Moe Thawdar

Moe Thawdar

Share

IAURA Skin Care လက်လီ လက်ကား မှာယူနိုင်ပါသည်။

13/07/2023

ချွေးပေါက်ပိတ်ပြီးအဲ့လိုပျက်ချင်ရင်

မိတ်ကပ်တွေအထူရီးလိမ်းပြီး
သေချာသန့်ရှင်းရေးမလုပ်ပါနဲ့

ဝက်ခြံအကြောင်းသိကောင်းစရာ

Photos from Moe Thawdar's post 12/07/2023

ဝက်ခြံအမျိုးအစားတွေကဘာတွေလဲ⁉️

ဝက်ခြံအမျိုးအစားတွေကဘာတွေလဲ…………..
ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။

Whiteheads အဆီဖုဝက်ခြံ – အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်းဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။

(ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မဲမဲအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။

Papules ဝက်ခြံ– သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။

Pustules ပြည်တည်ဝက်ခြံ – အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။

Nodules ဝက်ခြံ ဝက်ခြံအဖုကြီး– ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။

Cysts ဆင်ဝက်ခြံ – အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။ အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။ ကဲvdလေးကဒီလောက်ပါပဲနော်
နောက်ရက်တွေမှာဝက်ခြံအမျိုးအစားလြုက်သဘာဝကုထုံးလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ accလေးကိုfollowလုပ်ထားနော်

စာသားcopyယူခွင့်မပြု❌
ပုံများယူသုံးခွင့်မပြု❌

ဝက်ခြံအကြောင်းသိကောင်းစရာ

Photos from Moe Thawdar's post 05/07/2023

ဝက်ခြံညစ်တတ်သူတွေရှိလား⁉️⁉️

ရှိရင်ဖြေခဲ့ပေး😊

မညစ်မိအောင်နည်းလေးပေးချင်လို့😊

ဝက်ခြံအကြောင်းသိကောင်းစရာ

Photos from Moe Thawdar's post 01/07/2023

ညစ်ပါညစ်ပါဝက်ခြံကိုညစ်ကြပါ

ချိုင့်ခွက်တွေ၊အဖုကြီး‌တွေအမာရွတ်တွေ

ဝက်ခြံတွေအရိုးစွဲချင်ရင်ညစ်ကြပါ

ဝက်ခြံအကြောင်းသိကောင်းစရာ

24/06/2023

‼️‼️ဝက်ခြံဆိုတိုင်း ညှစ်သင့်လား⁉️🤔🤔

‼️တချို့တွေက ပြောတယ်၊ ဝက်ခြံပေါက်နေရင်
ရုပ်ပိုဆိုးတာပေါ့၊ ညှစ်လိုက်မှ မြန်မြန်ပျောက်သွားမှာလေ ဆိုပြီး။

‼️ကိုယ်တိုင်ညှစ်ရင်ညှစ်၊ မညှစ်ရင်လည်း တခြားသူတွေကို ညှစ်ဖို့ အကြံပေးတတ်ကြသေးတယ်နော်။

‼️ တကယ်တော့ ပေါက်နေတဲ့ ဝက်ခြံကို
ညှစ်တယ်ဆိုတာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ လုံးဝ မဟုတ်ပါဘူး။

‼️ဒါ့အပြင် မသန့်ရှင်းတဲ့လက်နဲ့ ညှစ်မိလိုက်တဲ့အခါ လက်မှာရှိတဲ့ ရောဂါပိုးက အနာထဲကို ဝင်သွားပြီး ပိုးဝင်တယ်၊ ပြည်တည်တယ်၊ ရောင်လာမယ်၊ မခံမရပ်နိုင်အောင် ယားလာမှာပေါ့။

‼️လက်သန့်သန့်နဲ့ ညှစ်လိုက်ပါပြီတဲ့၊ နောက်ပိုင်းမှာ ဝက်ခြံညှစ်ထားတဲ့ နေရာကို သေချာသန့်သန့်ရှင်းရှင်း မထားဘူးဆိုရင်လည်း အဲ့လိုပဲ ထပ်ပြီး ဖြစ်လာမှာပါပဲ။

‼️ဒါကြောင့် ဝက်ခြံပေါက်ရင် လုံးဝ မညှစ်ဖို့၊ သူ့ဘာသာ အချိန်ကြာလာတော့မှ ပြားပြီး ချပ်သွားတဲ့အထိ စောင့်ပေးဖို့ အကြံပေးလိုက်ချင်ပါတယ်။

