LUNA Beauty Collection

LUNA Beauty Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LUNA Beauty Collection, Beauty, cosmetic & personal care, 6/6 Pazundaung YayKyaw, Pazundaung.

23/09/2026

axisy လေးကတော့ကောင်းလွန်းလို့ အခုထိအချစ်ဦးပဲ✨💚
ဘူးကြီးကို 39,500ကျပ်ထဲနဲ့တန်တန်လေးသုံး🫶🏻

ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမဲစက်အမာရွတ်တွေအတွက် ဘာသုံးရမှန်းမသိဖြစ်နေရင် ဒီ serum လေး try ကြည့်ဖို့ recommend ပေးတယ်။ Niacinamide 5% မို့ အခုမှ niacinamide ကိုစသုံးမယ့် beginner သမားတွေအတွက်လည်း အဆင်ပြေတယ်။ niacinamide serum တွေကြားထဲမှာတော့ ဒီ serum ကကေသီပဲ။ ကေသီဆိုပေမယ့် အမဲစက်အမာရွတ်တွေကို ဟက်ချလောင်းဆိုပြီး အခုသုံးအခုပျောက်လိုမျိုး စွမ်းတာတော့မဟုတ်ဘူး။ သူကတဖြည်းဖြည်းနဲ့ အမဲစက်အမာရွတ်တွေကို ပါးလာစေပြီး ပျက်စီးနေတဲ့ skin barrier ကိုပါပြန်ကောင်းလာအောင် ပြုပြင်ပေးတာမျိုးပါ။သူ့ texture က lightweight ဖြစ်တဲ့ gel type texture လေးမို့ လိမ်းလိုက်ရင် အေးအေးလေးနဲ့ စိမ့်ဝင်တာမြန်ပါတယ်။ လိမ်းပြီးရင် ကြည်ကြည်ပြောင်ပြောင်လေးနဲ့ glow look လေးရပါတယ်။ ပုံမှန်ဆိုရင် niacinamide ကအဆီထိန်းတယ်ဆိုပေမယ့် ဒီ serum မှာတော့ တခြားပါဝင်တဲ့ ingredients တွေကြောင့် အဆီမထိန်းပါဘူး။ oily နဲ့ combination skin သမားတွေကိုတော့ ဒီ serum ကိုနေ့ဘက်သုံးဖို့ အကြံမပေးပါဘူး။ dry နဲ့ normal skin သမားတွေကတော့ မနက်ညအဆင်ပြေသလို သုံးလို့ရပါတယ်။ vitamin C နဲ့တွဲမသုံးဖို့ပဲအရေးကြီးပါတယ်။ Alcohol free,Silicone free,Paraben free,Sulfate free ပါ Fragrance free တော့မဟုတ်ပါဘူး ဒါပေမယ့် အနံ့ကပါတယ်ဆိုရုံလေးပဲပါတာပါ လိမ်းလိုက်တာနဲ့ ပျောက်သွားပါတယ်။ essential oil ပါဝင်ပြီး fungal ance safe မဖြစ်တာမို့ sensitive skin သမားတွေကိုတော့ သတိထားပြီးသုံးစေချင်ပါတယ်။ ကိုယ့်မှာ ဝက်ခြံအဆီဖုတွေရှိနေတယ်ဆိုရင်တော့ ဒီ serum ကိုမသုံးသေးပဲ ဝက်ခြံအဆီဖုတွေသက်သာသွားမှပဲ ကျန်ခဲ့တဲ့ အမဲစက်အမာရွတ်တွေအတွက် ဒီ serum ကိုသုံးပါ။ မျက်နှာအသားအရေ မွဲခြောက်ပြီး ညစ်ညစ်ကြီးဖြစ်နေတာတွေ၊ အသားအရောင်မညီတာတွေသက်သာပြီး skin tone တစ်ဆင့်ဖြူလာဖို့အတွက်လည်း ဒီ serum ကိုသုံးလို့ရပါတယ်။

Available at : Commalax Myanmar

Mobile uploads 23/09/2026

lightweight ဖြစ်တဲ့ texture နဲ့ အဆီပြန်တာမျိုးလည်းထိန်းပေးပြီး
တော်တော်အဆင်ပြေတဲ့ Sunscreen လေး
50ml-52,000ks💗

22/09/2026

အသားရေ တင်းရင်းနုပျိုချင်သူတွေအတွက် duoလေး💚✨
instock ရှိ

မျက်နှာကို ကြွေပြားကပ်ထားသလို ပြောင်ကြည်နေချင်ရင် ဒီနှစ်ခုသာတွဲသုံး တွဲသုံးတာ အာနိသင်ပိုကောင်းပြီး တအားကို glow ထွက်သွားတာ...
ချွေးပေါက်ကျယ်နေတာတွေ အသားအရေလျော့တွဲဲနေတာတွေလဲ ချက်ချင်းသက်သာတာမြန်တယ်...
ပုံမှန် တမျိုးစီဘဲလိမ်းနေကျကို ညတုန်းက နှစ်မျိုးတွဲသုံးကြည့်လိုက်တာ မနက်ရောက်တော့ ရှယ်ကိုglowတာ အသားအရေလဲ ပိုကောင်းသွားသလိုခံစားရတယ်...

