေမယ့် Blusher လေး On-the-Go Blush 19g (Coral Orange) 🧡Instock🧡ပါရှင့်

28/09/2026

အရမ်းအရမ်းကောင်းတဲ့ Celimax Retinal Dual Cream လေး ✔️Instock✔️ရှိတယ်နော်

📌Celimax Retinal Shot Dual Creamရဲ့Full Reviewလာပါပြီ။

အရင်ဆုံးပြောချင်တာကအရမ်း အရမ်းကောင်းပါတယ် ဘာကြောင့်သဘောကျရလဲဆိုတာကိုHanတစ်ချက်ချင်းပြောပြသွားမယ်။ သူ့ကိုtubeတောင့်booster ထက်ကိုအများကြီးပိုသဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ညဖက်လိမ်းအိပ်ပြီးသွားရင်သုံးရက်လောက်ဆိုအသားရည်ကBaby skinလေးဖြစ်ပြီးအိအိလေးဖြစ်သွားတာ အထူးသဖြင့်ချွေးပေါက်ကျယ်တဲ့သူတွေtryကြည့်သင့်တယ်။ အဓိကMain ingredient အနေနဲ့Retinal 0.05%ရယ် Matrixyl 3% ရယ် Panthenol 5%ပါတယ်။ အရင်ဆုံးပြောချင်တာက Retinal က 0.05%ဖြစ်တာအတွက်ကြောင့်Concentrationပြင်းတဲ့ထဲမှာမပါတာမို့လို့ Retinal လို Vitamin-A ကိုအခုမှအသားရည်နဲ့ထိတွေ့မဲ့beginner တွေနဲ့အရမ်းfriendly ဖြစ်တယ် ဘာလို့လဲဆိုတော့ Celimaxရဲ့ Retinal shot booster (Tubeတောင့်) မှာပါတာက Retinal 0.1% ပါ။ လက်လွန်ကြက်သွန်သုံးမိရင်Skin barrierအတွက်စိုးရိမ်ရတယ်။ နောက်ပြီးတော့ ဒီDual creamမှာပါတဲ့ Matrixyl ကအသားရည်ရဲ့Skin collagenကိုboostလုပ်ပေးနိုင်တဲ့ingredient တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီးတော့ Panthenol 5% ကလည်းRetinal ရဲ့ effect ကိုထိန်းပြီးတော့တစ်ဖက်တစ်လှမ်းကနေအသားရည်အစိုဓာတ်အတွက်Supportiveဖြစ်တာမျိုးဖြစ်ပါတယ်။ A-Shot™ Technology ကလည်းသူတို့ရဲ့Exclusive ဖြစ်တဲ့နည်းပညာဖြစ်ပြီးတော့ Liposomed Retinal ဖြစ်ပါတယ်။ သူကတစ်ခုရှိတာကသုံးမယ်ဆိုမသုံးခင်ခင်မှာဘူးကိုအားနဲ့ခါပေးဖို့လိုတယ် မဟုတ်ရင်အပြာရောင်creamတစ်ခုပဲထွက်မှာပါ။ သုံးပြီးရင်လည်းဘူးကိုထောင်ထားပါ ဘူးကိုညှစ်တဲ့အခါမှာလည်းဘူးအလယ်ကနေညှစ်ဖို့လိုပါတယ်။ အဲ့တာကလက်ရှိသုံးနေတဲ့Userတော်တော်များများကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုပေါ့နော် ညှစ်တဲ့အခါအားနဲ့ညှစ်ချပါ တွန့်ဆုတ် တွန့်ဆုတ်နဲ့ညှစ်ရင်အပြာရောင်နဲ့အဝါရောင်Creamနှစ်ခုကဆတူမဖြစ်ပါဘူး။

ဟန်ကတော့သူ့ကိုMoisturizerနေရာမှာအစားထိုးပြီးလိမ်းပါတယ်။လိမ်းတဲ့အခါမှ2ခါညှစ်စာကိုတစ်မျက်နှာလုံးလိမ်းပါတယ် သူကRich cream texture မျိုးဖြစ်တဲ့အတွက်လိမ်းပြီးတဲ့အခါမျက်နှာပေါ်မှာလိမ်းထားမှန်းတော့သိရတယ် မိနစ်ပိုင်းကြာမှအသားထဲစိမ့်ဝင်တဲ့ပုံစံမျိူးပါ။ Hydroxy acid family products တွေနဲ့တွဲသုံးလို့မရပါဘူး။ ကိုယ်ကSensitive ဖြစ်တဲ့အသားရည်ဆိုရင်တော့စလိမ်းတဲ့အခါတစ်ရက်ခြားတစ်ခါလိမ်းပါ အသားရည်နဲ့used toဖြစ်သွားရင်တော့ညတိုင်းလိမ်းလို့ရပါပြီ။ ဟန်ရေ သူ့ရဲ့ Boosterနဲ့ရောတွဲသုံးလို့ရလားလို့မေးရင်ရတယ် ဟန်လည်းစမ်းပြီးtryထားတယ် ဒါပေမဲ့dailyမရဘူးနော် တွဲသုံးမယ်ဆိုရင်တစ်ပတ်မှာ3ခါလောက်ပဲလိမ်းတာပိုကောင်းတယ်။ သေချာစွဲပြီးလိမ်းရင်အသားရည်ကသိသာတဲ့resultကိုရပါတယ်။ သေချာတာကဒီCreamက အသားရည်ပေါ်မှာဖောဖောသီသီလိမ်းရတဲ့Creamမျိုးဖြစ်ပါတယ်။ အများကြီးမလိမ်းချင်ရင်လည်း1 pumpလောက်နဲ့မျက်နှာတစ်ခုလုံးအနှံ့လိမ်းလည်းရပါတယ်။ တွဲလိမ်လို့အကောင်းဆုံး Serum / Toner တွေကတော့ PDRN , Niacinamide နဲ့ HA products တွေပဲဖြစ်ပါတယ်။

စျေးကတော့ 69500ks ပါ လိုချင်တယ်ဆိုရင်Celimax Myanmar မှာဝယ်လို့ရပါတယ်။ Han ဝယ်ခဲ့တာက The Beauty Room ကပါ။

Disclaimer - No sponsored to write this post! I bought with my own money.

Telephone

Website

Address


56 Street, Between 36x37 Streets
Mandalay
05041

Alerts

Be the first to know and let us send you an email when Radiance Beauty Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.