‼️စာလေးအကျိုးရှိမယ်ဆိုရှဲပေးနော်👍

ဝက်ခြံအကြောင်းသိကောင်းစရာ

27/05/2023

🌵🌵ရှားစောင်းနဲ့ဝက်ခြံ🌵🌵

🍁ဝက်ခြံပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံး
သဘာဝပစ္စည်းကတော့ရှားစောင်းလက်ပတ်ပါ

🍁၊ရှားစောင်းလက်ပတ်ဟာအသားအရေကို
ရေဓာတ်ဖြည့်ပေးတဲ့သဘာဝဂျယ်တစ်မျိုးဖြစ်ပြီး

🍁အရေပြားအတွင်းပိုင်းအထိ
အေးမြလန်းဆန်းစေပါတယ်၊

🍁နေ့စဉ်ပုံမှန်အသားအရေကိုလိမ်းပေးမယ်ဆိုရင်
ဝက်ခြံထွက်ခြင်းကိုလျော့‌နည်းစေပြီး

🍁ဝက်ခြံကြောင့်ဖြစ်တဲ့
အရေပြားနာကျင်ရောင်ရမ်းမှုကိုလည်း
သက်သာစေပါတယ်

🍁ဝက်ခြံအတွက်
ရှားစောင်းကိုပဲအားကိုးနေလို့မရပါဘူး

🍁ကိုယ်ကမိတ်ကပ်၊သနပ်ခါးလိမ်းတတ်တဲ့သူဆိုရင်

🍁မျက်နှာ cleansing အပိုင်းကိုလည်း
သေချာဂရုစိုက်ပါ

🍁တခုခုအကျိုးရှိမယ်ဆိုရင်
လွတ်လပ်စွာ share နိုင်ပါတယ်

ဝက်ခြံအကြောင်းသိကောင်းစရာ

Photos from Moe Thawdar's post 18/05/2023

ဝမ်းချုပ်ခြင်းနှင့်ဝက်ခြံ

📌ဝမ်းချုပ်တာက ခန္ဓာကိုယ်တွင်းကအပူအပုပ်တွေကိုမစွန့်နိုင်တဲ့အတွက်အပူအပုပ်တွေစုပြုံလာတဲ့အခါ ဝက်ခြံထွက်တတ်ပါတယ်

📌တစ်ပတ်လုံးနေမှ ဝမ်းသွားတာ
၃ကြိမ်တောင် မပြည့်ဘူး။

📌အိမ်သာသွားတဲ့ အချိန်မှာ အူက သူ့အလိုလို
နာလာတာမျိုးမရှိဘဲ ကိုယ်က အားနဲ့ညှစ်သွားနေရတာမျိုး၊

📌ဝမ်းက ပျော့ပျော့လေးမဟုတ်ဘဲ
မာမာခဲခဲတွေဖြစ်နေတာမျိုး

📌ဝမ်းသွားရတာ မဝဘဲ ဝမ်းကျန်နေသလိုမျိုး
ဖြစ်နေပြီဆိုတော့ သင် ဝမ်းချုပ်နေပါပြီ။

📌ဝမ်းချုပ်ခြင်းကြောင့်ခန္ဓာကိုယ်မှာအညစ်အကြေးတွေစုပြုံပြီးဝက်ခြံဖြစ်စေပါတယ်

ဝက်ခြံအကြောင်းသိကောင်းစရာ

17/05/2023

‼️ပါးပေါ်မှာပေါက်တဲ့ဝက်ခြံကတော့
အဆုတ်ပြဿနာကြောင့်ပါ

‼️ ဒီဖြေရှင်းဖို့ဆိုရင်
ဆေးလိပ်ရှောင်၊ smoking area ကိုရှောင်ပါ။

‼️ နောက်တခုဖြစ်နိုင်တာက
အိပ်ရာခင်း၊ ခေါင်းအုံးစွပ်မသန့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အဲ့တာကြောင့် ပုံမှန်လေးသတိတရလဲပေးပါ။