နှစ်မျိုးလုံးမှာ retinal ပါတယ် booster က 0.1% ပါပြီး creamက 0.05% ဘဲပါတယ်...
နောက်ပြီး နှစ်ခုလုံးမှာ Panthenol နဲ့ Matrixyl ပါလို့ တွဲသုံးတော့ အသားအရေကပိုပြီးတင်းရင်းသွားစေတာ...
ပြီး creamမှာ Azulene ပါလို့ ဝက်ခြံအဆီဖုတွေကိုသက်သာစေပြီး ချွေးပေါက်ကျဉ်း skin barrier ကျန်းမာလာစေတယ်...
Cream က moisture ဓာတ်အပြည့်ပေးလို့ နောက်ထပ် moisture ထပ်လိမ်းစရာမလိုတော့ဘူး...

Boosterလိမ်းလို့ ဝက်ခြံကန်ထွက်တာတွေလဲ လျော့ချပေးတယ်...

လိမ်းနည်းက booster ကို ပဲစေ့ခန့်လိမ်းပေးပြီး creamကို ဇီးသီးအရွယ်အစားလောက်လိမ်းပေးရုံဘဲ...
တပတ် သုံးလေးကြိမ်လောက်လိမ်းဖို့ recommend လုပ်ပါတယ် ညလိမ်းပြီး မနက်ကို sun creamပြန်လိမ်းပေးပါ...

ကိုယ်က retinal လဲသုံးနေတယ် ပိုလဲအာနိသင်သိသာထိရောက်ချင်ရင် ဒီလိုလေးနှစ်မျိုးတွဲသုံးကြည့်လိုက်ပါ...
All skin typeထိ recommend လုပ်ပါတယ်...
ဝယ်ချင်ရင် Moony မှာမေးဝယ်ကြည့်ပါ...

Photos from Radiant Truths With Khit's post 22/09/2026

ongredients လေးတွေ instock ရပါသေးတယ်ရှင့်💕

22/09/2026

အရမ်းအားပေးပြီး ကြိုက်ကြတဲ့ 345+anua set လေးလိုမျိုး
အသားခြောက်ပြီး နီမြန်းလွယ်တဲ့အသားရေအတွက်ကော မေးနေကြတဲ့မမတွေ 147+Anua set သုံးပါရှင့်💞

အသားရေခြောက်လွန်းလို့ နီမြန်းပြီး ချောမွေ့မူမရှိ ကြမ်းတမ်းနေတာတွေ

Skin barrier ထိပြီး မကျန်းမာတဲ့အသားရေတွေအတွက်

အသားရေကိုစိုပြေနူးညံ့ပြီး ကြည်glowနေစေမယ့် set လေးနော်

ပုံမှန်စျေး 160,000ဝန်းကျင်ကို
အခု နှစ်မျိုး Set 138,000 ကျပ်ပါပဲရှင့်💕

Ph -09778920124
Viber-09778920124
Tg acc--111003
Tiktok - ကနေမှာယူလို့ရပါတယ်💕

🚛YGN မြို့တွင်း 2ရက်အတွင်းအိမ်အရောက်ပို့ပေးပါတယ်

Ninjavan နဲ့ Arlupost ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေရပါတယ်

LUNA Beauty Collection 🌙

20/09/2026

သူလေးတကယ်သုံးလို့ကောင်းတယ်ရယ်😍
မင်မင်ဆို ဝက်ခြံ ထွက်ပြီးချက်ချင်းအမဲစက်ဖြစ်တာနောက်နေ့ သူလေးကိုလိမ်းတာ 3ရက်လောက်ဆိုပျောက်သွားကော
သူသုံးနေရင်းလဲ 1ရက်ဆို 1ရက်သိသာတယ် မျက်နှာလေးဖြူလာတာ 🫶🏻

မင်မင်က super oily & sensitive skin မို့ သူ့ကို
1ပတ် 3ကြိမ် ညဘက် ပမာဏနည်းနည်းပဲသုံးပါတယ်

