Candy Choco
Textile
24/07/2026
ညဆို အိပ်ရေးတွေပျက်လို့ မေမေတွေ ရှာနေတဲ့ Rabby လေး ဆိုဒ်စုံပြန်ရောက်ထားပါတယ် ၊
Rabby Q Shape လေးနဲ့ဆို မေမေတို့ စိတ်ချလိုက်တော့နော် ဘေဘီလေးရော မေမေတို့ပါ နှစ်ခြိုက်စွာအိပ်ပျော်စေမှာ Rabby 🐰 လေးပါရှင့်
ကလေးနှင့်သံဓာတ်
12/07/2026
သားသား Enzo ကြိုက်တဲ့ Rabby လေး ဆိုဒ်စုံရပါတယ်ရှင့်
#မန္တလေး
29/06/2026
မိုးရာသီရောက်ပြီဖြစ်တဲ့အတွက် ခဏခဏ ရှူးရှူး
ပေါက်ကြတဲ့ သားသားမီးမီးတို့အတွက် အဖော်မွန်ဖြစ်တဲ့
Rabby လေးက
စုပ်ယူမှုအားအကောင်းဆုံး
ဖြစ်လို့ ဘေဘီလေးတို့ကို နွေးထွေးစေပြီး အိပ်ရေးဝ
ဝကောင်းမွန်စွာ အိပ်စက်နိုင်အောင် အဖော်ပြုပေးမှာ
ပါ 🐰
ဆိုဒ်စုံပြန်ရပါပြီရှင့်
New Born - 25000Ks
Small - 28500Ks
M,L,XL,XXL size ( T Shape ) - 25000Ks
M,L,XL,XXL size ( Q Shape ) - 28500Ks
01/06/2026
ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို လျစ်လျူပြုမိနေပြီလား?
ကလေးလေးတွေရဲ့ စိတ်ကျန်းမာရေးဆိုတာ ကလေးတစ်ယောက်က သူ့ကိုယ်သူ ဘယ်လိုမြင်သလဲ? ဘယ်လိုခံစားသလဲ? သူ့ပတ်ဝန်းကျင်/သူ့ကမ္ဘာကြီးကို ဘယ်လိုနားလည်သလဲဆိုတာကို ဆိုလိုပါတယ်။
စိတ်ကျန်းမာရေးကောင်းမွန်တဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြပြီး သူတို့ကိုချစ်ခင်ကြောင်းခံစားရပါတယ်။ လုံခြုံတယ်...စိတ်ချရတယ်လို့ ခံစားရပါတယ်။
စိတ်ကျန်းမာရေးကောင်းမွန်ခြင်းဟာ ကလေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီအရာပြည့်စုံရင် ကလေးတွေက
✅ခံစားချက်တွေကို နားလည်ပြီး ထိန်းချုပ်တတ်လာမယ်
✅ကျန်းမာတဲ့ လူမှုဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်
✅သင်ယူခြင်း၊ ကစားခြင်း၊ ဖန်တီးတတ်ခြင်းတွေ ကောင်းလာမယ်
✅ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မယ်
✅သူတို့ဘဝရဲ့ စိတ်ဖိစီးမှုနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်စတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
💠မိသားစုဆက်ဆံရေးကောင်းမွန်ခြင်းနဲ့ကလေးစိတ်ကျန်းမာရေး
မိဘနဲ့ ကလေးကြားက နွေးထွေးကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို တိုက်ရိုက်အချိုးကျပြီး ကောင်းမွန်စေပါတယ်။
မိသားစုအတွင်း ချစ်ခင်မှု၊ ထောက်ပံ့မှုရှိတဲ့ ဆက်ဆံရေးတွေကနေ ကလေးရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့
▪️ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် “မေမေ/ဖေဖေက သား/သမီးကိုချစ်တယ်” ဆိုတာကို ကလေးသိအောင် ပြောပေးပါ။ စကားနဲ့တင်မဟုတ်ဘဲ မျက်လုံးချင်းကြည့်ခြင်း၊ ဖက်ထားခြင်း၊ ပြုံးပြခြင်းလိုမျိုး body language တွေနဲ့လည်း ချစ်ခြင်းကို ဖော်ပြနိုင်ပါတယ်။
▪️နေ့တိုင်း ကလေးနဲ့ စကားပြောဖို့၊ နားထောင်ဖို့ အချိန်ပေးပါ။ ကလေးက စကားပြောချင်လာတဲ့အခါ လုပ်နေတာတွေကို ခဏရပ်ပြီး အာရုံစိုက်နားထောင်ပေးပါ။
