Hlaing Online Shopping

Hlaing Online Shopping

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hlaing Online Shopping, Beauty, cosmetic & personal care, Mingaladon.

28/11/2021

Suprise box ​လေး​တွေလိုခြင်​ရင်​မှာလို့ရပါတယ်
ကိုယ်​ဘယ်​​လောက်​သုံးခြင်​တယ်​​ပေါ်မူတည်​ပြီးမင်​မင်​ကပစ္စည်း​လေး​တွေအလှဆင်​ပြီးစိတ်​ချမ်းသား​အောင်​ပြုလုပ်​​ပေးပါတယ်​ရှင့်​💜💜💜💜💜

12/11/2021

Customer အမျိုးအစားများ💜💜💜💜💜
**************************

1. စိတ်မြန်လက်မြန်ရှိသူ

အမရေ ဒါလေး ရသေးလား။
ဘယ်နေ့ရမလဲ ခဏနေ ရမလား။
လမ်းကြုံတယ် ဝင်ယူလိုက်မယ်။

2. အတွေးအခေါ်သမား

ဒါနဲ့ ဒီဟာနဲ့ ဘယ်ဟာ ပိုကောင်းလဲ။
ဒါကို ဘာကြောင့် ဈေးလျှော့ထားတာလဲ။
ဘာကိုယူသင့်သလဲ review လေးတွေ ပြပါဦး။

3. ယဉ်ကျေးလိမ်မာသူ

မင်မင်ရေ မေးခွန်းလေး တစ်ခုလောက်
မေးမလို့ စိတ်တော့မရှိပါနဲ့နော်
ဒါလေးက ဘယ်လိုသုံးရလဲဟင် ။
စိတ်မဆိုးနဲ့နော် မင်မင် 😘

4. စိတ်အေးလက်အေး ရှိလွန်းသူ

ရတယ် အေးဆေးမှပို့ ။
လာတဲ့ချိန် ဖုန်းဆက်လိုက်ပါ။
လူမရှိရင် အိမ်မှာ ပေးထားလိုက်ပါ။

5. ဂျီးဂျွတ်မများသူ

ဒါ ယူမယ်။ အင့် လိပ်စာ ဖုန်းနံပါတ်။ 👍🏻
(စာထပ်မဖတ်တော့)

6. ဇီဇာကြောင်သူ

ပုံမှာပြထားတဲ့ အရောင်နဲ့ အပြင်အရောင်
အတူတူပဲလား ။ အလင်းထဲထွက်ပြီး
ဗီဒီယိုဖိုင် ရိုက်ပြပေးပါလား။
300 ml ဆိုရင် gram နဲ့ ဘယ်လောက်လဲ။
ပေတံလေးနဲ့ တိုင်းပေးလို့ရလား ဒီ size ကို။

7. ဇာတ်ကြောင်းပြန်တတ်သူ

ညီမလေ ငယ်ငယ်တုန်းက ချော်လဲထားတော့
ခြေထောက်မှာ အမာရွတ်လေးရှိတယ်။
ဒါမဲ့ အဖွားက ကြိတ်မှန်ရွက် လိမ်းပေးတာ သက်သာသွားတယ်။ အဖွားက နယ်ကလေ။
ညီမက ဒီမှာ ကျောင်းတက်နေလို့။
ခု ညီမရှာနေတာက အဲ့လို ကြိတ်မှန်ရွက် effect ပါတဲ့ ....

8. ငွေတစ်ဝက် ကြိုရှင်းထားသူ

မင်မင်ရေ ဘောက်ချာမှာ တစ်ဝက်တန်ဖိုးပဲ
ရေးပေးနော် မမေ့ပါနဲ့နော်။ 🥺
မေ့ရင် အိမ်ပေါ်က ဆင်းရတော့မှာ။ 🥺

9. ဒရာမာကွင်း

နေပါစေ 🙂 ရပါတယ် ပြန်မလဲတော့ပါဘူး။
သေချာပြောထားရက်နဲ့ မှားလာတာတော့
စိတ်မကောင်းဘူး 🙂
ကိုယ်ပဲ သေချာ မပြောပြတတ်တာ နေမှာပါ။🙂

10. ရာသီလာနေသူ

ဘယ်လိုလုပ်လိုက်တာလဲ အစ်မ။
အလုပ်ကို သေချာ မလုပ်တတ်ဘူးလား။
ခုချက်ချင်း ပြန်အမ်းငွေ လိုချင်တယ်။
ဘာမှ ပြန်မလဲပေးနဲ့။ နောက်လည်း မဝယ်ဘူး။

