k. Nau Ra
ကျန်းမာရမယ် လှပရမယ်
12/06/2026
သမီးလေးမွေးထားရင် မိဘတိုင်း သိထားသင့်တဲ့ လမ်းညွှန်ချက် (၃၅) ချက်
၁။ ပညာပြည့်စုံအောင် အကောင်းဆုံး ပံ့ပိုးပေးပါ။
၂။ ကိုယ်ပိုင်ဝင်ငွေရှာတတ်အောင် လေ့ကျင့်ပေးပါ။
၃။ ငွေကို စီမံခန့်ခွဲတတ်အောင် သင်ပေးပါ။
၄။ လူတစ်ယောက်ရဲ့ စွဲလန်းမှု ထောင်ချောက်ထဲ မဝင်ရအောင် သင်ပေးပါ။
၅။ စာဖတ်ခြင်းကို ဝါသနာပါအောင် လေ့ကျင့်ပေးပါ။
၆။ လူကဲခတ်တတ်အောင် သေချာ လမ်းညွှန်ပေးပါ။
၇။ မိမိကိုယ်ကို တန်ဖိုးထား လေးစားတတ်အောင် သင်ပေးပါ။
၈။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်တိုင် ချမှတ်တတ်အောင် သင်ပေးပါ။
၉။ သူတစ်ပါးအပေါ် မှီခိုခြင်း လုံးဝမပြုလုပ်ရအောင် ဆုံးမပါ။
၁၀။ အမှားလုပ်ရင် ဝန်ခံရဲတဲ့ သတ္တိရှိအောင် ဆုံးမပါ။
၁၁။ မတရားမှုကို ရဲရဲပြောရဲတဲ့ သတ္တိရှိအောင် သင်ပေးပါ။
၁၂။ အားကစား မှန်မှန် လုပ်ခိုင်းပြီး ကျန်းမာကြံ့ခိုင်အောင် လုပ်ပေးပါ။
၁၃။ ယဉ်ကျေးမှုနှင့် အမူအရာ လှပပါစေရန် ဂရုစိုက်ပါ။
၁၄။ ရိုးသားခြင်းကို ဘယ်တော့မှ မဖျက်ဆီးရအောင် ဆုံးမပါ။
၁၅။ ကိုယ်ချင်းစာတရားကို အမြဲမွေးမြူခိုင်းပြီး အရေးပါပုံကို ရှင်းပြပါ။
၁၆။ အနိုင်မကျင့်ခံရအောင် ကာကွယ်နည်းများ လမ်းညွှန်ပေးပါ။
၁၇။ မိဘကို လေးစားပါစေ၊ ဒါပေမယ့် ကိုယ်ပိုင်အမြင်ရှိအောင် ဆုံးမပါ။
၁၈။ မိတ်ဆွေကောင်းကို ရွေးချယ်တတ်အောင် လမ်းညွှန်ပေးပါ။
၁၉။ အမြဲတမ်း သင်ယူနေဖို့ တိုက်တွန်းပြီး စိတ်ဓာတ်ခွန်အား ပေးပါ။
၂၀။ လှပချောမောမှုထက် ကျန်းမာရေးကို ဦးစားပေးတတ်အောင် သင်ပေးပါ။
၂၁။ စိတ်ဓာတ်ခိုင်မာမှု ကို အမြဲတမ်း တည်ဆောက်အောင် လုပ်ပေးပါ။
၂၂။ ရင့်ကျက်မှုသည် လှပမှုထက် ပိုအရေးကြီးကြောင်း ရှင်းပြပါ။
၂၃။ သူတစ်ပါးအမြင်အတွက် မနေထိုင်ရအောင် ဆုံးမပါ။
၂၄။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကိုယ်ခံပညာ တစ်ခုခု သင်ပေးပါ။
၂၅။ ခရီးထွက်ခြင်းကို အားပေးပြီး လောကကြီးကို မြင်စေပါ။
၂၆။ ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူခိုင်းပြီး တန်ဖိုးကို ရှင်းပြပါ။
၂၇။ ပျော်ရွှင်အောင် နေထိုင်တတ်တဲ့ အလေ့အကျင့်ကို လုပ်ပေးပါ။
၂၈။ အလုပ်ကို လေးစားတတ်အောင် သင်ပေးပါ။
၂၉။ အချစ်ရေးထက် အနာဂတ်ကို ဦးစားပေးခိုင်းပြီး အရေးပါပုံကို ရှင်းပြပါ။
၃၀။ လူရမ်းကားနှင့် သူယုတ်မာတို့ကို ရှောင်တတ်အောင် လမ်းညွှန်ပေးပါ။
၃၁။ ကိုယ့်ယုံကြည်မှု ကိုယ်၌သာ ထားရမည်ဖြစ်ကြောင်း သင်ပေးပါ။
၃၂။ အချိန်ကို လေးစားတတ်တဲ့သူ ဖြစ်အောင် ဆုံးမပါ။
၃၃။ အခြားဘာသာစကား တစ်ခုခု တတ်အောင် သင်ပေးပါ။
၃၄။ ကိုယ်ချစ်တဲ့သူအတွက် ကိုယ့်ရဲ့ဘဝကို မပေးလိုက်ပါနဲ့လို့ ဆုံးမပါ။
၃၅။ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ ကိုယ်တိုင်သာ ဖြစ်ရမည်ဟု ယုံကြည်ချက်ရှိအောင် သင်ပေးပါ။
Copy #
Crd #
04/05/2026
ဆေးဖက်ဝင် ကြက်သွန်ဖြူ စားနည်း။
ကြက်သွန်ဖြူမှာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓါတ် အများကြီး ပါဝင်ပါတယ်။ အထူးသဖြင့် Allicin ဆိုတဲ့ ဓါတ်ဟာ ပိုးသတ်နိုင်စွမ်းရှိတယ်၊ လူ့ခန္ဓာထဲ ဝင်ရောက်နေတဲ့ ဘက်တီးရီးယား၊ မှို နဲ့ ဗိုင်းရပ်စ်တချို့ကို တိုက်ဖျက် ပေးနိုင်တယ်။ သွေးပျစ်တာ ကျဲစေတယ်၊ sulfur compounds လို ဆံပင်၊ လက်သည်၊ ခြေသည်း အကျိုးပြုတဲ့ဓါတ်တွေ၊ Vitamin C၊ Vitamin B6၊ Manganese၊ Selenium နဲ့ ကင်ဆာကိုကာကွယ်တဲ့ antioxidant ဓါတ်တွေ ပါတယ်။ ဒီဓါတ်တွေဟာ ကိုယ်ခံအားကို တိုးစေတယ်၊ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူကို စားရင် နှလုံးကျန်းမာရေးကို ထောက်ပံ့တယ်၊ သွေးပေါင်ချိန် လျော့နည်းစေတယ်၊ သွေးကြောများကို ကာကွယ်ပေးတယ်၊ ကိုလက်စထရောကို ထိန်းညှိပေးနိုင်ပါတယ်။ အစာချေမှုကိုလည်း ကူညီသလို ဗိုက်ပွ အစာမကြေတာတွေကို ပျောက်စေတယ်။
