Shwe Phyo Pharmacy

Shwe Phyo Pharmacy

Share

အင်္ဂလိပ်ဆေး/မြန်မာဆေးနှင့်ဆေးပစ္စည်းများ အပြင်
အလှအပဆိုင်ရာဖြည့်စွက်စာများ/ငါးစာကြောင်စာခွေးစာများ

65st, Between 109st & 110st, Mandalay

Photos from Shwe Phyo Pharmacy 's post 04/12/2025

၂၂ ရာစုမှာတောင် သင့်အဝတ်ဘီရိုက ပရုတ်လုံးနံ့တွေ ထွက်နေတုန်းပဲလား❓❓

သင့်ရဲ့ တန်ဖိုးကြီး အဝတ်အစားတွေကို ကာကွယ်ဖို့ အရင်တုန်းကလို ဓာတုနံ့စူးစူးတွေနဲ့ ပရုတ်လုံးတွေကို သုံးနေတုန်းပဲလား🤦🏻

အဝတ်အစားထုတ်ဝတ်လိုက်တိုင်း စွဲကျန်ခဲ့တဲ့ အနံ့ဆိုးတွေကြောင့် စိတ်ညစ်နေရတုန်းပဲလား??🫣

အချိန်က သင့်ရဲ့ wardrobe care routine ကို အဆင့်မြှင့်တင်ဖို့ပါပဲ။

Maple-Aroma House မှ ပရုတ်လုံးနေရာ အစားထိုးဖို့အတွက် ခေတ်မီပြီး အဆင့်မြင့်တဲ့ ဖြေရှင်းချက်အသစ်ကို သင့်ထံ ယူဆောင်လာပါပြီ။ အဲဒါကတော့ Maple Essential Oil Heart-Shaped Scented Solids (အသဲပုံစံ အမွှေးခဲ) ပဲ ဖြစ်ပါတယ်။

ဘာကြောင့် ပရုတ်လုံးအစား Maple အမွှေးခဲကို ပြောင်းသုံးသင့်တာလဲ🧐

🤩သဘာဝရဲ့ရနံ့၊ ဓာတုကင်းစင်တဲ့ ကာကွယ်မှု: ကျွန်ုပ်တို့ရဲ့ အမွှေးခဲလေးတွေကို 100% သဘာဝ Essential Oils တွေနဲ့သာ အထူးဖော်စပ်ထုတ်လုပ်ထားတာကြောင့် ပရုတ်လုံးလို ဓာတုအနံ့ လုံးဝမပါဝင်ပါဘူး။

🤩ဇိမ်ကျတဲ့ရနံ့သင်းသင်း:
ဘီရိုဖွင့်လိုက်တိုင်း သင်းပျံ့တဲ့ရနံ့က သင့်ကို ကြိုဆိုနေမှာပါ။ သင့်ရဲ့ ပိုးသား၊ ချည်သားနဲ့ အခြားတန်ဖိုးကြီး အဝတ်အထည်တိုင်းမှာ ဇိမ်ကျကျ ရနံ့လေးတွေ သင်းသင်းလေးစွဲကျန်နေစေပြီး ဝတ်ဆင်လိုက်တိုင်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။

😍အမြင်တင့်တယ်ပြီး အသုံးဝင်မှု:
ချစ်စရာကောင်းတဲ့ အသဲပုံစံ အမွှေးခဲလေးတွေကို အော်ဂင်ဇာအိတ်လေးနဲ့ လှပစွာထုပ်ပိုးထားတာကြောင့် သင့်အဝတ်ဘီရိုထဲမှာ ချိတ်ဆွဲထားလိုက်ရုံနဲ့ အလှတစ်မျိုးတိုးစေမှာပါ။

