Kaung& WuutYee
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung& WuutYee, Health/Beauty, တနသာ်ရီတိုင်း, Myeik.
17/07/2024
ကျမတို့ အမျိုးသမီးများသည် “သွေးဆုံးချိန်” ဆိုတဲ့ စကားလုံးကိုမည်သည့် မိန်းခလေး မဆိုတချိန်တွင် ရောက်ရှိခံစားရမည်မှာ သေချာပါသည်။ မည်သူမျှကျော်လွန်၍မရပါ။ သဘာဝ တရားတခုကို လက်ခံရမှာသာဖြစ်ပါသည်။ တချို့သောမိန်းခလေးငယ်များကသွေးဆုံးချိန်ရောက်လျှင် ဘာတွေဖြစ်မှာလည်း ၊ ဘယ်လိုကျော်လွှားရမည်လည်းဟုဆိုပြီး တွေ့ရမည်ကိုကြောက်ကြသည်။ မိမိတို့၏ အဖွား ၊ အမေ များခံစားရသည်ကိုမျက်မြင်တွေ့ကြုံထားသဖြင့် သွေးဆုံးချိန် ကိုမရောက်ခြင်ဘူး ဟူ၍ ပြောကြ သည်ကို လည်းကြားဘူးပါသည်။
တကယ် ဘဲ ကြောက်ဖို့ကောင်းပါသလား ဆိုပြီးမေးခွန်းထုတ်စရာရှိပါသည်။
သွေးဆုံးချိန်ဆိုသည်မှာအမျိုးသမီးတယောက်၏ ကလေးမွေးဖွားပေးနိုင်သည့်အချိန် ပြီးဆုံးပြီဟု လည်းဆိုနိုင်ပါသည်။ များသောအားဖြင့် အသက် ၅၀ပတ်ဝန်းကျင် တွင် ဖြစ်တတ်ကြသည်။တချို့က ၄၀ ကျော်အရွယ် မှာတောင်သွေးဆုံးတတ်ကြသည်။ အမျိုးသမီး ၁၀၀ တွင် ၁ ယောက် ဝန်းကျင်သည် လမစေ့မီ Premature Menopause ကိုလည်း ခံစားကြရသည်။ အဓိကအားဖြင့် Estrogen နဲ့ Progesterone ဟော်မုန်းလျှော့ကျသွားတတ်ပါသည်။ ဤအချိန်တွင်မျက်နှာနှင့်ခန္ဓာကိုယ်တွင် ပူလိုက်၊အေးလိုက် ခံစားရခြင်း၊ မျက်နှာတွင် တင်းတိတ်များ၊ အနီရောင် အကွက်များထွက်ခြင်း၊ (Hot Flush)၊ စိတ် တို၊ စိတ်ဆိုးမှုများ များပြားလာခြင်း၊ တချို့ကလည်းစိတ်ဓါတ်ကျ၊ ဝမ်းနည်းပြီး မကြာခဏငိုကြွေးတတ်ခြင်း ၊ အိပ်မပျော်ခြင်း၊ အရိုး၏သိပ်သည်းဆ လျော့နည်းခြင်း၊ အရိုး နှင့်ပတ်သက်သည့်ပြဿနာ များ များပြား လာခြင်း စသည်တို့ တွေ့ကြုံရတတ်ပါသည်။
အမျိုးသမီးဟော်မုန်း အပြောင်းအလဲ အများဆုံးအချိန်ဖြစ်သဖြင့် မိမိ၏ စိတ်အခြေအနေ၊ ခန္တာကိုယ် အပြောင်းအလဲ များသည့်အချိန်ဖြစ်သဖြင့် စားသောက်သည့် အစားအစာများ ၊ နေထိုင်မှုပုံစံများကို ပြောင်းလဲပေးရပါမည်။
ဤအချိန်တွင် Balance Diet ညီညွတ်မျှတအောင်စားတတ်ဖို့လွန်စွာအရေးကြီးပါသည်။ အာဟာရဓါတ်ပြည့်ဝဖို့ပိုပြီးလိုအပ်ပါသည်။ မိမိ ကြိုက်တာစားသည်ထက်လိုအပ်တဲ့ အာဟာရဓါတ် ပြည့်ဝ အောင်စားတတ်ဖို့ ဦးစားပေးရပါမည်။ ပရိုတင်းဓါတ် ၊ ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် ဓါတ်တို့ ပေါကြွယ်ဝသည့် အစားအစာများကိုဦးစားပေးစားရမည်ဖြစ်ပြီး ၊ တိရစ္ဆန် အဆီ ၊ ပြည့်ဝဆီ၊ အသွင်းပြောင်းဆီ၊ ကိုလက်စရော များသည့်အစားအစာများ၊ အချိုရည် များ ကိုလျှော့စားပေးရမည်ဖြစ်ပါသည်။
နို့နှင့် နို့ထွက်ပစ္စည်းများတွင်ကယ်လ်ဆီယမ် ဓါတ် အဓိက ပေါကြွယ်ဝ သဖြင့် သွေးဆုံးသည့် အမျိုးသမီးများသည် မဖြစ်မနေသောက်သုံးသင့်ပါသည်။ တနေ့တွင်ကယ်လ်ဆီယမ် ဓါတ် 1200 mg လိုအပ်ပါသည်။အရိုး ကျန်းမာရေး အတွက် ကယ်လ်ဆီယမ် ဓါတ်ပေါကြွယ်ဝသည့် အစားအစာများ နေ့တိုင်းစားသောက်ပေးရန်လိုအပ်ပါသည်။ တနေ့လျှင် နို့ သို့မဟုတ် ဒိန်ချဥ်တခွက် အနည်းဆုံးသောက်သင့်ပါသည်။ ကညွတ် ၊ ပန်းပွင့်စိမ်း၊ ဗူးညွှန့်၊ ဂေါ်ရခါး ညွှန့်၊ ပဲပြား၊ တိုဖူး ၊ အစေ့အဆန် စသည်တို့တွင် ကယ်လ်ဆီယမ် ဓါတ်ပေါကြွယ်ဝသဖြင့် တပတ်တွင် အနည်းဆုံး သုံး၊ လေး ကြိမ် စားသင့်ပါသည်။ ထိုပြင် ဗီတာမင် ဒီ ကလည်းလိုအပ်ပါသည်။ ဗီတာမင် ဒီ ကတော့ အစားအသောက်များတွင် အနည်းငယ်သာ ပါရှိပြီး နေရောင်ခြည် မှ အဓိက ရရှိပါသည်။ တနေ့လျှင် နေရောင်ထဲ မိနစ်၂၀ ခန့် လမ်းလျှောက်ပေးလျှင်လုံလောက်ပါသည်။