အရေးကြီးဆုံးအချက်က ကြက်သွန်ဖြူကို ထုထောင်းပြီး အနည်းဆုံး ၁၀ မိနစ်လောက် လေသလပ်ခံ ထားပြီးမှ ချက်ရပါတယ်။ ဒီလိုလုပ်မှ ကြက်သွန်ဖြူထဲက ဆေးဖက်ဝင် Allicin ဓါတ် ထွက်လာလို့ ကျမ်းမာရေးအထောက်အကူပြုတဲ့ အာနိသင် ရလာပါတယ်။
ကြက်သွန်ဖြူကို အလုံးလိုက် ကိုက်စားရင် အပေါ်က ပြောတဲ့ အာနိသင်တွေ မရပါဘူးတဲ့။ ချက်ချင်းအပူထဲထည့်ရင် အပူကြောင့် ဆေးစွမ်း မဖြစ်ခင်ပဲ ပျက်သွားတယ်။ ထုထောင်းဖြတ်တောက်ပြီး ၁၀ မိနစ်လောက်မှ ဆေးစွမ်းပေါ်တာပါ။
ဘာကြောင့်လဲ ဆိုတော့ ကြက်သွန်ဖြူထဲမှာ Alliin” ဆိုတဲ့ ပထမဓာတ်နဲ့ “Alliinase” ဆိုတဲ့ အင်ဇိုင်း ဟာ ဘေးချင်းယှဉ်ရှိနေတယ်၊ ဒါပေမယ့် မထိတွေ့ကြပါဘူး။ ထုထောင်းလှီးဖြတ်လိုက်မှ အဲဒီနှစ်ခုရဲ့ ဆဲလ်အကာတွေ ပျက်စီးပြီး အတွင်းအရာတွေ ပေါင်းစည်းတဲ့အချိန်မှသာ လူသားအတွက် အကျိုးပြုဆေးအစွမ်း Allicin ဆိုတဲ့ဓါတ်ပေါင်း ဖြစ်လာပါတယ်။
ဒီတော့ ကြက်သွန်ဖြူတွေ့ရင် အပြားရိုက်ပါ၊ ထုပါ၊ ထောင်းပါ။ ၁၀ မိနစ်စောင့်ပါ၊ ဆီပူထဲထည့်ရင် နောက်ဆုံးမှ ထည့်ပါ၊ အပူများရင် ဓါတ်ပျက်တယ်။ ဒီလို ကြက်သွန်ဖြူကို မှန်ကန်တဲ့ နည်းနဲ့ စားသုံးမှ ပိုးသတ်နိုင်ခြင်း၊ နှလုံးကို ကာကွယ်ပေးခြင်းနှင့် ကိုယ်ခံအား တိုးတက်စေခြင်းတို့အတွက် အကျိုးရှိစေတယ်။
ဗဟုသုတ တခုအနေနဲ့ တင်ပြခြင်းပါ။
12/04/2026
✨ဖြည့်စွက်စာ ( Supplements )များကိုဘယ်လိုသောက်မလဲ၊ဘယ်အချိန်သောက်မလဲ။
1. ဗိုက်တာမင် D3 ကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။
2. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို တစ်လုံးတည်းသောက်တဲ့အခါ ညဘက်သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
3. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၂ လုံးသောက်ရမည်ဆိုလျှင် မနက် နှင့် ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
4. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၃ လုံးသောက်ဖို့လိုလျှင် မနက် ( ၂ ) လုံး ၊ည ( ၁ ) လုံး သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
5. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၄ လုံးသောက်ရမည်ဆိုလျှင် မနက် ၂ လုံး နှင့် ည ၂ လုံးသောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
6. ဇင့် ( Zinc ) ကို 30 mg ကနေ 50 mg ထိ နေ့လည်စာ သို့မဟုတ် ညစာစားပြီးသောက်နိုင်ပါတယ်။ ဇင့်သောက်တဲ့အခါ တစ်ချို့လူများမှာ ပျို့အန်ချင်စိတ်ပေါ်လာတတ်ပါတယ်။ ဇင့် ( Zinc ) 50 mg သောက်လို့ ပျို့အန်ချင်စိတ်ပေါ်လာတဲ့အခါ 30 mg ပြောင်းသောက်ပါ။
7. ဆယ်လီနီယမ်ကို တစ်ချို့က အစာမစားမီသောက်တဲ့အခါ အဆင်မပြေတတ်ပါ။ အစာမစားမီသောက်လို့ အဆင်မပြေတဲ့အခါ အစာစားပြီးသောက်ပါ။
8. ဗိုက်တာမင် K2 ဖြည့်စွက်စာများကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။
9. ပရိုဘိုင်အိုတစ်ကို အစာစားပြီးသောက်နိုင်ပါတယ်။ တစ်ချို့က အစာစားပြီးသောက်တဲ့အခါ လေပွတတ်ပါတယ်။ ပရိုဘိုင်အိုတစ် အစာစားပြီးသောက်တဲ့အခါ လေပွတတ်သူတွေအတွက် အစာမစားမီ မိနစ် ၃၀ ကြိုပြီး သောက်လို့ရပါတယ်။
10. Ox bile & digestive enzymes ဖြည့်စွက်စာကို အစာမစားမီ ၃၀ မိနစ် ကြိုသောက်ပါ။
11. Betaine HCl ကို အစာစားပြီးသောက်ပါတယ်။
12. Betaine HCl , Ox bile & digestive enzymes ပေါင်းထားတဲ့ ဖြည့်စွက်စာကို အစာစားပြီးမှသောက်ပါ။
13. Cold pressed virgin coconut oil ကို အစာစားပြီး သောက်ကြပါတယ်။ ဝမ်းသွားဖို့ သောက်ချင်သူတွေက မနက်စောစောစီးစီး အစာမစားမီသောက်ကြပါတယ်။ မနက်စစောစောစီးစီး အစားမစားမီသောက်တဲ့အခါ ဗိုက်နာတတ်ပါတယ်။
14. MCT oil ကို ထမင်းစားပြီး ၂ နာရီကျော်မှသောက်ပါ။
