Healthy & Happy
Healthy & Happy is located in Mandalay, Myanmar. At Healthy & Happy, we believe that a healthy and happy life is key to living a fulfilling and enjoyable life.
Healthy & Happy Group is established in July, 2017 and is manufacturing variety of healthy products such as healthy meal box, Diabetic snacks, Diet cookies and breads. Welcome to Healthy & Happy page, where we've been committed to promoting health and happiness in Myanmar since our establishment in 2017. As the first nutritionist specialist business of its kind in Myanmar, we take great p
19/06/2026
တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ တပါတ်လုံး စားဖို့ Cookies လေးတွေ ကိတ်မုန့် ပေါင်မုန့်လေးတွေ ကြိုတင် အော်ဒါတင်ရတော့မယ့် သောကြာနေ့လေး ရောက်လို့လာပြန်ပါပြီ...။ ဒီတပါတ်အတွက် မှာမယ့် မုန့်လေးတွေကရော ဘာဖြစ်မလဲ။
နောက်မကျသွားရလေအောင် စနေနေ့ ည (၇) နာရီနောက်ဆုံးထားပြီး အရေအတွက်၊ လိပ်စာ၊ ဖုန်း အပြည့်အစုံလေးနဲ့ Hello လေးသာ လုပ်လိုက်တော့နော်။
#အာဟာရ #ဆီးချို #ကင်ဆာ
18/06/2026
#ဖြစ်ဖူးလား...ဝိတ်ထိန်းနေကာမှ အာလူးကြော်၊ တို့ဟူးကြော်...ဆီကြော်မုန့်တွေကို တဂျွတ်ဂျွတ် တဂျွမ်းဂျွမ်းမြည်အောင် ဝါးပစ်ချင်စိတ်... စားကလည်းစားချင် တဖက်မှာလည်း Diet Plan ကြီးပျက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်...တစ်ချပ်၊ နှစ်ချပ်လောက်ပဲ စိတ်အဆာပြေအောင် စားလိုက်ပါမယ်လေဆိုရာကလေ စိတ်မထိန်းနိုင်ဘဲ တထုပ်၊ တဗူးလုံးကုန်သွားတဲ့အထိ အရသာရှိရှိစားပစ်မိလိုက်တဲ့ အခိုက်အတန့်တွေ...
Healthy & Happy ရဲ့နှမ်းမုန့်ကြွပ် (Lavash) နဲ့ဆိုရင်တော့ စိုးရိမ်စရာကို မလိုတော့တာပါ။ ဘာဖြစ်လို့လဲဆိုတော့
တစ်ချပ်ချင်း တဂျွတ်ဂျွတ်မြည်အောင်ကိုက်မလား
အထပ်လိုက်ကြီး တဂျွမ်းဂျွမ်းမြည်အောင် ဝါးဦးမလား
စိမ့်တိမ့်တိမ့်အရသာ နှမ်းရနံ့သင်းပျံ့ပျံ့နဲ့အတူ
တချပ်မှ ၁၅ ကယ်လိုရီပဲ ပါအောင် အာဟာရဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ ဖန်တီးထားတဲ့အပြင်
အချိုလုံးဝမသုံးဘဲ ဂျုံကြမ်း၊ နှမ်း၊ ကြက်ဥနဲ့ပဲ အဓိက လုပ်ထားတာဖြစ်လို့
Weight Management လုပ်နေသူတွေသာမက ဆီးချိုသမားတွေပါ စိတ်အေးလက်အေး စားနိုင်ဦးမယ့် Healthy Guilt-Free Snack ဆိုမှာတော့
တခြားဘာလို့ပါဦးမလဲ။
#အာဟာရ #အဆာပြေ #ဆီးချို #ဝိတ်ထိန်း
ဆီးချိုဝေဒနာရှင်များအတွက် ဘိုဆန်ဆန်အဆာပြေ...မြန်မာဆန်ဆန်အဆာပြေ
#အာဟာရ #ဆီးချို #အဆာပြေ
16/06/2026
#မှားသွားပြီ #သွားပါပြီ" ်လို့ဝယ်လိုက်မိတာ... Healthy & Happy ချစ်သူတွေဆီက မကြာခဏကြားရတဲ့ သည်စကား...
