Scent Story
�ဆင်တူရိုးမား အတုအပများလုံးမရောင်းပါ �����
25/04/2024
Perfume တွေမှာ exp date ရှိသလား ??
Skincare/ Cosmetics တွေကို Mfg Date မေးတာ ဖြစ်သင့်ပေမယ့်
Perfume ကို Mfg Date မေးတာဟာ မဖြစ်သင့်ဘူးလို့ဘဲ ပြောပါရစေ
ရေမွှေးတွေမှာ Exp Date မရှိနေပါဘူး
ဒါပေမယ့် ရေမွှေးတွေဟာ Ingredients တွေများစွာ ပေါင်းစပ်ဖန်တီးထားရတာမို့ မိမိရဲ့လက်ထဲ ထားသိုပုံဟာအများကြီးအရေးကြီးပါတယ်
အောက်က ပုံလေးကတော့ ဆောင်ရန် ရှောင်ရန်လေးတွေပါ
လူပိန်း နားလည်အောင်ပြောရရင်
👉🏻ရေမွှေးတွေကို ပူလွန်း /အေးလွန်းသော နေရာ အငွေ့တွေ ထွက်နေတဲ့နေရာ / စိုထိုင်းစ ရှိနေတဲ့နေရာ ဥပမာ အဲကွန်း ရဲ့ ရေငွေ့ ထွက်တဲ့ နေရာ တည့်တည့်တို့ / Air Humidifier ရဲ့ အငွေ့ထွက်တဲ့ နေရာတို့မှာ မထားသင့်ပါဘူး
👉🏻ပုလင်းကို အကြောင်းမရှိဘဲ shake လုပ်မနေရပါဘူး shake လုပ်ပြီး ဆွတ်စရာလည်းမလိုပါဘူး
👉🏻ပုလင်း ရဲ့ အသေပိတ်ထားတဲ့ ခေါင်းအုံလိုက် ကို အားပြီး သွားမဖြုတ်သင့်ပါဘူး
ဒါတွေကို သွားထားမိရင်တော့ မနေ့ကမှ ထုတ်ထားတဲ့ ရေမွှေးသည်လည်း အရောင် အနံ့ ပြောင်းတာ တစ်ချို့ကျ အရောင်ဘဲ ပြောင်းသွားတာ တစ်ချို့ကျ အနံ့ပါ ပျက်သွားတာတွေ ဖြစ်နိုင်ပါတယ်
ဒါကြောင့် ချစ်တဲ့ရေမွှေးလေးတွေကိုသေချာ ထိန်းသိမ်း ထားနိုင်ကျပါစေ ခဗျာ
17/04/2024
🌸ရေမွှေးတစ်ပုလင်းလုံးနီးပါး ဆွတ်လာလည်း
ဘာလို့ အနံ့မစွဲလဲဆိုတာ သိပါသလား ….
မသိသေးရင် ပုံလေးကို ကြည့်လိုက်ပါဦးဗျ
၁. လက်ကောက်ဝတ်
💢လက်ကောက်ဝတ်တစ်ဖက်ကို ရေမွှေးသုံးချက်လောက်ဆွတ်ပြီး လက်ကောက်ဝတ်နှစ်ဖက်လုံးကို (၃) ကြိမ်လောက် ခပ်ဖွဖွလေးထိပေးရုံပါပဲ (မပွတ်ရဘူးနော်)
၂. နားအနောက်
👂နားနှစ်ဖက်အနောက်ကို ၆ စင်တီမီတာအကွာကနေ
ရေမွှေးလေး ဖြန်းပေးလိုက်ပါ ။
ဒါဆိုရင်တော့ လေတိုက်တိုင်း ဆံသားလေးတွေကတဆင့်
ရေမွှေးရနံ့လေး သင်းနေပါလိမ့်မယ် ။
၃. ချက်အပေါ်
👚အင်္ကျီမဝတ်ခင်မှာ ချက်အပေါ် ဗိုက်နားလေးကို
ရေမွှေးလေးဆွတ်ပေးခြင်းက တစ်နေကုန် ဘယ်လောက်ပဲ
ပင်ပန်းနေပါစေ ကိုယ်သင်းရနံ့လေးနဲ့ မွှေးပျံ့နေစေပါလိမ့်မယ်
၄. ဒူးခေါင်းခွက်နှစ်ဖက်
👗စကတ်တို ၊ ဘောင်းဘီတို ၊ ဂါဝန်တိုလေးတွေ ဝတ်တတ်တဲ့
ကောင်မလေးတွေအတွက်ရော
ဘောင်းဘီတို ဝတ်တတ်တဲ့ ကောင်လေးတွေအတွက်ပါ
ဒီ Tips လေးက အသုံးဝင်ပါတယ်ဗျ ။
ဒူးခေါင်းခွက်နှစ်ဖက်ကို နှစ်ချက်စီ ဆွတ်ပေးလိုက်ရုံနဲ့
တစ်နေ့တာ လှုပ်ရှားမှု ဘယ်လောက်ပဲများနေပါစေ
အနံ့ဆိုးမရှိဘဲ ကိုယ်သင်းရနံ့လေးသင်းသင်းလေး
ရစေပါတယ်ဗျ ။
✅ကဲ ဒါလေးတွေကတော့
ရေမွှေးဆွတ်နည်း အမှန်အကန်တွေပဲ ဖြစ်ပါတယ်
ပုံစံမှားဆွတ်ဖူးရင်တော့ အခုပဲ ပြောင်းလိုက်တော့နော် ။
ဒီလိုဗဟုသုတလေးတေအမြဲတမ်းတင်ပေးနေအုံးမာမို့
pageလေးကို Like&Followလေးလုပ်ခဲ့နော်..
