Pyone Dental Clinic
Dental Clinic
30/07/2026
"သွားတွေကလည်းမကောင်းဘူးစိတ်ညစ်လိုက်တာအကုန်နှုတ်ပီးအံကပ်ပဲ့တပ်တော့မယ်" 😩
ဒီလိုတွေးပြီး စိတ်ညစ်နေတဲ့သူလေးတွေ ရှိလား? ဆုံးဖြတ်ချက်မချခင် ခဏလောက် ရပ်စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ✋
အံကပ်တပ်တာက အဆင်ပြေတယ် ဆိုပေမယ့် ကိုယ့်ရဲ့ သဘာဝသွားအမြစ်တွေရှိနေတဲ့ သွားအစစ်တွေနဲ့ ဝါးစားရတဲ့ အရသာနဲ့ ခံစားမှုမျိုးကိုတော့ ဘယ်တော့မှ အပြည့်အဝ မပေးစွမ်းနိုင်ပါဘူး။ အံကပ်နဲ့ဆိုရင် မာတဲ့အရာတွေ စားတဲ့အခါ အားမရတာ၊ စကားပြောရင်း ဒါမှမဟုတ် အစာစားရင်း လွတ်ထွက်သွားမှာကို စိတ်ပူရတာတွေ ရှိနိုင်ပါတယ်။
ဒါကြောင့် ပြင်လို့ရနေသေးတဲ့ သွားလေးတွေကို အလွယ်တကူ မနှုတ်ပစ်ဘဲ ပြန်လည်ပြုပြင်လိုက်တာက လက်တွေ့အကျဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ 💯
✨ ပုံထဲမှာကတော့ ပြင်လို့ရသေးတဲ့သွားတွေကို လိုအပ်သလိုပြုပြင်ပီး Zirconia Crown လေးတွေပြန်စွပ်ပေးထားတာဖြစ်ပါတယ်
-ကိုယ့်ရဲ့သွားအစစ်အတိုင်း ကျန်ရှိနေတဲ့အတွက် ဝါးစားလို့ အရမ်းကောင်းပြီး စိတ်ကြိုက် အားပါးတရ စားနိုင်ပါတယ်။
-သဘာဝသွားနဲ့ အနီးစပ်ဆုံးတူလို့ ကြည့်လိုက်ရင် အရမ်းကို သဘာဝဆန်ပြီး လှပပါတယ်။
-အရည်အသွေးမြင့်မားလို့ ခိုင်ခံ့မှုအားကောင်းပြီး ရေရှည်အတွက် စိတ်ချရပါတယ်။
💡 အကြံပြုချက်
သွားဆိုတာ တစ်ခါနှုတ်လိုက်ရင် ပြန်ပေါက်လာတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် ပြင်လို့ရနေတုန်း ပြင်သင့်တဲ့အချိန်လေးမှာ သွားတွေကို အကုန်နှုတ်ပစ်မယ့်အစား သေချာလေး ပြန်လည်ပြုပြင်ပြီး ထိန်းသိမ်းလိုက်ပါ။ ကိုယ့်ရဲ့ သွားအစစ်လောက် ဘယ်အရာကမှ ဝါးစားလို့ မကောင်းသလို၊ အကောင်းဆုံးလည်း မဖြစ်နိုင်ပါဘူး။
အလှပဆုံးအပြုံးတွေနဲ့ အရသာရှိတဲ့ အစားအစာတွေကို စိတ်ကြိုက်စားသုံးနိုင်ဖို့ သင့်ရဲ့သွားလေးတွေကို အခုပဲ ဂရုစိုက်လိုက်ပါ။ 💙
📍 လိပ်စာ - [အမှတ်၅၈၊မြို့ပတ်၂လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊အောင်သုခရပ်၊ မြိတ်မြို့။]
📞 ဖုန်း - [09-773 398 523,09-255 401 075]
#ပြုံးသွားဆေးခန်း Crown Crown #
24/07/2026