▪️ကလေးနှစ်သက်တဲ့ activity တွေကို အတူတူလုပ်ပြီး အချိန်ကုန်ပါ။ ဥပမာ-စာဖတ်ခြင်း၊ ဘောလုံးကန်ခြင်း၊ ပန်းချီဆွဲခြင်း၊ board game ကစားခြင်း စတာတွေပါ။
▪️မိသားစုအတူတူ ထမင်ူစားတဲ့ meal time တွေကို ပုံမှန်ထားပါ။ အတူစားသောက်ခြင်းက မိသားစုဆက်ဆံရေးကို ပိုနီးကပ်စေပြီး ကလေးမှာ တည်ငြိမ်မှုနဲ့ “ငါက ဒီမိသားစုထဲက အရေးပါတဲ့သူ” ဆိုတဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။ ဒါ့အပြင် healthy eating habits တွေကိုလည်း အားပေးနိုင်ပါတယ်။
▪️မိသားစုအတွင်း ပြဿနာတွေကို အပြုသဘောဆောင်တဲ့နည်းနဲ့ ဖြေရှင်းတတ်ဖို့ ကြိုးစားပါ။ အိမ်ထောင်ဖက်နဲ့ဖြစ်စေ၊ ကလေးနဲ့ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ဖြစ်စေ conflict management ကောင်းကောင်းလုပ်ပြနိုင်ခြင်းဟာ ကလေးအတွက် အရေးကြီးတဲ့ role model ဖြစ်ပါတယ်။
💠စိတ်ခံစားချက်များနှင့် ကလေးရဲ့စိတ်ကျန်းမာရေး
ကလေးတွေဟာ ကြီးပြင်းလာတဲ့အချိန်မှာ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ ဒေါသ၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု စတဲ့ ခံစားချက်မျိုးစုံကို တွေ့ကြုံရပါတယ်။
အဲဒီခံစားချက်တွေကို ကိုင်တွယ်နိုင်ပြီး စိတ်လှုပ်ရှားစရာအခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ငြိမ်အောင်လုပ်နိုင်တဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်တတ်ကြပါတယ်။
ကလေးကို စိတ်ခံစားချက်တွေ စီမံတတ်အောင် ကူညီနိုင်တဲ့ နည်းလမ်းတွေက
▪️ခံစားချက်တွေအကြောင်း ကလေးနဲ့ ပြောပေးပါ။ သူ့ခံစားချက်ကို သိအောင်၊ နာမည်တပ်တတ်အောင် သင်ပေးပါ။ဥပမာ-ကစားစရာကို မကစားရလို့ သားစိတ်တိုနေတာမဟုတ်လား။ အဲဒီလိုခံစားရတာ မဆန်းပါဘူး” လို့ ပြောပေးနိုင်ပါတယ်။
▪️အပြုသဘောဆောင်တဲ့ mindset ကို မိဘကိုယ်တိုင် role model လုပ်ပြပါ။ ဥပမာ - "ဒါက ခက်မယ်လို့တော့ထင်ရပေမယ့် ကြိုးစားရင်တော့လုပ်နိုင်မယ်ထင်တယ်" ဒါမှမဟုတ်"နောက်တစ်ခါ ထပ်ကြိုးစားကြမယ်” ဆိုတာမျိုးပါ။
▪️ကလေးကို စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အခါ support ပေးပါ။ ဥပမာ-ကျောင်းမှာ သူငယ်ချင်းပြဿနာရှိရင် အိမ်မှာ ပိုချစ်ပေးပါ၊ အတူဖြေရှင်းနည်းစဉ်းစားပါ၊ လိုအပ်ရင် ဆရာ/ဆရာမနဲ့ ဆွေးနွေးပါ။
▪️စိုးရိမ်မှုသေးသေးလေးတွေကို ကိုင်တွယ်တတ်အောင် သင်ပေးပါ။ မဟုတ်ရင် စိုးရိမ်မှုသေးတဲ့ကိစ္စက ကြီးလာနိုင်ပါတယ်။
💠အပြုအမူကောင်းနဲ့ ကလေးများရဲ့စိတ်ကျန်းမာရေး
အပြုအမူကောင်းတွေက ကလေးကို လူတွေနဲ့အဆင်ပြေစေပါတယ်။ သင်ယူမှုနဲ့ ဖွံ့ဖြိုးမှုကောင်းစေပါတယ်။ဒါကြောင့် အပြုအမူကောင်းတွေ သင်ယူစေခြင်းဟာလည်း ကလေးစိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
မိဘတွေ လုပ်ပေးနိုင်တာတွေက
▪️ယဉ်ကျေးစွာပြောဆိုခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ စည်းကမ်းလိုက်နာခြင်း စတဲ့ အပြုအမူကောင်းတွေကို အားပေးပါ။