15. Curcumin သောက်တဲ့အခါ အစာစားပြီးမှသောက်ပါ။
16. N acetyl cystiene ( NAC ) , L carnitine & L glutamine တွေ ကို အစာမစားခင် ၂ နာရီ၊ အစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။
17. Melatonin , GABA & L theanine တွေကို တွေ ကို ညစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။ ညအိပ်ချိန်မရောက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။
18. Vitamin C နှင့် ငါးကြီးဆီကို အစာစားပြီးမှသောက်ပါ။ ငါးကြီးဆီကို ညစာ နှင့် သောက်တဲ့ အချို့လူတွေမှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။
19. ဗိုက်တာမင် B များ ( B1, niacin, B5, B2, B6, B12, folate ) ကို အစာနှင့်အတူ သောက်ပါ။ တစ်ချို့လူတွေ သောက်လို့မရပါ။
20. CoQ 10 ကို မနက်စာစားပြီးသောက်တာပိုအဆင်ပြေပါတယ်။
21. R lipolic acid ကို အစာစားပြီး ၁ နာရီကျော်မှ သောက်သင့်ပါတယ်။
22. D ribose တွေကို အစာစားပြီးမှ သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်၊ သံပုရာရည် ၊ အသီးဖော်ရည်များထဲ ထည့်သောက်နိုင်ပါတယ်။
23. Cod liver oil မှာ omega 3 အပြင် ဗိုက်တာမင် D နှင့် A အနည်းငယ်ပါဝင်ပါတယ်။ အစားစာပြီးမှသောက်ပါ။
24. Milk thistle ကို အစာစားပြီးသောက်ပါ။ Selenium နှင့် ဗိုက်တာမင် B တွေနဲ့ တွဲသောက်နိုင်ပါတယ်။
*လေးစားစွာဖြင့်-
-Dr.Phyo Maung Maung
12/03/2026
ဘယ်အချိန်မှာ ဘာအရည်သောက်ရမလဲ
—————-
၁ ။ ရေနွေးနွေး
မနက်အိပ်ရာထ
၂ ။ ရှောက်ရည်
ဝမ်းဗိုက်ထဲ အစာမရှိစဉ်
၃ ။ ပျားရည်
လေပွနေရင်
၄ ။ နွားနို့ပူပူနွေးနွေး
အိပ်ရာမဝင်ခင်
၅ ။ ရေအေးအေး
အပူရှိန်လွန်ကဲဒဏ်ခံရအပြီး
၆ ။ ဓာတ်ဆားရည်
ရာသီဥတု ပူပြင်းလွန်းရင်
၇ ။ အုန်းရည်
လေ့ကျင့်ခန်းလုပ်အပြီး
၈ ။ ဆားရည်
ရေဓာတ်ချို့တဲ့နေစဉ်
၉ ။ ချင်းရည်
အစာစားအပြီး
၁၀ ။ ပန်းသီးရှလကာရည်
အစာမစားခင်
၁၁ ။ ပူဒီနာရည်
အစာစားအပြီး
၁၂ ။ ဆေးဖက်ဝင်လက်ဖက်ရည်
စိတ်ဖိစီးမှုများနေစဉ်
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
အသက် ၄၀ ကျော်လာလို့ မေ့တတ်တာဟာ အယ်လ်ဇိုင်းမား မဟုတ်ပါဘူး 🧠✨
အသက် ၄၀ ဝန်းကျင် ရောက်လာတဲ့အခါ... လူနာမည်တွေ မေ့မေ့သွားတာ၊ အခန်းထဲရောက်မှ ဘာလာယူမှန်း မသိတော့တာမျိုးတွေ ဖြစ်ဖူးကြပါသလား? အဲဒါဟာ ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းတာမဟုတ်ဘဲ ဦးနှောက်က စွမ်းအင်ကို "နေရာမှား" သုံးနေလို့ ဖြစ်တာပါ။
🔬 သိပ္ပံနည်းကျ ဘာကြောင့်ဖြစ်ရတာလဲ?
ဦးနှောက်သုတေသနပညာရှင်တွေရဲ့ အဆိုအရ အသက်ကြီးလာတဲ့အခါ ဦးနှောက်က အားနည်းသွားတာ မဟုတ်ပါဘူး။ Neural Inefficiency ခေါ်တဲ့ ဦးနှောက်ရဲ့ စွမ်းအင်အသုံးပြုမှု စွမ်းဆောင်ရည် လျော့ကျလာတာကြောင့်ပါ။
• ငယ်ရွယ်စဉ်အခါ: ဦးနှောက်က စွမ်းအင်ကို ထိထိရောက်ရောက်နဲ့ တစ်ချက်တည်း (Direct) အသုံးပြုနိုင်တယ်။
• အသက် ၄၀ နောက်ပိုင်း: အလုပ်တစ်ခုလုပ်ဖို့အတွက် ဦးနှောက်ရဲ့ ချိတ်ဆက်မှုကွန်ရက်တွေ အများကြီးကို တပြိုင်နက် သုံးရပါတယ်။ စွမ်းအင် ပိုကုန်လာပေမဲ့ ရလဒ်ကတော့ အရင်လို မမြန်တော့ဘဲ "မေ့လွယ်၊ လေးလံ" နေသလို ခံစားရတာပါ။
⚡ စွမ်းအင်ဟာ အဓိကသော့ချက်ပါ
အသက် ၄၀ ကျော်ရင် ဆဲလ်တွေဆီ ဂလူးကို့စ် (Glucose) ရောက်ရှိမှု နည်းလာသလို၊ စွမ်းအင်ထုတ်လုပ်ပေးတဲ့ Mitochondria တွေလည်း အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပါတယ်။ အဲဒီအခါမှာ ဦးနှောက်က ရသမျှစွမ်းအင်ကို စိတ်ခံစားမှု ထိန်းချုပ်တာနဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေမှာ ဦးစားပေးသုံးလိုက်ရလို့ "ရေတိုမှတ်ဉာဏ်" တွေ ခေတ္တဟဟသွားတတ်တာပါ။
🛠️ ဦးနှောက်ပြန်လည် လန်းဆန်းစေဖို့ ဘာလုပ်ရမလဲ?