💫လတ်ဆတ်မှုက အချိန်ကြာရှည်ခံတယ်:
အမွှေးခဲတစ်ခုက သင့်အဝတ်ဘီရိုတစ်ခုလုံးကို ရက်သတ္တပတ်ပေါင်းများစွာ မွှေးပျံ့လတ်ဆတ်နေစေမှာဖြစ်လို့ ခဏခဏ လဲလှယ်ပေးစရာမလိုပါဘူး။

အသုံးပြုပုံ:
Maple Essential Oil အမွှေးခဲ အိတ်လေးကိုဖွင့်ပြီး သင့်အဝတ်ဘီရိုထဲမှာ ချိတ်ဆွဲထားလိုက်ရုံပါပဲ။ အံဆွဲထဲမှာဖြစ်ဖြစ်၊ ခရီးဆောင်အိတ်ထဲမှာဖြစ်ဖြစ် ထည့်သုံးလို့လည်းရပါတယ်။

ခေတ်ဟောင်းက ပရုတ်လုံးတွေကို အပြီးတိုင်နှုတ်ဆက်ပြီး Maple-Aroma House ရဲ့ သဘာဝဆန်ဆန် မွှေးပျံ့တဲ့ အသဲပုံအမွှေးခဲကို ရွေးချယ်လိုက်ပါ။

သင့်ရဲ့ နေ့စဉ်ဘဝကို အသေးစိတ်ကအစ အဆင့်မြှင့်တင်လိုက်ပါ။

ဈေးနှုန်း - 3200 ကျပ် (၁၀ခဲပါ)

ရရှိနိုင်သောရနံ့ကတော့
သလဲသီး (ရောင်နီ)
ဂရိတ်ဖလု (ဆောင်းအိမ်မက်)
Lavender ( ချစ်သောLavender)
စံပယ် ( အဖြူရောင်လေး)
lemongrass ( ဆိတ်ငြိမ်ခြင်း)
Lemon ( Stress Relief )
Sakura ( ပန်းမြို့တော်)
Greentea ( လတ်ဆတ်ခြင်း)
Whitetea ( အဖြူရောင်အိမ်မက်)
ထင်းရှူး ( ထင်းရှူးမြေ)
တို့ဖြစ်ပါတယ်

#ပရုတ်လုံးအစားထိုးအမွှေးခဲ

26/10/2025

ဆောင်းဝင်တော့မည် ~~~ 🎼🎼🎼
ဆောင်းဝင်တော့မည် ~~~ 🎶🎶🎶
ဆိုတဲ့ အတိုင်း ဆောင်းရာသီရောက်တော့မှာမို့
Lotion လေးတဖြတ် ရောင်းအုံးမယ်ရှင့်

Cara Perfume Lotion က ရေမွှေး Lotion ဖြစ်ပြီး Whitening ပါလို့ အသားအရေ ကို စိုပြေစေသည့်အပြင် ဖြူဝင်းချောမွေ့စေပါတယ်

ဈေးနှုန်းလေးကလဲ ၂၈၅၀၀ ကျပ်နဲ့
မင်မင်တို့ရွှေဖြိုးမှာ အသင့်ရှိတာမို့
ဆောင်းမရောက်ခင် အမှီလာဝယ်လို့ရပါပြီနော်

26/10/2025

🌸 အသားအရေတောက်ပ လှပမှုရရှိဖို့ နေ့စဉ်
GreenLife Derma Bright နဲ့ အစပြု

GreenLife Derma Bright ရဲ့ (Dual-Action Formula) ဆိုတာက သဘာဝအပင်မှ ထုတ်ယူထားတဲ့ L-Glutathione နဲ့ NutroxSun® ပါဝင်တဲ့ အသားအရေတောက်ပအောင်လုပ်ပေးပြီး နေရောင်ခြည်ထဲက UV ထိခိုက်မှုကိုကာကွယ်ပေးတဲ့ supplement ဖြစ်ပါတယ်။