ဆင်တူယိုးမှား မဆန်းပြားပေမယ့် Healthy & Happy Brand ကို အဆာပြေမုန့်ဆိုတာထက်ပိုတဲ့ Lifestyle တခုအနေနဲ့ သုံးစွဲနေတဲ့ ဆီးချို/ကင်ဆာဝေဒနာရှင်တွေ၊ Weight management လုပ်နေသူတွေ၊ Gym ကစားနေသူတွေအတွက်တော့ တစ်ချပ်၊ တစ်တုံး၊ တစ်ဇွန်းတိုင်းရဲ့ Nutrition Value က အရေးကြီးလှတာမို့လို့
တကယ်လို့များ မုန့်လေးတွေဝယ်တဲ့အခါ အတွေးများ အရွေးမှားလို့ အကုန်အကျမများရလေအောင်ဆိုရင်
1. လတ်ဆတ်၊ လန်းဆန်း၊ ကျန်းမာတဲ့ အစိမ်းရောင် Brand Color မှာမှ Healthy & Happy ဆိုတဲ့ အနီရောင်စာလုံးလေးရယ်၊ သူ့အပေါ်က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ ပရိုတိန်းကြွယ်တဲ့အသားတွေကို အချိုးညီညီတည်ခင်းထားတဲ့ Healthy Plate symbol လေးရယ် ပေါင်းစပ်ထားတဲ့ Healthy & Happy Logo လေးရယ်
2. မြန်မာပြည်မှာ အာဟာရဆရာဝန်ပူးပေါင်းပါဝင်ထားတဲ့ ပထမဆုံးကွတ်ကီးဖြစ်တာနဲ့အညီ ဗူးရဲ့ ဒေါင့်တိုင်းမှာ ရေးထိုးထားတဲ့ BEST NUTRITIONIST'S RECIPE ဆိုတဲ့ စာတန်းလေး
3. မြန်မာပြည်ရဲ့ ပထမဆုံး Peanut Butter နဲ့အတူ ဟင်းနုနွယ်၊ အုတ်၊ သစ်ကြပိုး၊ ဒီ၃ မျိုးပေါင်းစုထားတဲ့ ဆီးချိုစုံ၊ အစေ့အဆန်၊ ချောကလက်ချပ်စ်၊ Protein Bite (Original/ Diabetes) ဆိုတဲ့ အမျိုးအစား (၉) မျိုးရယ်ရှိပါကြောင်းနဲ့
4. အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူလိုသူတွေအနေနဲ့ဆို ဖော်ပြထားတဲ့ Link ( https://www.facebook.com/share/p/1GV96qBSNk/) ထဲက လိပ်စာတွေမှာ ဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတိရပေးဖို့ မေတ္တာရပ်ခံ ပန်ကြားပါရစေနော်။
#အာဟာရ
15/06/2026
#ကြွက်သားတက်အောင်ကစားနေတာဆိုရင်
#ကာဗိုဟိုက်ဒရိတ်
#အသားဓါတ်
#အဆီဓါတ် ဘယ်အာဟာရဓါတ်က အရေးကြီးဆုံးလို့ထင်ပါသလဲ...
အဖြေ -
အများစုက အသားဓါတ်ကို ဖြေကြပါတယ်။
ကြွက်သားတက်အောင်လုပ်နေသူအများစု
က အသားဓါတ်ပဲ ဦးစားပေး စားကြတယ်။ ဒါပေမယ့် အသားစားပြီး ကာဗိုဟိုက်ဒရိတ်စားရမှာ သေမလောက် ကြောက်ကြပါတယ်။
အသားတွေ စားပြီး ဒီလောက် လေ့ကျင့်နေပြီး ထင်သလောက် ကြွက်သားက တက်မလာတာလဲ အများစု ကြုံဖူးကြမှာပါ။
ဘာလို့လဲ...