တခါတလေ တစ်နေကုန်စဉ်းစားလို့ မရတာမျိုးက အိပ်ရာနိုးမှ "အော်... သိပြီ!" ဆိုပြီး ရုတ်တရက် သတိရတတ်တာမျိုး ဖြစ်ဖူးမှာပါ။ အဲဒါဟာ အိပ်စက်နေစဉ်မှာ ဦးနှောက်က စွမ်းအင်ကို Reset လုပ်ပြီး အညစ်အကြေးတွေကို ဖယ်ရှားလိုက်လို့ ဖြစ်ပါတယ်။
ဦးနှောက်ကျန်းမာဖို့ အကြံပြုချက်များ:
• ပုံမှန်အိပ်ချိန်ရှိပါ: ကြာကြာအိပ်တာထက် အချိန်မှန်အိပ်ဖို့က ပိုအရေးကြီးပါတယ်။
• လေ့ကျင့်ခန်းလုပ်ပါ: ကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်ဆီကို စွမ်းအင်ပိုရောက်စေပါတယ်။
• Multitasking ရှောင်ပါ: အလုပ်တွေအများကြီး ပြိုင်မလုပ်ပါနဲ့။ ဦးနှောက်စွမ်းအင်ကို တစ်ခုချင်းစီမှာပဲ အာရုံစိုက်ပါ။
• အစာအာဟာရ: သွေးတွင်းသကြားဓာတ် အတက်အကျ အရမ်းမများစေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
အနှစ်ချုပ်: အသက် ၄၀ ကျော်လို့ မေ့တတ်တာဟာ ဦးနှောက်ပျက်စီးတာ မဟုတ်ဘဲ "စွမ်းအင်စီမံခန့်ခွဲမှု ပုံစံသစ်" ပြောင်းနေတာပါ။ စနစ်တကျ ပြုပြင်နေထိုင်ရင် သင့်ဦးနှောက်က ဆက်လက်ထက်မြက်နေဦးမှာ ဖြစ်ပါတယ်။
စာအဆုံးထိ ဖတ်ပြီးသွားပြီဆိုရင် "ဦးနှောက်ကောင်း" လို့ Comment ရေးခဲ့ပေးဦးနော်။
#ကျန်းမာရေး #ဆေးနည်း #ဦးနှောက်ကျန်းမာရေး #မှတ်ဉာဏ် #အသက်၄၀ #ကျန်းမာရေးဗဟုသုတ
03/02/2026
"မဖြစ်မနေ သိရှိထားသင့်တဲ့ သွေးတွင်းအဆီဓာတ်တွေအကြောင်း (Cholesterol & Triglycerides)"
Cholesterol ဆိုတာ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အဆီတစ်မျိုးပါ။ ခန္ဓာကိုယ်အတွင်းမှာ အသည်းဟာ အဆီကို အများဆုံး ထုတ်လုပ်တဲ့နေရာဖြစ်ပြီး ပုံမှန်ကျန်းမာနေဖို့အတွက် ကိုလက်စရော အနည်းငယ်တော့ လိုအပ်ပါတယ်။
🔹ကိုလက်စရော အမျိုးမျိုး
ကိုလက်စရောတွေဟာ သွေးထဲမှာ ဖြတ်သန်းရတဲ့အခါ သူတို့ကိုသယ်ပေးတဲ့ ပရိုတင်းလေးတွေနဲ့ တွဲပြီး ဖြတ်သန်းရပါတယ်။ အဲဒီလို သယ်ပေးတဲ့ကောင်လေးတွေကို Lipoproteins လို့ ခေါ်ပါတယ်။
Low Density Lipoproteins တွေက ကိုလက်စရောကို သယ်သွားတဲ့အခါ အဲဒီအပေါင်းအစုကို LDL cholesterol လို့ခေါ်ပြီး အဲဒါက 𝗕𝗔𝗗 𝗰𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹 ပါ။
(LDL cholesterol များရင် နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်စေပါတယ်)
အချို့ ကိုလက်စရောတွေကိုတော့ High Density Lipoproteins တွေက သယ်သွားပေးပြီး အဲဒီအစုအဝေးကိုတော့ HDL cholesterol လို့ ခေါ်ပါတယ်။ သူကတော့ နှလုံးရောဂါတွေကို ကာကွယ်ပေးတဲ့ 𝗚𝗢𝗢𝗗 𝗰𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹 ပါ။ ..
နောက်အဆီတစ်မျိုးကတော့ Triglycerides ဖြစ်ပြီး သူကတော့ အဆီများတာတွေ စားရင်၊ ဒါမှမဟုတ် အစာ အစားများရင် ကယ်လိုရီတွေ ပိုလာပြီး Triglycerides တွေအဖြစ် အဆီဆဲလ်တွေမှာ သိုလှောင်လိုက်တာပါ။ သူကလည်း 𝗕𝗔𝗗 𝗰𝗵𝗼𝗹𝗲𝘀𝘁𝗲𝗿𝗼𝗹 ပဲ ဖြစ်ပါတယ်။ သူ များရင် Pancreatitis (ခေါ်) မုန့်ချိုအိတ်ရောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
Triglycerides နဲ့ ကိုလက်စရောတွေဟာ ပုံမှန် level မှာ ရှိနေရင် ဘာမှမဖြစ်ပါဘူး။ ပိုများလာရင်တော့ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိပါတယ်။ ..