▪️မိသားစုစည်းကမ်းတွေ သတ်မှတ်ပြီး ကလေးကိုလည်း ပါဝင်စေပါ။ ကလေးကြီးလာတာနဲ့အမျှ စည်းကမ်းနဲ့ consequences တွေကိုလည်း အသက်အရွယ်အလိုက် ပြောင်းလဲပေးပါ။ သင့်တင့်မျှတတဲ့ စည်းကမ်းနဲ့ boundaries တွေက ကလေးကို လုံခြုံတယ်လို့ ခံစားရစေပါတယ်။
▪️ကလေးအသက်နဲ့ ကိုက်ညီတဲ့ ကျိုးကြောင်းသင့်တော်တဲ့ goals တွေထားတတ်အောင် သင်ပေးပါ။ ရလဒ်ထက် ကြိုးစားမှုကို ပိုချီးကျူးပေးပါ။
▪️ပြဿနာဖြေရှင်းနည်းကို သင်ပေးပါ။
▪️အသစ်တွေကို စမ်းသပ်ဖို့၊ အသက်အရွယ်နဲ့ကိုက်ညီတဲ့ risks တွေယူဖို့၊ အမှားကနေ သင်ယူဖို့ အားပေးပါ။ ဥပမာ ပြိုင်ပွဲဝင်ခြင်း၊ အတန်းရှေ့မှာ စကားပြောခြင်း၊ ကစားနည်းအသစ်တွေ စမ်းသပ်ဆော့ကစားစေခြင်း စတာတွေပါ။
💠ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ကျန်းမာရေး
ကိုယ်ခန္ဓာကျန်းမာခြင်းဟာ စိတ်ကျန်းမာရေးအတွက်လည်း အလွန်အရေးကြီးပါတယ်။
ကျန်းမာကြံ့ခိုင်နေတဲ့ ကလေးတွေဟာ အားအင်ပိုရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ stress ကို ပိုကောင်းကောင်းကိုင်တွယ်နိုင်တယ်၊ အိပ်စက်မှုလည်း ပိုကောင်းပါတယ်။
ကလေးကို ကျန်းမာရေးကောင်းအောင် ကူညီနိုင်တဲ့ နည်းလမ်းတွေကတော့
▪️Healthy food တွေကျွေးပြီး healthy eating habits တွေကို မိသားစုအတွင်း အားပေးပါ။
▪️Physical activities နဲ့ sports မျိုးစုံ စမ်းကြည့်ဖို့ အားပေးပါ။
▪️Activity မျိုးစုံလုပ်ခြင်းက fitness နဲ့ energy level ကောင်းစေသလို skill အသစ်တွေတက်လာတဲ့အတွက် self-confidence လည်း တိုးစေပါတယ်။
▪️ကလေးအိပ်ရေးဝအောင် သေချာလုပ်ပါ။
▪️Digital technology အသုံးပြုမှုနဲ့ တခြား activities တွေကြား balance ရှိအောင် ကူညီပါ။Screen time ကို စနစ်တကျထိန်းခြင်းဟာ စိတ်ကျန်းမာရေးအတွက် ကောင်းပါတယ်။
💠မိဘကိုယ်တိုင်ရဲ့စိတ်ကျန်းမာရေး
အရေးအကြီးဆုံး၊ မမေ့သင့်ဆုံးကတော့ မိဘကိုယ်တိုင် ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းကျန်းမာနေဖို့ပါပဲ။ စိတ်မကျန်းမာတဲ့မိဘက ကလေးကို ကောင်းမွန်စွာပြုစုပျိုးထောင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ မိဘကျန်းမာနေတဲ့အခါ ကလေးလိုအပ်တဲ့ နွေးထွေးမှု၊ ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေကို ပိုကောင်းကောင်းပေးနိုင်ပါတယ်။ ဒါ့အပြင် “self-care” ကို ကလေးအတွက် role model ကောင်းတစ်ယောက်အနေနဲ့ ပြသပေးနိုင်ပါလိမ့်မယ်ရှင်။
▪️အာဟာရကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း
▪️အနားယူချိန်လုံလောက်စွာယူခြင်း
▪️ကိုယ်နှစ်သက်တဲ့အရာတွေအတွက် ခဏလေးဖြစ်ဖြစ်အချိန်ပေးခြင်း
▪️Stress၊ anxiety နဲ့ ဒေါသကို သတိထားပြီး ထိန်းချုပ်တတ်ခြင်း
▪️မိသားစု၊ သူငယ်ချင်း၊ community ဆီကအကူအညီရယူခြင်းတို့ကို ဆိုလိုပါတယ်။
တကယ်လို့ မိဘဖြစ်သူဟာ စိတ်ဖိစီးလွန်းနေတယ်...စိတ်ကျန်းမာရေး၊ relationship ဒါမှမဟုတ် တခြားပြဿနာတစ်ခုခုနဲ့ ရုန်းကန်နေရတယ်ဆိုရင် professional support ရယူခြင်းဟာ အလွန်ကောင်းတဲ့အရာဖြစ်ပါတယ်ရှင်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။
စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕
ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။
Ref:Raisingchildren.net.au
14/05/2026
ကလေးနှင့်လက်ဖက်
📌ကလေးနှင့်လက်ဖက်
ကျွန်မတို့မြန်မာလူမျိုးတွေက လက်ဖက်သိပ်ကြိုက်ကြပါတယ်။ လက်ဖက်သုပ်ဆိုရင် အသည်းစွဲပေါ့။
လက်ဖက်နှပ်ကိုလူကြီးတွေစားရင် များသောအားဖြင့် ပြဿနာသိပ်မရှိပေမယ့် ကလေးတွေ (အထူးသဖြင့် အသက်ငယ်တဲ့ကလေးတွေ)မှာတော့ သတိထားရမယ့်အချက်တွေရှိတယ်။
လက်ဖက်မှာ အဓိကအားဖြင့် Caffeine နဲ့ tannins ပါဝင်တာကြောင့် ကလေးတွေအတွက် အောက်ပါဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
▪️အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်း
▪️နှလုံးခုန်မြန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း
▪️Hyperactivity အလှုပ်ရှားလွန်ခြင်း
▪️ဗိုက်အောင့်၊ အစာမကြေ၊ အစာအိမ်မအီမသာဖြစ်ခြင်း
▪️သံဓာတ်စုပ်ယူမှုလျော့စေပြီး iron deficiency anemia ဖြစ်နိုင်ခြင်း
▪️ရေဓာတ်ခန်းခြောက်နိုင်ခြင်း (mild diuretic effect)
▪️အငန်၊ အဆီများတဲ့ လက်ဖက်သုပ်ဆိုရင် ကလေးကျောက်ကပ် နဲ့ အစာအိမ်အူလမ်းကြောင်းကို ဝန်ပိစေနိုင်ခြင်း စတဲ့ဆိုးကျိုးတွေရှိတတ်ပါတယ်။ ADHD ရှိတဲ့ကလေးများနဲ့ ညအိပ်မပျော်တတ်တဲ့ကလေးတွေမှာဆိုရင် caffeine effect ပိုပြနိုင်ပါတယ်။
တစ်ခါတလေ နည်းနည်းစားမိတာလောက်နဲ့ အန္တရာယ်ကြီးမဟုတ်ပေမယ့် ပုံမှန်ကျွေးသင့်တဲ့အစားအစာအနေနဲ့တော့ မသင့်တော်ပါဘူး။
လက်ဖက်ထဲက caffeine နဲ့ tannins ပမာဏကတော့
▪️လက်ဖက်အမျိုးအစား
▪️လက်ဖက်စို/လက်ဖက်ခြောက်
▪️စားတဲ့ပမာဏပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ ဒါပေမယ့် research တွေမှာ ယေဘုယျ ခန့်မှန်းထားတာတွေရှိပါတယ်။
လက်ဖက်အစိုတွေမှာ caffeine အကြမ်းဖျင်းအားဖြင့် လက်ဖက် 1 gram ကို 15-35mg ခန့်ရှိနိုင်ပါတယ်။ လက်ဖက်သုပ်တစ်ပွဲဆိုရင် လက်ဖက်က 10-25g လောက်ပါနိုင်လို့ caffeine က 50ကနေ150mg လောက်ထိဖြစ်နိုင်ပါတယ်။
ကလေးတွေမှာ safe caffeine limit အနေနဲ့ကတော့ American Academy of Paediatrics က ၁၂ နှစ်အောက်အထိ လုံးဝမပေးတာကောင်းတယ်လို့ဆိုထားပါတယ်။ ၁၂ ကနေ ၁၈ နှစ်အတွင်းမှာ Caffeine ကို 100mg အောက်သာပေးသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ ( လက်ဖက်သုပ်သာမက ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည် အကုန် Caffeine ပါပါတယ် )
ကနေဒါနိုင်ငံကတော့ Caffeine ကို
▪️အသက် 4 – 6 နှစ် 👉45 mgs
▪️Ages 7 – 9 နှစ် 👉62.5 mgs
▪️Ages 10 – 12 နှစ် 👉85 mgs
▪️ဆယ်ကျော်သက် 👉85 – 100 mgs လို့ကန့်သတ်ပါတယ်။
ဒါကြောင့် လက်ဖက်သုပ်ကတော့ ခြုံကြည့်ရင် ကလေးငယ်တွေအတွက် မကျွေးလေကောင်းလေထဲပါပါတယ်။ ကလေးတွေမှာ သံဓာတ်လိုအပ်မှုများချိန်မို့ အများကြီးစားရင် သွေးအားနည်းခြင်း ဖြစ်နိုင်ခြေ Risk လည်းရှိပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။
စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕
ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။
#ကလေးနှင့်လက်ဖက်
#လက်ဖက်သုပ်
14/05/2026
“ပေးကမ်းတတ်တဲ့အိမ်မှာ ကြီးပြင်းတဲ့ကလေးတွေ”
🔳 ကလေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို မိဘတွေက စကားနဲ့ပဲ သင်ပေးတာမဟုတ်ဘူး။ အိမ်ထဲမှာ နေ့တိုင်းလုပ်ပြနေတဲ့ အမူအကျင့်တွေက ပိုသင်ပေးတယ်လို့ မြင်မိတယ်။
အိမ်မှာ မိဘက အမြဲတမ်း
“ငါတို့အတွက်က အဓိကပဲ”
“ကိုယ့်အိမ်အရင်”
“သူများကို မပေးနဲ့၊ ကိုယ့်ဟာလျော့သွားမယ်”
ဆိုတဲ့ စိတ်နဲ့နေတယ်ဆိုရင် ကလေးကလည်း လောကကို ကျဉ်းကျဉ်းလေးမြင်လာတတ်တယ်။
🔳 အိမ်မှာ မိဘက ရှိတာလေးကို မျှဝေတတ်တယ်။
အလုပ်သမားကို လေးလေးစားစား ဆက်ဆံတတ်တယ်။
အိမ်နီးချင်း အခက်အခဲရှိရင် ကူတတ်တယ်။
ဆွေမျိုးမိတ်ဆွေထဲက တစ်ယောက်ယောက် ဒုက္ခရောက်ရင် မျက်ကွယ်မပြုတတ်ဘူး။
ဒီလိုအိမ်မှာ ကြီးပြင်းလာတဲ့ကလေးတွေက “ပေးကမ်းခြင်း”ကို အလွန်ထူးခြားတဲ့အရာလို မမြင်တော့ဘူး။
ဘဝရဲ့ သဘာဝကျတဲ့ အကျင့်ကောင်းတစ်ခုလို မြင်လာတတ်တယ်။
■ ဗုဒ္ဓဘာသာမှာ ဒါနကို ပထမဆုံးပြောလေ့ရှိတာ အကြောင်းမဲ့မဟုတ်ဘူး။
ဒါနဆိုတာ ပိုက်ဆံရှိတဲ့သူတွေအတွက်ပဲ မဟုတ်ဘူး။
စိတ်ရှိတဲ့သူတိုင်း လေ့ကျင့်လို့ရတဲ့ ပါရမီတစ်ခုပါ။
Itivuttaka (ဣတိဝုတ္တက) ထဲက Dāna Sutta မှာလည်း ပေးကမ်းခြင်းရဲ့ အကျိုးကို တကယ်သိရင် လူတွေဟာ မမျှဝေဘဲ မစားကြတော့ဘူးဆိုတဲ့ သဘောတရားကို ဖော်ပြထားတယ်။
ဆိုလိုတာက ပေးကမ်းခြင်းဆိုတာ သူများအတွက်တင်မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကျယ်ပြန့်အောင်လုပ်တဲ့ အကျင့်လည်း ဖြစ်တယ်။
အိမ်တစ်အိမ်မှာ မိဘတွေက ဒီအကျင့်ကို နေ့စဉ်ဘဝထဲမှာ ပြသနေတယ်ဆိုရင် ကလေးက ဒါနကို စာအုပ်ထဲက သီအိုရီလို မဟုတ်ဘဲ ဘဝနေထိုင်နည်းတစ်ခုလို နားလည်လာတတ်တယ်။
■ ပေးကမ်းတတ်တဲ့အိမ်ဆိုတာ အမြဲအလှူကြီးတွေလုပ်နေတဲ့အိမ်ကို ပြောတာမဟုတ်ဘူး။
ထမင်းဟင်းပိုချက်ပြီး အိမ်နီးချင်းကို ပို့ပေးတာလည်း ဖြစ်နိုင်တယ်။ စာအုပ်ကောင်းတစ်အုပ် ဖတ်ပြီးရင် တခြားသူဖတ်ဖို့ ငှားပေးတာလည်း ဖြစ်နိုင်တယ်။ ကလေးရှေ့မှာ တစ်ယောက်ယောက်ကို ချီးကျူးပေးတာလည်း ဖြစ်နိုင်တယ်။ ကိုယ့်အိမ်ကို အကူအညီတောင်းလာတဲ့သူကို မနှိမ့်ဘဲ ဆက်ဆံတာလည်း ဖြစ်နိုင်တယ်။
တချို့အိမ်တွေက ပိုက်ဆံအရမ်းချမ်းသာတာ မဟုတ်ဘူး။
ဒါပေမယ့် အိမ်ထဲဝင်လိုက်တာနဲ့ စိတ်ထဲမှာ နွေးထွေးတယ်။ လူကို ကြိုဆိုတတ်တယ်။ ရှိတာလေးကို မျှတစွာခွဲဝေတတ်တယ်။ အဲဒီအိမ်မျိုးမှာ ကြီးပြင်းတဲ့ကလေးတွေက လူ့အဖွဲ့အစည်းထဲ ဝင်သွားတဲ့အခါ စိတ်ထား မကျဉ်းမြောင်းတော့ဘူး။
■ တချို့ကလေးတွေက အောင်မြင်လာတဲ့သူကို မြင်ရင် ချီးကျူးနိုင်တယ်။ တချို့ကတော့ မခံနိုင်ဘူး။
ဒီကွာခြားချက်ရဲ့နောက်မှာ အိမ်တွင်းယဉ်ကျေးမှု အများကြီးပါနေတတ်တယ်။
အိမ်မှာ မိဘတွေက အမြဲတမ်း
“သူတို့က ဘယ်လိုရတာလဲ”
“အဲဒီလောက်လည်း မဟုတ်ပါဘူး”
“သူက ကံကောင်းလို့ပါ”
