Phoo's beauty zone
100% Authentic Skincare& Cosmetics
03/10/2026
Decodorant serum လေးကို 12500 Ks နဲ့ Preorder ရပါမယ်ရှင်
02/10/2026
Gowoon Haru suncream လေး normal 40000 ကျော်ကို အခု 33600 Ks နဲ့ Instock ရပါမယ်နော်
အခုလိုချိိန်မှာ Budget price နဲ့ ဒီ quality ကတော့ အရမ်းတန်ပဲ🤩 ဘူး ၂၀ လောက်ပဲရလိုက်တာ အခု ၄/၅ ဘူးပဲကျန်မယ်နော်🫶🏻
01/10/2026
မျက်ကွင်းညိုတာတွေ/ အမဲစက်/ တင်းတိတ်တွေကို
ဖုံးချင်ရင် Color Corrector လေးက တကယ်ဆောင်ကို ဆောင်ထားဖို့ Recommend လုပ်တယ်🥳
အရမ်းလဲတန်🌟🌟🌟🌟🌟
Sales 19500 Ks နဲ့ရပါမယ်နော် Normal baht 500 မလို့ ဒီအရောက်ဆို 70000 ဝန်းကျင်ပဲ
ကိုယ်တွေဆို မျက်ကွင်းညိုတော့ Foundation ဘယ်လောက်သုံးသုံး မျက်ကွင်းညိုတာမဖုံးပဲ ပိုထင်းတာ color corrector သုံးဖူးပြီးမှ သူမှသူ မသုံးရမနေနိုင်ပဲ
မျက်ကွင်းညိုတာတို့ အမဲစက်တို့ တင်းတိတ်အထိပါ ဖုံးရတာကွယ်
Concealer နဲ့ Color corrector ကို မှားကြတာလေ
Concealer က မျက်ကွင်းညိုတာ ဖုံးမပေးနိုင်ဘူးနော် ကိုယ်လဲအရင်က မသိတော့ concealer တွေဖုံးတာ မျက်ကွင်းညိုတာကြီးက ပိုထင်းလာရော အသားပါညိုတော့ မျက်ကွင်းနေရာဆို concealer ဖုံးလေ မဲမဲပြာပြာကြီး ဖြစ်လေပဲ
Color corrector က Foundation မလိမ်းခင် သုံးရတာပါနော်
Tips အနေနဲ့ corrector ကို ပွတ်ဆွဲမလိမ်းပါနဲ့ လက်လေးနဲ့ အသာအယာ ပုတ်ပြီးပဲလိမ်းပါနော်
အရောင် သုံးရောင် ရပါတယ်
Light peach -အသားဖြူတဲ့သူ/ မျက်ကွင်းညိုတာ သိပ်မဆိုးတဲ့သူတွေအတွက်
Peach - အသားလတ်/အသားဝါ မျက်ကွင်းညိုတဲ့သူတွေအတွက်
Deep peach - အသားညို/ မျက်ကွင်းအရမ်းညိုသူတွေအတွက်
Preorder
Waiting time -4 or 5 weeks လမ်းကြောင်းအခြေအနေအရ ပိုကြာခဲ့ရင်လဲ cancel လုပ်မရလို့ စောင့်နိုင်မှ မှာပေးနော် 🥳
01/10/2026
Beautilab Corrector လေး Sales 19500 Ks နဲ့ရပါမယ်နော် Normal baht 500 မလို့ ဒီအရောက်ဆို 70000 ဝန်းကျင်ပဲ
ကိုယ်တွေဆို မျက်ကွင်းညိုတော့ Foundation ဘယ်လောက်သုံးသုံး မျက်ကွင်းညိုတာမဖုံးပဲ ပိုထင်းတာ color corrector သုံးဖူးပြီးမှ သူမှသူ မသုံးရမနေနိုင်ပဲ
မျက်ကွင်းညိုတာတို့ အမဲစက်တို့ တင်းတိတ်အထိပါ ဖုံးရတာကွယ်
Preorder!