✨️ ဆွဲဆောင်မှုအပြည့်နဲ့ ပြီးပြည့်စုံတဲ့ အပြုံးလေးကို သင်ကိုယ်တိုင် ပိုင်ဆိုင်လိုက်ပါ။🫦
လူအများကြားမှာ ယုံကြည်မှုရှိရှိ ပြုံးနိုင်ဖို့ဆိုတာ လှပညီညာတဲ့ သွားလေးတွေရှိဖို့ လိုအပ်ပါတယ်။ သွားလေးတွေ အရောင်ဝါနေတာ၊ ပဲ့နေတာ၊ ဒါမှမဟုတ် သွားကြားဟနေတာတွေကြောင့် ပြုံးရတာ အားငယ်နေတယ်ဆိုရင်တော့ ပြုံး (PYONE) သွားဆေးခန်း ရဲ့ Ceramic Veneers (သွားကြွေလွှာကပ်ခြင်း) ကုသမှုက သင့်အတွက် အသင့်တော်ဆုံးပါပဲ။
အခုပြသထားတဲ့ ပုံလေးတွေဆိုရင် ကျွန်တော်တို့ ပြုံး (PYONE) သွားဆေးခန်း မှာ ဆရာဝန်များကိုယ်တိုင် သေချာဂရုတစိုက် ပြုလုပ်ပေးထားတဲ့ Actual Case လေးပဲ ဖြစ်ပါတယ်ဗျ။👌
ဒီပုံလေးတွေထဲမှာ ပြသထားတဲ့အတိုင်း ကျွန်တော်တို့ ဆေးခန်းမှာ...
-ပါးလွှာပြီး သဘာဝသွားနဲ့ အလွန်တူတဲ့ အရည်အသွေးမြင့် ကြွေလွှာ (Ceramic) လေးတွေကိုသာ အသုံးပြုပါတယ်။
-မူလသွားကို အများကြီးပွတ်တိုက်စရာမလိုဘဲ စနစ်တကျ သေချာကပ်ပေးတာဖြစ်လို့ သွားအကြောထိခိုက်မှာကို လုံးဝ စိတ်ပူစရာမလိုပါဘူး။
-ကော်ဖီ၊ လက်ဖက်ရည်စတဲ့ အစားအသောက်တွေကြောင့် အရောင်စွန်းထင်းမှု မဖြစ်စေဘဲ ရေရှည်ခိုင်ခံ့လှပနေမှာပါ။
သင့်မျက်နှာကျနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ပြီးပြည့်စုံတဲ့အပြုံး (Smile Makeover) ကို ဖန်တီးချင်တယ်ဆိုရင်တော့ ပြုံး (PYONE) သွားဆေးခန်း ကို ယုံကြည်စိတ်ချစွာ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
📍 လိပ်စာ - [အမှတ်၅၈၊မြို့ပတ်၂လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊အောင်သုခရပ်၊ မြိတ်မြို့။]
📞 ဖုန်း - [09-773 398 523,09-255 401 075]
#ပြုံးသွားဆေးခန်း
ပျောက်ဆုံးနေတဲ့သွားလေးကနေ ပြီးပြည့်စုံတဲ့ အပြုံးဆီသို့ ✨🦷
သွားစိုက်ထားတဲ့အောက်ကနေသွားလေးပြန်ထွက်လာလို့ဆရာ😳🫢
ဆိုတော့ထွက်လာတဲ့သွားလေးကို သွားညှိကုသမှု (Braces) နဲ့ နေရာမှန်ရောက်အောင် စိတ်ရှည်လက်ရှည် ဆွဲထုတ်ပေးခဲ့တဲ့ ကုသမှုလေးကို မျှဝေပေးချင်ပါတယ်ဗျ။
သွားလေး နေရာမှန်ကို ရောက်လာတဲ့အခါမှာတော့ ပိုပြီး လှပသေသပ်သွားအောင်နဲ့ သွားအရောင် ညီညာသွားအောင် အစွပ်ချွတ်ထားတဲ့သွားလေးတွေကိုသွားအစွပ်(Dental Crowns)လေးတွေ ပါ သပ်သပ်ရပ်ရပ်လေး ပြန်ထည့်ပေးလိုက်ပါတယ်။ 😍