ဆိုပြီး တခြားသူရဲ့ ကောင်းမှု၊ အောင်မြင်မှုကို လျှော့ပြောနေတတ်ရင် ကလေးရဲ့စိတ်ထဲမှာ မနာလိုစိတ်က တဖြည်းဖြည်း အမြစ်တွယ်လာတတ်တယ်။
ဒါပေမယ့် အိမ်မှာ မိဘတွေက
“ကောင်းလိုက်တာ၊ သူကြိုးစားလို့ရတာပဲ”
“သူ့အတွက် ဝမ်းသာပါတယ်”
“သူရသလို ကိုယ်လည်း ကိုယ့်လမ်းကို ကြိုးစားရမယ်”
လို့ ပြောတတ်ရင် ကလေးက မုဒိတာကို သင်ယူလာတယ်။
ဒါနနဲ့ မုဒိတာက ဆက်စပ်နေတယ်။
ပေးတတ်တဲ့စိတ်ရှိလာတဲ့သူဟာ တခြားသူရတာကိုလည်း ခံနိုင်လာတတ်တယ်။
မျှဝေတတ်တဲ့စိတ်ရှိလာတဲ့သူဟာ “သူရလို့ ငါလျော့သွားတယ်” ဆိုတဲ့ အမြင်ကနေ တဖြည်းဖြည်းလွတ်လာတတ်တယ်။
■ Dhammapada အပိုဒ် ၁၇၇ မှာ မစ္ဆရိယရှိသူတွေဟာ ဒါနကို မချီးမွမ်းကြောင်း၊ ပညာရှိသူကတော့ ဒါနကို ဝမ်းမြောက်ကြောင်း သဘောတရားပါရှိတယ်။
ဒီသဘောကို မိသားစုဘဝနဲ့ ပြန်ကြည့်ရင် အလွန်အရေးကြီးတယ်။
ကလေးကို “ပေးကမ်းပါ” လို့ ပြောတာထက်
မိဘကိုယ်တိုင် ပေးကမ်းတတ်နေဖို့ လိုတယ်။
ကလေးကို “သူများ အောင်မြင်တာ ဝမ်းသာပေးပါ” လို့ သင်တာထက်
မိဘကိုယ်တိုင် သူများအောင်မြင်မှုကို မနှိမ့်ကွပ်ဘဲ ချီးကျူးတတ်ဖို့ လိုတယ်။
ကလေးကို “တခြားလူတွေကို မနှိမ်ပါနဲ့” လို့ ပြောတာထက်
မိဘကိုယ်တိုင် အိမ်အကူ၊ အလုပ်သမား၊ ဆင်းရဲသူ၊ အခက်အခဲရှိသူတွေကို လေးစားစွာ ဆက်ဆံပြဖို့ လိုတယ်။
ကလေးတွေက နားနဲ့ထက် မျက်လုံးနဲ့ ပိုသင်တတ်တယ်။
■ ပေးကမ်းတတ်တဲ့အိမ်မှာ ကြီးပြင်းတဲ့ကလေးတွေက ဘဝမှာ ပိုချမ်းသာလာနိုင်မလား မသိပေမယ့် စိတ်ချမ်းသာနိုင်ခြေ ပိုများတယ်လို့တော့ မြင်မိတယ်။
ဘာလို့လဲဆိုတော့ သူတို့က လောကကို ပြိုင်ပွဲတစ်ခုလိုပဲ မမြင်တော့ဘူး။ အရာရာကို “ငါနိုင်၊ သူရှုံး” ဆိုတဲ့ အမြင်နဲ့ မကြည့်တော့ဘူး။ သူတို့စိတ်ထဲမှာ တခြားသူအတွက် နေရာလေး ရှိလာတယ်။ အဲဒီနေရာလေးကပဲ လူတစ်ယောက်ရဲ့ ကျက်သရေကို ဖန်တီးပေးတယ်။
■ “Children learn generosity by living near generous hearts.”
ကလေးတွေဟာ ဒါနအကြောင်းကို တရားပွဲထဲမှာပဲ မသင်ဘူး။ အိမ်ထမင်းဝိုင်းမှာ သင်တယ်။
မိဘပြောတဲ့စကားလုံးတွေထဲမှာ သင်တယ်။
သူများအပေါ် မိဘပြတဲ့ မျက်နှာထားထဲမှာ သင်တယ်။
အကူအညီလိုသူတစ်ယောက်ကို မိဘဘယ်လိုဆက်ဆံလဲဆိုတာထဲမှာ သင်တယ်။
ဒါကြောင့် ဒါနပါရမီဆိုတာ ကိုယ့်တစ်ယောက်တည်းရဲ့ ပါရမီမဟုတ်ဘူး။ အိမ်တစ်အိမ်ရဲ့ ယဉ်ကျေးမှုဖြစ်သွားနိုင်တယ်။ မျိုးဆက်တစ်ခုဆီကနေ နောက်မျိုးဆက်တစ်ခုဆီ လက်ဆင့်ကမ်းသွားနိုင်တယ်။
ပေးကမ်းတတ်တဲ့မိဘက ပေးကမ်းတတ်တဲ့ကလေးတွေကို မွေးထုတ်ပေးတယ်။ ရက်ရောတတ်တဲ့အိမ်က ရက်ရောတဲ့သူတွေကို ပျိုးထောင်နိုင်တယ်။
ဒါကြောင့် ပေးကမ်းတတ်တဲ့အိမ်မှာ ကြီးပြင်းတဲ့ကလေးတွေဟာ သူ့ဘက်ကိုယ့်ဘက်၊ မျှတွေးတတ်၊ မျှကြည့်တတ်ပြီး၊ လူ့ဘဝကို ကျယ်ကျယ်ပြန့်ပြန့်မြင်တတ်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။
May 13, 2026
#ဉာဏ
#ဒါနပါရမီ
#နေ့စဥ်ဘဝထဲကပါရမီ
________________________________________________
ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။
08/05/2026
