Polytechnic University Myitkyina
Technology brings Social Benefits!
19/08/2026
၁၉-၈-၂၀၂၆ ရက်နေ့တွင် ပြုလုပ်သော Polytechnic University (မြစ်ကြီးနား) မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနား -
14/08/2026
ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်း
13/08/2026
လက်ရှိ BE final တက်နေသူများ နှင့် ကျောင်းပြီးထားသူများ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ကချင်ပြည်နယ်အသင်းခွဲ) တွင် ဗဟိုကော်မတီဝင် (CEC Member) အဖြစ် လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
10/08/2026
https://www.facebook.com/share/p/1HgHJ3xvFB/?mibextid=wwXIfr
မင်္ဂလာပါ Polytechnic University Myitkyinaကျောင်းသားကျောင်းသူ များအတွက် သတင်းကောင်းတစ်ခုရှိပါတယ်
ဒါကတော့ မေဂျာအလိုက်မဟုတ်ဘဲ ကိုယ့်ဘော်ဒါတွေအားလုံးစုပေါင်းပြီး ပါဝင်ယှဉ်ပြိုင်လို့ရတဲ့ညွန့်ပေါင်းဘောလုံးအားကစားပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်လိုတဲ့အသင်းတွေကတော့ Registration Form များကို 11.8.2026ရက်မှစ၍သက်ဆိုင်ရာEC ဘောလုံးပွဲဖြစ်မြောက်ရေးကော်မတီကျောင်းသားများနှင့် Uni Vibe Canteenတို့ထံလာရောက်ထုတ်ယူလို့ရပြီး17.8.2026ရက်မှာ Registration Closedမှာပဲဖြစ်ပါတယ်ရှင့်
ကျောင်းသားကျောင်းသူအားလုံးစည်း"လုံး"အတူတူပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်ပေးတဲ့ပြိုင်ပွဲဖြစ်တာမို့ ပါဝင်ယှဉ်ပြိုင်ဖို့လည်းနှိုးဆော်လိုက်ရပါတယ်ရှင့်။
Registration Formများလာမတင်ခင်သက်ဆိုင်ရာ Rulesများကို မဖြစ်မနေဖတ်ပေးကြဖို့လဲ အသိပေးလိုက်ရပါတယ်ရှင့်။
06/08/2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Polytechnic University (Myitkyina) ၏ မေဂျာအသီးသီးရဲ့ ဖြတ်မှတ်တွေပါ။ မေဂျာဖြတ်မှတ် နှင့် အနိမ့်ဆုံး ၄ ဘာသာပေါင်း ဝင်ခွင့်အမှတ်များသည် တနှစ်နှင့်တနှစ်မတူပါ။ လျှောက်ထားသူများပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများသည် လျှောက်ထားမည်ဆိုပါက ကျောင်းအမည်၏ နောက်တွင် (နည်းပညာ) သို့မဟုတ် (ကွန်ပျူတာ) ဟု ရေး၍ လျှောက်ထားကြပါရန် အသိပေးအပ်ပါသည်။
Attention please!!!
နန်းကွေ့ church ကျောင်းနားက လမ်းကြားကနေ တဦးတည်း ဆိုင်ကယ်ဖြင့် သွားလာခြင်းအားအထူး ရှောင်ကြဉ်ကြရန် သတိပေးပါသည်။ ထိုနေရာသည် လူပြတ်သဖြင့် ဆိုင်ကယ်လုယက်နိုင်သည့် ဆေးသမားများအား တွေ့ရှိနေရသည်။ ရွှေတည်ဆည်ဆီဆိုင်ရှေ့မှသာ သွားလာကြပါရန်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Myitkyina
1014