🌿 အဓိကပါဝင်ဆေးဝါးများ

1. L-Glutathione –

အသားအရေညစ်နုခြင်း၊ မညီညာတဲ့အရောင်ကို ပြန်ညီအောင်လုပ်ပေးသည်

Melanin ထုတ်လုပ်မှုကိုလျှော့ချပေး၍ အသားအရေဖြူသွေးတောက်စေသည်

အရေးအကြောင်း၊ အသားအိုမင်းခြင်းကိုနှေးကွေးစေသည်

သွေးသန့်စင်မှုကောင်းစေသည်

2. NutroxSun® (Natural citrus & rosemary extract blend) –

နေရောင်ခြည် (UVA/UVB) ထိခိုက်မှုကို ကာကွယ်ပေးသည်

အသားအရေကောင်မလှခြင်း၊ ခြောက်သွေ့ခြင်းများကို လျှော့ချပေးသည်

Collagen ထုတ်လုပ်မှုကိုအားပေး၍ အသားအရေတင်းတယ်စေသည်

3. Vitamin C –

Glutathione အာနိသင်ကိုမြှင့်တင်ပေးသည်

အသားအရေတောက်ပစေပြီး အဆီအနှစ်ထုတ်ခြင်းကိုညှိပေးသည်

---

🌞 အကျိုးအာနိသင်များ

အသားအရေဖြူဝင်းတောက်ပစေခြင်း

နေရောင်ခြည်အန္တရာယ်မှ ကာကွယ်ခြင်း

အသားအရေညီညာခြင်း

အသားအိုမင်းနှေးကွေးစေခြင်း

အသားအရေစိုပြေ တင်းတယ်မှုမြှင့်တင်ခြင်း

---

💊 သုံးနည်း (အကြံပြု)
နေ့စဉ် ဆေး ၁ လုံး မှ ၂ လုံး ကို အစာစားပြီးနောက်သောက်ပါ။
(သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း)

💗 သင့်အသားအရေကို GreenLife Derma Bright နဲ့ အစပြုပေးလိုက်ပါ 🌿

16/10/2025

⚡️Shwe Phyo (3) Pharmacy မှ
အောက်ပါဝန်ထမ်းများတိုက်ရိုက်ခေါ်ယူနေပါပြီ..🤗🤗

⚡️Junior Accountant (F)
-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည် (သို့) အထက်တန်းအောင်ထားသူဖြစ်ရမည်။
-LCCI Level (1,2) အောင်ထားသူဖြစ်ရပါမည်။
-Microsoft Excel & Word အခြေခံရှိပြီး လက်ကွက်ကျွမ်းကျင်သူဖြစ်ရပါမည်။
-လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
-အတွေ့ အကြုံ မရှိပါက သင်ကြားပေးပါမည်။

⚡️အရောင်းဝန်ထမ်း (F)
-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည် (သို့) အထက်တန်းအောင်ထားသူဖြစ်ရမည်။
-ရုပ်ရည်အသင့်အတင့်ရှိသူဖြစ်ပြီး စကားပြောပြေပြစ်ရမည်။
-Customer Complain ကောင်းမွန်စွာဖြေရှင်းနိုင်သူဖြစ်ရမည်။
-Computer အခြေခံရှိပြီး လက်ကွက်ကျွမ်းကျင်သူဖြစ်ရပါမည်။
-ဆေးနှင့်ပတ်သက်သော အတွေ့အကြုံမရှိပါကသင်ကြားပေးမည်။

💰လစာအား အတွေ့အကြုံပေါ်မူတည်၍ ဆွေးနွေးနိုင်ပါသည်

လျှောက်ထားရန်စိတ်ဝင်စားပါက CV Form နှင့် အခြားလိုအပ်သောစာရွက်စာတမ်းများကို 09-758498197 (Viber) သို့ ပို့ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

လိပ်စာ - 65 လမ်း, 109/110 လမ်းကြား၊ GGI Nippon Life Insurance
ရုံးဘေးကပ်လျက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

Photos from Shwe Phyo Pharmacy 's post 27/09/2025

Day 2 ရွှေဖြိုး 3 ဆေးဆိုင် Promotion
At New Ocean SuperCenter

Caring for your health - Everyday, Everywhere.