ဝက်ခြံအကြောင်းသိကောင်းစရာ

Photos from Moe Thawdar's post 17/05/2023

#ဝက်ခြံ

အကြောင်း အမျိုးမျိုးကြောင့် ဝက်ခြံတွေ ထွက်တတ်ကြပါတယ် ဒါပေမဲ့ ဘာကြောင့် ဒီနား မှာ ဝက်ခြံ ထွက်လာရတာလဲ ဆိုတာကို တော့ လူတော်တော် များများက မသိကြပါ အဖြေ မရှာ တတ် ကြတာ မို့ အားလုံး သိရအောင် ပုံလေးတွေ နဲ့ သေချာ ပြောပြထားတာလေးကို sharing လုပ်ပေးထားပါတယ်
သေချာကြည့်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေ မှတ်လိုက်ကြ ရအောင် နော်

#ဝက်ခြံအကြောင်း

16/05/2023

📌ဝက်ခြံပျောက်ချင်တယ်ပဲထိုင်ညည်းနေရင်တော့စိတ်တွေညစ်ပြီးဝက်ခြံပိုထွက်လာဖို့ပဲရှိတယ်နော်

📌ဝက်ခြံပျောက်ချင်ရင်ဒီအချက်တွေ
သေချာလုပ်ပါ

📌၁. လက်မဆေးဘဲမျက်နှာမသစ်ပါနဲ့

📌၂.သင်ကဝက်ခြံသမားဆိုရင်
စနိုး၊သနပ်ခါးတွေသိပ်မလိမ်းးပါနဲ့။‌

သေချာ cleansing မလုပ်နိုင်ရင်ချွေးပေါက်ပိတ်ပြီးဝက်ခြံပိုဆိုးတတ်လို့ပါ

📌၃.ညအိပ်ခါနီးမျက်နှာကိုသန့်စင်ပြီးမှအိပ်ပါ။သနပ်ခါးတွေ၊မိတ်ကပ်တွေမလိမ်းးအိပ်ပါနဲ့

📌၄.‌ ရေများများသောက်ပါ

📌၅.သွေးလည်ပတ်မှုကောင်းအောင်
ကိုယ်ကာယလေ့ကျင့်ခန်းနေ့စဉ်ပုံမှန်လုပ်ပါ။

📌၆.လက်နဲ့မညစ်ပါနဲ့၊မဆွပါနဲ့
လက်ကပိုးတွေကြောင့်အပူလိုက်ပီး
ပိုဆိုးတတ်ပါတယ်

📌၇.ဝမ်းမချုပ်အောင်အသီးအရွက်
များများစားပါ။

📌၈.စိတ်ဖိစီးမှုမခံပါနဲ့၊ပြေပျောက်အောင်သီချင်းနားထောင်ပါ။

ဝက်ခြံအကြောင်းသိကောင်းစရာ

15/05/2023

🌿အဲ့လိုဝက်ခြံတွေနီရဲရောင်ရမ်းနေတာဟာ

🌿အိပ်ရေးပျက်တာ

🌿စိတ်တွေလေးလံပြီးထိုင်းမိုင်းနေတာ

🌿မျက်နှာ cleansing သေချာမလုပ်တာတွေ
ကြောင့်ဖြစ်ပါတယ်

🌿ဒါကြောင့်ဝက်ခြံနာကျင်ရောင်ရမ်းနေပြီဆိုရင်
အပေါ်ကအချက်တွေဖြစ်နေပြီလားပြန်စဉ်းစားကြည့်ပါနော်

🌿ဝက်ခြံဝေဒနာရှင်များအတွက်
အမြဲဗဟုသုတတွေတင်ဆက်ပေးမဲ့

#ဝက်ခြံအကြောင်းသိကောင်းစရာ

08/04/2023

#ဝက်ခြံ #အဆီဖု
#အမည်းစက်အမာရွတ်တွေကြောင့် မကြားချင်လောက်အောင်စိတ်ညစ်ရပြီး....😫

ပျောက်ချင်ဇောနဲ့ #သိန်းချီကုန်အောင် skincare တွေလုပ်နေပေမယ့်

ဒီ အကျင့်ဆိုးတွေ ရှိနေခဲ့ရင် မထူးခြားပဲ ဖြစ်နေပါလိမ့်မယ်ရှင့်

ပိုပိုနု ပိုပိုလှကြဖို့ အကျင့်ဆိုးတွေဖျောက်ဖို့ လိုပါတယ်

#ဒီအချက်ကလေးတွေကို ဂရစိုက်ပေးပါ ✍️

Category

Telephone

Website

Address


Myeik

Alerts

Be the first to know and let us send you an email when Moe Thawdar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myeik.