Nge Htwe

Nge Htwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nge Htwe, Health/Beauty, Myeik.

01/02/2023

အောက်တန်းစား စိတ်ဓာတ်
""""""""""""""""""""""""""""""""""

သူတစ်ပါး၏
ကိုယ်ကျင့်သိက္ခာကို
အပုတ်ချလိုသည့် သဘောဖြင့်
မမှန်စွတ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော စိတ်ဓာတ်..

သူတစ်ပါးမကောင်းကြောင်းကို
အဆမတန်ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ ထပ်တလဲလဲ
ပြောဆိုတတ်သော စိတ်ဓာတ်...

နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်
ပြန်ပြီးအကျိုးထူးခံစားခွင့်
ရချင်လိုချင်သော စိတ်ဓာတ်...

ကိုယ်ထက်သာသူကို
မနာလိုဝန်တိုမှု အပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်...

ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်...

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်..

ရှေ့လျှင်တမျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲပြောကာ
ချွန်တုံးလုပ်တတ် ကုန်းတိုက်တတ်သော စိတ်ဓာတ်..

မောက်မာရိုင်းဆိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို့ ဝန်မလေးဘဲ
အရှက်အကြောက် ကင်းမဲ့နေတတ်သော စိတ်ဓာတ်...

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ် ဂွင်ရိုက်တတ်သော စိတ်ဓာတ်...

အခွင့်အရေးဆို လိုတာထက်ပိုပြီး
ယူတတ်သလောက် အနစ်နာခံဖို့ကြ တွန့်ဆုတ်တွေဝေ
တတ်သော စိတ်ဓာတ်..

ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ
အကောင်းမမြင် အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်

အရင်ပြင်အုံး 🙂🙂🙂🙂

24/01/2023

ကိုယ့် ထမင်း
ကိုယ်စားပြီး... ကိုယ့်အလုပ် ကိုယ်လုပ်တယ်။

ဘယ်သူ့ မကောင်းကြောင်း
လိုက်ပြောနေဖို့ အချိန်မရှိသလို

ကိုယ့်မကောင်းကြောင်း
ပြောနေသူတွေအတွက် လိုက်ခံစားနေဖို့လည်း
အချိန်မရှိပါဘူး..။

24/11/2022
15/11/2022

ဘဝမှာ
မကောင်းတဲ့ လူနဲ့လည်း ကြုံရမယ်...
ကောင်းတဲ့လူနဲ့လည်း ဆုံရမယ်....

ကိုယ့်ကို
မုန်းတဲ့ လူနဲ့လည်း ကြုံရမယ်...
ချစ်တဲ့ လူနဲ့လည်း ဆုံရမယ်..

ကိုယ့်ကို
မနာလိုတဲ့ လူနဲ့လည်း ကြုံရမယ်.....
ကြည်ဖြူတဲ့ လူနဲ့လည်း ဆုံရမယ်.....

ကိုယ့်အပေါ်
တန်ဖိုး မထားတတ်တဲ့ လူတွေနဲ့လည်း ကြုံရမယ်..
တန်ဖိုးသိပြီး တန်ဖိုးထားတတ်တဲ့ လူနဲ့လည်း ဆုံရမယ်..

ကိုယ့်အပေါ် မကောင်းတဲ့လူ
ကိုယ့်ကို အမုန်းပွားတဲ့သူ
ကိုယ့်ကို မနာလိုသူ
ကိုယ့်ကို မချစ်ခင်တဲ့သူ
ကိုယ့်တန်ဖိုးကို နားမလည်တဲ့သူတွေအတွက် ဘာမှခံစားမနေပါနဲ့....

သင့်အတွက် အကျိုးမဲ့စေတဲ့ အရာမှန်သမျှကို
စိတ်ထဲက ထုတ်ပစ်နိုင်လေ သင် စိတ်ချမ်းသာရလေပဲ ဖြစ်တယ်....

ဘာပဲဖြစ်ဖြစ်

လောကမှာ ....
သင်နဲ့ထိုက်တန်တဲ့ နေရာ တစ်နေရာတော့ ရှိကို ရှိပါတယ်....
ဒါကို သင်ရှာမတွေ့သေးလို့ တန်ဖိုးမဲ့နေတာပါ....