31/08/2025

🤦🏻အိပ်မပျော်လို့ စိတ်ပင်ပန်းနေရလား?
အိပ်ချိန်ညှိပေးပြီး အိပ်မပျော်မှုကို သက်သာစေမယ့် Melatonin Supplements နှစ်မျိုး

✔ Melatonin ပါဝင်ပြီး အိပ်ချိန်ညှိပေးတယ်
✔ သဘာဝအပင်များပါဝင်လို့ စိတ်အေးအေးဖြစ်စေတယ်
✔ အိပ်မပျော်မှု သက်သာပြီး အာရုံစူးစိုက်မှုတိုးတက်စေတယ်
✔ Melatonin 3mg – Sleep cycle ကိုညှိပေးတယ်
✔ Chamomile & Peach အနံ့ – စိတ်အေးအေးခံစားစေတယ်
✔ Sugar Free – အချိုမပါဘဲ သကြားဓာတ်ကိုထိန်းပေးတယ်
---

💤 အကျိုးကျေးဇူးများ
✔ အိပ်ချိန်ညှိပေးခြင်း
✔ အိပ်မပျော်မှု သက်သာစေခြင်း
✔ Jet Lag လျှော့ချခြင်း
✔ စိတ်ငြိမ်းချမ်းစေခြင်း
---

📍 သုံးနည်း – အိပ်ချိန်မတိုင်မီ 30 မိနစ်လောက်အကြို သောက်ပေးပါ
📌 သတိပြုရန် – ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ ဆေးသုံးနေသူများ အရင်ဆရာဝန်ထံ အကြံပြုပါရှင်
---

🔥 သင့်အိပ်ချိန်ကို ပြန်လည်အေးချမ်းစေမယ့် အကောင်းဆုံးရွေးချယ်မှု!
📲 Order အတွက် DM ချန်ထားပါ

29/08/2025

📢 ကျန်းမာရေးအတွက် စတင်ခြင်းက အစားအသောက်ပါ!

ဤပုံထဲကအတိုင်း အစားအသောက်ရွေးချယ်မှုတစ်ခုနဲ့ ကျန်းမာရေးအပြောင်းအလဲကြီးမားနိုင်ပါတယ်။

🍔 Fast Food, အချိုရည်များ အလွန်အမင်းသုံးစွဲခြင်း ➡ အဆီကျန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ နာတာရှည်ရောဂါများ (သွေးချို၊ နှလုံးရောဂါ) ဖြစ်စေနိုင်သည်။

🥦 အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ
များများစားပါ

➡ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်များ ပေါက်ပြီး ကိုယ်ခံအားတိုးပြီး၊ ကျန်းမာရေးကောင်းမွန် မှုဖြစ်စေသည်။

✅ အကြံပြုချက်များ
✔ Fast Food အနည်းဆုံး လျှော့ပါ (တစ်ပတ် ၁–၂ ကြိမ်ထက်မကျော်)
✔ နေ့စဉ် အသီးအနှံ ၅ မျိုးအနည်းဆုံးထည့်ပါ
✔ ရေနဲ့ သဘာဝဖျော်ရည်များသောက်ပါ (အချိုရည်လျှော့ပါ)
✔ လေ့ကျင့်ခန်းလုပ်ပါ – အစားအသောက်နဲ့အတူ လေ့ကျင့်ခန်းလည်း အရေးကြီးပါတယ်။

👉 သင့် ကျန်းမာရေးကောင်းဖို့ အစားအသောက်ရွေးချယ်မှုမှ စပါ!