Vedioလေးကို ကြည့်လိုက်တာနဲ့ အရင်ကနဲ့မတူဘဲ ဘယ်လောက်တောင် ယုံကြည်မှုရှိရှိ ပြုံးနိုင်သွားပြီလဲဆိုတာ မြင်တွေ့ရမှာပါ။ သင့်ရဲ့ အပြုံးတွေကို ပိုပြီး လှပလာစေဖို့ ကျွန်တော်တို့ ဆေးခန်းမှာ လာရောက်ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ခင်ဗျာ။ 💙
📍 လိပ်စာ - [အမှတ်၅၈၊မြို့ပတ်၂လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊အောင်သုခရပ်၊ မြိတ်မြို့။]
📞 ဖုန်း - [ 09-773 398 523 , 09-255 401 075 ]
# Pyone Dental Clinic #သွားကျန်းမာရေး
16/07/2026
သတင်းကောင်း... 🎉
"ပြုံး" သွားဆေးခန်းမှာ Dental Implant စိုက်လို့ရနေပီနော်
သွားကျွတ်သွားလို့၊ သွားမရှိတော့လို့ ကိုယ်စားချင်တာ စိတ်ကြိုက်မစားရဘူးဆိုပြီး စိတ်ညစ်မနေနဲ့တော့နော်။
သဘာဝသွားအစစ်နီးပါး ခိုင်ခံ့ပြီး သက်တောင့်သက်သာဖြစ်စေမယ့် Dental Implant (သွားမြစ်တုစိုက်ခြင်း) ကို ပြုံး (PYONE) သွားဆေးခန်းမှာ ယုံကြည်စိတ်ချစွာ လာရောက်ကုသနိုင်ပါပြီ။
ဘာလို့ Implant ကို ရွေးချယ်သင့်တာလဲ?
-သဘာဝသွားအတိုင်း ပုံမှန်ပြန်လည်ဝါးစားနိုင်ခြင်း
-ဘေးက သွားကောင်းများကို စားပစ်စရာမလိုဘဲ လုံးဝ ထိခိုက်မှုမရှိခြင်း
-ရိုးရိုးအံကပ်လို ဖြုတ်လိုက်တပ်လိုက် လုပ်စရာမလိုဘဲ ရေရှည်ခိုင်ခံ့ခြင်း
ယုံကြည်မှုရှိတဲ့ သင့်ရဲ့အပြုံးလေးတွေ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အသေးစိတ်ကို အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါနော်။
📍 လိပ်စာ - [အမှတ်၅၈၊မြို့ပတ်၂လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊အောင်သုခရပ်၊ မြိတ်မြို့။]
📞 ဖုန်း - [09-773 398 523,09-255 401 075]
#ပြုံးသွားဆေးခန်း #သွားမြစ်တု
09/05/2026
ရယ်လိုက်တိုင်း လက်ဝါးလေး ကာကာနေရတဲ့ ဒုက္ခကနေ ချက်ချင်း ကင်းဝေးသွားစေမယ့် နည်းလမ်း! 🤩
ရှေ့သွားလေးတွေ ပဲ့နေ၊ ဆွေးနေလို့ လူတောထဲသွားရင် ယုံကြည်မှုပျောက်နေလား? 🥺
ဒီနေ့ လုပ်ပေးဖြစ်ခဲ့တဲ့ ရှေ့သွားအလှဖာ (Aesthetic Filling) Before & After ပုံလေးကိုသာ ကြည့်လိုက်ပါတော့နော်...