ပတ်ဝန်းကျင်ကို ပြန်ပြောပြချင်သောစကားများ
⭐ကလေးရဲ့အသားဖြူခြင်း၊မည်းခြင်းဟာ ကျွန်မတို့ထားတဲ့ချစ်ခြင်းတရားကို နည်းနည်းလေးတောင်သက်ရောက်မှုမရှိစေပါဘူး။ အသားဖြူတဲ့ကလေးဟာလည်း ကျွန်မတို့ရဲ့ရင်သွေးလေးဖြစ်သလို အသားညိုတဲ့ကလေးဟာလည်း ကျွန်မတို့ရဲ့ ရင်သွေးပါပဲ။ ကလေးဖြူဖြူညိုညို မိဘတွေရဲ့ မျက်စိထဲမှာ ကိုယ့်သားသမီးသည် အလှဆုံးဖြစ်ပါတယ်။
⭐ကလေးကညှက်တယ်နော်လို့ တစ်ခွန်းပြောခံရတဲ့အခါ ကျွန်မတို့မိဘတွေအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ အမြင်အရ ကလေးဝခြင်း၊ပိန်ခြင်းထက် ကလေးကျန်းမာနေဖို့ကအရေးကြီးပါတယ်။ အာဟာရမမျှတမှုဟာ ပိန်တဲ့ကလေးကိုပဲခေါ်ရတာ မဟုတ်ပါဘူး။ အဝလွန်နေတဲ့ကလေးဟာလည်း အာဟာရမမျှတတာပါပဲ။ ဒါကြောင့် သင့်တော်တဲ့အရပ်နဲ့ ကိုယ်အလေးချိန်ရှိနေရင် ၊ ကလေးကျန်းမာနေရင် ကျွန်မတို့ကျေနပ်ပါပြီ။
⭐ဖွံ့ဖြိုးမှုတစ်ခုခု မတူညီတဲ့အခါ...အချိန်ကွာခြားတဲ့အခါ ကလေးကနောက်ကျတယ်နော်...တို့ကလေးကတော့ ဘယ်အချိန်ဆို မှောက်နေပြီ...ဘယ်အချိန်မှာ လမ်းလျှောက်နေပြီလို့ပြောကြပါတယ်။ တကယ်တော့ ကလေးတွေရဲ့ Developmental Milestones တွေဟာ တစ်ဦးနဲ့တစ်ဦးမတူညီနိုင်ကြပါဘူး။ ဖွံ့ဖြိုးမှုတွေဟာယေဘုယျအားဖြင့်ပဲခန့်မှန်းနိုင်ပါတယ်။ ဘယ်အချိန်မှာစိုးရိမ်ရမလဲဆိုတာကိုလည်း ကျွန်မတို့လေ့လာသိရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကလေးအချင်းချင်းမနှိုင်းယှဉ်ကြပါနဲ့။ ကျွန်မတို့ဟာလည်း ကိုယ့်သားသမီးရဲ့ ကျန်းမာဖွံ့ဖြိုးမှုကိုပဲ စိတ်ထဲထားသလို သူများကလေးရဲ့ ဖွံ့ဖြိုးမှုကို စိတ်ဝင်စားနေသူတွေမဟုတ်တာကြောင့်ပါ။
⭐ကလေးကို မွေးဆံပင်နဲ့ပဲထားတာလား...ဆံပင်မသန်ဘဲနေမှာပေါ့လို့ပြောပြီး စိတ်မပူပါနဲ့နော်။ ကလေးရဲ့မွေးဆံပင်ကို အသက် ၆လအထိ မရိတ်ဖို့ ဆရာဝန်များကသေချာမှာကြားထားပါတယ်။ ဆံပင်သန်ခြင်းဟာ ဦးရေပြားအောက်က မွေးညင်းအိတ်၊ အစာအာဟာရတွေနဲ့သာဆိုင်ပြီး အပေါ်ယံခေါင်းရိတ်ခြင်းနဲ့ လုံးလုံးမသက်ဆိုင်ပါဘူး။ ၆လအောက်ကလေးကို ခေါင်းရိတ်ပေးတဲ့အခါ အခန့်မသင့်ရင် ထိခိုက်မှုဖြစ်ပြီး ဦးနှောက်ထဲထိ ရောဂါပိုးတွေဝင်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ခေါင်းမရိတ်ပေးတာပါ။
⭐ကလေးကိုမိခင်နို့တိုက်နေတာကို ကလေးကညှက်တယ်နော်...အမေနို့ကပူလို့ထင်တယ် နို့ပူဖြစ်မယ်ဆိုတာမျိုးပြောခံရတဲ့အချိန်တွေရှိတတ်ပါတယ်။ တကယ်တော့ မိခင်နို့ဟာ အင်မတန်အာဟာရပြည့်ဝပါတယ်။ မိခင်နို့ထက်ပိုကောင်းတဲ့အရာမရှိပါဘူး။ မိခင်နို့မှာ ကလေးရဲ့ ကိုယ်ခံအားကိုမြင့်တက်စေတဲ့ Immunoglobulin တွေလည်းပါပါတယ်။ ကလေးအသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းနဲ့တင် ပြည့်စုံလုံလောက်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ မိခင်နို့ဟာ ကလေးအတွက် အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးဖြစ်ပါတယ်။ နို့ပူတွေ နို့အေးတွေဆိုတာမရှိပါဘူး။ မိခင်အစားမရှောင်ဘဲ အာဟာရအစုံစားဖို့ပဲလိုအပ်ပါတယ်။
