Ma Nwe - Be A Smart Lady

Ma Nwe - Be A Smart Lady

Share

ကျန်းမာ လှပ ပြီး အောင်မြင် ပျော်ရွှင

09/12/2022

သတိ- အမျိုးသမီးများ ဖတ်ရန်။

အနာဂါတ်မှာ အခက်အခဲ မတွေ့ချင်ရင်
အောက်ပါအလုပ်များ မလုပ်ရန် သတိပေးချင်ပါတယ်။

၁။ နေ့တိုင်း ဝင်ငွေမရှိပဲ စုမဲများစုခြင်း။

၂။ ထီအမျိုးမျိုး ထိုးခြင်း။

၃။ အတိုးမက်ပြီး ငွေချေးခြင်း။

၄။ အားနာပြီး ငွေချေးခြင်း။

၅။ မျက်နှာရမလားလို့ ကြားဝင် အာမခံခြင်း။

၆။ သူများအထင်ကြီးအောင် မရှိကို အရှိဟန်ဆောင်
လုပ်ပြခြင်း။

၇။ သူများကို အထင်ကြီးပြီး လုပ်ငန်းနားမလည်ပဲ
ရှယ်ယာထည့်ခြင်း။

၈။ လုပ်ငန်းနားမလည်ပဲ သူများအကြံပေးသည့်အတိုင်း
အလုပ်လုပ်ခြင်း။

၉။ လုပ်ငန်းမကျွမ်းကျင်ပဲ တိုးချဲ့ခြင်း။

၁၀။ လင်နှင့် ဆွေမျိုးများထံမှ မျက်နှာရအောင်
ငွေချေးငှါးပေးခြင်း။

၁၁။ အတိုးပေါ် အတိုးဆင့် ငွေချေးသံသရာမှ မထွက်ခြင်း။

၁၂။ ဘာမှ နားမလည်ပဲ အောင်မြင်မှုကို အလျင်အမြန်
လိုချင်ခြင်း။

အထက်ပါ ၁၂ ချက်ကို တချက်စီ စဉ်းစားကြည့်ပါ။

ဒီအထဲမှာ ပါနေပြီလား စီစစ်ပါ။

မလုပ်ရသေးရင် ( လုံးဝ) မလုပ်ပါနဲ့။

လုပ်လက်စ ဖြစ်နေရင် ရပ်တန့်ပါ။

လုပ်ပြီးသားဖြစ်လို့ ဒုက္ခပင်လယ်ဝေနေရင် ကိုယ့်အပြစ်
ကိုယ်ခံပါ။ သင်ခန်းစာယူပါ။ အမြန်ဆုံးဖြစ်တဲ့နည်းနဲ့
ရင်ဆိုင်ဖြေရှင်းပါ။

ကျွန်မမှာ ပိုက်ဆံ သိန်း ၅၀ ရှိပါတယ်။
အခုချိန် ဘာလုပ်သင့်လဲ မေးနေသူတွေ အတွက်
အဖြေက - မကြာခင် အပြောကောင်းသူနဲ့တွေ့ပြီး
အလိမ်ခံရပါတော့မယ်ပဲ ဖြစ်ပါတယ်။

ဘာလုပ်ရမလဲ မသိရင် ဘာမှ မလုပ်ပါနဲ့။ ရှိတဲ့
ပိုက်ဆံကိုကြောငြာနေမှတော့ လူလိမ်ခံရတာ
မဆန်းပါဘူး။

စီးပွါးရေး မကောင်းတာကို အခွင့်အရေးယူပြီး
လူလိမ်တွေခြေချင်းလိမ်နေတဲ့အချိန်ပါ။

သတိကို ကြီးကြီးထားပြီး နေရမယ့်အချိန်မှာ
အားအားနေ လိုင်းပေါ်တက်ပြီး ကိုယ့်အပူကို
ရင်ဖွင့်တတ်တဲ့ အကျင့်ကို ပြုပြင်ကြပါ

crd:

22/03/2022

📌လူတစ်ယောက် လှခြင်း မလှခြင်း ဆိုတာ ကြည့်တဲ့သူရဲ့ စိတ်နဲ့ မျက်လုံးပေါ် မူတည်ပါတယ်
မှန်တောင်မှဘဲ တစ်ချပ်နဲ့ တစ်ချပ် မတူကြဘူးလေ

🥰တချို့မှန်လေးက မှန်ထဲက ကိုယ့်ရုပ်ကိုကြည့်ပြီး ဟယ် ငါက လှလိုက်တာလို့ ထင်မိစေတယ်

🥺တချို့ မှန်တွေက ရုပ်ဆိုးနေတတ်တယ်

🙆ကိုယ့်အပေါ် မေတ္တာ ရှိသူက ဘယ်လိုလေးနေနေ ဘာဘဲ ၀တ်ထားထား လှတယ်လို့ မြင်ကြတယ်

😏ကိုယ်နဲ့ အစေးမကပ်သူက ကိုယ်ဘယ်လောက် လှနေပါစေ သူ့မျက်လုံးထဲမှာ cross ❌ဖြစ်နေမှာ...ဘဲ

စိတ်ချမ်းသာချင်ရင်တော့ ကိုယ့်ကို လှတယ်လို့ ထင်တဲ့ မှန်ဘဲ ကြည့်ပါ 😍😍

With Love . Ma Nwe

09/03/2022

တစ်လ အတွင်း ၀တ်ကျ ချင်လား🥰
💢သဘာ၀တိုင်းဘဲနော် ပိုက်ဆံ မကုန်ဘူး💢
ဘယ် အဆီချ products မှ သောက်စရာ မလိုဘူး😁