ပြဿနာက အသားပဲစားပြီး ကာဗိုဟိုက်ဒရိတ်မစားလို့ပါ။ ကာဗိုဟိုက်ဒရိတ်ကို လုံလောက်စွာ မစားတော့ စားလိုက်တဲ့ protein တွေကကြွက်သား တက်ဖို့အတွက် မသုံးနိုင်ပဲ glucose လိုမယ့်နေရာ တွေကိုပေးဖို့ အတွက် glucose ပြောင်းပေးလိုက်ပါတယ်။ ဒါကို Gluconeogenesis
လို့ခေါ်ပါတယ်။
အလွယ်ပြောရရင် စားထားတဲ့ အသားဓါတ်တွေ က ခန္ဓာကိုယ်ထဲမှာ glucose ပြောင်းလဲသွားပြီး ကြွက်သားဆီ မရောက်တော့ ကြွက်သား မတက်တော့တာပါ။
ဒါကြောင့် ကြွက်သားတက်ချင်ရင် လေ့ကျင့်ခန်း လုပ်ပြီးရင် Protein 1 ဆ Carbohydrate 3-4 ဆ စားပေးရပါမယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#အာဟာရ
12/06/2026
မိုးလင်းမိုးချုပ် တသဲသဲ တမဲမဲ၊ တအုန်းအုန်းတဗြုန်းဗြုန်းရွာနေတဲ့မိုးကြား
နေ့နေ့ညည အာဟာရပြည့်ဖို့ Healthy & Happy အဆာပြေမုန့်လေးတွေအတွက် မိုးစိုခံ လေတိုက်ခံပြီး တကူးတက အပြင်ထွက်မဝယ်ပါနဲ့...။
တနင်္လာနေ့တိုင် ရန်ကုန်၊ မန်းလေးအိမ်အရောက်ပို့ဆောင်ပေးမယ့် delivery လေးနဲ့ အိမ်အရောက်မှာပါ။
Order Closing Date : 13 June (7:00 PM)
Delivery Date. : 15 June
#အာဟာရ
11/06/2026
#ဆီးချိုရှိနေတာကိတ်စားလို့ရပါ့မလား...
ရပါတယ်...ဘယ်လိုကိတ်လဲ...ဘယ်လောက်စားမှာလဲ...ဘာတွေပါသလဲ...ဆိုတာတော့ အဓိကပေါ့။
✔️"Sugar-Free" ဆိုတာကိုတင်ကြည့်ရမှာမဟုတ်ဘဲ Carbohydrate ဘယ်လောက်ပါသလဲ...
✔️အစာကြေစေညက်လွယ်ပြီး ဆီးချိုမတတ်ဖို့ Protein, Fibers ဘယ်လောက်ပါသလဲ...
✔️သုံးထားတဲ့ ဆီကရော ဘယ် source ကလဲ...
Heavy Frosting, Butter cream, Fillings, Coating တွေပါနေသလား...
မေးခွန်းပေါင်းများစွာနဲ့ ကိတ်လေးတတုံးစားရဖို့ ဒီလောက်တောင် စေ့စပ်သေချာ ကြည့်ဖို့လိုတာလား...
မလိုပါဘူး။ Healthy & Happy Nuts Cake ဆိုရင်ပေါ့...
ဂျုံကြမ်း၊ အစေ့အဆန်နဲ့ Fat loss milk တို့လို့ ရိုးရှင်းတဲ့ ingredients တွေရဲ့ ပေါင်းစပ််မှုကို
အာဟာရဆရာဝန်ရဲ့ ကြီးကြပ်မှုနဲ့ ဖန်တီးထားပြီး
Sugar Free ဖြစ်ရုံမက တချပ်လုံးစားမှ ၉၆ ကယ်လိုရီပဲပါလို့
ဆီးချို/ကင်ဆာ ဝေဒနာရှင်တွေသာမက
ဝိတ်ထိန်းနေတဲ့သူတွေပါ စိတ်ချလက်ချစားနိုင်တယ်။
ခြောက်ခြောက် ကြမ်းကြမ်း ဖွယ်တယ်တယ်နဲ့ ပေါ့ပျက်ပျက်မဖြစ်ရစေဘဲ
တကိုက်ဆို တကိုက်မှာ လျှာဖျားမှာ စိုအိ နူးညံ့တဲ့အရသာ
အစေ့အဆန်ဆလေးတွေရဲ့ သဘာဝအတိုင်းအချိုအရသာနဲ့ ဝါးလိုက်တိုင်း တထုတ်ထုတ်မြည်တဲ့အထိအတွေ့က
"ဒါ ဆီးချိုကိတ်မှ ဟုတ်ရဲ့လား" ဝေဝါးသွားရလောက်တဲ့အထိကို အရသာကထိမိစေဦးမှာ။
#အာဟာရ #ဆီးချိုကိတ်
ကင်ဆာဝေဒနာရှင်တွေ ဆေးကုသနေစဉ်အတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ဘယ်လိုအဆာပြေလေးတွေစားသင့်သလဲ...