ပုံထဲက Patient လေးဆိုရင် ရှေ့သွားနှစ်ချောင်းလုံး သိသိသာသာ ဆွေးပြီး ပဲ့ထွက်နေလို့ တော်တော်လေး စိတ်ညစ်ခဲ့ရတာပါ။
ဒါပေမယ့် ဆေးခန်းကိုရောက်လာတဲ့အခါမှာတော့ ဆရာဝန်က နဂိုသွားအရောင်နဲ့ တစ်ထပ်တည်းကျအောင် သေသေချာချာလေး ပြန်လည်ပြုပြင် ဖန်တီးပေးလိုက်ပါတယ်။ အခုဆိုရင် ဖာထားမှန်းတောင် လုံးဝမသိသာတော့ဘဲ သဘာဝကျကျလေးနဲ့ ပြန်လှသွားပြီပေါ့ 😍
ဒီလို ရှေ့သွားအလှဖာတာရဲ့ အားသာချက်တွေကတော့ -
✨ ကြွေသွားစွပ်စရာမလိုဘဲ အချိန်တိုအတွင်းမှာ ချက်ချင်းလှသွားမယ်။
✨ ကိုယ့်ရဲ့ မူလသွားအရောင်အတိုင်း သေသေချာချာ ချိန်ညှိပေးလို့ သဘာဝကျပြီး ဖာထားမှန်း လုံးဝမသိသာဘူး။
✨ အရင်လို ရှက်စရာ၊ စိတ်ညစ်စရာမလိုတော့ဘဲ ယုံကြည်မှုရှိရှိ ပြုံးနိုင်၊ ရယ်နိုင်သွားမယ်။
ကိုယ့်မှာလည်း ဒီလိုမျိုး သွားလေးတွေ ပဲ့နေတာ၊ ဆွေးနေတာ၊ ကြားဟနေတာလေးတွေရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင်တော့ အချိန်မဆွဲပါနဲ့တော့နော်။ သွားလေးတွေ လှသွားတာနဲ့ မျက်နှာလေးပါ ပိုလင်းသွားမှာ အသေအချာပါပဲ 💯
အသေးစိတ်ကို ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Pyone Dental Clinic ကိုခုပဲလာခဲ့လိုက်တော့နော် 💌
#သွားကျန်းမာရေး #ယုံကြည်မှုရှိသောအပြုံး
05/05/2026
🦷 အပြုံးလှလှလေးကနေ ရရှိတဲ့ ယုံကြည်မှု
"လူတစ်ယောက်ရဲ့ ပထမဆုံး အထင်ကြီးမှုကို ဖန်တီးပေးတာက 'အပြုံး' ပါ။"
သွားမှာ အက်ရာ၊ ပဲ့ရာ ၊ သွားပိုးစားနေတာတွေရှိရင် အပြုံးက မလှပ သလို ခံစားရတတ်ပါတယ်။ ဒီနေ့ case ကတော့ ရှေ့သွားကြားက ပိုးစားနေတဲ့နေရာကို Aesthetic Composite (သွားအလှဖာခြင်း) ဖြင့် ပြုပြင်ထားတာပါ။ နာကျင်မှုမရှိ၊ အချိန်မကြာဘဲ သဘာဝသွားအရောင်နဲ့ ကွက်တိကျအောင် ပြုလုပ်ပေးထားပါတယ်။
သင်လည်း ဒီလိုပြဿနာမျိုး ကြုံနေရရင် Pyone Dental Clinic ကို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
27/02/2024
"ပြုံး"သွားနှင့်ခံတွင်းဆေးခန်း တစ်နှစ်ပြည့်စတုဒီသာအလှူ
"ပြုံး"သွားနှင့်ခံတွင်းဆေးခန်းကို ယုံကြည်စိတ်ချစွာ လာရောက် ကုသ ကြတဲ့ မိတ်ဆွေသူငယ်ချင်းများ မိဘညီအစ်ကိုမောင်နှစ်မများရဲ့ကျေးဇူးကြောင့် "ပြုံး"ဆေးခန်းတစ်နှစ်ပြည့်ခဲ့ပါပီခင်ဗျ။
အားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများ မိဘညီအစ်ကိုမောင်နှစ်မများရဲ့အလှူလည်းဖြစ်ပါတယ်ခင်ဗျ