အခြားအာဟာရဓါတ်များဖြစ်သည့် အိုင်းယွန်း (iron )သံဓါတ်၊ ဗီတာမင် ဘီ ၊ အမျှင် ဓါတ်၊ အသားဓါတ် စသည်တို့လည်းလိုအပ်သဖြင့် အစားစားသည့်အခါတွင် balance Diet ဖြစ်အောင်ညီညွတ်မျှတ အောင် စားသောက်ရမည်။ အစာအုပ်စု စုံအောင် စားဖို့ အရေးကြီးပါသည်။
လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် လမ်းမှန်မှန်လျှောက်နိုင်အောင်ကြိုးစား သင့်ပါသည်။သွေးဆုံးပြီးသော အမျိုးသမီးများသည် Osteoporosis အိုစတီယိုပိုရိုဆစ်( အရိုးပွဝေဒနာ)၊ အရိုး ပါး ၊ အရိုး အားနည်းသည့် ပြဿနာ များကိုလည်းအများဆုံး ကြုံတွေ့နိုင်သူများဖြစ်သဖြင့် လေ့ကျင့်ခန်း လုပ်နိုင်အောင်ကြိုးစားသင့်သည်။ ထို့ပြင် မိမိတို့၏ခန္ဓာကိုယ် အလေးချိန် ကိုလည်း အဝ မလွန်စေရန် ထိန်းသိမ်းသင့်သည်။
နောက်ဆုံးတချက်အနေနှင့် အိပ်ရေးဝအောင် အိပ်ပါ ဟုလည်း အကြံပေးချင်ပါသေးသည်၊ အချို့သော အမျိုးသမီးများသည် သွေးဆုံးပြီးချိန်တွင် အိပ်မပျော်ခြင်း ဟူသည့် “ Insomnia “ဟုသည့် ဝေဒနာ ကိုလည်းခံစားတတ်ကြသည်။ထိုကဲ့သို့ဖြစ်လာလျှင်လည်း ညအိပ်ခါနီး နို့ပူပူ လေး နှင့် ပျားရည် ၁၅ ml သောက်ပေးခြင်း၊ ယောဂ ကစားခြင်း ၊ တရား အားထုတ်ခြင်း စသည့် တို့ကို ပြုလုပ်ပေးခြင်း ဖြင့် အိပ်ပျော်ခြင်းကို အထောက်အကူပြုပေးနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် သွေးဆုံးခါနီး သို့မဟုတ် သွေးဆုံးပြီး အမျိုးသမီး များသည် အစားအစာရွေးချယ်မှု တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင် လမ်းညွှန်မှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သည့် ဆရာဝန် သို့မဟုတ် အာဟာရဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။
အမျိုးသမီးများအားလုံး ကျန်းမာ၊ သန်စွမ်းကြပြီး ၊ ပျော်ရွှင်တဲ့မိသားစုဘဝများကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။
ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး
17/07/2024
🦋🦋လိပ်ပြာလေး🦋🦋ဖုန်းမကြည့်အောင်ကြံဆောင်ရေးအခုတော့စိတ်ဝင်စားနေကြတယ်1600နဲ့တန်ပါ၏🥰
15/07/2024
သားနဲ့သမီးငြိမ်ဆေး၊🥰
23/05/2024
23/05/2024
ကျမရဲ့မင်းသားမင်းသမီးလေး
15/05/2024
လင်းဝတီသော်ကျောင်းမှာရေးဆွဲလာသောပန်းချီလက်ရာများ🖌️🖌️
02/05/2024
ကျောင်းစတက်တဲ့နေ့မှာကျောင်းပျော်ဖြစ်နေတော့အိမ်မနည်းပြန်ခေါ်ခဲ့ရ၊🥰🥰🥰
09/03/2024
😍😍SPIDER Man ကြီးတဲ့ကွ၊🥰🥰🥰
17/02/2024
Happy birthday သားသားရေ3နှစ်ပြည့်မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာတိုင်အောင်စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီးလျှင်ဘဝမှာဘေးဥပဒ်အန္တရာယ်ဆိုးရန်ဆိုးတွေကင်းစင်ပပျောက်ပါစေ
Category
Website
Address
တနသာ်ရီတိုင်း
Myeik
Alerts
Be the first to know and let us send you an email when Kaung& WuutYee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
