Eis Farm

Eis Farm

Share

Farm Life ~ Happy Life ~ Healthy Life

18/08/2025

09/08/2025

အတော်ကံကောင်းတဲ့သူပဲ

Photos from Eis Farm's post 09/08/2025

နှစ်တိုင်းအမြဲပို့ပေးရတဲ့ မော်လမြိုင်က
အမ ရဲ့ Order တွေပေါ့
အမြဲရောက်ကုန်မို့ ကိုယ်လဲပျော်ရ
သူလဲပျော် ရ တဲ့ ကျမခြံထဲက
နဂါးမောက်ချိုချို တွေ

Photos from Eis Farm's post 09/08/2025

Thank you Post 🙏
ရာသီအချိန်ဖြစ်တဲ့ ဒီလိုကာလ(Aug-Nov)
၅လလောက်ပဲ သီးနှံတွေကို အမေတို့ကို့ကူရင်း
ရောင်းချပေးတာဖြစ်ပေမဲ့
တစ်နှစ်တစ်ခါပေါ်လာတိုင်းမှာ
နေ့စဉ်အမြဲအားပေးကြပါသော
လက်လီ Customer များ
လက်ကား Customer များ
နယ်ဝေးမှ Customer များ
အားလုံး အားလုံးကို ကျေးဇူးအများကြီးကိုတင်ရပါတယ်ရှင်။🍀
ဝါသနာက Marketing & Sale ဖြစ်တဲ့အပြင်
သဘာဝ ကို ချစ်တဲ့ သူမို့
အသီးအရွက်တွေကို မြင်နေရရင်ကို
အရမ်းကြည်နူးရပါတယ်။☺️
ဒီနေရာ ဒီဒေသ ဒီဥတု ဒီရှုခင်းကို
ရောက်ပြီ ဆိုရင် မန္တလေးကို မပြန်ချင်လောက်အောင်
အေးချမ်းရာနေရာလေးမို့ ဒီကဒေသထွက်လေးတွေနဲ့
အခုလို ခြံထွက်သီးနှံ တွေအပြင်
ဒီအရာကနေ ပြုလုပ်လို့ရမဲ့ ကုန်ချောလေးတွေလဲ
ထုတ်လုပ်နိုင်ဖို့ ကြိုးစားပါအူးမယ်။☺️

Photos from Eis Farm's post 04/08/2025

နဂါးမောက်တွေ ရှယ်လှရှင်
လက်လီရော လက်ကားရောရ
လာအားပေးကြပါအူးးးးးး🍀

29/07/2025

ရှင်သန်ချိန်မှာတန်ဖိုးထားကြပါ

28/07/2025

#မျှစ်ကိုကြိုက်လို့သာ စားနေတာ အခုကစပြီး
#အရင်ထက်ပိုပြီး စားဖြစ်အောင်စားရတော့မယ်

[မျှစ် အကြောင်းကို မသိပဲ ကြိုက်လို့သာ စားနေတာ..အခုကစပြီး အရင်ထက်ပိုစားတော့မယ်…ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော်]

မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။

ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။

(၁) အစာခြေစနစ်ကျန်းမာ
ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။

(၂) နာတာရှည်ရောဂါဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါ တယ်။

(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ် ။

(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့ကဆိုပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

Photos from Eis Farm's post 25/07/2025

ိတ်ပါပြီ
လက်လီရောလက်ကားရော All Sold Outပါရှင်
အားပေးမှု့အတွက်ကျေးဇူးပါရှင့်

စျေးသည်လာပြီရှင့်
မနက်ဖြန်မနက်ကိုခူးပြီး နေ့လည်မန်းလေးဆင်းပါမယ်ရှင့် အသီးအရွက်တွေဖြစ်လို့ အရမ်းနုတဲ့အတွက်
လက်လီOrderကို (၇)ဦးပဲကောက်ပါမယ်ရှင့်🍀

နဂါးမောက်သီးခြံထွက်ချိုမှချိုရှင်-၁၅၀၀
မျှစ်နု(ဆိုးဆေးလုံးဝမပါ) -၁ပိသာ-၄၀၀၀
ဖရုံ ညွှန့် - ၁ထုံး -၃၅၀၀
ချဉ်ပေါင်ညွှန့်- ၁၀၀၀
ခရမ်းသီးအညို-၁ပိသာ-၂၅၀၀
ခရမ်းသီးအစိမ်း-၁ပိသာ-၃၀၀၀
ပဲစိမ်း -၁ပြီ-၁၂၀၀၀(၁ဗူး-၁၅၀၀)
ပန်းထိမ်ငိုပန်း -၁၀ပင်တစ်စီး -၂၅၀၀
၂စီးဆို ၃အိုး မြိုင်မြိုင်ထိုးလို့ရ☺️

အသီးအရွက်တွေလတ်ဆတ်ပြီးနုချိုချက်ကတော့
စားဖူးသူတိုင်းအသိပါရှင်
အမတို့ စျေးအထိမသွားနဲ့
၃/၄ရက်စာ ကျမဆီက ပုံမှန်သာဝယ်စားကြည့်
စျေးကလဲ ရက်ကွက်စျေးထပ်ပိုတန်တယ်
အိမ်အထိပို့ပေးလို့ လူလဲ ပင်ပန်းသက်သာတယ်
လတ်လတ်ဆတ်ဆတ်Organic တွေစားရလို့
ကျန်းမားရေးနဲ့လဲ ညီညွှတ်တယ် ……

ကဲ……CBကိုအမြန်လာခဲ့တော့ 🤭🤭🤭

Photos from Eis Farm's post 22/07/2025

22.7.2025 ယနေ့အသီးအရွက်စျေး

မျှစ် ဆိုးဆေးမပါ - ၁ပိသာ -၄၀၀၀
ခရမ်းသီး အညို -၁ပိသာ - ၂၅၀၀
ခရမ်းသီး အစိမ်း-၁ပိသာ -၃၀၀၀
ကစော့သီး -၂၅ါး -၁၀၀၀
ဖရုံ - ၃စီး -၁၀၀၀
ချဉ်ပေါင် -၁၀စီး -၁၀၀၀

မန်းလေးDeli ခဖြင့်
အိမ်ရောက်ပို့ပေးပါတယ် 🍀

21/07/2025

Hello ……….
တစ်နှစ်တစ်ခါ ပေါ်လို့လာ
ငါသာမင်းလောင်း ထီဖြူဆောင်းးးးးး

July က စ လို့
December အထိ ဥတုကိုမှီလို့
စိမ်းစိုလတ်ဆတ်သော
အသီးအနှံ ဟင်းရွက် များကို
Ei’s Farm မှ ၂/၃ရက်တစ်ကြိမ်
လက်လီ Orderများလဲကောက်လို့
ရောင်းချပါတော့မယ်ရှင့်🤭

08/06/2025

Category

Website

Address


Maymyo

Alerts

Be the first to know and let us send you an email when Eis Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Maymyo.