16/04/2024
ရေမွှေးတွေ ဝယ်စုထားပေမယ့် အငွေ့ပျံသွားတာနဲ့တင် အဖက်မတင်တာမျိုး ဖြစ်ဖူးကြလား …..❓
အနံ့လေး ကြိုက်လို့ ဝယ်လိုက်ပေမယ့် သေချာမသုံးလိုက်ရဘဲ အကြောင်းအမျိုးမျိုးကြောင့် ရေမွှေးတွေ ခမ်းသွားတာမျိုး ၊ အငွေ့ပျံ့သွားတာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ် ။
ဒါဟာ ဘာကြောင့်လဲ ?
☁️ရာသီဥတုကြောင့်လား ?
📍သိမ်းပုံသိမ်းနည်း လွဲနေလို့လား ?
ပုံမှန်ဆိုရင် ကျွန်တော်တို့က ရေမွှေးဝယ်ပြီးပြီဆိုတာနဲ့
ဘူးခွံဖောက် ၊ မှန်တင်ခုံပေါ်တင်ထားပြီး Placement ကို သေချာ မထားထားကြဘူး ဟုတ် မှန်တင်ခုံက နေရောင်တိုက်ရိုက် ထိတဲ့ နေရာမျိုးမှာဆိုရင်တော့ ရေမွှေးက ဝယ်မလောက်ဖြစ်နေမှာ သေချာတယ်နော် ။
ဒါဆို ကျွန်တော်ပြောသလိုလေး စမ်းကြည့်စေချင်ပါတယ် ။
☀️တကယ်တမ်းတော့ ရေမွှေးဆိုတာမျိုးက အပူများတဲ့နေရာတွေမှာ မထားသင့်သလို နေရောင်ခြည် တိုက်ရိုက်ကျတဲ့နေရာမျိုးဆို ပိုပြီးတော့တောင် မထားသင့်တာပါ ။
✅ဒီတော့ ရေမွှေးဆွတ်ပြီးတဲ့အခါတိုင်းမှာ သူ့ဘူးလေးထဲ ပြန်ထည့်ထားပြီး ဗီရိုထဲမှာ သိမ်းထားနိုင်ပါတယ် ။ သိမ်းတဲ့အခါမှာလည်း ထိုးထည့်လိုက်တာမျိုး မဟုတ်ဘဲ
ဘူးပုံစံအတိုင်း ထောင်ထားပေးဖို့ လိုအပ်ပါတယ်နော် ။
💢နောက်တစ်ချက်ကတော့ ရေခဲသေတ္တာထဲမှာလည်း သိမ်းထားလို့ရတယ် အထူးသဖြင့်တော့ နွေရာသီ အရမ်းပူလာပြီဆိုရင် ရေမွှေးပုလင်းကို အခဲကန့် (Freeze) မှာ မဟုတ်ဘဲ တံခါး အကန့်လေးမှာ ထားလို့ရပါတယ်နော် ။
🌸ဒါဆိုရင်တော့ ရေမွှေးအနံ့လေးက ပိုပြီး Fresh ဖြစ်သလို
မသုံးဘဲ ကုန်သွားတာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူးဗျ
ကဲ သိချင်တာရှိရင် ထပ်မေးခဲ့ပါဦးနော်
ဒီလိုဗဟုသုတလေးတေကိုအမြတြမ်းတင်ပေးနေအုံးမာမို့
Like&Followလေးလုပ်ခဲ့နော်
ခုမှရေမွှေးစသုံးမယ့်ညိုကီတေအတွက်..
စမ်းကြည့်သင့်တဲ့ designer ရေမွှေး5မျိုး..
05/04/2024
Versace ရဲ့ Dylan Turquoise
ပီခဲ့တဲ့နှစ်တေမာ နာမည်ကြီးနေသလို
ရည်းစား 5 ယောက်ရမရတော့မသိဘူး
စွတ်လိုက်တာနဲ့ကိုယ့်ကိုကိုယ်တော့
5 ဆလောက်ပြန်ချစ်သွားမာတော့ အမှန်ဘဲ…❣️
Refreshing ဖြစ်တဲ့ Fruity, တွေCitrus
အနံ့တေကြောင့်ဆွတ်လိုက်တိုင်းမာ
ကမ်းခြေတစ်ခုကိုရောက်သွားသလိုမျိုး
တော်တော်လေး လန်းလန်းဆန်းဆန်းဖြစ်သွားမဲ့ပုံစံ..