🔹ကိုလက်စရောများခြင်းဟာ ဘာပေါ်မူတည်လဲ။
ကိုလက်စရောဟာ ခန္ဓာကိုယ်က ပြုလုပ်တာ ဖြစ်ပေမယ့် စားတဲ့အစားအစာပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ သက်ဆိုင်ပါတယ်။ ဒါ့အပြင် ဟော်မုန်းပြဿနာများရှိခြင်း (ဥပမာ - thyroid hormone နည်းတာ) ၊ အဝလွန်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းနဲ့ အချို့သော အသည်းနဲ့ ကျောက်ကပ်ရောဂါတွေမှာ ကိုလက်စရော များတတ်ပါတယ်။
ကိုလက်စရော များခြင်းဟာ မွေးရာပါ gene တစ်ခု ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး သူက မျိုးရိုးလိုက်တတ်ပါတယ်။ ဒီမွေးရာပါရောဂါတွေရှိရင် လူငယ်ဘဝနဲ့တင် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ..
ကိုလက်စရောတွေ များတဲ့အခါ သွေးကြောနံရံတွေမှာ အဆီတွေ သွားပုံပါတယ်။ တဖြည်းဖြည်း သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။
ကိုလက်စရောများခြင်းနဲ့အတူ အခြားအချက်တွေကလည်း နှလုံးသွေးကြောရောဂါတွေကို ဖြစ်နိုင်ခြေများစေပါတယ်။
ဒီအချက်တွေထဲမှာ ပြုပြင်လို့ရတဲ့အချက်တွေ ပါသလို၊ ပြုပြင်မရနိုင်တဲ့ အချက်တွေလည်း ပါပါတယ်။
ပြုပြင်လို့ရတဲ့ အချက်တွေကတော့....
🔹ဆေးလိပ် ၊ အရက်သောက်တာ
🔹လေ့ကျင့်ခန်း မလုပ်တာ
🔹ကိုယ်အလေးချိန်များတာ
🔹ဆားစားသုံးမှုများတာတွေအပြင်
🔹သွေးတိုး
🔹ဆီးချို
🔹ကျောက်ကပ် စတဲ့ ဆေးကုလို့ရတဲ့ ရောဂါတွေ ပါပါတယ်။
ပြုပြင်လို့မရတဲ့ အချက်တွေကတော့
🔺မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေရှိတာ
🔺အသက်အရွယ် ကြီးလာတာ
🔺အချို့မျိုးနွယ်စုတွေ
🔺အမျိုးသားဖြစ်တာ
🔺အမျိုးသမီးတွေ သွေးစောစောဆုံးတာ စတဲ့အချက်တွေ ပါပါတယ်။ ..
အထက်ပါ အချက်တွေဟာ နှလုံး၊ သွေးကြောနဲ့ လေဖြတ်ရောဂါတွေကို ပိုဖြစ်စေတဲ့ အချက်တွေပါ။ ဒီအချက်တွေထဲက များများရှိလေ ရောဂါပိုထူလေပါပဲ။
ဥပမာ။ ဆေးလိပ်သောက်တတ်တဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်ဟာ သွေးတိုးလည်း ရှိ၊ သွေးတွင်းအဆီလည်းများတယ် ဆိုပါစို့။ သူဟာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေအလွန်များပြီး အသက် ၆၀ မတိုင်ခင် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ဖို့ အခွင့်အရေး အတော်များပါတယ်။ ..
ကျန်းမာရေး စစ်ဆေးတဲ့အခါ ဆရာဝန်တွေက သွေးတွင်းအဆီဓာတ်တွေကို စစ်ဆေးတာ ကြုံဖူးကြပါလိမ့်မယ်။ အဆီဓာတ် စစ်ဆေးခြင်းဟာ ရောဂါရှာတဲ့နေရာမှာ စစ်သလို၊ ဆေးပေးအပြီး ထိရောက်မှုကို ပြန်ကြည့်တဲ့နေရာမှာလည်း စစ်ပါတယ်။ အသက် ၄၀ ကျော်လာရင် ဒါမှမဟုတ် မျိုးရိုးထဲ နှလုံးသွေးကြောနဲ့ အဆီ ပြဿနာတွေရှိရင် သွေးတွင်းအဆီဓာတ်ကို စစ်ဆေးသင့်ပါတယ်။
တစ်ခါတလေမှာ Fasting (ညဘက် အစာ ၁၂ နာရီခန့်မစားဘဲ နောက်တစ်ရက်မနက်မှာ သွေးစစ်တာ) လုပ်ပြီး အဆီဓာတ် စစ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ Triglycerides ဟာ အစားပေါ်လိုက်ပြီး အဖြေပြောင်းတတ်လို့ Fasting စစ်မှ မှန်ပါတယ်။
အချို့အဆီများတဲ့သူတွေဟာ သွေးကြောမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်မှာပါ အဆီခဲလေးတွေ တွေ့ရတတ်ပါတယ်။ မျက်ခွံပေါ်မှာ အဝါဖတ်လေးတွေ၊မျက်လုံး မျက်ဆံအနက်ရဲ့ ဝန်းဘေးပတ်လည်မှာ အဖြူရောင်အရစ်လေး ဖြစ်နေတာတို့ပါ။ မျိုးရိုးလိုက်တဲ့ရောဂါတွေဆိုရင် အဆစ်မြစ်တွေမှာ အဆီဖုလေးတွေပါ တွေ့ရတတ်ပါတယ်။
သွေးအဖြေမှာ LDL cholesterol level များလေ သွေးကြောရောဂါ ဖြစ်လွယ်လေပါပဲ။ Triglycerides များရင်လည်း ထိုနည်းလည်းကောင်းပါပဲ။
ကိုလက်စရော လျှော့ချခြင်းဟာ နှလုံး၊ သွေးကြော၊ လေဖြတ်ရောဂါတွေကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုလက်စရော လျှော့ချဖို့အတွက် အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားရပါမယ်။ ဒါပေမယ့် စားသောက်မှုပုံစံပြောင်းတာ တစ်ခုထဲနဲ့ နှလုံးကျန်းမာရေးကို ပိုကောင်းမလာစေပါဘူး။ သွေးတွင်းအဆီချဆေးတွေကိုလည်း သောက်သုံးဖို့ လိုပါတယ်။ အပေါ်မှာပါတဲ့ ပြုပြင်လို့ရတဲ့အချက်တွေကို ပြုပြင်ဖို့လည်း လိုပါတယ်။ ..