#အာဟာရ #ကင်ဆာ
09/06/2026
ျောင်းဝယ်တဲ့အခါ...
ပထမဆုံးကတော့ မဖြစ်မနေကြည့်ရမှာစျေးနှုန်းပေါ့...
စျေးနှုန်းကို သိပြီးတဲ့အခါကိုယ်ပေးတဲ့စျေးနှုန်းနဲ့ ပြန်ရမယ့် Nutrition Value က တန်ရဲ့လား...
တန်တယ်...မတန်ဘူးဆိုတာ ဘယ်လိုခွဲခြားမလဲ...
ပထမဆုံးက Ingredient Lists ပါပဲ။
Busy Lifestyle မှာ Healthy မဖြစ် ဖြစ်အောင် ကြိုးစားနေကြတာမို့လို့
ပါဝင်ပစ္စည်းတွေက Nuts, Seeds, Whole-food Ingredients တွေနဲ့ ရိုးရှင်းရဲ့လား...
Sugar Free လို့ရေးထားပေမယ့် Glucose, Fructose, Maltose, Dextrose, Corn syrup, Honey, Maple syrup လိုမျိုး Hidden Name တွေပါနေသေးလား...
ဘာကြောင့်လဲဆိုတော့ Energy Bar စားပြီဆိုကတည်းက ရည်ရွယ်ချက်က
✔️ဖြည်းဖြည်းနဲ့ မှန်မှန် စွမ်းအင်ရဖို့
✔️အသားဓာတ်၊ အမျှင်ဓာတ်နဲ့ Healthy Fats တွေနဲ့ အချိန်ကြာကြာ အဆာခံဖို့
✔️သွေးတွင်းသကြားဓာတ်ကိုငြိမ်အောင်ထိန်းထားပေးနိုင်ဖို့
✔️စွမ်းအင်အပြည့်နဲ့ အချိန်ကြာကြာ လှုပ်ရှားသွားလာနိုင်ဖို့မဟုတ်ပါလား။
တကယ်လို့များ
✅စျေးနှုန်းအနေနဲ့ လူတိုင်းလက််လှမ်းမီနိုင်တဲ့ စျေးနှုန်းလည်းဖြစ်ရမယ်။
✅အာဟာရတန်ဖိုးအနေနဲ့ဆိုရင်လည်း တချောင်းစားတိုင်းမှာ 207 Cal, 17.3 g Carbs, 12.1 g Fats, Protein 7 g အပြည့်နဲ့ (၆) နာရီဝန်းကျင်အဆာခံစေရမယ်။
✅Ingredients အနေနဲ့ဆိုရင်လည်း အစေ့အဆန်တွေနဲ့ ရိုးရှင်းလွန်းပြီး
✅ဆီးချို၊ ကင်ဆာဝေဒနာရှင်တွေအထိပါ စိတ်ချလက်ချစားနိုင်အောင် Sugar Free ကိုမှ အပိုအချိုလုံးဝ လုံးဝမပါဝင်တဲ့အပြင်
✅အစေ့အဆန်တွေကနေ ရရှိတဲ့ Plant-based Protein Source မို့လို့ Beauty ပိုင်းအထိ ဝက်ခြံထွက်၊ အလှပျက်မှာပါ စိုးရိမ်စရာမလိုတဲ့အတွက်
Pre-workout Snack အနေနဲ့စားစား
Post-wokrout Snack အနေနဲ့စားစား
နံနက်ခင်း/ နေ့လည်ခင်း အဆာပြေအနေနဲ့စားစား
စားတိိုင်းခွန်အားပြည့်နေစေမှာ Healthy & Happy Energy Bar ပါ။
#အာဟာရ #ဆီးချို #ကင်ဆာ
08/06/2026
ဆီးချိုဝေဒနာရှင်တွေ ဘယ်လိုစားသောက်နေထိုင်သင့်သလဲ...