#ကျန်းမာခြင်းသည်လာဘ်တစ်ပါး
#အစားအသောက်
#ကျန်းမာရေး

25/08/2025

🚨Vacancy Announcement 🚨

ရွှေဖြိုး 3 လက်လီလက်ကားဆေးဆိုင် မှ

ဂိုဒေါင်မှူး - 1 ဦး အလိုရှိသည်။

- ဘွဲ့ရ သို့မဟုတ် အထက်တန်းအောင် ဖြစ်ရပါမည်။
- သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရပါမည်။
- Warehouse , Store Process အားလုံးသိရှိနားလည်ပြီး စစ်ဆေးဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
- ပစ္စည်းအဝင်/ အထွက် ,ပစ္စည်းထားသိုမှု , First In, First out စနစ်များကို စနစ်တကျဖြင့် Manage ပြုလုပ်နိုင်သူဖြစ်ရပါမည်။
- Report ကောင်းစွာတင်ပြပေးနိုင်ရပါမည်။
- တာ၀န်ယူမှု၊တာ၀န်ခံမှု ရှိရပါမည်။

လျှောက်ထားလိုပါက ဆိုင်တွင်၎င်း၊
Viber No. 09758498197 တွင်၎င်း
CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

လိပ်စာ - 65လမ်း၊ 109/110 လမ်းကြား၊
GGI Insurance ရုံးဘေးကပ်လျက်၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#အလုပ်ခေါ်စာ
#ဂိုထောင်မှူး
#အလုပ်အကိုင်
#မန္တလေး

TikTok · Shwe Phyo Pharmacy 30/06/2025

အခုချိန်လာဝယ်ရင် အတန်ဆုံးဈေးနဲ့ရမှာနော်
🥰🤗

TikTok · Shwe Phyo Pharmacy Check out Shwe Phyo Pharmacy’s video.

Photos from Shwe Phyo Pharmacy 's post 30/06/2025

အခုချိန်လာဝယ်ရင် နှစ်ခါမရတဲ့ အတန်ဆုံးဈေးနဲ့ရမယ့် မျက်လုံး 👀အတွက် အဖိုးတန်တဲ့ပစ္စည်းလေးတစ်ခု

❣️တို့ရေ နေ့စဉ့် screen timeများနေသူတွေအတွက် အမြင်အာရုံဟာဘဝရှင်သန်မူအတွက် အဓိက အကျဆုံး ဖြစ်တာကြောင့်
မျက်လုံးလေးတွေကို ဂရုစိုက်ဖို့ အလွန်ကို အရေးကြီးပါတယ်နော်။

ဘရန်း(စ်)ဘယ်ရီသီးအနှစ်ရည်လေးဟာ တောင်အမေရိကနဲ့ ဥရောပမှ အရည်အသွေးမြင့်ဘယ်ရီသီး (၇)မျိုးကနေ ထုတ်လုပ်ထားပြီး အနံ့အရသာနဲ့ ပြည့်စုံသောAnthocyanin ၊ Antioxidant ၊ Zinc တွေနဲ့ ဗီတာမင် A,C,E နဲ့ ဓာတ်များ ကြွယ်ဝစွာ ပါ၀င်တာကြောင့် အမြင်အာရုံနဲ့ မျက်စိကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပြီး ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလတ်တွေရဲ့ မျက်နှာပြင်က ထွက်ရှိလာတဲ့ Blue light တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဘရန်း(စ်)ဘယ်ရီသီးအနှစ်‌ရည်လေးကို ပုံမှန်သောက်သုံးပြီး မျက်လုံးလေးတွေကို အားဖြည့်ကာ နေ့ရက်တိုင်းကို ကြည်လင်တောက်ပတဲ့အမြင်အာရုံနဲ့ ဖြတ်သန်းလိုက်ရအောင် 💜