🔹ဆေးများ
သွေးတွင်းအဆီချဆေးတွေအနေနဲ့ Statin ဆေးတွေကို အသုံးများပါတယ်။ အဆီထုတ်လုပ်တဲ့ ဖြစ်စဉ်ဟာ ညဘက်မှာသာ လည်ပတ်တာဖြစ်လို့ ဒီဆေးတွေကို ညဘက်မှာသောက်ရပါမယ်။ ဆေးစပြီး တစ်လမှ သုံးလလောက်နေရင် အဆီဓာတ် ပြန်စစ်ပြီး ဆေးတိုးဖို့ လို/မလို ချိန်ရပါတယ်။
ဒီဆေးမသောက်ခင် အသည်းနဲ့ ကျောက်ကပ် ကောင်း/မကောင်းစစ်ဖို့လည်း လိုပါတယ်။ ဒီဆေးတွေဟာ သုတေသနများစွာနဲ့ အကျိုးရလဒ် ခိုင်ခိုင်မာမာရှိတဲ့ သက်စောင့်ဆေးများ ဖြစ်ပါတယ်။
အခြား ဆေးအမျိုးအစားတွေလည်း ရှိပါသေးတယ်။
Fish oil (Omega-3 fatty acids) များကတော့ HDL cholesterol ကိုမြင့်တက်အောင် တင်ပေးနိုင်တဲ့ ဆေးများဖြစ်ပါတယ်။ ဒီဆေးကတော့ အကျိုးရလဒ်ကို သုတေသန ခိုင်ခိုင်မာမာ မရှိသေးပါဘူး။
အထူးသဖြင့် အသက် ၄၀ ကျော် ဆီးချိုရောဂါရှိသူများ၊ နှလုံးသွေးကြောပိတ်/နှလုံးရောဂါရှိသူများ၊ လေဖြတ်ရောဂါရှိသူများဟာ သွေးတွင်းအဆီဓာတ်ကျဆေးတွေကို မသောက်မဖြစ် သောက်ရပါမယ်။
ကျန်းမာတဲ့ လူနေမှုပုံစံတွေကိုလည်း လိုက်နာရပါမယ်။ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စတဲ့ ရောဂါတွေကိုလည်း သေချာကုသရပါမယ်။
သွေးတွင်းကိုလက်စရော လျှော့ချခြင်းဟာ လတ်တလော ခံစားရတဲ့ ဝေဒနာအပေါ် မသိသာပေမယ့် ရေရှည်ကောင်းကျိုးများစွာ ရရှိစေတဲ့ ကုသမှုဖြစ်တာကြောင့် အထူးအလေးပေးဆောင်ရွက်သင့်တဲ့ ကုသမှုဖြစ်ကြောင်း အဆုံးသတ်အနေနဲ့ သတိပေးပြောကြားလိုက်ပါရစေ....။
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Ref : 📚
https:// patient. info /heart-health/high-cholesterol
(၃၀၊ ၈၊ ၂၀၂၃)
❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း
Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့ သဘာဝ သယ်ဆောင်သူများပါ။
ဒီ Nipah ဗိုင်းရပ်စ်ကို ရိုးရိုးရှင်းရှင်း ကြိုတင်ကာကွယ်မှုတွေနဲ့တင် ကူးစက်ခံရနိုင်ခြေကို များစွာလျှော့ချနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ ဖြစ်ပွားမှု ရှိ/မရှိ မသိသေးပေမယ့် ဒီကာလမှာ အထူးသဖြင့် တောတောင်ဒေသထဲတွေမှာ နေထိုင်နေရသူတွေ၊ တောထဲ ဂူတွေထဲ စစ်ရှောင်နေရသူတွေ၊ အိန္ဒိယနိုင်ငံအတွင်း (သို့) နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေအတွက် အချိန်နှင့်အမျှ ထွက်ပေါ်နေတဲ့သတင်း အချက်အလက်တွေကို သိထားရအောင် ရေးလိုက်ပါတယ်။....
၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်း အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်မှာ Nipah ကူးစက်ခံရသူ ၅ ဦး အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၅ တုန်းကလည်း Kerala ပြည်နယ်မှာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ မှ ၂၀၂၆ အထိ အိန္ဒိယမှာ Nipah ကူးစက်ခံရသူ ၁၀၀ ခန့်ရှိပြီး အဲဒီထဲမှ ထက်ဝက်ကျော် သေဆုံးခဲ့ပါတယ်တဲ့။
ဒါဆို လက်တလောမှာ ကူးစက်မှုအရေအတွက် ၁၀ ဦးအောက်ပဲ ရှိသေးတာကို ဘာလို့ အထူးတလည်ရေးလဲဆိုတော့ ဒီဗိုင်းရပ်စ်က ကူးစက်ခံရပြီဆိုရင် သေဆုံးနှုန်းက ၄၀% နဲ့ ၁၀၀% ကြားရှိလို့ပါ။ ဆိုလိုတာကတော့ ကူးစက်ခံရသူ ၁၀ ဦးရှိတယ်ဆိုရင် အဲ့ထဲမှာ ၄ ဦး ကနေ ၁၀ ဦးအထိ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုတာပေါ့။
လက်ရှိအချိန်မှာ ကာကွယ်ဆေးနဲ့ တိကျတဲ့ ကုသဆေးတွေ မရှိသေးတဲ့အတွက် မကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံး နည်းလမ်းဖြစ်လို့ ဘယ်လိုကာကွယ်ရမလဲ ကြိုသိနေရင် ကောင်းတာပေါ့။
ဘယ်လို ကူးစက်နိုင်သလဲ။
• လင်းနို့ ကိုက်စားထားသော သစ်သီးများကို မဆေးဘဲ စားခြင်း
• လင်းနို့၏ ဆီး၊ မစင် သို့မဟုတ် တံတွေး ပေကျံနေသော အစားအစာများ စားသောက်မိခြင်း
• သေချာ မသိမ်းဆည်း/ မသိုလှောင်ထားသော သောက်ရေ/ ထန်းရည်အစိမ်း (ညဘက် လင်းနို့များ လာရောက်သောက်တတ်၊ ဆီးပေါက်ချထားတတ်) ကို မကျိုဘဲ သောက်မိခြင်း
• ကူးစက်ခံထားရသော ဝက်/တိရိစ္ဆာန်များ၏ သွေး၊ တစ်သျှူး၊ ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့ခြင်း
• ကူးစက်ခံထားရသော လူနာ၏ သွေး၊ ဆီး၊ နှာရည်၊ တံတွေး စသည်တို့နှင့် ထိတွေ့ခြင်း
• လူနာကို ပြုစုစောင့်ရှောက်ရာတွင် နှာခေါင်းစည်း၊ လက်အိပ်စတဲ့ အကာအကွယ်တွေ မပါခြင်း
ရောဂါလက္ခဏာများ
ဗိုင်းရပ်စ်ပိုးဝင်ပြီး ၄ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာတွေ စတင်ပေါ်နိုင်ပါတယ်။
အစောပိုင်း လက္ခဏာတွေကတော့ သာမန် တုပ်ကွေး၊ ဖျားနာလက္ခဏာ (ဖျားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အော့အန်ခြင်း၊ လည်ချောင်းနာခြင်း) တွေနဲ့ ဆင်ပြီး
ပြင်းထန်လာရင်တော့ . . .
အသက်ရှူကျပ်ခြင်း၊ နမိုးနီးယားကဲ့သို့သော အဆုတ်ရောင် လက္ခဏာတွေပြခြင်း
ဉီးနှောက်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အမင်းမှိန်းနေခြင်း၊ ပုံမှန် စိတ်အခြေအနေမဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒီပြင်းထန်လက္ခဏာတွေဟာ အခြားရောဂါတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် ဒီလက္ခဏာတွေရှိနေပြီဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ အမြန်ဆုံး ပြသဖို့ လိုပါတယ်။....
✅ ဆောင်ရန်၊ ❌ရှောင်ရန်
🍎 အစားအသောက်
✅ သစ်သီးများကို ရေသေချာ ဆေးပြီးမှ စားပါ။
✅ အခွံခွာနိုင်လျှင် ခွာပြီးမှ စားပါ။
✅ ရေကို ကျိုချက်ပြီးမှ သောက်ပါ။
✅ ထန်းရည်၊ ဓနိရည် စသည်တို့ကို ကျိုချက်ပြီးမှ သောက်ပါ။
❌ လင်းနို့ ကိုက်ထားသော၊ တစ်ဝက်တစ်ပျက် စားထားသော သစ်သီးများ မစားပါနှင့်
❌ မြေပေါ်ကျနေသော သစ်သီးများ မစားပါနှင့်
🧼 သန့်ရှင်းရေး
✅ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။ (အထူးသဖြင့် အစာ မစားမီ။ တိရိစ္ဆာန်များနဲ့ ထိတွေ့ပြီးနောက်)
✅ တိရိစ္ဆာန်များကိုင်တွယ်ချိန်၊ ခြံများကို သန့်ရှင်းရေးလုပ်ချိန်တွင် အကာအကွယ် အဝတ်အစား၊ လက်အိတ်၊ ဖိနပ်တို့ ဝတ်ဆင်ပါ။
✅ ကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို ပြုစုရာတွင် နှာခေါင်းစည်း၊ လက်အိတ် သုံးပါ။
❌ လူနာရဲ့ သွေး၊ ဆီး၊ အန်ဖတ် စသည်တို့နဲ့ တိုက်ရိုက် မထိတွေ့ပါနဲ့။
📢 အခြား အရေးကြီးတဲ့အချက်များ
✅ တိရိစ္ဆာန်အစာများကို လင်းနို့များ မရောက်နိုင်သော နေရာများတွင် သိမ်းဆည်းပါ။
✅ ထန်းရည်ခံသော အိုးများ၊ ရေတွင်းများ၊ ရေသိုလှောင်သော နေရာများကို လင်းနို့များ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားပါ။
❌🦇 လင်းနို့များနှင့် မထိတွေ့ပါနဲ့။
❌ စွန့်ပစ်ထားသော အိမ်များ၊ တွင်းများ၊ ဂူများ၊ လင်းနို့ဆွဲသောနေရာများသို့ မသွားပါနဲ့။
❌ လင်းနို့များ စုဝေးနေထိုင်ရာ သစ်ပင်များအောက်မှာ မအိပ်ပါနဲ့၊ အစားအစာ မထားပါနဲ့။
❌ ဖျားနေသော သို့မဟုတ် သေဆုံးနေသော တိရိစ္ဆာန်များကို လက်ဗလာဖြင့် မကိုင်ပါနဲ့။
🩺 ဗိုင်းရပ်စ်အသစ်ဆိုပြီး ကြောက်လန့်ဖို့ မဟုတ်ဘဲ သတိထားပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်ပါ.... ။
ချစ်ခြင်းများစွာဖြင့်
ဒေါက်တာဇုန်တူး
References: 📚
World Health Organization (WHO) - Nipah Virus Fact Sheet https:// www. who. int / news-room/ fact-sheets/ detail/ nipah-virus
WHO Disease Outbreak News - Nipah Virus India (2025) https:// www. who. int / emergencies/ disease-outbreak-news/ item/ 2025-DON577
European Centre for Disease Prevention and Control (ECDC) https:// www. ecdc. europa. eu/ en/ infectious-disease-topics/ nipah-virus-disease/ factsheet-nipah-virus-disease
Business Standard - Nipah Virus Cases in West Bengal (January 2026) https:// www. business-standard. com / health/ nipah-virus-outbreak-west-bengal-containment-measures-126012300994_1. html
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြန်လည်ပြုပြင်ဖို့ အချိန် ဘယ်လောက်ယူရသလဲ ?