သူက မာလကာသီးအမှည့်ကိုမှ Orange ရယ်
Grapefruit တေရယ်နဲ့ ပေါင်းထားလို့ Fresh
ဖြစ်ဖြစ်လေးနဲ့အေးအေးလေးကို မှ ရာသီဥတုက
ပူလေလေ အနံ့ကအေးလေလေစိုတော့
ခုလိုရာသီဥတုမျိုးနဲ့ဆို လုံးဝကွက်တိ
နွေရာသိတစ်ခုလုံးမှာ ပေါ့ပေါ့ပါးပါးပဲ
ဆွတ်ချင်တာဘဲဖြစ်ဖြစ် Romantic
ဆန်ချင်လို့ဆွတ်ချင်တာဘဲ ဖြစ်ဖြစ်
သုံးလို့ကောင်းတဲ့ ရေမွှေးတခုလို့ပြောလို့ရတယ်
အနံ့ ကလဲ အနည်းဆုံး၈နာရီ ၉နာရီလောက်စွဲတယ်.. 👌👌
Versace Dylan Turquoiseကို ပုလင်းလိုက်
ဝယ်သုံးစရာမလိုဘဲ ခုကျနော်ပြထားသလို
ဘူးလေးတေနဲ့ 5ml 10ml စိုပီးခွဲရောင်းပေးပါတယ်
အနံ ့လေးတေစမ်းကြည့်ချင်တယ်
သုံးကြည့်ချင်တယ်စိုရင်တော့ ခုဘဲလာမှာလိုက်တော့နော်😗
❌ပုံနဲ့စာပြန်လည်ကူးယူဖော်ပြခွင့်မပြု❌👌
07/01/2024
ရာသီဥတုသာယာလို့ နေ့ခင်းဘက် အပြင်သွားဘာညာ ကောက်စွတ်မလား
ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုစွတ်လို့ရတဲ့ အနံ့ လေး
မိတ်ဆွေတို့က ရေမွှေးကိုခုမှစသုံးမဲ့သူ
အနံ့ တေနဲ့မရင်းနီးသေးတဲ့သူတေဆိုရင်
အနံ့ ပြင်းတာကြီးတွေ မကြိုက်ဘူး
အီတာ မကြိုက်ဘူး / ချိုတာမကြိုက်ဘူး ..
Fresh ဖြစ်ပြီး သင်းသင်းလေးနဲ့
တစ်နေကုန် အနံ့စွဲတာ လိုချင်ရင်
ဒီ Nautica Voyage လေး စမ်းသုံးကြည့်ဖို့
အကြံပေးချင်ပါတယ်..☺
ချွေးထွက်များတဲ့သူတေအားကစားသမားတေ
အနေနဲ့လဲ အာကစားလုပ်ရင်းစွတ်မလား
Gymမှာပဲသုံးမလား စွတ်ပျော်တဲ့အထဲမှာ
ပါတယ်လို့ပြောလို့ရတယ်
Green Apple လို့ခေါ်တဲ့ (ပန်းသီးစမ်း)🍏 အနံ့
Green Leaf ဆိုတဲ့(သစ်ရွက်စိမ်း)အနံ့တေရယ် 🍃
Lotus( ကြာပန်း) နံ့တို့ 🪷 ကို တစ်ချိန်တည်း
တစ်ခါတည်းမှာပဲ ရရှိမှာပါ ။
တစ်နေ့တာရဲ့ပင်ပန်းမှုတွေကို ပြေပျောက်ပေးနိုင်တဲ့ အပြင် .., Woody တို့ Aquatic တို့ ပေါင်းစပ်ထားတာကြောင့် " ရေလို ကြည်လင်အေးမြပြီး လန်းဆန်း ကြည်နူးနေမှာနော် " 😉
Nautica voyage ကအသက်အရွယ်မရွေး ၊ ရာသီမရွေး ၊နေရာမရွေး စွတ်လို့လည်း အဆင်ပြေတယ် ။ သူရနံ့က fresh and clean အနံ့ကိုမှ aquatic ဆန်ဆန် / Classic Vibe ကိုပါပေးတယ် 👍
မိတ်ဆွေတို့အနေနဲ့က ပုလင်းလိုက်လဲမဝယ်ချင်သေးဘူး
အနံ့ လဲမသိဘူးဆိုတဲ့သူတေအတွက်🤔
ကျနော်ဆီမှာ ထောင်ဂဏာန်းလောက်နဲ့
5ml,10ml ,30mlဆိုပီးအနံ့ လေးတေ
စမ်းသုံးကြည့်လို့ရပါပီ..
Category
Telephone
Website
Address
Myingyan
Alerts
Be the first to know and let us send you an email when Scent Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
