Thoon Myat May May
လူလည်းလှ ဝင်ငွေလည်းရချင်တဲ့ ခေးမေမေတွေရှိလား
31/10/2023
အရာရာ ပျော်ရွှင်ခြင်း စိတ်ညစ်ခြင်းတွေဆိုတာ ကိုယ်တိုင်လက်ခံမှ ရတဲ့အရာပါ
#ချစ်တဲ့ဇင်မာ
30/10/2023
မြန်မာ မလေးမို့ မြန်မာ ဝတ်စုံ ဝတ်ရတာ ကြိုက်တယ်
22/10/2023
👩🦰👩🦰
သင့်ကိုဘယ်သူမှဂရုမစိုက်တဲ့အခါ သင်အားမငယ်ပါနဲ့ အားငယ်တဲ့စိတ်က ကိုယ့်ကိုယ်ကို သိမ်ငယ်စေပါတယ်
သူတို့မရှိမှ သင် ကိုယ့်ကိုယ်ကို အားကိုးတတ်လာမှာပါ
ဘယ်သူမှ ကိုယ်အနားမှာ တသတ်လုံးရှိနေပေးနိူင်မှာမဟုတ်တဲ့အတွက် ဘယ်သူရှိမှ ဖြစ်မယ်
ဘယ်သူနဲ့မှစိတ်ချမ်းသာမယ်
ဘယ်သူနဲ့မှပျော်ရွှင်မယ်ဆိုပြီး ကိုယ့်ဘဝ ကိုယ့်ပျော်ရွှင်မှုကို
သူ့များလက်ထဲ အပ်မထားနဲ့
ငါအတွက် သူရှိတယ်ဆိုတာထက် ငါ့အတွက်ငါရှိတယ်လို့ ခံယူထားပါ
သင့်ဘဝမှာ သင်လောက် ဘယ်သူမှာ ယုံကြည်အားကိုးလို့ မရပါဘူး
#ချစ်တဲ့ဇင်မာ
22/10/2023
သမီးလေးနဲ့ Skincare ပြီး သကာလ
22/10/2023
မင်မင် ပို့စ်လေးတွေမျှော်နေတဲ့သူတွေရှိလား
နေမကောင်းလို့
မလာဖြစ်ဘူး နောက်နေ့ လာပြီနော်🏃🏃
👨👩👧👨👩👧 ခွဲခွာ နေကြရတဲ့ မိသားစု တွေရဲ့ ရင်ထဲမှာ
နာကျင်ရတာထက်
👨👩👧👨👩👧 အဖေ မေတ္တာ ကို တောင်းတနေမှန်းသိရက်နဲ့ သမီးလေးရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိူင်တာက ပိုပြီး ရင်နာရတယ်😭😭
20/10/2023
သိပ်လှတဲ့ ကမ်းခြေနဲ့ ဇင်မာ ⛱️🏝️🏝️
👨👩👧👨👩👧
27/09/2023
⏩⏩ ကြိုးစားမှုတွေကို ရပ်မပစ်လိုက်ပါနဲ့⏪⏪
👰👰 အမျိုးသမီးတွေ အိမ်ထောင်ကျပြီးရင် မှီခို ဆိုတဲ့ရာထူးကို အလိုလိုနေရင်း ရရှိသွားကြတယ်
👨👩👧👨👩👧 မိသားစု အလည်မှာပဲ ဖြစ်ဖြစ် ဘေးပါတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် သားသမီးကြောင့်ပဲ ဖြစ်ဖြစ် အများဆုံးက ကလေးနဲ့အတူရှိနေရမယ် / အိမ်မှုကိစ္စလုပ်ရင်း ကလေးထိန်းအဝတ်လျှော် မီးဖိုချောင်ဝင် ဒါတွေလုပ်ဆိုပြီး သတ်မှတ်လိုက်ကြတယ်😫😫
👰👰 အမျိုးသမီးတိုင်းမှာလည်း သူ့အရည်အချင်းနဲ့သူရှိကြတယ် ထုတ်သုံးခွင့်မရတဲ့အခြေအနေမျိုးမှာ သိမ်းထားလိုက်ရတယ်
တကယ်တမ်းပြောချင်တဲ့အကြောင်းအရာ တစ်ခုက
အဲဒီ အိမ်အလုပ်လုပ်ဆိုတဲ့ ရှေးရိုးစွဲမှုကြီးကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေစတာပဲ
🏠🏠 အိမ်ကိစ္စအပြင် တခြားအကြောင်းအရာ ဗဟုသုတတွေဘာဆို ဘာမှ မသိနိူင်တော့မကြားနိူင်တော့ အမြင်ကျဥ်းကျဥ်းလေးထဲမှာ သံသယစိတ်တွေနဲ့နေခဲ့ရဖူးတယ်
👰👰 အမျိုးသားကိစ္စ အိမ်ကိစ္စ ကလေး ဝေယျာဝစ္စ တွေလုပ်ရင် ကိုယ့်ကိုယ် ထိန်းသိမ်းဖို့ မေ့နေတတ်ကြတယ်
💁💁ဇင်မာ ပြောရဲတာ တစ်ခုက
သေချာတယ် အဲလိုသာနေရင် ဇင်မာ Skincare ရမယ်ဆိုတာတောင် သိလာမှာ မဟုတ်ဘူး
👩👩 အခု ဇင်မာ စတင်ခဲ့တဲ့ Online အလုပ်လေး သက်တမ်း ၂ နှစ်ကျော်ပြီ
ဒါတောင် အလုပ်ကြောင့်ပါဆိုတဲ့အကြောင်းပြချက်နဲ့ တခုခြင်းစီ ပြောင်းလဲရတယ်
💁💁 သနခါး အရမ်းကြိုက်တဲ့အကျင့်ကို ပြင်ရတယ်
မိတ်ကပ်မကြိုက်တဲ့အကျင့်ကို ရအောင်ကျင့်ရတယ်
သေချာတယ် ဇင်မာ online ပေါ်သာ မတက်ခဲ့ဘူးဆို ဒီအရာ တွေ ပြောင်းလဲနိူင်မှာ မဟုတ်ဘူး❌❌
ဒါကြောင့် ပြောင်းလဲချင်ရင် ကြိုးစားရတယ်
ကြိုးစားလိုက်ပြီဆိုလည်း ရပ်မပစ်ဖို့ အရမ်းအရေးကြီးတယ်❗❗
အိမ်ထောင်ဘက် ငွေရှာတာ ငါ့အလုပ် ငါပေးတာယူ
ငါပြောသလိုနေ ဆိုပြီး
အိမ်အလုပ်ပဲလုပ် ကလေးကို ဂရုစိုက်
ပင်ပန်းနေလို့ လက်တစုံကို လာကိုင်ရင် ငါအတွက် မင်းလှဖို့ မလိုပါဘူး ဆိုတဲ့စကားက ညာတာ😫😫
ဒါကြောင့် သူ့ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ် ယုံကြည်မှု တိုးအောင်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့အရည်အချင်းနဲ့ ကြိုးစားမှုတွေကို ရင်ဘတ်ထဲမှာ သိမ်းမထားပဲ ထုတ်သုံးကြပါလို့ ပြောချင်ပါတယ်ရှင့်🙏🙏🙏
#ချစ်တဲ့ဇင်မာ
ကလေးမေမေမို့ အပြင်အလုပ် ထွက်လုပ်လို့မရရင်
အိမ်မှာ နေရင်း ဘာလုပ်မလည်း❓❓
Category
Website
Address
အမှတ် ၃
Pakokku
Alerts
Be the first to know and let us send you an email when Thoon Myat May May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