ဝမ်းမြောက်သာဓုခေါ်နိုင်ဖို့ အလှူပုံရိပ်တွေမျှဝေပေးလိုက်ပါတယ်ခင်ဗျ😍😘
08/09/2023
သွားအစွပ်စွပ်လိုက်တော့မှ သွားတုကြီးတပ်ထားတယ်ဆိုပြီးလည်း အထင်ခံရမှာကြောက်တယ်...😣
လုပ်လိုက်ပြီးမှ တလွဲကြီးဖြစ်မလား? အဆင်မပြေဖြစ်လား? စတဲ့ မေးခွန်းတွေနဲ့သွားအစွပ်တပ်ဖို့ တွေဝေနေပြီဆိုရင်တော့ Pyone Aesthetic & Digital Dental Center ကိုသာ လှမ်းလာခဲ့လိုက်ပါ 💁♀️
Pyone Aesthetic & Digital Dental Center မှာဆိုရင်တော့ ဒီလိုတွေစိုးရိမ်စရာမလိုပါဘူး🥰
🦷သွားပုံစံကို သဘာဝအတိုင်း အစစ်နဲ့ခွဲမရအောင်ရရှိစေဖို့ Digital နည်းပညာနဲ့ Computer-aided Design and Computer-aided manufacturing (CAD/CAM ) ကို အသုံးပြုပြီး ကုသပေးနေပါပြီ
🦷ဒါ့အပြင် သွားအရောင်ကိုလည်း ပုံမှန်မဟုတ်တဲ့ အရမ်းဖြူလွန်းတာမျိုး၊ သဘာဝအတိုင်းမရရှိမှာလည်း မစိုးရိမ်နဲ့နော Shade Guide လေးနဲ့ သေချာချိန်တိုင်းပြီး ပြုလုပ်ပေးလို့ မူလသွားအရောင်နဲ့ တစ်ထပ်တည်းရရှိစေမှာပါ 😍
သွားအစွပ်စွပ်ဖို့ တွေဝေနေပြီဆိုရင်တော့ အစစ်အတိုင်း အရောင်၊ပုံစံတွေကို တထပ်တည်းရစေမယ့် Pyone Aesthetic & Digital Dental Center ရှိနေပါပြီ 💁♀️
Pyone Aesthetic & Digital Dental Center
☎️Contact Us: 09 - 773 398 523, 09 - 255 401 075
🏡Address: အမှတ် (၅၈)၊ မြို့ပတ် (၂)လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊ အောင်သုခရပ်၊ မြိတ်မြို့။
&DigitalDentalCenter #သွား #သွားအစွပ်စွပ်ခြင်း
31/08/2023
🦷သွားဝါတာ၊ မညီညာတာ၊ ပဲ့နေတာ၊ ကျဲနေတာ စတဲ့ လိုအပ်ချက်တွေကို စိတ်တိုင်းကျပြန်လည်ဖြည့်ဆည်းပေးပြီး မူလသွားအကောင်းပကတိအတိုင်းပြန်လည်ရရှိစေမယ့် သွားအစွပ် Crown တပ်ဆင်ခြင်းကို Pyone Aesthetic & Digital Dental Center မှာ ကုသမှုခံယူနိုင်ပါပြီ
🦷သွားအစွပ် Crown တွေကို Digital နည်းပညာနဲ့ Computer-aided Design and Computer-aided manufacturing (CAD/CAM ) ကို အသုံးပြုထားတာကြောင့် ကိုယ့်ရဲ့မူရင်းသွားတွေလို သဘာဝအတိုင်း အစစ်နဲ့ ခွဲမရအောင်ရရှိစေမှာပါ
အပြုံးပန်းတွေ အမြဲလန်းနေဖို့ သွားအစွပ် Crown တပ်တော့မယ်ဆို
1.Metal Crown (သတ္တုသွား)
• ပုံမှန် သွားအမျိုးစားထဲတွင် ခိုင်ခံ့မှု အကောင်းဆုံး အမာဆုံးသွားအမျိုးစားဖြစ်ပါတယ်