—————————
၁ ။ အသည်း
ရက်သတ္တပါတ် အတွင်း ပြန်လည် ပြုပြင်နိုင်ပါတယ်။ အထောက်အပံ့ကောင်းရင် ( အနားရတာနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရသလိုမျိုး ) ရက် ၃၀ အတွင်း ၇၀ % အထိ ပြန်လည်အသစ် ဖြစ်သွားနိုင်ပါတယ်။
၂ ။ အူ အမြှေးပါး
၂ - ၃ ရက် ကြာတိုင်း ဆဲလ်အသစ်တွေ အစားထိုး သွားကြပါတယ်။ သူက တစ်ခြားတစ်သျှူးတွေထက် အသစ်အစားထိုးနှုန်း ပိုမြန်ပါတယ်။ ခန္ဓာကိုယ်က အာဟာရတွေကို စုတ်ယူဖို့ လိုအပ်တာကြောင့်ပါ။
အချဉ်ဖောက်ထားတဲ့အစားအစာနဲ့ အမျှင်စာတွေက ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။
၃ ။ အရေပြား
၂၈ ရက်ကြာတိုင်း ဆဲလ်တွေအားလုံး အသစ်တွေ ဖြစ်သွားကြပါတယ်။
ရေပြည့်ပြည့်ဝဝ ရတာ၊ ကော်လဂျင်ရတာနဲ့ နေရောင်ခြည်ရရှိတာတွေကြောင့် ပြန်လည်ပြင်ဆင်နှုန်း မြန်ဆန်စေနိုင်ပါတယ် ။
၄ ။ ဦးနှောက်
ဦးနှောက်ရောင်ရမ်းနေတဲ့ပမာဏက ရက်ပိုင်းအတွင်း လျော့ကျနိုင်ပါတယ် ။
သကြားလျော့စားတာနဲ့ အိပ်ရေးဝတာကြောင့် ဦးနှောက်ရောင်ရမ်းတာ လျော့ကျသွားမှု ပိုပြီးမြန်ဆန်နိုင်ပါတယ်။
နေ့စဉ် အာရုံကြောဆဲလ် ( neurons ) အသစ်ပေါင်း က ၇၀၀ အထိထုတ်လုပ် နိုင်ပါတယ်။အိပ်စက်တာနဲ့ အိုမီဂါ -၃ ကြောင့် နူရွန်ထုပ်လုပ်မှု ပိုမိုတက်ကြွစေနိုင်ပါတယ်။
၅ ။ နှလုံး
အသစ်ဖြစ်ဖို့က ရက်အကန့်အသတ်ရှိပေမဲ့ အေရိုးဗစ်လိုမျိုး နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်တာကြောင့် နှလုံးလုပ်ငန်း ၂၀ % ပိုမို ကောင်းမွန်နိုင်ပါတယ် ။
အောက်ဆီဂျင်နဲ့ နိုက်ထရစ်အောက်ဆိုဒ် ကြောင့် သွေးလှည့်ပတ်မှု ပိုပြီးသန်မာနိုင်ပါတယ်။
၆ ။ အရိုး
၁၀ နှစ် တစ်ကြိမ် အကုန်လုံး အသစ် ဖြစ်သွားပါတယ်။
အလေးမလေ့ကျင့်ခန်းနဲ့ ဗီတာမင် D ကြောင့် အရိုးသိပ်သည်းဆကို ပြန်လည်တည်ဆောက်နိုင်ပါတယ်။
၇ ။ သွေး
၄၈ နာရီမှ ၇၂ နာရီ အတွင်းပြန်လည် ကောင်းမွန်နိုင်ပြီး ရက် ၁၂၀ ကြာတိုင်း အသစ်လဲလှယ် သွားပါတယ်။ သွေးနီဥ အသစ်တွေက သံဓာတ် ၊ ဗီတာမင် B12 ၊ အောက်ဆီဂျင် ၊ ရေ နဲ့ ကလိုရိုဖီးလ်ကို ချက်ချင်း တုံ့ပြန်နိုင်ပါတယ်။
၈ ။ ဓာတ်ဆားစနစ်
ပြန်လည်ဖြည့်တင်းပေးရင် ညီညွတ်မှု အမြန် ရရှိနိုင်ပါတယ်။
ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် အပြည့်အဝ ရရှိတာက နာရီပိုင်းအတွင်း သူတို့ချို့တဲ့တာကြောင့်ဖြစ်တဲ့လက္ခဏာတွေ ပြန်လည်ကောင်းမွန် နိုင်ပါတယ်။
၉ ။ အူတွင်း ဗက်တီးရီးယား
၂၄ နာရီမှ ၇၂ နာရီ အတွင်း ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။
လူ့အကျိုးပြုဗက်တီးရီးယားတွေက အမျှင်၊ အချဉ်ဖောက်ထားတဲ့ အစားအစာနဲ့ အစာငတ်ခံတာကို တုံ့ပြန်မှု မြန်နိုင်ပါတယ်။
၁၀ ။ သွေးကြော
ရက်ပိုင်းအတွင်း လုပ်ဆောင်ချက် ပြန်လည်ကောင်းမွန်နိုင်ပါတယ်။
စပျစ်သီးနဲ့ အစိမ်းရင့်ရောင် အစားအစာတွေကြောင့် သွေးစီးဆင်းမှု ပိုမိုကောင်းမွန်နိုင်ပါတယ်။
၁၁ ။ အဆုတ်
တစ်ပတ် မှ သုံးပတ်အတွင်း ပြန်လည်ကောင်းမွန်နိုင်ပါတယ်။
လှုံ့ဆွခံရတာ ရပ်တန့်သွားတာနဲ့ အဆုတ်အမြှေးပါးတွေက အမြန် ပြန်လည်ပြုပြင်နိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
Click here to claim your Sponsored Listing.
Category
Website
Address
Sitapu
Myitkyina
01011
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