11. ဖွန်ကြောင်သူ

ဟယ်လို အက်မင် မမနဲ့ စကားပြောချင်ပါတယ်။
ရန်ကုန်ကလားဗျ။ 😜

12. ပစ္စည်းမကျန်မှာ တွေးပူတတ်သူ

မင်မင်ရေ လကုန်မှ ယူမှာ ချန်ထားပေးပါဦး။
လကုန် တကယ်ယူမှာနော်။

13. လူလိမ် page များကို နာကျည်းနေသူ

အော် ငွေကြိုလွှဲရမှာလား ဆောရီးနော်။
မယူဖြစ်တော့ဘူး။ တစ်ခါက အလိမ်ခံထားရလို့ပါ။

14. ချွေတာဖို့ ကြိုးစားနေသူ

မင်မင်ရေ ဒီလ သုံးတာများသွားလို့
ဘူးသေးပဲ ယူတော့မယ်။
ဟယ် နှုတ်ခမ်းနီက sale ချနေတာလား။
မပြောဘူး ကြည့်။
ဒါရယ် ဒါရယ် ဒါရယ် သုံးမျိုး အရင်လိပ်စာပဲနော်။
Credit.

05/11/2021

အောင်မြင်ချင်ရင် အရင်းစုပါ💜💜💜💜💜

ကိုယ့်မှာအရင်း1သိန်းရှိရင်

1သိန်းဖိုးရင်းလိုက်ပါ

ကျေးဇူးသိပါကိုယ့်ကိုပထမဆုံးဆွဲခေါ်လာတဲ့

လက်ကို မဖြုတ်ချပါနဲ့

ကိုယ့်စိတ်ရင်းအတိုင်းအကျိုးပေးမယ့်

ပါတနာလေးများရလာပါလိမ့်မည်

သူများရောင်းရပြီးကိုယ်မရောင်းရလည်း
အားမငယ်ပါနဲ့

ဘယ်အလုပ်မှ စစချင်းအောင်မြင်သွားတာ မဟုတ်ပါဘူးနော်

ရောင်းသူများနေလို့ မ၀ယ်တော့ဘူးလဲမထင်ပါနဲ့

သူ့မိတ်ကိုယ့်မိတ်မတူသလို

လူတိုင်းဈေးရောင်းနေတာမဟုတ်သလို

ရောင်းခဲ့ရင်တောင်ရောင်းတာမတူပါဘူးနော်

သမုဒ္ဒရာရေတစ်ယောက်ထဲသောက်မကုန်သလို

အခုအပင်စိုက်အခုအသီးမရဘူးဆိုတာနားလည်ရင်

သင်စိတ်ဓာတ်ကျမှာမဟုတ်ပါဘူး

Crd

Photos from Hlaing Online Shopping's post 28/10/2021

ကိုယ်လဲကြည့်မို့ရှာရင်တွေ့လို့

ပုံမှန်စင်ဒရဲလားကားတွေနဲ့မတူတာမို့ ပုံစံတစ်မျိုးနဲ့ကြည့်ရမှာ ❤️

Cinderella 2021 Tamil မြန်မာစာတန်းထိုး
=====================

Telegram Link 👇👇👇
https://t.me/tayzarbhonewin/1870

Movie Link 👇🏻👇🏻👇🏻

https://m.facebook.com/story.php?story_fbid=111857811290441&id=100073986672722

ဒီနေ့ပဲထွက်ရှိလာတဲ့ IMDb 8.3 ရထားတဲ့ တမီးလ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Fantasy/ Thriller/Horror အမျိုးအစားဖြစ်ပြီး ဘောလိဝုဒ်ရုပ်ရှင်လောကနဲ့အပြိုင်ရိုက်ပြနိုင်တဲ့ တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဆိုပါတော့ဗျာ။

ဇာတ်ကားနာမည်လေးက Cinderella ဆိုပေမဲ့လို့ ဟောလိဝုဒ် Cinderella ကားနဲ့မတူတဲ့အမျိုးအစားအနေနဲ့ရိုက်ထားသလို ဇာတ်လမ်းကျောရိုးလည်းလုံးဝမတူပါဘူး ။ တကယ်ဆို ကျွန်တော်တို့ဟာ စင်ဒရဲလားတို့ စနှိုးဝိုက်တို့နဲ့ပက်သက်ရင် အရမ်း fairy tales ဆန်ချင်ခဲ့ကြလို့ fairy tales တွေနဲ့ပဲညားခဲ့ရတယ်မလား။ တကယ့် စင်ဒရဲလား၊ စနိုးဝိုက်ဇာတ်လမ်းတွေဟာ တကယ့်အပြင်လောကမှာ ကျွန်တော်တို့သိတဲ့ဇာတ်လမ်းလေးတွေထဲကလိုဟုတ်နိုင်ပါ့မလားပေါ့လေ။