• စျေးနှုန်းသင့်လျော်ပြီး သတ္တုအရောင်ဖြစ်တဲ့အတွက် အံသွားစိုက်ရာမှာ အသုံးပြုကြပါတယ်
2.Porcelain Fused Metal (သတ္တုစပ်ကြွေသွား)
• သတ္တုသွားကိုမှအပေါ်က ကြွေအုပ်ထားတဲ့ကြွေသွားအမျိုးစားဖြစ်ပြီး စျေးနှုန်းအသင့်လျော်ဆုံးနဲ့ အကြမ်းလည်းခံတာမလို့ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ကြွေသွားအမျိုးအစားဖြစ်ပါတယ်
• မိမိသွားအရောင်နှင့် ၈၀% လောက်ထပ်တူတည်းကျပြီး ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင်ထိ အသုံးပြုလို့ရပါတယိ
3.Zirconia Crown ( ကြွေသီးသန့်အစွပ်)
• သတ္တု မပါဘဲ ကြွေသွားသီးသန့်ဖြစ်တာကြောင့် သဘာဝသွားလို လှပပြီး ဘေးသွားအရောင်နှင့် တူညီပါတယ်
• အလွန်မာကြော ခိုင်ခံ့ပြီး ရေရှည် အသုံးပြုလို့ရသလို သတ္တုမပါလို့ သွားအရောင်နီးပါရရှိလို့ ရှေ့သွားတွေစွပ်တဲ့အခါမှာ အသုံးပြုလို့ရပါတယ်
4.Porcelain Fused Zirconia( ကြွေနှစ်မျိုးစပ် သွား)
•ကြွေသွားသီးသန့်ကိုမှ အပေါ်ကနေထပ်ပြီး ကြွေ layer လေးတင်ပြီးပြုလုပ်ထားတာဖြစ်လို့ ခွဲမရအောင်ထိအစစ်တိုင်းကိုရရှိစေမယ့် ကြွေသွားအမျိုးအစားဖြစ်ပါတယ်
•သွားအစစ်ထက် ပိုမိုမာကြောခိုင်ခံပြီး အကြမ်းလည်းခံပါတယ်
5.Lithium Disilicate(LiSi Crown) ကြွေသီးသန့်သွား
Digital design and manufacture ဖြစ်လို့တိကျြပီးပြုလုပ်ရာမှာလည်းမြန်ဆန်ပါတယ်
မာကျော ကျွတ်ဆတ်တာဖြစ်လို့ အတွဲလိုက်သွားစိုက်တာတွေအတွက်တော့ အဆင်မပြေပါဘူး
ဒီအမျိုးအစားတွေထဲကမှ ကြိုက်နှစ်သက်ရာကို ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စိတ်တိုင်းကျ တပ်ဆင်နိုင်ပါပြီ
သွားအစွပ် Crown နဲ့သာဆို ပြုံးပြနှုတ်ဆက်ဖို့လည်း မဝံ့မရဲဖြစ်နေစရာမလိုတော့ဘူးနော်
Pyone Aesthetic & Digital Dental Center
☎️Contact Us: 09 - 773 398 523, 09 - 255 401 075
🏡Address: အမှတ် (၅၈)၊ မြို့ပတ် (၂)လမ်း နှင့် အေးရိပ်မွန်လမ်းထောင့်၊ အောင်သုခရပ်၊ မြိတ်မြို့။
&DigitalDentalCenter #သွား #သွားအစွပ်စွပ်ခြင်း
Category
Contact the business
Telephone
Website
Address
Myeik
11071
Alerts
Be the first to know and let us send you an email when Pyone Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