ဒီ Beautilab ရဲ့ peach corrector ကိုခဏခဏ fyp ပေါ်တက်လာနေလို့ ဒီလောက်ရှိလှတာ တစ်ချောင်းပေးဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ ဝယ်လိုက်ပါတယ် 😝
Peach corrector ထဲမှာဆို light medium deep ဆိုပြီး ကိုယ့် skin shade နှင့် spot ရဲ့ darkness အနေအထားရ ရွေးစရာရှိတာက အဆင်ပြေတယ်။
မေ အရင် C beauty / K beauty ထဲက စမ်းဖူးတဲ့ peach corrector တွေဆိုရင် light ဖြစ်လွန်းတော့ သေချာ အောက်က ဖြည်ချင်တဲ့ အရောင်ကို မဖြည်ပေးနိုင်ပဲ ဖြူကွက်ကွက်ကြီးဖြစ်တာ။
မေကတော့ light / deep မဟုတ်တဲ့ ရိုးရိုး peach လေးရွေးလိုက်တာ ကိုယ်နဲ့ အဆင်ပြေတယ် ။ အရမ်းလဲ ရင့်မနေသလို နုလဲ မနေပဲ ကွက်တိလောက်သွားကျ ။
အရမ်းလဲ မကျဲသလို အရမ်းလဲ မပျစ်တဲ့ texture ပါ ။
Apply လုပ်စဉ်မှာ blend ရတာ smooth ဖြစ်တယ် ။ ဒါပေမယ့် မေ့မျက်နှာပေါ်မှာတော့ အချိန်တစ်ခုကြာတဲ့အခါ dry out ဖြစ်ချင်တာမို့ အောက်ကနေ eye cream & skin prep သေချာလုပ်ပေးရင် ပိုကောင်းပါတယ် ။
27/09/2026
🪄အဆီပြန်တဲ့သူတွေနဲ့ Suncreamနဲ့ Skin တစ်သားထဲကျ စေတဲ့ Suncream ကောင်းကောင်းရှာနေတာဆိုရင် GOWOON HARU 77 Super Cica Relief Sun Cream SPF50+ PA++++ 🌿☀️ Review...
ဘူး Packaging ကတော့အမြင်လှတာမို့ အပြင်သွားလည်းယူသွားရလွယ်တဲ့ ဘူးပုံစံလေး...နောက်ပြီး သူကပုံမှန်Suncream တွေလို UVA/B ကို ဒီတိုင်းကာကွယ်ပေးလိုက်တာထက်
ဒီ Sun Cream ရဲ့ အဓိကက UV Protection နဲ့ Soothing နှစ်ခုကို တစ်ခါတည်းယူထားတဲ့ sunscreen မျိုးလို့ လိမ်းထားရင်းလည်း နီမြန်းတာတွေရှိရင်ပိုမဆိုးသွားအောင် နဲ့ အစိုဓာတ်လေးလည်းရနေစေတာ🥰
SPF50+ / PA++++ ဖြစ်ပြီး Uvinul A Plus, Tinosorb M, Uvinul T150, Uvasorb HEB ဆိုတဲ့ photostable UV filters ၄ မျိုးနဲ့ ကတော့ ဒီ suncream ရဲ့ အားသာချက်တစ်ခုပါ။ နောက်တစ်ခုက Makeup လိမ်းလိုက်ရင် Suncream ကြောင့်အလိပ်လိပ်အဖတ်တွေမထွက်စေဘူး...White cast မကျန်ဘူး
Texture ကတော့ cream type ဖြစ်ပေမယ့် မျက်နှာပေါ်မှာ ထူထူကြီးနေတဲ့ suncream မျိုးမဟုတ်ဘဲ လိမ်းရတာ smooth ဖြစ်ပြီး skin ကို comfortable ဖြစ်စေတဲ့ဘက်သွားတဲ့ formula လို့ မြင်ရပါတယ်။ အထူးသဖြင့် suncream လိမ်းပြီးရင် မျက်နှာပူပူ၊ တင်းတင်းနဲ့ Senstive Skin ဆို တဲ့သူတွေက soothing ingredients ပါတာကို သဘောကျနိုင်ပါတယ်။ မျက်လုံးလည်းမစပ်ဖူးနော်...