တကယ့်ကမ္ဘာ့လောကကြီးဟာ တွေးကြည့်ရင်တွေးကြည့်သလောက် အရမ်းရက်စက်ကြမ်းကြိုက်တယ်မလား။ ဒီတော့ ဒီတမီးလ်စင်ဒရဲကားလေးကို ဘာလို့စင်ဒရဲလားလို့နာမည်ပေးထားတယ်၊ ဘယ်လိုဇာတ်လမ်းမျိုးဇာတ်ကွက်မျိုးတွေပါတယ်ကတော့ ဒီဇာတ်ကားလေးထဲမှာရှုစားရင်အကောင်းဆုံးမို့ သိပ်မညွှန်းနေတော့ပါဘူး။ ဒီဇာတ်ကားရဲ့စင်ဒရဲလားလို့တင်စားရမယ့် ဇာတ်လိုက်တမီးလ်မင်းသမီးလေးဟာ တကယ့်စင်ဒရဲလားဆိုတဲ့နာမည်နဲ့လိုက်ဖက်သလို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ရိုက်ထားတယ်ဆိုတာတော့လုံးဝအာမခံပါတယ်ခင်ဗျာ။

ဒီတော့တစ်ချို့ဘောလိဝုဒ်ကားကောင်းတွေနဲ့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်စင်ဒရဲလားကားလေးကိုလည်း ရှုစားရင်ခုန်ပေးလှည့်ပါဦး။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San Thu Aung & Sai Thu Rein Lynn မှ တင်ဆက်ထားတာပါ။)

Photos from Hlaing Online Shopping's post 25/10/2021

Hlaing ရဲ့ korea vintage dress post sale လေးပါ

ငွလွေဲဝင်မှorder confirm ပါရှင့်
မင်​မင်​ကပြင်​ဦးလွင်​ကပါ

Photos from Hlaing Online Shopping's post 25/10/2021

Sold out
Hlaing ရဲ့ korea vintage dress post sale လေးပါရှင့်
Condition-90%✅like new
Price .4000mmk
ငွလွေဲဝင်မှorder confirm ပါရှင့်
ပခုံး 12
လက်​အရှည်​ 14
ခါးအရှည်​ 16ခွဲ
Brand. Jangpierre

Photos from Hlaing Online Shopping's post 25/10/2021

Sold out
Hlaing ရဲ့ korea vintage dress post sale လေးပါရှင့်
Condition-90%✅like new
Price .4000mmk
ငွလွေဲဝင်မှorder confirm ပါရှင့်
ပခုံး 11
လက်​အရှည်​ 14
ခါးအရှည်​ 16
Brand. Twin kids
2နှစ်​၃နှစ်​မီးမီး​လေးများဝတ်​လို့ရ

Photos from Hlaing Online Shopping's post 25/10/2021

Sold out
Hlaing ရဲ့ korea vintage dress post sale လေးပါရှင့်
Condition-99.99%✅like new
Price .5000mmk
ငွလွေဲဝင်မှorder confirm ပါရှင့်
ပခုံး 15
လက်​အရှည်​ 21
ခါးအရှည်​ 23
Brand. UNIQLO

Photos from Hlaing Online Shopping's post 25/10/2021

Hlaing ရဲ့ korea vintage dress post sale လေးပါရှင့်
Condition-90%✅like new
Price .4000mmk
ငွလွေဲဝင်မှorder confirm ပါရှင့်
ပခုံး 14ခွဲ
လက်​အရှည်​ 18
ခါးအရှည်​ 24
Brand.BEEN

Photos from Hlaing Online Shopping's post 25/10/2021

Hlaing ရဲ့ korea vintage dress post sale လေးပါရှင့်
Condition-90%✅like new
Price .3500mmk
ငွလွေဲဝင်မှorder confirm ပါရှင့်
ပခုံး 15
လက်​အရှည်​ 20
ခါးအရှည်​ 18ခွဲ
Brand. Korea

Telephone

Website

Address


Mingaladon
49

Alerts

Be the first to know and let us send you an email when Hlaing Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mingaladon.