35ml-54,000ks instock💞

အမည်းစက်၊ တင်းတိပ်၊ မှဲ့ခြောက်နဲ့ post-acne marks တွေကိုတစ်မျိုးထဲလိမ်းရုံနဲ့သိသိသာသာသက်သာမယ့် one-stop high-performance brightening moisturizer🔥

ဒီ celimax ရဲ့ brightening moisturizer ကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ hit ဖြစ်သလိုတကယ်လဲသိသာကောင်းမွန်တဲ့ကောင်ပါ။ဒါကြောင့် dan" သူ့ကို page မှာပထမဆုံးအနေနဲ့ stage 1 to 3 နားထိရှိနေတဲ့ hyperpigmentations ရှိတဲ့သူတွေအတွက်ရွေးထားပါတယ်။

ဒီ celimax ရဲ့ pore + dark spot moisturizer ကမျက်နှာမှာရှိရှိသမျှအမည်းရောင်ခြယ်တွေနည်းသုံးနည်းနဲ့သက်သာစေတာမျိုးပါ။ melazero v2 1% ကအမည်းရောင်ခြယ်အလွန်အကြူးထွက်နေတာကိုထိန်းတယ်၊ nia 5% နဲ့ txa 5% ကထပ်ပြီးမထွက်အောင်တားတယ်၊ ထပ်ပြီး melazero v2 1% ကရှိနေတဲ့အမည်းရောင်ခြယ်တွေကိုချေဖျက်ပြီးပျောက်အောင်လုပ်ပေးတယ်စတဲ့ path 3 ခုနဲ့ထိထိရောက်ရောက်အလုပ်လုပ်ပါတယ်။

ဒီကောင်ကပြောရရင် one-stop solution ကိုမှတော်တော်လေးအလုပ်မရှုပ်ပဲသိသိသာသာသက်သာတဲ့ကောင်ပါ။အထူးသဖြင့် step တွေအများကြီးမလိမ်းချင်ဘူးမျက်နှာသစ်ပြီးတစ်မျိုးထဲပဲလိမ်းချင်တယ်ဒါပေမယ့် result ကလဲသိသာချင်တယ် မျက်နှာမှာရှိတဲ့အမည်းစက်တင်းတိပ်မှဲ့ခြောက်တွေမြန်မြန်သက်သာချင်တယ်ဆိုတဲ့သူတွေအတွက်အကောင်းဆုံးပဲ။

သူ့ရဲ့ texture က light cream လောက်ပဲရှိပေမယ့်သူ့ထဲမှာက ceramide np 0.1% ရောတခြား ceramide တွေနဲ့ good oil တစ်ခုလဲပါသေးတာမလို့လိမ်းပြီးရင်အသားပေါ်မှာအလွှာလေးတစ်လွှာက seal လုပ်ပေးထားလို့ပါတဲ့ active ingredient တွေကိုသေချာလေးအလုပ်လုပ်စေတဲ့အပြင် barrier ကိုလဲပိုကောင်းလာစေလို့အသားကကြည်ပြီးလင်းလာတာပိုပြီးစိုပြေလာတာကိုခံစားရတယ်။

သူက pore + dark spot လို့တော့ပြောပေမယ့် dan" တော့ pore care ကိုသိပ်မခံစားရဘူး။ brightening နဲ့ hyperpigmentation သက်သာတဲ့အာနိသင်ကိုပဲသေချာကိုခံစားရလို့အဲအတွက်ပဲပို recommend လုပ်ပါတယ်။ မျက်ကွင်းညိုတာအတွက်ပါ eye cream လိုလူးလို့ရသေးလို့သူတစ်မျိုးထဲနဲ့တင်ထိမိနေတာပဲ။အဓိကကတော့ melazero v2 1% က kojic acid 2% ထက်ပိုပြီးသိသာထိရောက်တာကြောင့်လို့ပဲပြောရမှာပါ။

ချုံပြောရရင်အလုပ်မရှုပ်၊ budget သက်သာပြီး ထိထိမိမိနဲ့တစ်မျိုးထဲကနေအမည်းရောင်ခြယ်တွေကိုသက်သာချင်လို့ကိုယ်က hyperpigmenations နဲ့ brightening အတွက်ထိထိရောက်ရောက်တစ်မျိုးကောင်းထိထိမိမိ product ကိုရှာနေရင်ဒါကလုံးဝအံကိုက်ပဲ။