ထို့အတူ
လောကကြီးက သင့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေမဲ့ လူတချိုနဲ့ သင့်အတွက် စိတ်အေးချမ်းစေဖို့ခိုလှူံစရာ နေရာတစ်နေရာ ရှိကိုရှိပါတယ်.....

ဒါကို သင်ရှာမတွေ့သေးလို့ သာ စိတ်မငြိမ်းချမ်းသေးတာပါ...

လောကမှာ ရှာဖွေသင့်တာကို ရှာဖွေပြီး လက်လွှတ်သင့်တာကို စိတ်ပြတ်ပြတ်နဲ့ လက်လွတ်တတ်မှ ဘဝကို စိတ်ချမ်းသာ ပျော်ရွှင်စွာနှင့် လျှောက်လှမ်းနိုင်မှာပဲ ဖြစ်တယ်....

15/11/2022

မင်းက ဘယ်လောက်ထိ
စိတ်ထားကောင်းပြီး
စိတ်ဓာတ်မွန်မြတ်နေပါစေ....

မင်းကဘယ်လောက်ထိ
သနားညှာတာတတ်ပြီး
ကိုယ်ချင်းစာစိတ်ပြည့်ဝနေပါစေ....

မင်းကတစ်ယုတစ်ယနဲ့
ကူညီပေးခဲ ပြုစုပျိုးထောင်ပေးခဲ့
သွန်သင်ဆုံးမပေးခဲ့ပေမယ့်လည်း

တစ်ဖက်က မင်းရဲ့ကျေးဇူးကို
မသိတတ်ရင်တော့ အလကားပါပဲ....။ ။

14/11/2022

ဘယ်သူဖေးမမူမှ မရှိလည်း
စိတ်ဓာက်မကျပါနဲ့
တစ်ယောက်ထဲလဲ တစ်ယောက်ထဲ
ဖြစ်အောင်လုပ် မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို
ကိုယ့်ဘဝ အဘိဓာန်ထဲကနေ
ထုတ်ထား ပစ်လိုက်ပြီး။

လူ့လောကထဲ ​ေခတ္တခိုနားဖို့
လာတဲ့လမ်းလဲ တစ်ယောက်ထဲဘဲ
လာရတာဖြစ်သလို
အပြန်ဆိုရင်လဲ အဖော်ကိုပါ
ခေါ်ခဲ့လို့မရပါဘူး။

ရှင်သန်ရတဲ့ ဘဝ ခနအတွင်းမှာ
ဘယ်သူ ဘယ်လိုမုန်းမုန်း
ကိုယ့်အပြုံးနဲ့ ကိုယ်ရှေ့ဆက်ပါ
ဘယ်သူ ဘယ်လိုတွန်းတွန်း
ကိုယ့်ဝိရိယနဲ့ ကိုယ်ရုန်းပါ။

လိုအပ်တဲ့နေရာမှာ ဖြည်းစည်းပြီး
မလိုအပ်တဲ့အရာတွေဆို
လစ်လျူးရှထားလိုက်ပါ။

ကိုယ်နောက်ကို အမြဲလိုက်နေတဲ့
အရိပ်တောင် အမှောင်ထဲရောက်ရင်
ပျောက်သွားသေးတာဘဲ ။

ကျန်တဲ့ အရာတွေရဲ့
ဒဏ်ရာ ဒဏ်ခက်တွေအားလုံးဟာလဲ
ထူးဆန်းနေလွန်းတဲ့အရာ
မဟုတ်နေတော့ပါဘူး။

ဘယ်လိုဘဲဖြစ်နေပါစေ
ကိုယ်မနောနဲ့ စစ်မှန်တဲ့
ကိုယ့်ကိုယ်ကို ယုံကြည်မူနဲ့
ဘယ်လိုခက်ခဲမူတွေ လာနေပာစေ
ဘယ်လောက်ဘဲပင်ပန်း နေပာစေ
အရှုံးမပေးလိုက်ပါနဲ့ ။

ဘဝမှာအောင်မြင်ချင်ရင်
တစ်ပွင့်ထဲလဲ သတ္တိရှိရှိ ရှင်သန်ရဲရမယ်တဲ့

for you

Category

Telephone

Website

Address


Myeik