ဒီထဲမှာ 7-Cica Complex နဲ့ 7-Herb Complex ဆိုပြီး soothing botanical complex နှစ်မျိုးကို အဓိက ပါဝင်တာမို့ Cica ဘက်က stressed/irritated skin ကို calm ဖြစ်စေဖို့ ရည်ရွယ်ထားပြီး 7-Herb ဘက်က skin ကို refreshing & moisturizing feeling ပေးဖို့ ထည့်ထားတာပါ။ဒါကြောင့်လိမ်းရတာ ကျေနပ်ဖို့ရတဲ့ထိကောင်းတယ်💕
Niacinamide လည်း ပါတာကြောင့် UV protection တစ်ခုတည်းမဟုတ်ဘဲ skin tone ကို ညီညာတောက်ပစေဖို့ skincare benefit လေးပါ ထည့်ထားတဲ့ sunscreen လို့ပြောလ်ို့ရတယ်
ဒီ sunscreen ရဲ့ concept ကို သဘောကျတာက နေရောင်ကာဖို့ပဲ လုပ်ထားတဲ့ suncream မဟုတ်ဘဲ နေ့တိုင်းသုံးရင်း skin ကို soothe လုပ်ပေးဖို့ပါ တွဲစဉ်းစားထားတာ ပါ။ အထူးသဖြင့် နေပူထဲသွားရတာများသူ၊ skin က လွယ်လွယ်နဲ့ နီလာတတ်သူ၊ suncream လိမ်းရင် heavy ဖြစ်တာ မကြိုက်သူတွေအတွက် သုံးဖို့ စဉ်းစားကြည့်သင့်တဲ့ type ပါ။ 🌿သောင်းကတော့ Makeup မလိမ်းဖြစ်တဲ့ရက်များလို့ သူကသဘာဝဆန်တဲ့ Suncream လေးမို့သူ့ကိုတော့ လက်တလောအပြင်သွားသွားအိမ်ထဲနေနေသုံးဖြစ်နေပါတယ်
ဝယ်ချင်ရင်တော့ Gowoon Haru GH Myanmar မှာ ပုံလေးပြပြီးမေးကြည့်ပါရှင်🛒
Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်နာဆိုရင်တော့ cb မှာမေးထားပေးပါနော်💌
27/09/2026
ဒီတခါတော့ အရမ်းတန်ပြီမလို့ သုံးနေကျဆို ဥထားလိုက်တော့ရှင် Expire 2028/11 လပိုင်းကိုမှ 35500 Ks နဲ့ရမှာ… Preorder တပတ်ပဲနော် အပိုမသေချာလို့
တခါတည်းမှာပေးနော်🫶🏻
27/09/2026
ဒီနှစ်မျိုးလုံးကို Normal Sale price ထက် တန်တဲ့စျေးနဲ့
ရပါတယ်ရှင့်🌟🌟🌟
[COMPARISON] GOWOON HARU SUPER CICA 77 VS DR. ALTHEA AQUA GLOWING SUNSCREEN
GH Super Cica 77 sunscreen ဘူးလေးတွေမြင်ပြီးတွေးကြည့်နေကြမယ်လို့သိနေလို့ full review မတင်ခင် တခါတည်းအရင်ဆုံးယှဥ်ပြလိုက်တယ် 😉
အရင်ဆုံး ဒီနှစ်ခုကိုယှဥ်ပြပြီးမှ နောက်နေ့ Gowoon Haru ရဲ့ Super Cica 77 Sun Cream ရဲ့ full review ကိုရေးမယ်လေ။ ဒီနှစ်ခုကဘာကွာလဲ။ ဘယ်အချက်ကိုကြည့်ပြီးရွေးသင့်လဲ။ ဘာကိုရွေးကြမလဲ။ ဒီအချက်တွေကိုစဥ်းစားကြည့်လို့ရအောင်ပေါ့။
နှစ်ခုစလုံးကတော့ chemical sunscreen ပဲ။ သုံးထားတဲ့ UV filter တွေလည်းသုံးထားတာတူကြတယ်။ တူတဲ့အမျိုးအစားတွေထဲမှာ concentration အများဆုံးက Ethylhexyl Triazone, Butloctyl Salicylate နှစ်ခု။ မတူတာကတော့ GH ထဲမှာ Uvinul A Plus အမျိုးအစားကို နံပါတ် ၄ နေရာမှာထည့်ပေးထားတယ်။ Dr. Althea ကတော့ sunscreen ကို နံပတ် ၅ နေရာမှစပြီးတော့ပါတယ်။ ပိုကောင်းတယ်၊လို့ပြောချင်တာထက် သူတို့နှစ်ခုသုံးထားတဲ့ UV filter တွေဆင်ကြတာမျိုး။