⭐ငါတို့တုန်းကဒီလိုပဲကလေးကိုမွေးလိုက်တာပါပဲ...နင်တို့အလှည့်ကျမှ အကဲပိုလွန်းတယ်လို့မတွေးပါနဲ့။ ခုခေတ်ကလေးတွေ ဉာဏ်ပိုကောင်းလွန်းတယ်ဆိုတာလည်း မကြာခဏကြားနေကျစကားမဟုတ်လား! အခုခေတ်မှာ အစားအသောက်၊ အမူအကျင့်နဲ့ ကလေးထိန်းကျောင်းနည်းကအစ စနစ်တကျပြုပြင်လာလို့ ဒီလိုရလဒ်ကောင်းတွေထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင်သင့်တဲ့အရာတွေ၊ အယူအဆမှားတွေကို ပယ်ရှားရပါမယ်။
⭐ကလေးမယူသေးဘူးလား.../ကလေးတစ်ယောက်ယူပြီးပြီ...နောက်တစ်ယောက်ထပ်မွေးဦးလေဆိုပြီးလည်း မတိုက်တွန်းကြပါနဲ့။ ကလေးတစ်ဦးကို မွေးရတာကလွယ်ပေမယ့် မိဘကောင်းဖြစ်ဖို့က ခက်ပါတယ်။ ကလေးကို လူလားမြောက်ဖို့ ပြုစုစောင့်ရှောက်ရတာ၊ ကျန်းမာအောင်ဂရုစိုက်ရတာ၊ ပညာသင်ပေးရတာ စတဲ့အချက်တွေက ခက်ခဲပါတယ်။ ဒါ့အပြင် မိသားစုတိုင်းမှာ မိသားစုစီမံကိန်းဆိုတာ ကိုယ်စီရှိနေတဲ့အတွက် သူတပါးမိသားစုရဲ့ ရှေ့လျောက် plan တွေမှာ အကြံမပေးတာက လူမှုဆက်ဆံရေးတွေကို ပိုပြီးအဆင်ပြေစေပါတယ်ရှင်။
⭐ လူတိုင်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ရှိကြပါတယ်။ ကလေးမမွေးနိုင်သေးတဲ့စုံတွဲတွေရှေ့မှာ ကလေးရှိသင့်တယ်လို့ပြောတာဟာ ရိုင်းပြတယ်ဆိုရင် ကလေးမွေးထားတဲ့မိဘတွေရှေ့မှာ ဒီကာလမှာ ကလေးမယူတာကောင်းတယ်လို့ပြောတာဟာလည်း ယဉ်ကျေးမှုမရှိခြင်းပါပဲ။ ကလေးယူခြင်း၊ မယူခြင်းဟာ ကာယကံရှင်တွေရဲ့ဆုံးဖြတ်ချက်သာဖြစ်ကြပါတယ်။ လောကကြီးမှာ အိမ်ထောင်ပြုခြင်းနဲ့ အိမ်ထောင်မပြုခြင်း၊ လိင်တူချစ်ခြင်းနဲ့ လိင်ကွဲချစ်ခြင်း၊ ကလေးယူခြင်းနဲ့ ကလေးမယူခြင်း စတာတွေက ရသစာပေနဲ့သုတစာပေ ဘယ်ဟာပိုကောင်းလဲဆိုတဲ့မေးခွန်းလိုပါပဲ။
အိမ်ထောင်ပြုခြင်းရဲ့ကောင်းကျိုးရေးရင် တကိုယ်တည်းသမားတွေကိုထိခိုက်သလို ကလေးများရှိခြင်းရဲ့ ကောင်းကျိုးရေးရင် ကလေးမရနိုင်တဲ့သူတွေကိုထိခိုက်ပါတယ်။သူ့ဟာနဲ့သူမှန်တဲ့အရာတွေဖြစ်ကြပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုးက သီးသန့်ရေးစရာ၊ပြောစရာ၊ ငြင်းခုံစရာ Topics များ မဟုတ်ကြပါဘူး။
ကလေးမယူတဲ့သူတွေကိုလည်း ဘေးကနေ ယူဖို့မတိုက်တွန်းသင့်သလို ကလေးယူထားတဲ့သူတွေကိုလည်း ခုလိုကာလကြီး ဒုက္ခခေါ်မပေးချင်ဘူးဆိုတာမျိုးတွေပြောခြင်းကတော့ ပြောသူတွေရဲ့စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်(EQ)နည်းပါးမှုသာဖြစ်ပါတယ်ရှင်။ ခေတ်ကာလနဲ့လည်းဆိုင်ပေမယ့် မိဘနဲ့လည်းသက်ဆိုင်တယ်ဆိုတာငြင်းမရပါဘူး။ ကိုယ့်ကြိုးစားမှု ရပ်လို့မရဘူးဆိုတဲ့ အားအင်၊ မောလာရင် ကိုယ့်သားသမီး မျက်နှာလေးကြည့်ပြီး အမောပြေတာမျိုးနဲ့ သူတို့ကြောင့်သာ ဘဝက အဓိပ္ပာယ်ရှိနေတာလို့နေ့တိုင်းတွေးမိတဲ့အထိ သားသမီးတွေအတွက် မေတ္တာရော၊ လိုအပ်ချက်တွေပြည့်စုံဖို့ပါ အမြဲကြိုးစားပေးနေတဲ့မိဘတွေအများကြီးရှိပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။
#ပတ်ဝန်းကျင်ကိုပြောပြချင်သောစကားများ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
76 Street
Mandale