Photos from Shwe Phyo Pharmacy 's post 26/06/2025

ဆိုင်တိုင်းပြတ်တဲ့ 💙EV-O3💙 ‌

✨EV-O3 နဲ့ပတ်သက်ပြီး ဘာတွေကောင်းတာလဲဆိုတာကို တစ်မျိုးချင်းစီမေးနေကြတဲ့ 👱🏻‍♀️ အရမ်းလှတဲ့ကောင်မလေးတို့အတွက် ✨EV-O3 က ဘာအတွက် ကောင်းမွန်ပြီး၊ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေများတယ်ဆိုတာကို တစုတစည်းတည်း ဖော်ပြပေးလိုက်ပါပြီနော် 🥰

✨EV-O3 ကြောင့်ထူးခြားသားနားတဲ့အသားအရေကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့…..🫶💖

💁‍♀️အရွယ်ရောက်ပြီးသူ အမျိုးသား၊အမျိုးသမီးတိုင်း သောက်သုံးနိုင်တဲ့
အသားအရေ၊ဆံကေသာ နှင့် လက်သည်းခြေသည်းတို့အတွက် အထူးကောင်းမွန်သော EV-O3 တံဆိပ် Vitamin E ဖြည့်စွက်စာလေးပါရှင့်….

💙သဘာဝ Vitamin E/ Wheat Germ Oilနှင့် Omega 3တို့ပါဝင်လို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုများမှကင်းဝေးစေပြီး ငယ်ရွယ်နှပျိုစေပါတယ်

💙အသားရေစိုပြေချောမွေ့စေပြီး ဝက်ခြံ၊တင်းတိတ်၊အမဲစက်နှင့်ဝက်ခြံအမာရွက်များကိုလျော့ပါးသက်သာစေပါတယ်

💙နေလောင်ဒဏ်ကြောင့် အသားရေထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်

💙ခြေသည်းလက်သည်း ကြွပ်ဆတ်ခြင်း၊ကျိုးပဲ့လွယ်ခြင်းများကို သက်သာစေပါတယ်

💙ဦးရေပြားကိုလည်း အားဖြည့်ပေးလို့ ဆံပင်ကျွတ်ခြင်းများကို

အထူးသက်သာစေပါတယ်

💙ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး မှတ်ညဏ်အားကိုကောင်းစေပါတယ်
မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်

💙နှစ်ခြိုက်စွာအိပ်ပျော်စေပြီး သားသမီးရရှိစေရန်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်

💁‍♀️နေ့စဉ် တစ်နေ့တစ်လုံး အစာစားပြီးတိုင်း ပုံမှန်သောက်သုံးပေးနိုင်ပါတယ်ရှင့်
မင်မင်တို့ ရွှေဖြိုး 3 မန္တလေး မှာ
Instock ရှိပါတယ်ရှင်

တစ်ကဒ် - ၅၀၀၀ ကျပ်
တစ်ဘူး - ၁၅၀၀၀ ကျပ်

Photos from Shwe Phyo Pharmacy 's post 25/06/2025

တစ်မိသားစုလုံး ကျန်းမာဖို့ Vital G နဲ့အတူ ကျန်းမာရေးကို ဂရုစိုက်ပါစို့ 😍

Vital-G အားဆေးလေးတွေ ကုမ္ပဏီက
Camping လာလုပ်လို့ ရွှေဖြိုး 3 မှာ
ချစ်သောကာကာတို့လိုအပ်တဲ့ဆေးတွေ
လာအားပေးရင်း Vital-G Camping လက်ဆောင် လေးလာယူလို့ရပါပြီရှင့် 🥰

ဂျင်ဆင်းပါဝင်တဲ့ ဗိုက်တဲလ်-ဂျီ (Vital-G) က ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တော့ ပုံမှန်သောက်ပေးလေ ပိုကျန်းမာလေပဲပေါ့ 🤗🤗

ဒါကြောင့် တစ်မိသားစုလုံးအတွက်
Vital G ကိုအမြဲမပြတ်ဆောင်ထားသင့်ပါတယ်ရှင့်

,VITAMINS&MINERALS #နေ့စဉ်သောက်ပါ

Website

Address


Mandalay

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Alerts

Be the first to know and let us send you an email when Shwe Phyo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.