ဆီးချိုစဖြစ်နေပြီဆိုရင် အောက်ပါအချက်လေးတွေ လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။
1. ထမင်းကို သတ်မှတ်ထားတဲ့ပမာဏ အတိုင်း စားပေးရပါမယ်။ ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးလို့ ကျွန်တော် မပြောပါဘူး။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ ဒါပေမယ့် စားတဲ့အခါ မှာ ချင့်ချိန်ပြီးစားပေးဖို့လိုတယ်။ ဥပမာ နေ့လည်စာ ထမင်းကို ထမင်းစားဇွန်း ၅-၆ ဇွန်းစားလို့ရပါတယ်။ စားတဲ့ နေရာမှာလည်း ဆန်ကို ရေငှဲ့ချက်ရင် ပိုကောင်းပါတယ်။ ပေါ်ဆန်းမွှေးအစား ဆန်လုံးညို၊ ဘာစမာတီတို့စားလည်းရပါတယ်။ ဆန်လုံးညိုတို့ ဘာစမာတီတို့က အမျှင်ဓါတ်များတဲ့အတွက် ကိုလက်စထရောကျစေတဲ့ အပြင်ပေါ်ဆန်းမွှေးထက်စာရင် အဆာပိုခံပါတယ်။ ဒါပေမယ့် သကြားဓါတ်(carbohydrate) ပါဝင်တဲ့ ပမာဏကတော့ ပေါ်ဆန်းမွှေးနဲ့ မကွာပါ။ ဒါကြောင့် ထမင်းကို ၅-၆ ဇွန်းပဲ ထိန်းပြီးစားနိုင်တယ်ဆိုရင် ပေါ်ဆန်းမွှေးဆန်အဖြူစားလို့ရပါတယ်။ အဲဒီလို မဟုတ်ဘဲ မထိန်းနိုင်ဘူးဆိုရင်တော့ ဘာစမာတီတို့ ဆန်လုံးညိုတို့စားပေးပါ။ သူတို့က ၅-၆ ဇွန်း လောက်စားရင် ဗိုက်ပြည့်သွားတတ်ပါတယ်။
2. အရွက်များများစားပါ- ဆီးချို ဝေဒနာရှင်တွေမှာ ထမင်းကို စားနေကျထက်လျှော့စားလိုက်ရတဲ့အတွက် ဗိုက်မဝတဲ့ပြဿနာဖြစ်တတ်ပါတယ်။ ဒါကို ဖြေရှင်းပေးဖို့ အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံးနည်းလမ်းမှာ ပာင်းသီးပာင်းရွက်များများ စားပေးတာပါပဲ။ အမျှင်ဓါတ် ကြွယ်ဝတဲ့ အပြင် ဗီတာမင်၊ သတ္တု များစွာပါဝင်တဲ့အတွက် ဆီးချိုဝေဒနာရှင် တော်တော်များများမှာကြုံတွေ့နေရတဲ့ ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့နေတဲ့ ပြဿနာကိုပါဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။
3. အမျှင်ဓါတ်ကြွယ်ဝတဲ့ oat meal လို မျိုးကို မနက်စာအနေနဲ့ စားပေးပါ။ အမျှင်ဓါတ်များတဲ့ အတွက် သွေးတွင်းကိုလက်စထရောကိုကျစေတဲ့ အတွက် ဆီးချိုထိန်းတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ ထို့အပြင် oat meal စားဖြင်းဖြင့် အလွယ်တကူ ဗိုက်ပြည့်လွယ်စေတာကြောင့် စားတဲ့ပမာဏ နည်းသွားတဲ့ အတွက် သွေးတွင်းသကြားတက်နှုန်းကို ထိန်းပေးနိုင်ပါတယ်။