နှစ်ခုစလုံးရဲ့ highlight point ကလိမ်းလို့တော်တော်ကောင်းတယ်။ Cosmetically elegant ဖြစ်တယ်ပေါ့။ နို့ရည်လိုမျိုးလိမ်းရတာပေါ့ပေါ့ပါးပါးနဲ့ဖြန့်လိမ်းလို့လွယ်တယ်။ Texture အပိုင်းမှာကတော့ ဆင်တယ်။ ကွာခြားတာက feeling အပိုင်းမှာ။ Dr. Althea က Aqua Glowing Sunscreen လို့ပြောတဲ့အတွက်ကြောင့်မို့လို့ လိမ်းပြီးရင်ပြောင်တဲ့ finish ကိုပေးတယ် စိုလည်းစိုတယ်။ Super Cica ကတော့လိမ်းပြီးရင်စိုပေမယ့် အရမ်းကြီးပြောင်လက်ပြီးကျန်နေတာမျိုးမရှိဘူး။ နှစ်ထပ်လောက်လိမ်းရင်တော့ ပိုပြောင်တာပေါ့။ Hydrated skin finish လေးပဲ။ White cast မပါသလောက်ပဲ။ ကိုယ့် skin tone ကတအားညိုပြီးနည်းနည်း deep ဖြစ်တဲ့ဘက်ကိုသွားရင်တော့မပြောတတ်ဘူး။
နှစ်မျိုးစလုံးကတော့ daily sunscreen လိမ်းပြီးရင် မိတ်ကပ်လိမ်းတဲ့သူတွေအတွက် perfect ပဲ။ မိတ်ကပ်သားကပ်တယ်။ မိတ်ကပ်သားတက်တာလှတယ်။ (Daily look အတွက်ပဲ။ ပွဲတက်အတွက်တော့ base primer လောက် တာ မသွားဘူး။ ဒါက စကားချပ်)
နှစ်ခုစလုံးမှာ fragrance လုံးဝမပါဘူး။ စေ့စေ့လေးရှူကြည့်ရင်တော့ chemical sunscreen အနံ့ယောင်ယောင်လေးပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာမဟုတ်ပေမယ့် တော်တော်ကြီးရှူကြည့်မှသိသာတယ်။ ကြိုပြောပြထားတာပေါ့နော်။
Skin irritation အပိုင်းကတော့ ဖူးပွင့်အတွက် ၂ ခုစလုံးမဖြစ်ဘူး။ Sunscreen တွေကိုရက်ဆက်လိမ်းလို့ အသားအောက်မှာ texture တွေထသလိုအဆီဖုတွေလည်းမဖြစ်ဘူး။ နောက်ပြီးတော့အကျိတ်ဖုတွေဖြစ်တာမျိုးလည်းမဖြစ်ဘူး။ ဖူးပွင့်အသားအရေအတွက်နှစ်မျိုးစလုံးအဆင်ပြေတယ်။
ဈေးကတော့ GH Super Cica 77 ကတော့ Dr. Althea ထက် 40% နီးပါးလောက်သက်သာတယ်။ Dr. Althea က ၆ နည်းနည်းလျော့။ GH ကတော့ ၄ သောင်းကိုနည်းနည်းလေးတင်။ Sunscreen ကိုစိတ်ကြိုက်လိမ်းချင်ရင်တော့ Super Cica ကိုယူ၊ brand ကိုမှလိမ်းချင်ရင်တော့ Dr. Althea ပေါ့။
ဘူးဒီဇိုင်းအဟန့်ကတော့ ဈေးပေါ်လိုက်ပြီးနည်းနည်းကွာတာပေါ့။ GH ကတော့ ဈေးနှုန်းရယ် product quality ရယ် နောက်ပြီး packaging ကိုကြည့်ထားတာကြောင့် သူ့ကော်ဘူးအသားကတော့ Dr. Althea လောက်တော့မဟုတ်ဘူး။ ကော်သားနည်းနည်းပါးပြီးပေါ့တယ်။
အချုပ်အားဖြင့်ပြောရရင်တော့ ကိုယ်က sunscreen ကို UV filter ကောင်းတာသုံးချင်တယ်၊ လိမ်းရတာလည်းပေါ့ပြီးအဆင်ပြေတာလိုချင်တယ်၊ နောက်ပြီးဘတ်ဂျက်အတွက်လည်းတွက်ချေကိုက်တာသုံးချင်တယ်ဆိုရင်တော့ Gowoon Haru Super Cica 77 ကိုယူ။ အဲ့ဒီအပေါ်က ၃ ချက်ထဲက ဘတ်ဂျက်ကိုကြည့်စရာမလိုဘူး aesthetic အရကလည်းမိုက်ချင်တယ်ဆိုရင်တော့ Dr. Althea ကိုယူ။
Gowoon Haru ကိုတော့ Gowoon Haru Myanmar page ရော KOCOS ကရောဝယ်လို့ရပါတယ်။ Dr. Althea လည်း KOCOS Myanmarမှာရတယ်။ ဖူးပွင့်ကတော့ GH က collab အတွက် PR ရထားတာပါ။ Dr. Althea ကတော့ ကိုယ့်ဘာသာဝယ်ထားတာ။
နောက်နေ့မှာ full review လေးနဲ့ပြန်လာခဲ့မယ်။
Love,
Rosie
Disclaimer
26/09/2026
Category
Contact the business
Telephone
Website
Address
Minbu
Alerts
Be the first to know and let us send you an email when Phoo's beauty zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
