May Khei

May Khei

Share

🇲🇲🇲🇲🇲🇲

Photos from May Khei's post 30/09/2026

သူတို့ကတော့ အပန်းဖြေဖို့မဟုတ်ဘူး🤭😚
အိမ်မာလည်း ထိန်း
အပြင်ရောက်လည်း ထိန်း😂
ရောက်လေရာ ထိန်း😂🤭

29/09/2026

ငိုနေတာလဲတစ်မျိုးလေး🫶😚

28/09/2026

အမွှာနှစ်ယောက်နဲ့ တစ်နေ့ပြီးတစ်နေ့ အချိန်တွေကုန်နေတယ်…😚🫶
မေမေကတော့ ပင်ပန်းနေသလိုနဲ့ မသိမသာ သူတို့လေးတွေကြီးလာတာကိုပဲ ကြည့်နေမိတယ်။ 🥹
အချိန်တွေပြန်မရတော့လို့ ဒီနေ့ရက်လေးတွေကို အမှတ်တရအဖြစ် သိမ်းထားချင်တယ်။ ❤️

26/09/2026
25/09/2026

သူထိန်းရင်ငြိမ်းကြတယ်ဘာညာပေါ့😂😂

24/09/2026

ကြိုးစားကြည့်မယ်မရရင်ခေါင်းခေါက်မယ်😂

ကလေးကို အချိန်ပေးချင်ပေမယ့်… အချိန်မရတဲ့ မေမေတွေအတွက် ရက် 30 challenge ခေါ်ပါမယ် 🤍

တစ်နေ့ကို ၅ မိနစ်လောက်တော့ကလေးနဲ့အတူတူ ရှိပေးနိုင်မယ်ထင်တယ်နော်

Rule က အရမ်းရိုးရှင်းပါတယ်👇

⏰ တစ်နေ့ ၅ မိနစ်
📅 ရက် ၃၀ ဆက်တိုက်
👩‍👧 မေမေနဲ့ကလေး အတူလုပ်ပေးရုံပါပဲ။

📌 ၃၀ ရက်မှာ ဘာတွေလုပ်မလဲ?

Day 1 — ကလေးရွေးတဲ့ကစားစရာနဲ့ အတူကစားမယ်
Day 2 — စာအုပ်အတူဖတ်မယ်
Day 3 — ဒီနေ့ဘာတွေလုပ်ခဲ့လဲ စကားပြောမယ်
Day 4 — အရောင် ၃ မျိုးရှာမယ်
Day 5 — ကလေးကို ဘာလုပ်ချင်လဲ ရွေးခိုင်းမယ်
Day 6 — သီချင်းတစ်ပုဒ် အတူဆို/ကမယ်
Day 7 — ပစ္စည်း ၅ ခု ရေတွက်မယ်

Day 8 — အတူပုံဆွဲမယ်
Day 9 — “ဘာဖြစ်မလဲ?” မေးခွန်းတွေမေးမယ်
Day 10 — အရုပ်တွေနဲ့ ဇာတ်လမ်းဖန်တီးမယ်
Day 11 — အိမ်ထဲက ပုံသဏ္ဍာန်တွေရှာမယ်
Day 12 — ကလေးကြိုက်တဲ့အရာအကြောင်း ပြောခိုင်းမယ်
Day 13 — Puzzle အတူလုပ်မယ်
Day 14 — ကလေးလုပ်နိုင်လာတာတစ်ခုကို ချီးကျူးမယ်

Day 15 — ဖုန်းချပြီး ၅ မိနစ် အပြည့်အဝအာရုံစိုက်မယ်
Day 16 — သီချင်းအတူနားထောင်ပြီး လိုက်ဆိုမယ်
Day 17 — “ဘယ်ဟာပိုများ/နည်းလဲ?” ကစားမယ်
Day 18 — ကလေးကို မေးခွန်း ၃ ခုမေးပြီး နားထောင်မယ်
Day 19 — ပစ္စည်းတွေနဲ့ တာဝါ/အဆောက်အအုံတည်မယ်
Day 20 — စာအုပ်ပုံတွေကြည့်ပြီး ဇာတ်လမ်းပြောခိုင်းမယ်
Day 21 — အပြင်ထွက်ပြီး ၅ မိနစ် အတူလမ်းလျှောက်မယ်