4. အသားပမာဏ ပြည့်မီအောင်စားပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ အဓိကပြဿနာ ကတော့ အသားများများ စားတတ်တဲ့ အကျင့်မရှိတာပါပဲ။ အသားစားပေးခြင်းက အဆာပိုခံပါတယ်။ အသားသိပ်မစားကြတော့ ဗိုက်မပြည့်ကြ၊ ဗိုက်မပြည့်တော့ ထမင်းပိုစားမိကြပြီး ဆီးချိုကလည်းထိန်းမရ ဖြစ်သွားပါတယ်။ အနည်းဆုံး နေ့လည်စာ နဲ့ ညစာမှာ အသား ငါးကျပ်သားစီ စားပေးဖို့လိုပါတယ်။ ကြက်ဥ အကာလည်း အလျဉ်းသင့်ရင် သင့်သလို စားပေးသင့်ပါတယ်။
5. ပာင်းအနှစ်ကို တက်နိုင်သမျှရှောင်ပါ။ လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် မြန်မာလူမျိုးဖြစ်နေတော့ မြန်မာပာင်းကတော့ စားချင်မှာပဲ ဆိုတော့ ချက်ကတည်းက ဆီလျှော့ချက်တာမျိုး၊ ထမင်းစားရင် အသားပဲ ရွေးခပ်စားတာမျိုး လုပ်ပေးပါ။ ခပ်လိုက်တဲ့ အသားတုံးမှာ ကပ်နေတဲ့ အနှစ်နည်းနည်းလေးတွေနဲ့ ပဲ နယ်စားတတ်တဲ့ အကျင့်လုပ်ပါ။ စားပာင်း အနှစ်ချည်း သပ်သပ်ခပ်စားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ .
6. အသီးစားလို့ရပါတယ်။ ဆီးချိုဝေဒနာရှင်တွေမှာ အသီးလုံးဝ မစားရဘူးဆိုပြီး လွဲမှားနေတာတွေ တွေ့ရပါတယ်။ တကယ်တော့ ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ အသီးစားလို့ရပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အသီးကို သတ်မှတ်ထားတဲ့ ပမာဏစားပေးဖို့လိုပါတယ်။ ဥပမာ - ပန်းသီး အလုံးသေးတစ်လုံး၊ လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ) တစ်လုံး၊ မာလကာသီးတခြမ်း၊ ငှက်ပျောသီးတဝက်၊ နှင်းသီးသုံးလုံး၊ ကြက်မောက်သီး ၄ လုံး၊ မင်းဂွတ်သီး ၄ လုံး၊ ကျွဲကောသီး နှစ်စိပ်၊ ပန်းသစ်တော် တခြမ်း၊သင်္ဘောသီး ၄ တုံး၊ စပျစ်သီး အသေး ၁၅ လုံး၊ အကြီး ၇-၈ လုံး စတာတွေ စားလို့ရပါတယ်။ မစားသင့်တဲ့ အသီးတွေကတော့ နာနတ်သီး၊ ဒူးရင်းသီး၊ ပျားလိမ္မော် စတာတွေ မစားသင့်ပါဘူး။ အခုပြောထားတဲ့ စားလို့ရတဲ့ အသီးတွေနှင့် ပမာဏ အတိအကျကို နေ့လည်စာ နှင့် ညစာ စားပြီး ၁ နာရီခွဲ လောက် ကြာမှ စားပေးရပါမယ်။ ထမင်း စားစားပြီးချင်း အချိုတည်းတယ်ဆိုပြီး ချက်ချင်း အသီးစားလိုက်ရင် ဆီးချို ချက်ချင်း တက်သွားနိုင်ပါတယ်။
7. ကလီစာရှောင်ပါ။ ဝမ်းတွင်းကလီစာတွေဖြစ်တဲ့ ကြက်အသည်း၊ ဝက်အသည်း၊ ဝက်အူ၊ အမဲအူ၊ ဝက်သားတုတ်ထိုး စတာတွေမှာ ကိုလက်စထရော အရမ်းများတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ တစ်နေ့ကို ကိုလက်စထရော ၂၀၀-၃၀၀ mg ပဲ စားလို့ရပါတယ်။ ဥပမာ- ကလီစာ တစ်မျိုးဖြစ်တဲ့ ဝက်ဦးနှောက် ဆိုရင် ၆ကျပ်သားမှာ ကိုလက်စထရော ၁၅၀၀ ကျော်လောက်ပါပါတယ်။ ဒါမျိုးဆို အရမ်းများပါတယ်။ သွေးတွင်းကိုလက်စထရော အရမ်းတက်လာစေပြီး ဆီးချိုပါ ထိန်းမရဖြစ်တတ်ပါတယ်။