နောက်ပြီးဒါကပုံသေအတိုင်း brightening focus ဖြစ်လို့ active acne များနေတဲ့ဝက်ခြံသမားတွေသုံးဖို့မသင့်သေးပါဘူး။ငြိမ်ပြီး control ရမှသာကျန်ခဲ့တဲ့ post-acne marks တွေအတွက်သုံးတာကောင်းပါတယ်။ texture က ceramide တွေပါတာကြောင့်နည်းနည်းတော့အဆီဝေ့လို့ချိန်ဆတော့လိမ်းဖို့လိုပါမယ်။

စာကြွင်း : sunscreen မလိမ်းရင်တော့သိသာမှာမဟုတ်လို့ sunscreen ကိုပမာဏပြည့်ပြည့်ဝဝနဲ့မှန်မှန်နေ့တိုင်းမလိမ်းနိုင်ရင်ဒါကိုမလိမ်းပါနဲ့။

🛒 : Celimax Myanmar | Seoul Beauty Retail & Wholesale II

{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 30g | 56.5k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | light cream | smooth & moisturized
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : no, yes, no, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal to sensitive & reactive > oily skin > combintaion to slightly dry skin > dry skin to very dry skin + brightening > hyperpigmentations > post-acne marks > barrier care

🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : niacinamide 5%, tranexamic acid 5%, melazero v2 1%, ceramide np 0.1%, macadamia oil, betain, adenosine, cholesterol, beta-glucan, vitamin e, 4x ceramides

သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။

Photos from Htety Chaty's post 20/09/2026

Natural Dewy look ကြိုက်သူတွေအတွက်
Torriden Dive in Glow mist
120ml-67,500ks
စျေးတန်တန်လေးနဲ့ instock ရပြီနော်🩵

19/09/2026

သူလေး review အရမ်းတတ်
stock တောင်ကုန်သွားလို့ထပ်ဖြည့်ထားတယ်နော်
100ml-65,000ks ပါရှင့်💞

ဒါ​ကြီးက ဒီလောက်ကောင်းမှန်း အစထဲကသိခဲ့ရင် ဝယ်သုံးလိုက်တာကြာပေါ့။ New Feed မှာ အမြဲတွေ့နေပေမဲ့ စျေးလည်းမနည်းတော့ Budgetကချိန်နေရတာ။ အခုတော့ သုံးကြည့်ပြီး Result ကရူးခါလောက်တာမို့ စျေးဆိုတာ ထည့်တောင်မစဉ်းစားချင်။

ဘာမှမပြောခင် သူ့မှာပါတဲ့ Brush ကြီးအကြောင်း အရင်ပြောပြမယ်။ ခေါင်းမှာဖြီးချလိုက်ရင်ကို တအားဇိမ်ရှိတာ။ ဘယ်လိုလဲမသိဘူး။ ဖြီးရတာ အရမ်းကောင်းတာဘဲ။ ခေါင်းယားတာလည်း သက်သာပြီး ဖြီးရတဲ့ Feeling ကိုကမိုက်နေတာ။ အခုတောင် ပြောရင်းနဲ့ဖြီးချင်လာပြန်ပြီ။ 🤣

ဒီကောင့်ကိုလေ ပုံမှန်ထက်ဆံပင်ပိုကျွတ်တတ်ရင်၊ ဆံသားပါးပြီး ထိပ်ပြောင်နေရင်သုံးကြည့်နော်။ဘာလို့ဆို Plant Exosome နဲ့ Biotin ပါတော့ ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့အပြင်ဆံပင်ကျွတ်သက်သာပြီး ဆံသားကျန်းမာအောင် ကူညီပေးနိုင်လို့။

သုံးရလည်း မခက်ဘူး။ ဘီးဖြီးသလို ဆံပင်ကျွတ်တတ်တဲ့နေရာ၊ ပါးနေတဲ့နေရာတွေမှာ Brush Head ကိုဆွဲလှည့်ပြီး Ampoule ကိုစိမ့်ဝင်အောင် ဖြည်းဖြည်းချင်းဖြီးပေးရုံပဲ။ On / Off လုပ်လို့ရတဲ့ Brush Head ကိုဆွဲလှည့်လိုက်ရုံဘဲ။

နေ့တိုင်းသုံးလို့ရသလို ရက်ခြားသုံးလည်းရတယ်။ "ခေတ်" ကတော့ ခေါင်းလျှော်ပြီး Dryer နဲ့ လေအေးနဲ့မှုတ်ပြီးချိန်မှာသုံးတယ်။ လိမ်းနေတုန်း ခဏတော့ရှိန်းတန်းတိန်းနဲ့စိုစိုလေးဖြစ်ပေမဲ့ ခဏနေစိမ့်ဝင်သွားတော့လေ ဦးရေပြားအဆီပိုပြန်တာ၊ ဆံပင်ပြားကပ်တာမျိုးလည်း မဖြစ်ဘူး။