Day 22 — ရွေးချယ်စရာ ၂ ခုထဲက ကိုယ်တိုင်ရွေးခိုင်းမယ်
Day 23 — Memory Game ကစားမယ်
Day 24 — “မေမေ့ကို တစ်ခုခုသင်ပေးပါ” လို့ ကလေးကို ဦးဆောင်ခိုင်းမယ်
Day 25 — အတူတူ သန့်ရှင်းရေးလုပ်မယ်
Day 26 — ကလေးကြိုက်တဲ့ကစားနည်းကို ကလေးဦးဆောင်ကစားမယ်
Day 27 — “ဒီနေ့အကြိုက်ဆုံးအချိန်က ဘာလဲ?” မေးမယ်
Day 28 — စာအုပ်ဖတ်ပြီး “မင်းသာဆိုရင် ဘာလုပ်မလဲ?” မေးမယ်
Day 29 — မေမေနဲ့ကလေး ရယ်စရာဂိမ်းတစ်ခုကစားမယ်
Day 30 — ၃၀ ရက်အတွင်း အကြိုက်ဆုံးလုပ်ခဲ့တာကို ပြန်လုပ်မယ် ❤️

အထူးပစ္စည်းတွေ ဝယ်ထားဖို့မလိုပါဘူး။
အိမ်မှာရှိတဲ့ပစ္စည်း၊ စာအုပ်၊ ကစားစရာတွေနဲ့ပဲ လုပ်လို့ရပါတယ်။

တစ်နေ့ ၅ မိနစ်ဆိုတာ နည်းတယ်လို့ထင်ရပေမယ့်
မေမေ့ရဲ့အာရုံစိုက်မှုကို ၅ မိနစ်ပြည့်ရတာက ကလေးအတွက်တော့ အများကြီးပါ။ 🤍

ပြီးတော့ Challenge ကို ပိုပျော်စရာကောင်းအောင်… 🎁

ရက် ၃၀ ပြည့်အောင် လုပ်ဖြစ်တဲ့ မေမေတွေထဲက
Day 30 မှာ ပထမဆုံးလာပြောတဲ့ မေမေ ၂ ယောက်ကို
ကလေးအသက်အရွယ်နဲ့ ကိုက်ညီတဲ့ NEW ကစားစရာလေး
လက်ဆောင်ပို့ပေးပါမယ်။

ဒီ Challenge ကို လိုက်လုပ်မယ့် မေမေတွေ
👇 Comment မှာ “ပါမယ်” လို့ရေးခဲ့နော်။

Day 1 — ဒီနေ့ ၅ မိနစ်ကနေ စကြမယ်။ 🌱

Photos from May Khei's post 22/09/2026

👶👶

21/09/2026

ချစ်ရက်တွေ......... 🫰🫶🫶🫶

Photos from May Khei's post 07/09/2026

အမွှာနှစ်ယောက်ကို ပြုစုရတာ
ပင်ပန်းတယ်ဆိုတာထက် ပိုပင်ပန်းတယ်… 🥺

သူတို့လေးတွေ
နေမကောင်းတဲ့အချိန်ရောက်ရင်တော့
တစ်ယောက်ကိုကြည့်ရင်း တစ်ယောက်ကိုစိတ်ပူ၊
နှစ်ယောက်လုံးအတွက် စိတ်ပူရနဲ့

ဒါပေမယ့် သားသားလေးနှစ်ယောက် ကျန်းမာပြီး
မေမေ့ဘေးမှာ ပြုံးနေကြတာလေးမြင်ရင်
ဒီပင်ပန်းမှုတွေအားလုံးကို မေ့သွားပါတယ်။ ❤️

အမွှာနှစ်ယောက်ရဲ့ မေမေဖြစ်ရတာ
ပင်ပန်းပေမယ့်… မေမေ့ဘဝရဲ့ အလှဆုံးကံကောင်းခြင်းပါပဲ။ 🥹❤️

Photos from May Khei's post 02/09/2026

သားအမိသုံးယောက် ဆုံပြီးတစ်ပုံလေးရဖို့ မလွယ်ဘူး 🥹😂
ကြိုးစားပြီး ရိုက်ထားပေမယ့် လှလှပပတော့ မရပါဘူး 😅
အရှုံးခံပြီး ရိုက်ထားတဲ့ပုံလေးဆိုပေမယ့်…
သားအမိသုံးယောက် အတူတူပါလာတာနဲ့တင် မေမေ့အတွက် တန်ဖိုးရှိနေပါပြီ ❤️👩‍👦‍👦

Telephone

Website

Address


Pakokku