8. ကြက်ဥအနှစ်ကို တစ်နေ့ ၁ လုံး ထက်ပို မစားမိပါစေနှင့်။ ကြက်ဥ အနှစ် ၁ လုံးမှာ ကိုလက်စထရော 180 mg ပါဝင်တဲ့ အတွက် တရက်တလုံး ထက်မပိုသင့်ပါ။ အကာ ကတော့ ၄-၅ လုံး ထိစားလို့ရပါတယ်။
9. ဆားကို တစ်နေ့ လက်ဖက်စားဇွန်း ၁ ဇွန်းထက်မပိုပါစေနှင့်။ အကယ်လို့ ငံပြာရည် သုံးတယ် ဆိုရင် တစ်နေ့လုံးကို ထမင်းစားဇွန်း ၂ ဇွန်းထက် မပိုသင့်ပါ။ ပဲငံပြာရည်အကြည် သုံးရင်တော့ ထမင်းစားဇွန်း ၃ ဇွန်းထက် မပိုသင့်ပါဘူး။ အခုပြောထားတဲ့ အမျိုးအစားတွေထဲက တစ်နေ့ ကို တစ်မျိုးသာသုံးရမှာဖြစ်ပါတယ်။
10. ဆီ ကို တစ်နေ့ ထမင်းစားဇွန်း ၂ ဇွန်းထက် မပိုသင့်ပါ။ ဒီလိုပြောလို့ ပာင်း အနှစ် ၂ ဇွန်း ထည့်စား လို့ရတယ်လို့ မဆိုလိုပါဘူး။ အခုပြောထားတဲ့ နှစ်ဇွန်းပမာဏပာာ အရွက်ကြော်တာတို့ အသားချည်းခပ်တဲ့နေရာမှာ ကပ်ပါလာမယ့် ဆီပမာဏနှင့် တူတူပါပဲ။
12. အပြင်မှာ ထွက်စားတာကိုလျှော့ပါ။ အများသိတဲ့ အတိုင်း အပြင်အစားအစာတွေက ဆီများတယ်။ ဆား၊ အချိုမှုန့် အရမ်းများတဲ့ အတွက် လျှော့စားသင့်ပါတယ်။ အကယ်၍ မဖြစ်မနေ စားနေရတယ် ဆိုရင် လည်း ဆီကြော်တွေရှောင်ပြီး။ အသုတ် လိုမျိုးကို အရွက်များများ ထည့်စားတတ်တဲ့အကျင့် လုပ်ပါ။
13. မနက်စာ၊ နေ့လည်စာ၊ ညစာ စားပြီး တိုင်း လမ်း ၁၀-၁၅ မိနစ် လျှောက်ပေးပါ။ စားစားပြီးချင်း လှဲ အိပ်လိုက်တာမျိုး တီဗွီ ထိုင်ကြည့်တာမျိုး မလုပ်သင့်ပါ။ စားထားတဲ့ အစားအစာ အာပာာရတွေကို ခန္ဓာကိုယ်က ချက်ချင်း အသုံးပြုပေးဖို့ ကိုယ်လက်လှုပ်ရှားမှုလုပ်သင့်ပါတယ်။ ဒါမှ ဆီးချို မတက်မှာပါ။
14. မနက်ခင်း နှင့် ညနေခင်းမှာ အားကစားတစ်ခု ခု နာရီဝက်ကနေ တစ်နာရီအထိ လုပ်ပေးပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
#အာဟာရ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
58 Street
Mandalay
05031
Opening Hours
| Monday | 07:00 - 20:00 |
| Tuesday | 07:00 - 20:00 |
| Wednesday | 07:00 - 20:00 |
| Thursday | 07:00 - 20:00 |
| Friday | 07:00 - 20:00 |
| Saturday | 07:00 - 20:00 |
| Sunday | 07:00 - 20:00 |