"ခေတ်" အတွက်တော့ ဆံပင်အသစ်တွေထွက်လာတာထက် ဆံပင်ကျွတ်သက်သာတာ ပိုသိသာတယ်။ ရှိနေတဲ့ဆံပင်တွေ ဆက်မကျွတ်အောင်ထိန်းပေးပြီး ဆံပင်အမြစ်ပိုင်းကို အားဖြည့်ပေးနေတာနဲ့တင် ဒီကောင့်ကို Fall in Love နေပြီ။ ကြိုက်တယ်။ ကုန်ရင် ထပ်ဝယ်မယ် ။ Trend မှန်သမျှထဲ ဒီ Trendက အမိုက်ဆုံးဘဲ။

လိုချင်ရင် Your Little Eggy မှာရတယ် Authentic စစ်စစ်တွေ😍

Photos from Radiant Truths With Khit's post 19/09/2026

အကုန် instock ရမယ်ရှင့်💞

Photos from LUNA Beauty Collection's post 18/09/2026

Skincare တွေကို သေချာလေးသုံးနေပေမယ့်အသားအရေက တစ်ခုခုလိုနေသေးတယ်လို့ ခံစားနေရလား?🤔

Cleanser, Toner, Serum, Moisturizer အစုံသုံးနေပေမယ့်
အသားအရေက breakout ဖြစ်ထားပြီး ခြောက်ပြီး မွဲညစ်နေသလို၊ ချွေးပေါက်ကျယ်ပြီး အမဲစက်တွေနဲ့ skin texture လေးတွေ မညီသလို ခံစားနေရတယ်ဆိုရင်တော့

Product တွေ အများကြီးထပ်သုံးဖို့ထက် Skin ကို Boost လုပ်ပေးမယ့် step လေးတစ်ခု လိုနေတာဖြစ်နိုင်ပါတယ်🤍

COSRX The 6 Peptide Skin Booster လေးရဲ့ အဓိကစိတ်ဝင်စားစရာက Peptide ၆ မျိုး ပါဝင်တာမို့

1ပတ်အတွင်း အသားအရေကို hydration ပေးပြီး ပိုမို တင်းရင်း ချောမွေ့ လာအောင် care လုပ်ပေးနိုင်ပါတယ်

ဒါ့အပြင် 4ပတ် အတွင်း Niacinamide က skintone မညီတာနဲ့ ချွေးပေါက်ကျယ် dull skin ကို care လုပ်ပေးပြီး အမဲစက်တွေသက်သာကာ ပိုမိုကြည်လင်လာအောင် ကူညီပေးနိုင်ပါတယ်

Hyaluronic Acid ကရေဓာတ်ဖြည့်ပေးပြီး dehydrated skin အတွက် ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်

Amino Acids , Adenosine နဲ့ Allantoin ကအသားအရေကို ချောမွေ့နူးညံ့လာအောင်လုပ်ပေးပြီး skin barrier ကိုလည်းcare လုပ်ပေးပါတယ်

Hydration + Brightening Care + Peptide Care အားလုံးကို skincare routine ထဲမှာ ထည့်ချင်သူတွေအတွက် Product တစ်ခုတည်းနဲ့ Boost လုပ်ပေးနိုင်တာလေးမို့ သဘောကျမိမှာပါနော်

Texture လေးကလည်း lightweight ဖြစ်လို့ အေးအေးလေးနဲ့စိမ့်ဝင်လွယ်ပြီး အဆီပြန်သလိုမဟုတ်ဘဲ ကြည်စိုစိုလေးဖြစ်စေပါတယ်

အသားရေကိုနူးညံ့စိုတင်းလာစေဖို့ booster လေးကို သုံးကြည့်နော်

COSRX The 6 Peptide Skin Booster
150ml-95,000ks
Made in Korea Authentic 🇰🇷

Ph -09778920124
Viber-09778920124
Tg acc--111003
Tiktok - ကနေမှာယူလို့ရပါတယ်💕

🚛YGN မြို့တွင်း 2ရက်အတွင်းအိမ်အရောက်ပို့ပေးပါတယ်

Ninjavan နဲ့ Arlupost ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေရပါတယ်

LUNA Beauty Collection 🌙

Website

Address


6/6 Pazundaung YayKyaw
Pazundaung

Alerts

Be the first to know and let us send you an email when LUNA Beauty Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pazundaung.