ပန်းရောင်နဲ့ ပုံလေး ရိုက်ပြီးချိန် ကိုယ်ကိုကိုယ်တောင်
အရမ်း အံ့ဩသွားတယ်

ဟယ် ငါ အရမ်း ၀ နေပါလားလို့ 😩😩
ဝိတ်လျှော့မှ ရ‌ေတာ့မယ်လို့ ဆုံးဖြတ်ပြီး
နောက်ရက် စလို့

1. အိပ်ယာထချိန်
ပျားရည် ထမင်းစားဇွန်း 2ဇွန်း
ကော်ဖီကြမ်းမှုန့် 1 ဇွန်း
သံပုရာသီး 1 လုံး ကို
ရေနွေး နဲ့ ခွက်အပြည့်ဖျော် ပြီး သောက်တယ်

❌နို့/သကြားပါတဲ့ကော်ဖီ လက်ဘက်ရည် ဖြတ်ချတယ်
❌ဆီကြော်စာ ရှောင်တယ်

2. ထမင်းစားတော့မယ် ဆိုရင် ရေကို ၀အောင် အရင် သောက်တယ် 💢ရေ၀နေတော့ ထမင်း သိပ်မစားနိုင်💢

3. နေ့ခင်း အစာပြေတို့ သရေစာတို့ကို ဆီမပါတဲ့
သေ‌ေင်္ဘာသီးထောင်း/ကြက်ခြေထောက်ထောင်း တို့ဘဲ စားတယ်

4. ညစာကို ထမင်း သုံးဇွန်း စာဘဲ စားပြီး အသီးအရွက်ကြော် တစ်ပန်းကန် စားတယ်

❌ထမင်းစားပြီး နာရီ၀က်ထိ ရေ လုံး၀ မသောက်ပါ❌

5. အဓိက ၀မ်းမှန် ရမယ်နော်
၀မ်းချုပ်ရင်တော့ ၀မ်းမှန်အောင် မန်ကျည်း ဖျော်ရည်တို့
၀မ်းမှန်ဆေးတို့ သောက် ပေးရပါတယ်

မနွယ်ကတော့ ၀မ်းချုပ် တတ်သူ အချိန်လဲ မပေးနိုင်သူမို့
ည အိပ်ချိန် တိုင်းရင်းဆေး ၀မ်းမှန်ဆေး သောက်ပါတယ်

မနွယ် သောက်တာလေးတွေကိုတော့ coment မှာ ပြထားပေးတယ်

❤️ချစ်သော မနွယ်❤️

Photos from Ma Nwe - Be A Smart Lady's post 27/02/2022

📌📌ဒီ page လေးမှာ မနွယ် သုံးပြီး ရလဒ် ရတာလေးတွေ ကို Review လေး လာပေးမယ်နော်

ဒီနေ့တော့ NR ဆံပင်သန်ဆီလေးနဲ့ မိတ်ဆက်ပေးမယ်

မနွယ်က နဂို ဆံပင် လုံး၀ လုံး၀ မသန်ပါဘူး
သိတတ်စ ထဲက ဆံပင် အသစ် ထွက်တယ် ဆိုတာ
မရှိခဲ့ပါဘူး
အခု ဒီ ဆံပင်သန်ဆီလေး သုံးတာ ဘူးကြီး တစ်ဘူး ကုန်ပြီး ချိန်မှာ ဆံပင် နုနုလေးတွေ များကြီး ထွက်လာတယ်
အုံလဲ ထူလာတယ်
အရှည်လဲ မြန်တယ်

ပုံမှန် ဆံသား ရှိသူဆိုရင် အများပြောသလို အဖုတ်လိုက် ထွက်ပါတယ်

မနွယ်ကတော့ နဂိုကကို လုံးလုံး မသန်သူ ပါးသူ ကျဲသူမို့
၆ လောက် အချိန် ပေးလိုက်ရပါတယ်

စမ်းသုံးကြည့်ချင်ရင်တော့ နီးစပ်ရာ ကိုယ်စားလှယ်ဆီ မှာကြပါ

ဖြစ်နိုင်မယ် ဆိုရင် အိမ်ရောက် ငွေချေ ရသူဆီ ၀ယ်ကြပါ ❌လိမ်ခံရမှာစိုးလို့ပါ❌

အမှန် အကန် NR ကိုယ်စားလှယ်များလည်း ဒီPost မှာ ဈေးလာရောင်းနိုင်ပါတယ်

❌ကိုယ်သုံးလို့ အဆင်ပြေတာလေးတွေကို အခြားသူတွေအတွက် စေတနာနဲ့ မျှဝေ ပေးတာပါ ရောင်းနေတာ မဟုတ်ပါဘူးနော် 😍😍
ချစ်တဲ့

17/12/2021

ရင်ထိုးလေးတွေ အပ်နိုင်ပါပြီ

15/12/2021

မနွယ်ရဲ့ ဆိုင်လေးပါရှင့်
လိုအပ်တာရှိရင် လာအပ်ကြပါနော် 😍😍
https://www.facebook.com/NPA3951/

ငွေပန်းအိမ် NPA Printing Service Printing Service နှင့် တံဆိပ်ရိုက်လုပ်ငန်း

Telephone

Website

Address


Mu-Se
06401

Alerts

Be the first to know and let us send you an email when Ma Nwe - Be A Smart Lady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mu-se.